မြန်မာ့နွေဦး

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ ကူညီသူအားလုံးကို အပြစ်ပေး အရေးယူမယ်လို့ ပခုက္ကူ ပ.အ.ဖ သတိပေး

မဲခေါင် 13 Jan - 2023
မဲခေါင်၊ ဇန်နဝါရီ ၁၃ စစ်ကောင်စီ ကျင်းပမယ့် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ အတွက် ပါဝင်လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံး လုပ်ရပ်တွေ ရပ်တန့်ကြဖို့နဲ့ ဆက်လုပ်သူတွေကို အပြစ်ပေး အရေးယူမယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇန်နဝါရီ ၁၃

စစ်ကောင်စီ ကျင်းပမယ့် တရားမဝင် ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ အတွက် ပါဝင်လုပ်ဆောင်တဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံး လုပ်ရပ်တွေ ရပ်တန့်ကြဖို့နဲ့ ဆက်လုပ်သူတွေကို အပြစ်ပေး အရေးယူမယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံတွေဟာ ပခုက္ကူမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ တရားမဝင် ရွေးကောက်ပွဲ အတွက် လူဦးရေ စာရင်း ကောက်ခံတာကို ဇန်နဝါရီ ၉ ရက်နေ့က စတင် လုပ်ဆောင်နေတာကြောင့် အဲ့ဒီ လုပ်ရပ်တွေ ရပ်တန့်ကြဖို့ မနေ့က ဇန်နဝါရီ ၁၂ ရက် ရက်စွဲနဲ့ ပခုက္ကူ ပ.အ.ဖ က သတိပေးလိုက် တာပါ။

ပြည်သူတွေ အနေနဲ့ တရားမဝင် ရွေးကောက်ပွဲ အတွက် လူဦးရေ စာရင်း ကောက်ခံတာတွေကို အသိဉာဏ်နဲ့ ချင့်ချိန်ပြီး တတ်စွမ်းရာ နည်းလမ်းနဲ့ ပူးပေါင်းတာ မလုပ်ကြဖို့ ပခုက္ကူ ပ.အ.ဖ က မေတ္တာရပ်ခံထားပါတယ်။

ဒါ့အပြင် တစ်အိမ်တက်ဆင်း စာရင်းကောက်ရာမှာ ပူးပေါင်း ဆောင်ရွက်နေတဲ့ ထွေအုပ်၊ ရွေးကောက်ပွဲ ကော်မရှင်၊ လ.ဝ.က ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးနဲ့ စစ်တပ်လက်ပါးစေ လုံခြုံရေး အမည်ခံ အဖွဲ့တွေကို လျှို့ဝှက်နည်းနဲ့ မှတ်တမ်းတင်ထားကြဖို့နဲ့ နီးစပ်ရာ တော်လှန်ရေး အင်အားစုတွေဆီ တိုင်ကြားဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက လူဦးရေစာရင်း ကောက်ခံတာကို ဇန်နဝါရီလ အတွင်း အပြီး လုပ်ဆောင်မယ်လို့ ကြေညာထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ဆန့်ကျင်ကြဖို့ ပြည်တွင်း၊ ပြည်ပ တော်လှန်ရေး အင်အားစုတွေက ဝိုင်းဝန်း တိုက်တွန်းနေပြီး NUG ယာယီ သမ္မတကလည်း စစ်ကောင်စီဟာ နိုင်ငံရေး လှည့်ကွက် အနေနဲ့ အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ပြီး ထွက်ပေါက်ရှာနေတယ်လို့ ပြောဆိုထားပါတယ်။

MK-009

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြ၀တီ သေဆုံးခြင်း

“ ဘာတွေဖြစ်ပျက်သွားသလဲဆိုတာ ကျွန်တော်တို့ အတိအကျတော့မသိနိုင်ဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ သီအိုရီ က နှစ်ခုပဲရှိတယ်။ တစ်ခုကတော့ စောချစ်သူက ဒီပွဲကို
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်တွေက ဘိန်းစိုက်တောင်သူတွေဆီကို ဘိန်းရောင်းရငွေကြောင့် ဓါးစာခံပြုလုပ်ထား

ရှမ်း/တောင် ဆီဆိုင်မြို့နယ်ထဲက ထမ်းယနဲ့ ပန်းအွန်ရွာသူ ရွာသားတွေကို ဘိန်းပေါ်ချိန်ဖြစ်တဲ့အတွက် ရောင်းရငွေတွေပေးမှ ကျေးရွာထဲက အပြင်ကို သွားလာခွင့်ပြုမယ်လို့ ဒေသခံတွေကပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်ပြည်နယ် တိုက်ပွဲတွေမှာ PPDF-KD လည်း ပါဝင်တိုက်ခိုက်၊ ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြု

ကော့ကရိတ်-မြဝတီ စစ်ဆင်ရေးတွေမှာ KNLA၊ PDF တို့နဲ့အတူ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) – PPDF-KD ရှေ့တန်းပြန် ရဲဘော်တွေကို ဂုဏ်ပြုခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူ ခွန်ဝေထူး က ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှားတောမှာ KNDF နဲ့ KA က စစ်သင်တန်းဆင်းပွဲ ပြုလုပ်

ဆိုမို/ ဖေစိုးလေးဒေသမှာ ကရင်နီ တပ်မတော်(KA)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၁၇ တို့က အခြေခံစစ်သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့တယ်လို့ တပ်ရင်း ၁၇ က ဒီနေ့ (မေ ၂) မှာ ထုတ်ပြန်ထားပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကရင်နီ စစ်ဘေးရှောင် စာသင်ကျောင်းက ကျောင်းသား(၇၀၀၀)ကျော်အတွက် လာမယ့်စာသင်နှစ်အတွက် အကူအညီတွေ လိုအပ်နေ

စစ်ဘေးရှောင် စာသင်ကျောင်း(၂၄)ကျောင်းက ကျောင်းသား(၇)ထောင်ကျော်နဲ့ ဆရာ/ဆရာမ (၃၀၀)ကျော်အတွက် စာရေးကိရိယာနဲ့ အဝတ်အထည်အပါအဝင် သင်၊ ထောက်၊ ကူပစ္စည်းတွေ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဆီဆိုင်မြို့နယ်မှ ပြည်သူသုံးတံတားနဲ့ ရွှေတဂူဘုရားဝန်းကို စစ်ကောင်စီ ဗုံးကြဲဖျက်ဆီး

ဆီဆိုင်မြို့နယ်၊ နောင်စကာကျေးရွာနဲ့ ရွှေတဂူဘုရားအနီးမှာရှိတဲ့ သဘက်ချောင်းတံတားကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တို့က မနေ့ မေ ၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ PNLA က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ရှမ်း/တောင် (RCSS/SSA) လှုပ်ရှားမှုဧရိယာအတွင်း စစ်ကောင်စီက တပ်သားရာနဲ့ချီလွှတ်ထား

(RCSS/SSA) ထိန်းချုပ်မှု ဧရိယာအတွင်းကို ဧပြီ(၃၀)ရက်နေ့က စပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးတွေပေါင်းပြီး ဒေသခံ တပ်ရင်းတွေဆီ စေလွှတ် အင်အားဖြည့်နေတာတွေ ရှိနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မြေမြုပ်မိုင်း ရှင်းလင်းရေးနဲ့ ပတ်သက်ပြီး ကြိုးပမ်းဆောင်ရွက်နေတယ်လို့ IEC ထုတ်ပြန်

မြေမြုပ်မိုင်း ရှင်းလင်းရေးလုပ်ငန်းတွေကို ဒေသခံတွေနဲ့ လက်တွဲပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ရေးကောင်စီ (IEC)က ဒီနေ့ (မေ ၁)မှာ ထုတ်ပြန်လာပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now