မဲခေါင်၊ နိုဝင်ဘာ ၂၁
ပြီးခဲ့သည့်တစ်ပတ်က ထိုင်းအာဏာပိုင်များ တရုတ်အစိုးရလက်ထဲ လွှဲအပ်လိုက်သည့် မြ၀တီ ရွှေကုက္ကိုလ်မြို့သစ်ထူထောင်သူ ရထိုက်ကုမ္ပဏီအကြီးအကဲ ရှာဇီးကျန့်က သူနှင့်အတူ တရုတ်အစိုးရ ထောက်လှမ်းရေးဟု အယ်လ်ဂျာဇီးယားမီဒီယာထံ ဖွင့်ချပြခဲ့သည့် ဖိလစ်ပိုင် မြို့တော်ဝန်ဟောင်း အဲလစ်ဂူအိုကို ဖိလစ်ပိုင်တရားရုံးက နိုဝင်ဘာ ၂၀ ရက်တွင် တသက်တကျွန်း ပြစ်ဒဏ် ချမှတ် လိုက်သည်။
အယ်လ်ဂျာဇီးယားနှင့် အင်တာဗျူးတွင် ရှာဇီးကျန့်က ရွှေကုက္ကိုလ်မြို့အတွင်း မိမိ၏ တရုတ်အစိုးရ နှင့်ပတ်သက်သော လျှို့ဝှက်ချက်မှတ်တမ်းများရှိနေသေးပြီး ၎င်းနှင့်အတူ တရုတ်ပြည်သူ့လုံခြုံရေး ဌာနတွင် အစိုးရထောက်လှမ်းရေးလုပ်ခဲ့ဖူးသူ တရုတ်နိုင်ငံဖွား အဲလစ်ဂူအိုထံ လျှို့ဝှက်ချက်များစွာ လွှဲပေးခဲ့ပြီးဖြစ်သောကြောင့် ကမ္ဘာကို အမှတ်ချပြပါဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဲလစ်ဂူအိုသည် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်က မနီလာတွင် ဖမ်းဆီးခံခဲ့ရပြီး ယခုမှသာ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မားကို့စ်၏ ရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင် စီရင်မှုဖြင့် မနီလာတရားရုံးမှ ထောင်ဒဏ် တသက်တကျွန်း ချမှတ်လိုက်ခြင်းဖြစ်သည်။ အဲလစ်ဂူအိုသည် ၂၀၂၂ ခုနှစ်က ဖိလစ်ပိုင်ရှိ မြို့ငယ် လေးတစ်မြို့မှ မြို့တော်ဝန်ရာထူးရယူခဲ့သူဖြစ်ကာ ဘမ်ဘန်မြို့တွင် ၈ ဟက်တာကျယ်တော့ Baofu Land Development Inc ကုမ္ပဏီအခြေစိုက်ရာ အဆောက်အအုံကြီးကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။
သူမနှင့် တရုတ်နိုင်ငံသား စီးပွားဖက် ၂ ဦးဖြစ်သော Zhang Ruijin နှင့် Lin Baoying တို့ ပူးပေါင်းပြီး စင်ကာပူနိုင်ငံသမိုင်း၌ အကြီးမားဆုံး ငွေကြေးခဝါချမှုကြီး ကျူးလွန်ခဲ့သလို ဖိလစ်ပိုင်တွင် အခြေစိုက် ပြီးပြည်ပမှ လောင်းကစားလုပ်သူများကို ဆွဲဆောင်သည့် အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်များ ထူထောင်ခဲ့ခြင်း၊ ထိုမှ တစ်ဆင့် ကျားဖြန့်လုပ်ငန်းများပါ ထူထောင်ပြီး လူမှောင်ခိုကူးခြင်း၊ အဓမ္မ အလုပ်စေခိုင်းထားသူများ သတ်မှတ်လိမ်လည်ငွေမရပါက ကျဉ်စက်ဖြင့် တို့ကာ နှိပ်စက်ခြင်း၊ရိုက် နှက်ခြင်းများပါ ပြုလုပ်ခြင်းကြောင့် ယခုလို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ခြင်းဖြစ် သည်ဟု ဖိလစ်ပိုင်တရားရုံးက ထုတ်ပြန်ခဲ့သည်။
အဲလစ်ဂူအို၏ အကြံပေးနှင့်ရှေ့နေ့များဘက်မှ ရှာဇီးကျန့်ပြောသလို တရုတ်ထောက်လှမ်းရေးဟောင်း မဟုတ်ကြောင်းနှင့် စွဲချက်များကိုလည်း မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုထားပြီး ယခု ပြစ်ဒဏ်ချမှတ်အပြီး မည်သည့် ထုတ်ပြန်မှုမှ မလုပ် သေးပေ။
ကိုကလင်း
Ref: Bangkokpost
#MeKongNews
#ဖိလစ်ပိုင်
#တရုတ်သူလျှို
#မြို့တော်ဝန်
#ရွှေကုက္ကိုလ်








