နေ့စဥ်သတင်း

လာအို King Romans မြို့ရောက် မြန်မာအလုပ်သမား သိန်းနှင့်ချီ MoU မရှိသဖြင့် အခက်တွေ့နေ၊ မဲခေါင်မြစ်ကူးရာတွင်လည်း နှစ်စဉ် လှေမှောက်သေဆုံးမှုများရှိ

မဲခေါင် 11 May - 2026
မဲခေါင်၊ မေ ၁၁ ရွှေတြိဂံဒေသ လာအိုနိုင်ငံပိုင် King Romans ကာစီနိုမြို့အတွင်း မြန်မာနိုင်ငံသား သိန်းနှင့်ချီ သွားရောက်အလုပ်လုပ်ကိုင်နေသော်လည်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားခြင်း မရှိသဖြင့် တရားမဝင်အလုပ်သမားအဖြစ် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အလုပ်သမားများထံမှ သိရသည်။ MoU လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အတွက် အလုပ်သမားအခွင့်အရေးဆုံးရှုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိခြင်းနှင့် အသက်အန္တရာယ်များသည့် ခိုးလမ်းများမှ အသွားအပြန်လုပ်ရခြင်းတို့ ရင်ဆိုင်နေရကြောင်း လာအိုရောက်အလုပ်သမားတစ်ဦးက ပြောသည်။ “ဘယ်အချိန် လာဖမ်းမလဲဆိုတာလည်း ထိတ်တလန့်လန့်ပဲ။ သွားရလာရတဲ့ လမ်းခရီးကလည်း အန္တရာယ်များတယ်။ တရားမဝင်ဆိုတော့ မှောင်ခိုကြေးနဲ့ ငွေကြေးကုန်ကျမှုလည်းပိုများတယ်။ ဒါပေမယ့် ကိုယ့်အရပ်၊ ကိုယ်ဒေသမှာ နေလို့မရတော့လည်း လာကြရတာပဲ” ဟု ၎င်းကပြောသည်။ လာအိုနိုင်ငံသို့ မဲခေါင်မြစ်ကို လှေဖြင့်ဖြတ်ကျော်ကာ

မဲခေါင်၊ မေ ၁၁

ရွှေတြိဂံဒေသ လာအိုနိုင်ငံပိုင် King Romans ကာစီနိုမြို့အတွင်း မြန်မာနိုင်ငံသား သိန်းနှင့်ချီ သွားရောက်အလုပ်လုပ်ကိုင်နေသော်လည်း နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားခြင်း မရှိသဖြင့် တရားမဝင်အလုပ်သမားအဖြစ် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အလုပ်သမားများထံမှ သိရသည်။

MoU လက်မှတ်ရေးထိုးထားခြင်းမရှိသည့်အတွက် အလုပ်သမားအခွင့်အရေးဆုံးရှုံးခြင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိခြင်းနှင့် အသက်အန္တရာယ်များသည့် ခိုးလမ်းများမှ အသွားအပြန်လုပ်ရခြင်းတို့ ရင်ဆိုင်နေရကြောင်း လာအိုရောက်အလုပ်သမားတစ်ဦးက ပြောသည်။

“ဘယ်အချိန် လာဖမ်းမလဲဆိုတာလည်း ထိတ်တလန့်လန့်ပဲ။ သွားရလာရတဲ့ လမ်းခရီးကလည်း အန္တရာယ်များတယ်။ တရားမဝင်ဆိုတော့ မှောင်ခိုကြေးနဲ့ ငွေကြေးကုန်ကျမှုလည်းပိုများတယ်။ ဒါပေမယ့် ကိုယ့်အရပ်၊ ကိုယ်ဒေသမှာ နေလို့မရတော့လည်း လာကြရတာပဲ” ဟု ၎င်းကပြောသည်။

လာအိုနိုင်ငံသို့ မဲခေါင်မြစ်ကို လှေဖြင့်ဖြတ်ကျော်ကာ တရားမဝင် သွားရောက်လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံသားများသည် နှစ်စဉ် မိုးရာသီ မြစ်ရေကြီးချိန်တွင် လှေမှောက်ပြီး အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသော်လည်း နှစ်ဖက်တာဝန်ရှိသူများက တာဝန်ယူမှုမရှိဘဲ လျစ်လျူရှုထားကြသည်ဟု ဝေဖန်ခံနေရသည်။

“လာအို King Romans ထဲမှာ မြန်မာတွေ သိန်းနဲ့ချီရှိတယ်။ အများအားဖြင့် ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ဂိမ်းခုံတွေမှာ အလုပ်လုပ်ကြတာ။ မြန်မာပြည်အနှံ့က လာကြတာပါ။ မဲခေါင်မြစ်ကို ဖြတ်ကူးတဲ့အခါ မိုးတွင်းဆို အသက်ကယ်အင်္ကျီတောင်မပါဘဲ လှေသေးသေးလေးတွေနဲ့ ကူးနေကြရတာ။ နှစ်တိုင်း လူသေဆုံးမှုတွေရှိပေမဲ့ တာဝန်ရှိသူတွေက မသိချင်ယောင်ဆောင်ထားကြတယ်။ အလုပ်ခိုးလုပ်တာဆိုပေမဲ့ ဒါဟာ မြန်မာနိုင်ငံသားတွေဖြစ်လို့ လူကြီးတွေအနေနဲ့ တစ်ခုခုတော့ လုပ်ပေးသင့်တယ်” ဟု လာအိုနိုင်ငံတွင် ၁၅ နှစ်ကျော် နေထိုင်အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုကြောင့် တရားမဝင် ထွက်ခွာနေရမှုကို ပိတ်ပင်နေမည့်အစား တာဝန်ရှိသူများအနေဖြင့် စနစ်တကျဖြစ်စေရန် နှစ်နိုင်ငံ MoU ရေးထိုးပြီး တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးစေလိုကြောင်း အလုပ်သမားများက ဆိုသည်။

ထို့ပြင် ထိုင်း-မြန်မာ နယ်ခြားကော်မတီကဲ့သို့ လာအို-မြန်မာ နယ်ခြားကော်မတီကိုပါ ဖွဲ့စည်းလုပ်ဆောင်ပေးရန် တောင်းဆိုမှုများ ရှိနေသည်။

မဲခေါင်မြစ်ကူးစဉ် လှေတိမ်းမှောက်မှုကြောင့် နှစ်စဉ် လူဦးရေ ၁၀ ဦးထက်မနည်း အသက်ဆုံးရှုံးနေရပြီး သေဆုံးသူအများစုမှာ လူငယ်များဖြစ်ကြကာ အသက် ၁၀ နှစ်အောက် ကလေးငယ်များပင် ပါဝင်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်ကလည်း လာအိုမှ မြန်မာဘက်သို့ကူးသည့်လှေ မဲခေါင်မြစ်အတွင်း တိမ်းမှောက်ခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့သည်။

သေဆုံးသူများမှာ လာအိုနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ပြီးနောက် မြန်မာနိုင်ငံဘက်သို့ ပြန်လာသူများဖြစ်ကြောင်း လာအိုရောက်မြန်မာများထံမှာ သိရသည်။

“လှေသမားတွေကလည်း တွက်ချေကိုက်အောင် လူများများတင်ကြတာ၊ လူတွေရော၊ ပစ္စည်းတွေရော။ အသက်ကယ်အင်္ကျီမပါဘူး။​ ရေစီးကြမ်းတဲ့အချိန်ဆို မလွယ်ဘူး” ဟု လာအိုရောက်မြန်မာတစ်ဦးက ပြောသည်။

လာအိုနိုင်ငံ၊ ဘော်ကီယိုခရိုင်ရှိ King Romans ကာစီနိုရှိရာ ဒေသတွင် အာဏာမသိမ်းခင်ကတည်းက မြန်မာလုပ်သား သောင်းဂဏန်း ရောက်ရှိနေပြီး ရခိုင်ရွာဟု အမည်ရသည့် မြန်မာအလုပ်သမားများ စုပေါင်းနေထိုင်ရာ ဒေသတစ်ခု ရှိနေပြီဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၌ စစ်မက်ဖြစ်ပွားမှု၊ အလုပ်အကိုင်ရှားပါးမှုများကြောင့် လာအိုနိုင်ငံဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်သူ ပိုမိုများပြားလာပြီး ယခုအခါ လာအိုရောက် မြန်မာလုပ်သား သိန်းဂဏန်းကျော်ပြီဖြစ်ကြောင်း သိရသည်။

ရွှေတြိဂံဒေသ လာအိုနိုင်ငံအတွင်းရှိ King Romans ကို တည်ထောင်သူမှာ တရုတ်လူမျိုး စီးပွားရေးလုပ်ငန်းရှင် Zhao Wei (ကျောက်ဝေ) ဖြစ်သည်။ ၎င်းသည် မိုင်းလားဒေသတွင် ကာစီနိုလုပ်ငန်း လုပ်ကိုင်ခဲ့ပြီးနောက် ၂၀၀၇ ခုနှစ်တွင် လာအိုအစိုးရနှင့် သဘောတူညီချက်ရယူကာ ရွှေတြိဂံအထူးစီးပွားရေးဇုန် (GTSEZ) ကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကာစီနိုနှင့် ခရီးသွားလုပ်ငန်းများကို လုပ်ကိုင်နေသော်လည်း အမေရိကန်အစိုးရက ၎င်းကို မူးယစ်ဆေးဝါး ကုန်သွယ်မှု၊ လူကုန်ကူးမှုများနှင့် နာမည်ပျက်စာရင်း သတ်မှတ်ထားကြောင်း သိရသည်။

#MeKongNews
#လာအိုနိုင်ငံ
#မြန်မာရွှေ့ပြောင်းလုပ်သား
#မဲခေါင်မြစ်
#ကာစီနို
#ကျောက်ဝေ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now