နေ့စဥ်သတင်း

တောင်ကြီး ဘောလုံးကွင်း ဆိုင်နှင့် တိုက်ခန်းများ ၃ နေရာ ခွဲရွှေ့မည်

မဲခေါင် 20 Feb - 2026
မဲခေါင်၊ ဖေဖော်ဝါရီ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဘောလုံးကွင်းမှ ဆိုင်နှင့် လူနေတိုက်ခန်းများကို မီးပုံးပျံကွင်းနား၊ ညိုမီးရပ် ကားကြီးဝင်းနှင့် အေးသာယာမြို့၊ မင်းကျန်စစ်အိမ်ရာများသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။ စားသောက်ဆိုင်များကို မီးပုံပျံကွင်းနှင့် တက္ကသိုလ် အိမ်ရာကြား၊ ကားပစ္စည်းဆိုင်များကို တည်ဆောက်ဆဲ ညိုမီးဘက်မှ ကားကြီးဝင်းနှင့် အား/ကာ လူနေတိုက်ခန်းများကို အေးသာယာရှိ မင်းကျန်စစ်အိမ်ရာသို့ ပြောင်းရွှေ့ချထားပေးမည်ဖြစ်ကြောင်း သိရသည်။ “ဆောက်နေတဲ့ ကုန်ကားရပ်နားစခန်း အသစ်က ဟိုပုံးကရော ညိုမီးကရော လမ်းခွဆုံနေရာ၊ ၂ ထပ် ဆောက်ပေးမယ်ပြောတယ်။ အနည်းဆုံး ၃ နှစ်ကြာမှာဆိုတော့ ပြီးရင်လည်း သွားလာရေးက မလွယ်တော့ဘူး၊ ကုန်ကျခ ဘယ်လောက်ရှိမလဲလည်း မသိရသေးဘူး။ အလုပ် မဖြစ်တော့ပါဘူး” ဟု

မဲခေါင်၊ ဖေဖော်ဝါရီ ၂၀

ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်ရှိ ဘောလုံးကွင်းမှ ဆိုင်နှင့် လူနေတိုက်ခန်းများကို မီးပုံးပျံကွင်းနား၊ ညိုမီးရပ် ကားကြီးဝင်းနှင့် အေးသာယာမြို့၊ မင်းကျန်စစ်အိမ်ရာများသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။

စားသောက်ဆိုင်များကို မီးပုံပျံကွင်းနှင့် တက္ကသိုလ် အိမ်ရာကြား၊ ကားပစ္စည်းဆိုင်များကို တည်ဆောက်ဆဲ ညိုမီးဘက်မှ ကားကြီးဝင်းနှင့် အား/ကာ လူနေတိုက်ခန်းများကို အေးသာယာရှိ မင်းကျန်စစ်အိမ်ရာသို့ ပြောင်းရွှေ့ချထားပေးမည်ဖြစ်ကြောင်း သိရသည်။

“ဆောက်နေတဲ့ ကုန်ကားရပ်နားစခန်း အသစ်က ဟိုပုံးကရော ညိုမီးကရော လမ်းခွဆုံနေရာ၊ ၂ ထပ် ဆောက်ပေးမယ်ပြောတယ်။ အနည်းဆုံး ၃ နှစ်ကြာမှာဆိုတော့ ပြီးရင်လည်း သွားလာရေးက မလွယ်တော့ဘူး၊ ကုန်ကျခ ဘယ်လောက်ရှိမလဲလည်း မသိရသေးဘူး။ အလုပ် မဖြစ်တော့ပါဘူး” ဟု ကားပစ္စည်း ဆိုင်ရှင်တစ်ဦးက ပြောသည်။

လက်ရှိ ဘောလုံးကွင်း မြောက်ဘက်နှင့် အနောက်ဘက်တွင်ကား ပစ္စည်းဆိုင် ၁၀၀ ကျော်ရှိပြီး မြောက်ဘက်တွင် စားသောက်ဆိုင်များရှိရာ စုစုပေါင်း ပြောင်းရွှေ့ရမည့်ဆိုင် ၁၆၃ ဆိုင်ရှိကြောင်း သိရသည်။

“ဆိုင်က ခုငှားရမ်းခက သောင်းလောက်ပဲရှိတာ၊ မီးပုံပျံဘက်ဆို စည်ပင်က ဆောက်ပေးမယ် ဆိုပေမယ့် ခေတ်အရတော့ ငှားခ သိန်းချီပေးရတော့မယ်”ဟု စား သောက်ဆိုင်ရှင်တစ်ဦးက ပြော သည်။

အား/ကာ လူနေတိုက်ခန်း ၆၃ ခန်းမှာမူ အငှားဆိုင်ခန်းများနှင့် သဘောသဘာဝ မတူဘဲ အပျောက်ပိုင်ဆိုင်ခွင့်ကို မြေညီထပ် ကျပ် ၂၅ သိန်း၊ ပထမထပ် သိန်း ၂၀ နှင့် ဒုတိယထပ် ၁၅ သိန်းဖြင့် လစဥ် ပေးသွင်းဝယ်ယူထားခဲ့ရခြင်း ဖြစ်ပြီး လက်ရှိတွင် တောင်ကြီးမြို့ပေါ် မဟုတ်ဘဲ အေးသာယာသို့ အဓမ္မ ပြောင်းရွှေ့ချထားခံရမှုမှာ တရားမျှတမှု မရှိဟု တိုက်ခန်းပိုင်ရှင်များက ဆိုသည်။

“ကလေးတွေ ကျောင်းနေတာကအစ လူမှုဘဝ အကုန်လုံး အဆင်မပြေဘူး။ ပြီးတော့ မင်းကျန်စစ် တိုက်ခန်းတွေ အများစုက ငလျင်ဒဏ်ကြောင့် အက်ကွဲရာတွေနဲ့” ဟု ပိုင်ရှင်တစ်ဦးက ပြောသည်။

တိုက်ခန်းများကို မယူပါက ကျပ်သိန်း ၅၀ သွင်း ၍ ယင်းနေရာရှိ မြေတစ်ကွက်ရယူနိုင်ကြောင်းပြောသော်လည်း ပင်စင်စားများဖြစ်၍ အဆင်မပြေဟု ဆိုကြသည်။

လက်ရှိ ဆိုင်ခန်းနှင့် တိုက်ခန်းများကို ပြောင်းရွှေ့ပေးရန် စည်ပင်မှ တတိယအကြိမ် စာထုတ်ထားပြီး ယခု Grade 12 စာမေးပွဲအပြီးတွင် အပြီးပြောင်းရွှေ့ရမည် ဖြစ်သည်ဟု စည်ပင်ကပြောထားကြောင်း သိရသည်။

City Smart စီမံကိန်းပါ ထီဖောင်းဘက်မှ ဂေါက်ကွင်း တည်ဆောက်နေမှုမှာလည်း ၁၈ ကျင်းအနက် ၉ ကျင်း ပြီးစီးလုဖြစ်ပြီး ၁၈ ကျင်းပြီးပါက အေးသာယာဂေါက်ကွင်းကဲ့သို့ နိုင်ငံတကာပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီး ဘောလုံးကွင်းကို ဖျက်၍ နိုင်ငံတကာအဆင့်မီ ဘောလုံးကွင်းနှင့် လူငယ်အားကစားစင်တာ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က ကြေညာထားသည်။

#MeKongNews
#တောင်ကြီး
#ဘောလုံးကွင်း
#ဆိုင်
#တိုက်ခန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now