ဆောင်းပါး

ဝင်းအောင်…ဝင်းအောင်… ဝင်းအောင်…

မဲခေါင် 14 Sep - 2026
~ CWM ~ သူက ပရိသတ်ကို အတော်ဆွဲဆောင်မှုပေးသော ကစားသမားဖြစ်သည်။ တချို့က ကွင်းထဲမှာ သူ အားနှင့် မာန်နှင့် ပြေးလွှားကစားနေတာကို မြင်လို၍ ကွင်းထဲ တမင်လာကြည့်သည်။ သူကစားသည့်ပွဲတိုင်း အောင်ဆန်းကွင်းမှာ လူပြည့်ပြီး သူကစားသည့်အသင်း( ဘဏ္ဍာအခွန်) အမြဲတမ်းလိုလိုနိုင်သည်။ လွန်ခဲ့သည့် နှစ် (၃၀)၊ ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘဏ္ဍာအခွန်အသင်းသည် ဆယ်နှစ်အတွင်း မြန်မာအဆင့်မြင့်တန်း( Myanmar Premier League)ချန်ပီယံ (၉)ကြိမ်ဖြစ်ခဲ့သည်။ ဘဏ္ဍာအခွန်အသင်းမှာ ထိုစဉ် ငွေခေတ်မြန်မာ့လက်ရွေးစင် ကစားသမားအများအပြားပါဝင်နေရာ ဝင်းအောင်၊ မျိုးလှိုင်ဝင်း တိုက်စစ်အတွဲမှာ ပရိသတ်များအကြား ထင်ရှားခဲ့သည်။ မြန်မာ့ဘောလုံးသမိုင်းမှာ ဘဏ္ဍာအခွန်ခေတ်လို့ပင် ဆိုနိုင်သည်။ ဝင်းအောင်၊ မျိုးလှိုင်ဝင်း၊

~ CWM ~

သူက ပရိသတ်ကို အတော်ဆွဲဆောင်မှုပေးသော ကစားသမားဖြစ်သည်။ တချို့က ကွင်းထဲမှာ သူ အားနှင့် မာန်နှင့် ပြေးလွှားကစားနေတာကို မြင်လို၍ ကွင်းထဲ တမင်လာကြည့်သည်။ သူကစားသည့်ပွဲတိုင်း အောင်ဆန်းကွင်းမှာ လူပြည့်ပြီး သူကစားသည့်အသင်း( ဘဏ္ဍာအခွန်) အမြဲတမ်းလိုလိုနိုင်သည်။ လွန်ခဲ့သည့် နှစ် (၃၀)၊ ၁၉၉၆ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဘဏ္ဍာအခွန်အသင်းသည် ဆယ်နှစ်အတွင်း မြန်မာအဆင့်မြင့်တန်း( Myanmar Premier League)ချန်ပီယံ (၉)ကြိမ်ဖြစ်ခဲ့သည်။ ဘဏ္ဍာအခွန်အသင်းမှာ ထိုစဉ် ငွေခေတ်မြန်မာ့လက်ရွေးစင် ကစားသမားအများအပြားပါဝင်နေရာ ဝင်းအောင်၊ မျိုးလှိုင်ဝင်း တိုက်စစ်အတွဲမှာ ပရိသတ်များအကြား ထင်ရှားခဲ့သည်။ မြန်မာ့ဘောလုံးသမိုင်းမှာ ဘဏ္ဍာအခွန်ခေတ်လို့ပင် ဆိုနိုင်သည်။ ဝင်းအောင်၊ မျိုးလှိုင်ဝင်း၊ တင်မြင့်အောင်၊ အောင်ကျော်ကျော်၊ သန်းဝေ၊ စိုးနိုင်၊ စောဘမြင့် အစရှိသည့် ငွေခေတ်ကစားများမှသည် အောင်ကျော်မိုး၊ ရန်ပိုင်၊ စိုးမြတ်မင်း၊ အောင်အောင်ဦးတို့အထိ ပရိသတ်တွေကြား ထင်ရှားခဲ့သည်။

ဘဏ္ဍာအခွန်နှင့် မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ဝင်းအောင်၏ အထင်ရှားဆုံး အမှတ်သင်္ကေတကတော့ သူမတူ တမူထူးခြားသော ခေါင်းတိုက် ကစားဟန်ဖြစ်သည်။ တိုက်စစ်မှူးအများအပြား ခြေထောက်ဖြင့် ဂိုးပေါက်ထဲ ကန်သွင်းနေစဉ် ဝင်းအောင်က ဝေဟင်ပေါ်က ခေါင်းတိုက်ပြီး အဆုံးအဖြတ်ဂိုးတွေ သွင်းပေးခဲ့သည်။ ဝင်းအောင်က ခြေနှင့် ဂိုးမသွင်းဘူးလားဆိုလျှင် ခြေနှင့်လည်း သွင်းသည်။ ဝင်းအောင်က တလုံးထိုးသမားဖြစ်သည်။ သူ့ရှေ့ ဘောလုံးကို အလွတ် ဖြန့်ခင်းပေးလိုက်လျှင် တဖက်ဂိုးဧရိယာအရောက် တဟုန်ထိုးဆွဲပြေးပြီး တဟုန်ထိုးကန်သွင်းတတ်သည်။ သူ၏ တိုးအား၊ ရုန်းအား၊ ပြေးအားတွေကို ပရိသတ်တွေက သဘောကျပြီး သူ့ကို “ နွားကြီး” ဟုချစ်စနိုးခေါ်ကြသည်။

ဘောလုံးသမားတွေထဲမှာတော့ ဝင်းအောင်က ခပ်ကြမ်းကြမ်း ကစားတတ်သလို မကြာခဏလည်း တဖက်ကစားသမားတွေနှင့် ထိုးတော့မလို ကြိတ်တော့မလို ရန်ဖြစ်တတ်သည်။

ထိုခေတ် ထိုအခါက မြန်မာပရီးမီးယားလိဂ်မှာ (တချိန်က မန်ယူလို) အမြဲတမ်း ချန်ပီယံက ဘဏ္ဍာအခွန် အသင်း ဖြစ်ပြီး အနီးကပ်ပြိုင်ဘက်က ကာကွယ်ရေးဝန်ကြီးဌာန အသင်းဖြစ်သည်။ ဘဏ္ဍာအခွန် နှင့် ကာကွယ်ရေးတို့က အမြဲလိုလို ထိပ်တိုက်တွေ့ဆုံတတ်သလို ပြိုင်ဆိုင်မှုကလည်း ပြင်းထန်သည်။

၁၉၉၀နှောင်းပိုင်းအောင်ဆန်းကွင်းမှာ ကစားသည့် မြန်မာအဆင့်မြင့်တန်းပွဲတွေကို ကြည့်ကြဖူးသူတိုင်း ဝင်းအောင်၊ မျိုးလှိုင်ဝင်း တိုက်စစ်အတွဲပါဝင်သော ဘဏ္ဍာအခွန်နှင့် တင်ထွေး၊ မျိုးမြင့်ထွေးတို့တိုက်စစ်အတွဲပါဝင်သော ကာကွယ်ရေးအသင်းတို့ ကစားခဲ့ကြသည့် ပွဲစဉ်တွေကို အမှတ်ရနေကြလိမ့်မည်ထင်သည်။

ဘဏ္ဍာအခွန်နှင့် ကာကွယ်ရေးတို့ တွေ့ကြပြီဆိုလျှင် အောင်ဆန်းကွင်း လေးဘက်လေးတန် ပွဲကြည့်စင် လူပြည့်သည်။ ခုခေတ်လို အဆင့်မြင့်တန်းပွဲတွေကို ဘယ်ရုပ်သံ၊ ဘယ်ချန်နယ်ကမှ live မပြ။ ကွင်းထဲတကူးတက လာအားပေးရသည်ပင် ပျော်စရာကောင်းလှပြီ။ ဘဏ္ဍာအခွန်ဘက်မှာ ပရိသတ်အင်အားတောင့်တင်းသည်။ အိမ်ကွင်းအဝေးကွင်းမရှိကြချိန်တွင် ဘဏ္ဍာအခွန်အတွက် ပွဲတိုင်းအိမ်ကွင်းလို ပရိသတ် ထုနှင့် ထေး အားပေးကြသည်။ လက်ခုပ်သံတွေ သောသောညံသည်။ ပရိသတ်က ဘဏ္ဍာအခွန်ဘက်က တခဲနက်အာပေးသလောက် တဖက်အသင်းဘက်မှာ အားပေးသူ မရှိသလောက်ဖြစ်သည်။

ဝင်းအောင်က ၁၉၉၃ ခုနှစ် ဆီးဂိမ်းငွေတံဆိပ်ဆုရအသင်းမှာ သန်းတိုးအောင်၊ မျိုးလှိုင်ဝင်းတို့နှင့် အတူ ပါဝင်ခဲ့သူဖြစ်သည်။ ဆောက်လုပ်ရေးမှာ ကစားနေရာက ဘဏ္ဍာအခွန်ကို ပြောင်းလာခဲ့သူဖြစ်သည်။ ၁၉၉၅ ဆီးဂိမ်းတွင် ဝင်းအောင် အရွေးမခံရတော့ပါ။ ထိုနှစ်က ဆီမီးဖိုင်နယ်မှာ ဗီယက်နမ်ကို ရှုံးခဲ့ပြီး ဂိုးသမားအောင်ကျော်ကျော်က ဗီယက်နမ်တိုက်စစ်မှူး လီဟွန်ဒပ်ကို ခြေထောက်ဖြင့်ကန်၍ အနီကတ်ပြ ထုတ်ပယ်ခံရသောနှစ်ဖြစ်သည်။ ထိုပွဲကို ရုပ်သံက တိုက်ရိုက်ပြသခဲ့ရာ မြန်မာပရိသတ်တွေ ကြည့်ခွင့်ရခဲ့သည်။

၁၉၉၅ ဆီးဂိမ်းဘောလုံးပြိုင်ပွဲနောက်ပိုင်းပရိသတ်တွေ မြန်မာကစားသမားတွေကို အထူးတလည် စိတ်ဝင်စားလာကြသည်။ အောင်ကျော်ကျော်၊ မျိုးလှိုင်ဝင်း၊ သန်းတိုးအောင်၊ တင်မြင့်အောင်၊ကြည်လွင်၊ ဝင်းအောင်တို့ လူသိထင်ရှားဖြစ်လာသလို အောင်ဆန်းကွင်းမှာ ဘဏ္ဍာအခွန်ကစားလျှင် ပရိသတ်ကွင်းပြည့်သည်။

ဝင်းအောင်က ပွဲအဖြေကို သူ၏ ခေါင်းတိုက်ဂိုးဖြင့် အသာလေး ပြောင်းလဲတတ်သည်။ တခါတရံ ဟိုဘက်ဒီဘက် အကြိတ်အနယ် ထိုးဖောက်ကစားနေကြပြီး ဂိုးမရဘဲ ဖြစ်နေရာက ဝင်းအောင်၏ ခေါင်းတိုက်ဂိုးက အနိုင်ဂိုး ဖြစ်သွားတတ်သည်။

ဘောလုံကစားသူတွေမှာ သူတို့ကိုယ်ပိုင်ဟန်လေးတွေ ရှိတတ်ကြသည်။ ဝင်းအောင်က ဘောလုံးကို အလိမ်အခေါက်(dribbling) နှင့် မကစားတတ်။ တလုံးထိုးဆွဲပြေးပြီး ဂိုးပေါက်ကို ဝါးလုံးထိုးကန်တတ်သည်။ မျိုးလှိုင်ဝင်းကျတော့ အလိမ်အခေါက်တွေနှင့် ဂိုးပေါက်ကို ခြိမ်းခြောက်သည်။ ဝင်းအောင်က အခြေအနေကို စောင့်ကြည့်ပြီး ကစားလေ့ရှိသည်။ လမ်းလျှောက်နေသည်ဟု ထင်ရသည်။

ဝင်းအောင်ကစားပုံက မန်စီးတီးတိုက်မှူး ဟာလန်းနှင့်တူသည်ဟုဆိုလျှင် ပိုလွန်းသည်ဟု ဆိုမလားမသိ။ ဝင်းအောင်၏ ဘောလုံးအထွက် ချောင်းပုံ၊ တိုက်စစ်လိုက်ပါပုံတွေက ဟာလန်းနှင့်တူသည်။ ဝင်းအောင်ကစားစဉ်က ဟားလန်းပင် မမွေးသေးဟုထင်သည်။ ခေါင်းတိုက်ရာတွင် နောက်ခံလူတွေ ဘယ်လောက်များများ နေရာယူထားပါစေ ဝင်းအောင်ခေါင်းနှင့် ထိကို ထိသွားသေးသည်။ ဝင်းအောင်က လေထဲအထိခုန်ပြီး ကိုယ်ကိုချိုးကာ ခေါင်းကို အားနှင့် တိုက်တတ်သည်။ ဘောလုံးလမ်းကြောင်းကို ကောင်းကောင်းသိသည်။ ညာတောင်ပံက သန်းဝေ ဂိုးရှေ့ မ ပေးလိုက်ပြီဆိုလျှင် ဝင်းအောင်ခေါင်းနှင့် ချိန်သားကိုက်ဖြစ်သည်။ ဝင်သွားပြီ တဂိုး။ ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ(၁၆)သင်းအဆင့်၊ ဘရာဇီး နှင့် နော်ဝေတို့ တွေ့ကြတော့ နော်ဝေက ၂-၁ နှင့် နိုင်သည်။ ၇၉ မိနစ်တွင် ဟာလန်း ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းခဲ့ရာ လှပသေသပ်လွန်းလှသည်။ ဘယ်တောင်ပံက ရုတ်တရက်ဖြတ်တင်ပေးလိုက်သော ဘောလုံးကို ဟာလန်း ချိန်သားကိုက် အသာလေး တိုက်သွင်းသွားသည်။ ဘဏ္ဍာအခွန်ခေတ်က ကာကွယ်ရေးဘက်ကို ဝင်းအောင်ခေါင်းတိုက်သွင်းခဲ့ပုံကို ပြန်မြင်ယောင်မိသည်။

အထောင်တိုက်စစ်ကစားသော ဟာလန်းက အခွင့်အရေးကို အမြဲချောင်းနေသည်။ တိုက်စစ်မှုးဆိုသည်က တော်ရုံအခွင့်အရေးမရအောင် တဖက်အသင်းက အမြဲလူကပ်စောင့်ကြည်ခံထားရသူဖြစ်သည်။ သူတို့ကို ကွင်းထဲမှာ ပတ်ပြေးနေတာ မြင်ချင်မှ မြင်ရမည်။ အခွင့်အရေးရလျှင်ကျားကုတ်ကျားခဲ တွန်းတွန်းတိုက်တိုက်ကစားတတ်ကြသည်။

ဘောလုံးသမားတွေမှာ ကိုယ်ပိုင်အပြုအမူလေးတွေရှိတတ်ရာ ဟာလန်းက ဘောင်းဘီကို တင်ပါးတခြမ်းပေါ်သည်အထိ လိပ်တင်ထားလေ့ရှိသည်။ ခါးထောက်နေမည်။ ရပ်နေမည်။ ဝင်းအောင်သည်လည်း ဂိုးရဖို့ အခွင့်အရေးချောင်းနေချိန်တွင် ဘောင်းဘီကို လိပ်တင်ထားတတ်ပြီး တခါတရံ ခါးထောက်နေတတ်သည်။

“ဝင်းအောင်.. ဝင်းအောင်.. ဝင်းအောင်”

အော်ဟစ်အားပေးသံတွေတွေက အောင်ဆန်းတကွင်းလုံးညံနေသည်။ ဘာ့ကြောင့် ဝင်းအောင်တယောက်ထဲကို ဒီလောက်အားပေးနေကြသလဲ။ ပြိုင်ပွဲသည် ဘဏ္ဍာအခွန်နှင့် ကာကွယ်ရေး။ ဝင်းအောင်က ကာကွယ်ရေးအသင်းနှင့်တွေ့တိုင်း ဂိုးသွင်းသည်။ ဘောလုံးကွင်းထဲရောက်လာသည့် ပရိသတ်တချို့သည် မိမိတို့၏ မကျေနပ်စိတ်ကို ကွင်းထဲ လာရောက်ပြီး အော်ဟစ်ကာ ဖောက်ထုတ်တတ်ကြသည်။ ပရိသတ်တချို့သည် “ ဝင်းအောင်” အမည်ကို အားပါးတရ အော်ဟစ်အားပေးကြသည်။

ဝင်းအောင်က စကားနည်းသူဖြစ်သည်။ စကားထက် အလုပ်နှင့် သက်သေပြသူဖြစ်သည်။ စကားနည်းသလို ဆတ်ဆတ်ထိမခံသူ၊ ထစ်ခနဲဆို ထိုးကြိတ် ရန်ဖြစ်တတ်သူဖြစ်သည်။ ဝင်းအောင်ကစားသော ပွဲစဉ်တွေမှာ ဘောလုံးပွဲနှင့် လက်ဝှေ့ပွဲ တပြိုင်တည်း မကြာခဏ ကြည့်ရတတ်သည်။ ဖြစ်ကြပြီဟေ့ဆို ဝင်းအောင်ပဲ။ ထို့ကြောင့် ဝင်းအောင်ကို အရန်ခုံမှာ ထိုင်ခိုင်းထားပြီးမှ လူစားလဲတာမျိုး၊ နောက်ထပ်အဝါမထိခင် လူစားလဲလိုက်တာမျိုးတွေ ရှိသည်။ ဝင်းအောင်က ကိုင်တွယ်ရခက်သော ကစားသမားဟုဆိုသည်။ ဝင်းအောင်ကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့သူမှာ ဘဏ္ဍာအခွန်အသင်း အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြိုင်ဖြစ်သည်။ ဦးခင်မောင်ကြိုင်လက်ထက်မှာ ဘဏ္ဍာအခွန်က ချန်ပီယံဆု အကြိမ်ကြိမ်ဆွတ်ခူးခဲ့သည်။

ဘဏ္ဍာအခွန်အသင်းက အာရှကလပ်ချန်ပီယံအသင်းများချန်ပီယံပြိုင်ပွဲမှာ ဂျပန်ကလပ် ဂျူဘီလိုအိုင်ဝါတ၊ တရုတ်ကလပ် ဒါလီယန်း၊ ကိုးရီးယားကလပ် ပိုဟန်စတီးလား၊ စသည့် အာရှထိပ်တန်းကလပ်တွေနှင့်လည်း ကစားခဲ့ပြီး တရုတ်ဒါလီယန်းနှင့်ပွဲတွင် ဝင်းအောင်က အမြန်ဆုံး အဖွင့်ဂိုးကို သွင်းပေးခဲ့သည်။ အာရှကလပ်အသင်းများချန်ပီယံပြိုင်ပွဲက ခုခေတ် အာရှ ချန်ပီယံလိဂ်ပြိုင်ပွဲဟုဆိုနိုင်သည်။ ဟိုတုန်းက အာရှထိပ်တန်းကလပ်တွေနှင့် မြန်မာကလပ် ဘဏ္ဍာအခွန်တို့ သူတပြန်ကိုယ်တပြန် ကစားနိုင်ခဲ့ကြသည်။ ခုချိန်မှာတော့ အာရှချန်ပီယံလိဂ် Elite ၊ အာရှချန်ပီယံလိဂ် -၂ ၊ AFC Challenge league ဆိုပြီး အဆင့်သုံးဆင့်ခွဲလိုက်ရာတွင် မြန်မာကလပ်တွေက ဟိုးအောက်ဆုံးအဆင့်မှာ အသင်းငယ်လေးတွေနှင့် ကစားနေရသည်။

ငွေခေတ်ဟု နှုတ်ကျိုးနေကြသည့် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော် သုံးဆယ်က ဘဏ္ဍာအခွန်လို မြန်မာအဆင့်မြင့်တန်းတွေက အဆင့်မီမီ အသင်းကောင်းတွေ ဖြစ်ခဲ့ကြသည်။ ယခုတော့ ငွေခေတ် ဘောလုံးသမားတွေလည်း တဖြည်းဖြည်းနှင့် လုံးပါး ပါးလာခဲ့ပြီ။ မလွန်ဆန်နိုင်သော မရဏတရားကြောင့် အချို့မှာ လူ့လောကကို ကျောခိုင်းသွားခဲ့ကြပြီ။ တလောက အင်တာဗျူးတခုမှာ လက်ရွေးစင်ဂိုးသမားကြီး အောင်ကျော်ကျော်က သူနှင့်ဆီးဂိမ်းကစားဖော် ဘောလုံးသမား(၇)ဦး ကွယ်လွန်သွားပြီဟုဆိုသည်။ မှတ်မိသလောက် စောဘမြင့်၊ စိုးနိုင်၊ ဆန်းဝင်း၊ မင်းဇော်ဦး၊ စိုင်းမောင်မောင်ဦးတို့ မရှိကြတော့။ ပြီးခဲ့သည့် ခြောက်လက တင်မြင့်အောင် ကွယ်လွန်ခဲ့သည်။ ယခု ဝင်းအောင် ကွယ်လွန်သွားခဲ့ပြန်ပြီ။

(မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဝင်းအောင် ကောင်းမွန်ရာ ဘုံဘဝ ရောက်ရှိပါစေ..)

#CWM

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

မယ်ဆိုင်မြစ် အဆိပ်သင့်ညစ်ညမ်းမှု ပိုဆိုးလာသည့်နောက်ကွယ်မှ “၀” နှင့် မြန်မာစစ်တပ်တို့၏ တက်သုတ်ရိုက် မိုင်းလုပ်ကွက်များ

~ ထက်ခိုင် ~ မြန်မာနိုင်ငံရှိ မယ်ဆိုင်မြစ်ဖျားပိုင်းအနီးတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများ အလျင်အမြန် တိုးချဲ့လာနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များနှင့် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်လေ့လာခဲ့သည့်
ဆောင်းပါး

ပြည်ပထွက်ခွာခွင့် တင်းကြပ်မှုအောက်က စိုးရိမ်မှုမြင့်တက်လာရသည့် တရုတ် နည်းပညာလုပ်ငန်းကဏ္ဍ

~ လင်းမောင် ~ နည်းပညာလွှဲပြောင်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများအတွင်း စည်းမျဉ်းသစ်သည် တရုတ်အင်ဂျင်နီယာများ၊ သုတေသီများနှင့် အမှုဆောင်များ၏ ပြည်ပခရီးသွားလာမှုကို ကန့်သတ်နိုင်ပြီး နိုင်ငံစုံကုမ္ပဏီများအတွက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China Links Export Control Violations to Exit Bans, Raising Concerns for Tech Industry

~ Linn Maung ~ New regulation could restrict the overseas travel of Chinese engineers, researchers and executives amid technology transfer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဟူသီတွေ ဘာလိုချင်နေသလဲ

~ ဒင်းဒင်း ~ အီရန် ထောက်ခံမှုရထားပြီး ယီမင်နိုင်ငံမှာ လူဦးရေထူထပ်တဲ့ အနောက်မြောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ ဟူသီအဖွဲ့က လျင်မြန်တဲ့ ထိုးစစ်တစ်ရပ်နဲ့ မဟာဗျူဟာမြောက် အရေးပါတဲ့ ပင်လယ်နီ ကမ်းရိုးတန်းကို ထိန်းချုပ်လိုက်တာကြောင့် မကြာသေးခင် သီတင်းပတ်တွေမှာ ယီမင်မှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

မတည့် အတူနေ ကမ္ဘာကြီး

~ CWM ~ စက်တင်ဘာ ဒုတိယပတ်က နယူးဒေလီ BRICS အစည်းအဝေးမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တွေ့တော့ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နဲ့ အိန္ဒိယဟာ ပြိုင်ဘက်တွေ မဟုတ်ဘဲ “လက်တွဲဖော်” တွေ ဖြစ်တယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Shadow Arsenal: Myanmar as a Testing Ground for Influence and Ammunition

~ Linn Maung ~ The global arms trade has always been a lucrative enterprise, but in recent years it has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ပေကျင်း၏ AI လောင်းကြေး

~ လင်းမောင် ~ ဉာဏ်ရည်တု (AI) ကဏ္ဍတွင် တရုတ်နိုင်ငံ၏ ပြင်းထန်သော တွန်းအားပေးမှုသည် နည်းပညာဆိုင်ရာ ပြိုင်ဆိုင်မှုတစ်ခုသက်သက် မဟုတ်တော့ဘဲ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့သည်။ ဉာဏပစ္စည်းခိုးယူမှုမှသည် ချစ်ပ်ပြားမှောင်ခိုကူးမှုများအထိ CCP ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Beijing’s AI Gamble: Power at Any Price

~ Linn Maung ~ China’s aggressive push in artificial intelligence is no longer just a technological rivalry, it is a

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now