နေ့စဥ်သတင်း

တာချီလိတ်တွင် ပေါ်တာဆွဲသည့် ကိစ္စများ ပိုဆိုးလာ၊ အလုပ်ခေါ်ဟန်ပြုပြီး ပေါ်တာဆွဲသည်များလည်း ရှိ

မဲခေါင် 21 Mar - 2026
မဲခေါင်၊ မတ် ၂၁ စစ်မှုထမ်းလူသစ် စုဆောင်းရေးအတွက် အရွယ်ရောက်ပြီး လူငယ်အမျိုးသားများကို ပေါ်တာဆွဲသည့် ကိစ္စရပ်များ တာချီလိတ်မြို့နယ်နှင့် အနီးတဝိုက်တွင် ပိုမိုဆိုးရွာလာကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။ ယခုနောက်ပိုင်းတွင် ပျောက်ဆုံးသွားသည့် လူငယ်အများစုမှာ ပေါ်တာဆွဲခံရခြင်းဖြစ်ပြီး ၎င်းတို့ကို ကျိုင်းတုံရှိ စစ်မှုထမ်းသင်တန်းကျောင်းသို့ ပိုဆောင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အခုက တောက်လျောက်ကို ဖမ်းပြီး ပေါ်တာဆွဲနေတာ။ ပြန်ရောင်းတာလည်းရှိတယ်။ တချို့က စာအုပ်ရောင်းဟန်ဆောင်ပြီး ရပ်ကွက်ထဲတွေမှာ လိုက်ကြည့်နေပြီး လက်ထောက်ချတာ။ ကျိုင်းတုံရောက်တာနဲ့ မှတ်ပုံတင်တန်းလုပ်ပေး၊ သွေးစစ်ပြီး သင်တန်းတက်ခိုင်းတာ” ဟု ၎င်းကပြောသည်။ လွန်ခဲ့သည့်တစ်လအတွင်း တာချီလိတ်မြို့နှင့် အနီးတဝိုက်တွင် ပေါ်တာဆွဲဖမ်းဆီးမှု ၃မှုထက်မနည်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရပြီး အားလုံးမှာ ကျိုင်းတုံသို့

မဲခေါင်၊ မတ် ၂၁

စစ်မှုထမ်းလူသစ် စုဆောင်းရေးအတွက် အရွယ်ရောက်ပြီး လူငယ်အမျိုးသားများကို ပေါ်တာဆွဲသည့် ကိစ္စရပ်များ တာချီလိတ်မြို့နယ်နှင့် အနီးတဝိုက်တွင် ပိုမိုဆိုးရွာလာကြောင်း ဒေသခံများက မဲခေါင်သို့ ပြောသည်။

ယခုနောက်ပိုင်းတွင် ပျောက်ဆုံးသွားသည့် လူငယ်အများစုမှာ ပေါ်တာဆွဲခံရခြင်းဖြစ်ပြီး ၎င်းတို့ကို ကျိုင်းတုံရှိ စစ်မှုထမ်းသင်တန်းကျောင်းသို့ ပိုဆောင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခုက တောက်လျောက်ကို ဖမ်းပြီး ပေါ်တာဆွဲနေတာ။ ပြန်ရောင်းတာလည်းရှိတယ်။ တချို့က စာအုပ်ရောင်းဟန်ဆောင်ပြီး ရပ်ကွက်ထဲတွေမှာ လိုက်ကြည့်နေပြီး လက်ထောက်ချတာ။ ကျိုင်းတုံရောက်တာနဲ့ မှတ်ပုံတင်တန်းလုပ်ပေး၊ သွေးစစ်ပြီး သင်တန်းတက်ခိုင်းတာ” ဟု ၎င်းကပြောသည်။

လွန်ခဲ့သည့်တစ်လအတွင်း တာချီလိတ်မြို့နှင့် အနီးတဝိုက်တွင် ပေါ်တာဆွဲဖမ်းဆီးမှု ၃မှုထက်မနည်း မဲခေါင်သတင်းဌာနမှ စုံစမ်းသိရပြီး အားလုံးမှာ ကျိုင်းတုံသို့ ပို့ဆောင် ရောင်းစားခံရခြင်းဖြစ်ကြောင်း၊ ရောင်းစားရာ၌ ကျပ်သိန်း ၃၀ မှ ကျပ်သိန်း ၇၀ အထိပေါက်ဈေးရှိကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့ပြင် လူမှုကွန်ယက်များပေါ်တွင် အလုပ်ခေါ်စာများတင်ကာ လူခေါ်ပြီး လူတွေ့သည့်အခါ ဖမ်းဆီးပေါ်တာဆွဲပြီး ရောင်းစားသည့် ကိစ္စရပ်များလည်း ရှိကြောင်း ကိုယ်တွေ့ကြုံရသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ပန်းရံအလုပ်၊ ကြွေပြားကပ်လူလိုတယ်ဆိုပြီး ခေါ်တာ။ အကုန်အဖမ်းခံရတယ်။ တပ်ထဲရောင်းစားခံရတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ လိမ်လည်အလုပ်ခေါ်ယူခြင်းကို တာချီလိတ်မြို့နှင့် သက်ဆိုင်သည့် လူမှုကွန်ယက်များပေါ်တွင် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၀ ရက်က လူတွေ့သွားရောက်သူ ၁၈ဦး ရှိပြီး ၁၈ဦးစလုံး အဖမ်းခံရကြောင်း၊ ယင်းထဲမှ ၃ဦးမှာ ထွက်ပြေးခဲ့ရာ ၂ဦးလွတ်မြောက်ပြီး တစ်ဦး ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း ယင်းနီးစပ်သူထံမှ သိရသည်။

တာချီလိတ်မြို့ပေါ်တွင် ပေါ်တာဆွဲမှုများ ဆက်တိုက်ဖြစ်နေပြီး ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီ လဆန်းပိုင်းတွင်လည်း နေ့စဉ်လိုပင် လူငယ် ၄၊ ၅ဦးခန့်ကို ပေါ်တာဆွဲခံရကြောင်း၊ တာချီလိတ်မြို့နယ်အတွင်း စစ်မှုထမ်းအတွက် လစဉ်ကြေးပေးဆောင်နေကြရသော်လည်း ယခုအခါ ပေါ်တာဆွဲသည့်ဖြစ်စဉ်များ ရှိလာခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နေပြည်သူများက ပြောသည်။

ယခင်ဖြစ်ခဲ့သည့် တာချီလိတ်မြို့နယ်အတွင်းမှ ပေါ်တာဆွဲသည့် ကိစ္စများကို မိုင်းဖြတ်အခြေစိုက် စကခ ၁၈ လက်အောက်ခံ ခလရ ၂၂၁ တပ်မှ ဗိုလ်ကြီးဝင်းကိုနှင့် ခမရ ၃၃၀ တပ်မှ ပြုံးချိုတို့ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ကြောင်း မဲခေါင်သတင်းဌာနက တင်ပြခဲ့ပြီးဖြစ်သည်။

#MeKongNews
#တာချီလိတ်
#ပေါ်တာဆွဲ
#စစ်မှုထမ်း
#ကျိုင်းတုံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now