မဲခေါင်၊ ဖေဖော်ဝါရီ ၁၃
ယူအေအီးနိုင်ငံဟာ ကမ္ဘာမှာ ပထမဆုံး စီးပွားဖြစ် မိုးပျံတက္ကဆီ စနစ်စတင်ကျင့်သုံးတဲ့ နိုင်ငံဖြစ်လာစေဖို့ ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ မိုးပျံတက္ကဆီထုတ်လုပ်ရေးကုမ္ပဏီနဲ့ အာဏာပိုင်တို့ လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။
အမ်းမရိတ်စ်သတင်းအေဂျင်စီက X (ယခင်တွစ်တာ) မှာ ဒီစီမံကိန်းကို Joby Aviation S4 မိုးပျံတက္ကဆီကုမ္ပဏီက ဒီဇိုင်းရေးဆွဲ ထုတ်လုပ်မှာဖြစ်ပြီး ယာဉ်မောင်းတစ်ဦး၊ ခရီးသည် ၄ ဦးလိုက်ပါစီးနင်းနိုင်သလို အော်ပရေးရှင်း ဓာတ်ငွေ့ထုတ်လုပ်မှု ဇီးရိုးအနေအထားနဲ့ ထုတ်လုပ်သွားဖြစ်တယ်လို့ ထုတ်ပြန်သွားတာဖြစ်ပါတယ်။
ဒီမိုးပျံတက္ကဆီဟာ အဝေးဆုံးပျံသန်းနိုင်မှုအဖြစ် ၁၆၁ ကီလိုမီတာ (မိုင် ၁၀၀) ရှိပြီး အမြင့်ဆုံးအရှိန်ဟာ တစ်နာရီ ၃၂၀ ကီလိုမီတာ (၁၉၈ မိုင်) ရှိမှာဖြစ်ပါတယ်။
အဓိက ဂိတ်တွေအဖြစ် ဒူဘိုင်းမြို့အထင်ကရ ၄ နေရာဖြစ်တဲ့ ဒူဘိုင်းနိုင်ငံတကာလေဆိပ်၊ မြို့လယ်ဧရိယာ၊ ဒူဘိုင်းမာရီနာနဲ့ ပမ်းဂျူမီရက်ချ်(Palm Jumeirah) နေရာတွေမှာ စတင် မောင်းနှင်ပျံသန်းသွားမယ်လို့ ဆိုပါတယ်။
ဒူဘိုင်း နိုင်ငံတကာလေဆိပ်နဲ့ Palm Jumeirah ကို ပုံမှန်အားဖြင့် ကားနဲ့ ၄၅ မိနစ်ကြာ သွားရပြီး မိုးပျံတက္ကဆီနဲ့ ဆိုရင်တော့ ၁၀ မိနစ်နဲ့ အရောက်ပျံသန်းနိုင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြသွားပါတယ်။
Ref: yenisafak
MKF-001
#MeKongNews
#မိုးပျံ
#တက္ကစီ
#ဒူဘိုင်း
#ပြေးဆွဲ








