မဲခေါင်၊ ဇန်နဝါရီ ၉
ကုလသမဂ္ဂ အဖွဲ့အစည်း ထက်ဝက်ကျော် ပါဝင်သော နိုင်ငံတကာ အဖွဲ့အစည်း ၆၆ ခုမှ နုတ်ထွက်ကြောင်း ဇန်နဝါရီ ၇ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြု ထုတ်ပြန်ခဲ့သည်။
် ထိုသို့ နုတ်ထွက်ရသည့် အကြောင်းအရင်းမှာ ထိုအဖွဲ့အစည်းများ သည် အမေရိကန် အကျိုးစီးပွားနှင့် ဆန့်ကျင်ဘက်များ လုပ်ဆောင်ခြင်းကြောင့်တစ်ကြောင်း၊ ပြည်သူ့ အခွန်ငွေများဖြင့် ထိရောက်မှု မရှိသော၊ ရန်လိုသော အလုပ်များသာ လုပ်နေသဖြင့် ငွေကုန်မခံတော့ဘဲ နုတ်ထွက်ရခြင်း ဖြစ်သည်ဟု အိမ်ဖြူတော်မှ ထုတ်ပြန်ချက်တွင် ဖော်ပြသွားခဲ့သည်။
ယင်းအဖွဲ့အစည်းများထဲတွင် ကမ္ဘာကြီးပူနွေးလာခြင်းနှင့် ရာသီဥတုပြောင်းလဲမှု များအား ကုစားရေး အဓိက လုပ်ဆောင်နေသော ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဘောင် ကွန်ဗင်းရှင်းအဖွဲ့ – IPCC အမေရိကန် အခြေစိုက် သိပ္ပံပညာရှင်များ သမဂ္ဂအဖွဲ၊ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ – UNCTAD၊ နိုင်ငံတကာ စွမ်းအင်ဖိုရမ်၊ ကုလသမဂ္ဂ လက်နက်များ မှတ်ပုံတင်ရုံးနှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး တည်ဆောက်ရေး ကော်မရှင်တို့ အထိ ပါဝင်ပြီး အခြားသော ဒီမိုကရေစီအရေး၊ ငြိမ်း ချမ်းရေး၊ အမျိုးသမီးရေးရာ၊ ကလေးငယ်များ ကျန်းမာရေး အဖွဲ့အစည်း အမျိုးမျိုးလည်း ပါဝင်ခဲ့သည်။
၂၀၂၅ ခုနှစ် အတွင်းကလည်း ထရမ့်သည် ပဲရစ် ရာသီဥတုပြောင်းလဲမှု သဘောတူညီချက်မှ နုတ်ထွက်ခဲ့သေးကာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောာင်စီ၊ UNRWA၊ UNESCOနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ – WHO တို့မှလည်း နုတ်ထွက်ခဲ့ပြီး အမေရိကန် အကျိုးစီးပွား တစ်ခုတည်းကိုသာ ထရမ့်အစိုးရက ကြည့်တော့သည့် ယခုလို လုပ်ရပ်များကြောင့် ဝေဖန်မှုများစွာလည်း ရှိနေသည်။
ကိုကလင်း
Ref: bbc
#MeKongNews
#ကုလအဖွဲ့အစည်း
#နိုင်ငံတကာအဖွဲ့
#အမေရိကန်
#နုတ်ထွက်








