နေ့စဥ်သတင်း

ဟိုတယ်အောင်ပန်း အပြီးသတ် မရှင်းလင်းနိုင်သေး၍ ကျန်ရှိအလောင်းများမှ အနံ့ထွက်

မဲခေါင် 10 Apr - 2025
မဲခေါင်၊ ဧပြီ ၁၀ စစ်ကိုင်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသည့် အောင်ပန်းမြို့မှ ဟိုတယ်အောင်ပန်း အပျက်အစီးများကို အပြီးသတ် မရှင်းလင်းနိုင်သေးသည့်အတွက် ပိတ်မိနေသည့် သေဆုံးရုပ်အလောင်းများမှ အနံ့များထွက်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် မတ်၂၈ ရက်က ပြိုကျခဲ့သည့် ဟိုတယ်အောင်ပန်းမှ ကားရပ်ရန်နေရာဘက်သို့ တိမ်းစောင်းကာ ဟိုတယ်တစ်ခုလုံး ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၆ရက်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးပြီဟုဆိုကာ အပျက်အစီးများ ဖယ်ရှားသည့် စက်ယန္တရားကြီးများ လုပ်ငန်းဆောင်ရွက်ခြင်းကို ရပ်တန့်ကာ မြို့နယ်ထွေအုပ်မှ ပိုင်ရှင်ထံ ပြန်လည်အပ်နှံလိုက်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။ “ပိုင်ရှင်က စက်ကြီးတွေ ငှားပြီး ဆက်ရှင်းဖို့လုပ်နေတယ်။ ပိနေတဲ့အထဲ အလောင်းတစ်လောင်း မြင်ရပေမယ့် မထုတ်နိုင်သေးဘူး။ သိရတာတော့ဝန်ထမ်းပဲ။ အောက်ဆုံးထပ်မှာလည်းရှိ နေနိုင်သေးတယ်။ အပုတ်နံ့ကတော့

မဲခေါင်၊ ဧပြီ ၁၀

စစ်ကိုင်းငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသည့် အောင်ပန်းမြို့မှ ဟိုတယ်အောင်ပန်း အပျက်အစီးများကို အပြီးသတ် မရှင်းလင်းနိုင်သေးသည့်အတွက် ပိတ်မိနေသည့် သေဆုံးရုပ်အလောင်းများမှ အနံ့များထွက်နေပြီဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

ပြီးခဲ့သည့် မတ်၂၈ ရက်က ပြိုကျခဲ့သည့် ဟိုတယ်အောင်ပန်းမှ ကားရပ်ရန်နေရာဘက်သို့ တိမ်းစောင်းကာ ဟိုတယ်တစ်ခုလုံး ပြိုကျပျက်စီးခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၆ရက်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးပြီဟုဆိုကာ အပျက်အစီးများ ဖယ်ရှားသည့် စက်ယန္တရားကြီးများ လုပ်ငန်းဆောင်ရွက်ခြင်းကို ရပ်တန့်ကာ မြို့နယ်ထွေအုပ်မှ ပိုင်ရှင်ထံ ပြန်လည်အပ်နှံလိုက်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတစ်ဦးက ပြောသည်။

“ပိုင်ရှင်က စက်ကြီးတွေ ငှားပြီး ဆက်ရှင်းဖို့လုပ်နေတယ်။ ပိနေတဲ့အထဲ အလောင်းတစ်လောင်း မြင်ရပေမယ့် မထုတ်နိုင်သေးဘူး။ သိရတာတော့ဝန်ထမ်းပဲ။ အောက်ဆုံးထပ်မှာလည်းရှိ နေနိုင်သေးတယ်။ အပုတ်နံ့ကတော့ တအားနံတယ်။ အလောင်းလည်း ပျက်စီးနေလောက်ပါပြီ” ဟု ၎င်းက ပြောသည်။

ယင်းဟိုတယ်မှာ အမှတ် (၄) ရပ်ကွက်အတွင်း တည်ရှိပြီး ၆ထပ်ခွဲရှိရာ အထပ်လိုက် ပြိုကျရာမှ အောက်ဆုံး ၂ထပ် မှာ လုံးဝ ပြားပြားဝပ် ပိမိနေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်သည် ကလောမြို့နယ်စည်ပင်အင်ဂျင်နီယာ၏ ကြီးကြပ်မှုဖြင့် ၂၀၁၉ ခုနှစ်တွင်မှ ဆောက်လုပ်ပြီးစီးခဲ့သည့် အဆောက်အဦတစ်ခုဖြစ်ကြောင်း၊ သက်တမ်းမှာ ၆နှစ်သာ ရှိသေးပြီး ယခုကဲ့ဆို ဆိုးရွားစွာ ပြိုကျပျက်စီးခြင်းအပေါ် အဆောက်အဦတည်ဆောက်မှု အရည်အသွေးနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ရှိနေသည်။

ဟိုတယ်ပြိုကျမှုအတွင်း ဝန်ထမ်း၅ဦး၊ ဧည့်သည် ၇ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူများအနက် ၂ဦးသာ ဆေးကုသနေဆဲဖြစ်ပြီး ကျန်ရှိသူများ ဆေးရုံမှ ဆင်းသွားကြပြီဖြစ်ကြောင်း ဧပြီ၇ရက်က ဟိုတယ်အောင်ပန်း၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

“ပိုင်ရှင်လည်း အရမ်းစိတ်ထိခိုက်နေတာ၊ သူ့သားနဲ့သမီးက သေသူတွေရဲ့ နာရေးအစအဆုံး လုပ်ပေးတယ်။ တစ်ဦးစီကို ကျပ်သိန်း၃၀စီ ထောက်ပံ့ပေးကြောင်း သိရတယ်။ ဒဏ်ရာရသူတွေကိုလည်းစောင့်ရှောက်ပေးတယ်။ လာပြီး ကူညီကယ်ဆယ်သူ အားလုံးကိုလည်း လိုအပ်တာမှန်သမျှ ပံ့ပိုးပေးပါတယ်” ဟု အောင်ပန်းဒေသခံတစ်ဦးက ပြောသည်။

ဟိုတယ်ပြိုကျပျက်စီးမှုအတွင်း လက်ရှိသင်္ဂြိုလ်ပြီး ၁၁ ဦးနှင့် အလောင်းမထုတ်နိုင်သေးသူတစ်ဦး အပါအဝင် သေဆုံးသူ ၁၂ဦးရှိခဲ့ပြီး ဒဏ်ရာရသူ ၂၅ ဦးရှိခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)၏ ထုတ်ပြန်ချက်များအရ သိရသည်။

#MeKongNews
#ဟိုတယ်အောင်ပန်း
#စစ်ကိုင်းငလျင်
#ကူညီကယ်ဆယ်ရေး
#သေဆုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now