ကမ္ဘာ့သတင်း

မြောက်ကိုရီးယားစစ်သည်အခေါင်းများကြည့်ကာ မျက်ရည်ကျခဲ့သော်လည်း နောက်ထပ် စစ်သည် ၃၀၀၀၀ ရုရှားဘက်မှတိုက်ရန် ကင်ဂျုံအန် စေလွှတ်ဦးမည်

မဲခေါင် 3 Jul - 2025
မဲခေါင်၊ ဇူလိုင် ၃ ပြီးခဲ့သည့်ရက်ပိုင်းက ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှား ယဉ်ကျေးမှုဝန်ကြီးနှင့်အတူ ယူကရိန်းစစ်ပွဲတွင် သေဆုံးပြီးပြန်ရောက်လာသည့် မြောက်ကိုရီးယား စစ်သည်အခေါင်းများအား လက်ခံကာ သံစုံတီးဝိုင်းဖြင့် လွမ်းဆွတ်ဖွယ် တေးသံများဖြင့် ဖျော်ဖြေခဲ့သော်လည်း နောက်ထပ် မြောက်ကိုရီးယားစစ်သည် ၃၀၀၀၀ ရုရှားဘက်မှ ကူတိုက်ခိုက်ရန် ထပ်မံ စေလွှတ်သွားဦးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။ မြောက်ကိုရီးယားစစ်သည်အခေါင်း အနည်းဆုံး ၆ လုံးအား ကင်ဂျုံအန်လိုက်လံကြည့်ရှုစဉ် မျက်ရည်များကျခဲ့သော်လည်း ရုရှားနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုထားခြင်းကြောင့် မကြာမီ နောက်ထပ်စစ်သည် ၃၀၀၀၀ ထပ်မံ စေလွှတ်ပေးရန် စုဆောင်းနေသည်ဟု မြောက်ကိုရီးယား အစိုးရအရာရှိများထံမှ သတင်းရရှိခြင်းဖြစ်သည်။ ပထမအကြိမ် ရုရှား၏ ယူကရိန်း သိမ်းပိုက်ခံ

မဲခေါင်၊ ဇူလိုင် ၃

ပြီးခဲ့သည့်ရက်ပိုင်းက ပြုံယမ်းမြို့တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှား ယဉ်ကျေးမှုဝန်ကြီးနှင့်အတူ ယူကရိန်းစစ်ပွဲတွင် သေဆုံးပြီးပြန်ရောက်လာသည့် မြောက်ကိုရီးယား စစ်သည်အခေါင်းများအား လက်ခံကာ သံစုံတီးဝိုင်းဖြင့် လွမ်းဆွတ်ဖွယ် တေးသံများဖြင့် ဖျော်ဖြေခဲ့သော်လည်း နောက်ထပ် မြောက်ကိုရီးယားစစ်သည် ၃၀၀၀၀ ရုရှားဘက်မှ ကူတိုက်ခိုက်ရန် ထပ်မံ စေလွှတ်သွားဦးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

မြောက်ကိုရီးယားစစ်သည်အခေါင်း အနည်းဆုံး ၆ လုံးအား ကင်ဂျုံအန်လိုက်လံကြည့်ရှုစဉ် မျက်ရည်များကျခဲ့သော်လည်း ရုရှားနှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ချုပ်ဆိုထားခြင်းကြောင့် မကြာမီ နောက်ထပ်စစ်သည် ၃၀၀၀၀ ထပ်မံ စေလွှတ်ပေးရန် စုဆောင်းနေသည်ဟု မြောက်ကိုရီးယား အစိုးရအရာရှိများထံမှ သတင်းရရှိခြင်းဖြစ်သည်။

ပထမအကြိမ် ရုရှား၏ ယူကရိန်း သိမ်းပိုက်ခံ ကက်ရှ်ဒေသ ပြန်ရရေး ထိုးစစ်တွင် မြောက်ကိုရီးယားစစ်သည် ၁၁၀၀၀ စေလွှတ်ပေးခဲ့ကာ ကျဆုံးခဲ့သည့် ၃၀၀၀ နေရာထွင် ထပ်မံ စေလွှတ်ပေးသည့်အတွက် စုစုပေါင်း ၁၄၀၀၀ စေလွှတ်ပေးပြီး ဖြစ်သည်။

သို့သော် စီးပွားရေး၊ အစားအစာနှင့် စစ်ရေးအထောက်အကူများ ပြန်လည်ရရှိရန် ကင်ဂျုံအန်ဘက်မှ ရုရှားနှင့် သဘောတူညီချက်အရ ဇူလိုင်သို့မဟုတ် ဩဂုတ်လအတွင်း နောက်ထပ် မြောက်ကိုရီးယား စစ်သည် ၆၀၀၀ ဦးစွာစေလွှတ်ရန် စီစဉ်နေသည်ဟု တောင်ကိုရီးယား စစ်ထောက်လှမ်းရေးဘက်မှ သတင်းရရှိထားသည်။

ယခု ထပ်မံစေလွှတ်မည့် မြောက်ကိုရီးယားစစ်သည် ၃၀၀၀၀ သည် ရုရှား နယ်တွင်း၌သာ စစ်ကူဝင်ရောက်ခြင်းမဟုတ်ဘဲ ရုရှား၏ ယူကရိန်းနယ်မြေများ ထိုးစစ်မြှင့်သိမ်းပိုက်နိုင်ရေးအတွက် ပါဝင်တိုက်ခိုက်ရေးတွင် အသုံးချရန် စေလွှတ်ပေးမည်ဖြစ်ကြောင်းနှင့် ရုရှားဘက်မှ လက်နက်၊ ရိက္ခာနှင့် ကျည်များ အလုံအလောက် ထုတ်လုပ်ပေးသွားမည်ဟု သတင်းရရှိထားကြောင်း သိရသည်။

ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#မြောက်ကိုရီးယား
#ယူကရိန်း
#ကင်ဂျုံအန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေမင်းဖုန်းဒေသ ရွှေတွင်းလုပ်ကွက် မြေပြိုမှု ၂ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသတွင် အောက်တိုဘာ ၂၀ ရက်က ဖြစ်ပွားခဲ့သည့် ရွှေတွင်းလုပ်ကွက်ပြိုကျမှုအတွင်း ကယ်ဆယ်လုပ်ငန်း
နေ့စဥ်သတင်း မြန်မာ့နွေဦး

လဲချား-မိုင်းနောင်လမ်း ညပိုင်းဖြတ်သန်းခွင့် ပိတ်ထားသဖြင့် ကုန်စည်ပို့ဆောင်ရေး အခက်တွေ့

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်တောင်ပိုင်း၊ လဲချား-မိုင်းနောင်လမ်းပေါ်ရှိ မက်လန်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ည ၈ နာရီမှ မနက် ၆ နာရီအထိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုး

မဲခေါင်၊ အောက်တိုဘာ ၂၂ စစ်ကောင်စီဖွဲ့ အစိုးရ ရှမ်းပြည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းနေရာတွင် ဗိုလ်မှူးကြီး ကျော်မျိုးမင်းလတ်ကို အစားထိုးကာ ပြောင်းလဲတာဝန်ပေးလိုက်ကြောင်း စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယင်းအပြောင်းအလဲသည်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူဆယ်တွင် ဆီသိုလှောင်ကန် မီးလောင်မှု တရုတ်ဖက်ကပါ လာကူညီရ

မဲခေါင် ၊ အောက်တိုဘာ ၂၀ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆီသိုလှောင်ကန် မီးလောင်သဖြင့် တရုတ်နိုင်ငံဖက်မှ မီးသတ်ယာဉ်များပါ လာရောက်ကူညီ မီးသတ်ပေးခဲ့ရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ယနေ့ မနက် ၁၀ ခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကလော ရွှေမင်းဖုန်းဒေသတွင် မြေပြိုမှုဖြစ်ပြီး တစ်ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရွှေမင်းဖုန်းဒေသ၊ တောင်ပဲ့ရွာအနီးရှိ အာရှကမ္ဘာရွှေလုပ်ကွက်အတွင်း ယနေ့ အောက်တိုဘာ ၂၀၊ နံနက်ပိုင်းက မြေပြိုကျမှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြေပြိုကျမှုကြောင့် အသက်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွှေညောင်မြို့အနီးတွင် တရားမဝင်သစ်ခွဲသား ၁၅ တန်ကျော် ဖမ်းမိ

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်နီကျေးရွာ၊ ဖီလာတောင်အနီး၌ တရားမဝင်သစ်ခွဲသားများ သယ်ဆောင်လာသည့် ၁၂ ဘီးမော်တော်ယာဉ်တစ်စီးကို စစ်ဆေးဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းအား သစ်တောဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၁၇

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရွာငံမြို့နယ်အတွင်းတိုက်ပွဲ စစ်ကောင်စီ ၁၀ ဦးထက်မနည်းသေဆုံးဟု DSNDA ထုတ်ပြန်

မဲခေါင်၊ အောက်တိုဘာ ၂၀ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်နှင့် သာစည်မြို့နယ်အစပ်တွင် စစ်ကောင်စီတပ်နှင့် ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးပြီး ၁၅

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now