မြန်မာ့နွေဦး

ဇာဒီရွာမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး‌တွေ တိုက်ခိုက်ခံရပြီး ထိခိုက်မှုများနိုင်

မဲခေါင် 20 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၂၀ ကန့်ဘလူမြို့နယ်၊ ဇာဒီရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး‌တွေ တိုက်ခိုက်ခံရပြီး ထိခိုက်မှု များနိုင်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၂၀

ကန့်ဘလူမြို့နယ်၊ ဇာဒီရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး‌တွေ တိုက်ခိုက်ခံရပြီး ထိခိုက်မှု များနိုင်တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မနေ့က ညနေ ၃ နာရီ ၃၈ မိနစ်မှာ ကန့်ဘလူမြို့နယ် ဇာဒီရွာမှာ စခန်းချထားတဲ့ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေက ၆၀ မမ ၂ လုံး၊ ၁၂၀ မမ ၅ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဘက်ကလည်း လက်နက်ကြီး ၂ ချက် ပြန်လည် ပစ်ခတ်ခဲ့ပြီး စစ်တပ်ဘက်မှ အထိအခိုက် သေဆုံးမှု ရှိနိုင်ကာ ဒေသခံ ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ညီနောင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုကို Kanbalu Underground Warriors၊ MPF U.18၊ ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့၊ မြေပြင်လှုပ်ရှား ညီနောင်များအဖွဲ့နဲ့ ကန့်ဘလူမြို့နယ် L-PDF မဟာမိတ်အဖွဲ့‌တွေ ပူးပေါင်း ပြုလုပ်ခဲ့တာလို့ မြေပြင် သတင်းပေးပို့ချက်တွေအရ သိရပါတယ်။

ဇာဒီရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အထိုင်ချထားတာ ၅ လခန့် ကြာမြင့်နေပြီ ဖြစ်ပြီး ကျေးရွာနေ ပြည်သူလူထုနဲ့ အနီးအနား ဝန်းကျင်ရှိ ကျေးရွာမှ ပြည်သူတွေ အမြဲ စိုးရိမ်ထိတ်လန့် နေကြရတယ်လို့ သိရပါတယ်။

စစ်‌ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ လက်နက်အားကိုးနဲ့ ပြည်သူ‌တွေ အပေါ် ခြိမ်းခြောက်ပြီး ပျူသင်တန်း တက်ခိုင်းတာ၊ အတင်းအဓမ္မ အခွန်ဆောင်ခိုင်းတာ‌တွေ မကြာခဏ လုပ်ဆောင်နေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။

MK-003

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now