ဒေသတွင်းသတင်း

မိုးဗြဲရေကာတာ ပိတ်ထားလို့ အင်းလေးကန် ရေတက်လာပြီး လယ်ကွင်းတွေ ရေမြုပ်ပျက်စီး

မဲခေါင် 15 Jun - 2024
ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ ရေကာတာကို ပိတ်ထားတာကြောင့် ညောင်ရွှေမြို့နယ် အင်းလေးကန် တစ်ခွင်မှာ ရေအဆမတန် တက်လာပြီး လယ်ကွင်းတွေ ရေမြုပ်ပျက်စီးနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

မဲခေါင်၊ ဇွန် ၁၅

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်အစပ်က ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့မှာ ရေကာတာကို ပိတ်ထားတာကြောင့် ညောင်ရွှေမြို့နယ် အင်းလေးကန် တစ်ခွင်မှာ ရေအဆမတန် တက်လာပြီး လယ်ကွင်းတွေ ရေမြုပ်ပျက်စီးနေတယ်လို့ လယ်သမားတွေက ပြောပါတယ်။

ဇွန်လပိုင်းအတွင်း အင်းလေးကန်မှာ နေ့စဉ်ရက်ဆက် မိုးရွာသွန်းမှုနဲ့အတူ စစ်ကောင်စီဘက်က မိုးဗြဲရေကာတာကို ထိန်းချုပ်ထားတာကြောင့် အခုလို ရေအဆမတန် တက်လာတာပါ။

“အင်းလေးကန်မှာ ရေတက်လာရင် ရေတံခါး ဖွင့်ပေးရတယ်။ အဲဒါမှ ရေက လွိုင်ကော်ဘက်ကို ပြန်စီးကျတယ်။ ရေနည်းနေရင်တော့ တံခါးပိတ်ထားရတယ်။ တံခါးဖွင့်ထားရင် မိုးရွာလဲ ရေက သူ့သူဒီတိုင်း ရှိနေပြီး လယ်စိုက်လို့ရတယ်။ ခုက တံခါးကို ပိတ်ထားတော့ ရေကစီးစရာမရှိဘဲ အင်းထဲရေကြီးတာပေါ့” မိုးဗြဲမြို့ခံ တစ်ဦးက လို့ ပြောပါတယ်။

မိုးဗြဲရေတာကို စစ်ကောင်စီတပ်က တမင်ပိတ်ထားတာမျိုး မဟုတ်ဘဲ ၁၁၁၁ စစ်ဆင်ရေးကတည်းက ရေကာတာ ဝန်ထမ်းတွေ တိန်း‌ရှောင်သွားတာကြောင့် နားလည်တတ်ကျွမ်းတဲ့ ပညာ‌ရှင်တွေ မရှိတော့တာလို့ ဆိုပါတယ်။

လတ်တလောမှာ ရေကာတာပိတ်ထားခြင်းကြောင့် အင်းလေးကန်မှာ ရေကြီးပြီး လယ်ကွင်းတွေ ရေမြုပ်နေသလို တဖက်က မိုးဗြဲနဲ့ လွိုင်ကော်မြို့မှလည်း ‌ရေစီးဆင်းမှု မရှိတာကြောင့် လယ်စိုက်လို့ မရသေးဘူးလို့ လယ်သမားတွေဆီက သိရပါတယ်။

“ကျနော်တို့က ပိုရှုံးတာပေါ့။ စိုက်ပျိုးရေး စရိတ်က ရင်းထားပြီးပြီလေ။ ဆန်တစ်အိတ် တစ်သိန်းခွဲလောက်ရှိတယ်။ ကိုယ်တိုင်စိုက်ရင် တစ်နှစ်စာစားဖို့ မပူရဘူး။ မိုးဗြဲဘက်ကတော့ မစိုက်ရသေးတော့ စိုက်ပျိုးရေးစရိတ် မရှုံးဘူးပေါ့” အင်းလေးကန်အတွင်း လယ်ယာလုပ်ကိုင်သူ တစ်ဦးက လို့ ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း နားလည်တတ်ကျွမ်းတဲ့ ဝန်ထမ်းတွေကို ပြန်လည်ခေါ်ယူတာမျိုး မရှိသေးသလို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း မဆင်မခြင် သတ်မှတ်ပမာဏထက် ကျော်လွန်ပြီး ရေလွှတ်ချမှုကြောင့် မိုးဗြဲမြို့တွင်းက လယ်ဧက ထောင်ချီ ရေမြုပ်ပျက်စီးခဲ့တဲ့အပြင် ရေကြီးရေလျှံဖြစ်ကာ လွိုင်ကော်မြို့တ္ငင်းက ရပ်ကွက်တချို့ အရေးပေါ် ပြောင်းရွှေ့ခဲ့ရဖူးပါတယ်။

နိုင်ငံတွင်း ရွှေနဲ့ ဒေါ်လာဈေး အဆမတန် တက်လာတဲ့ နောက်ဆက်တွဲ အနေနဲ့ လက်‌လုပ်လက်စား အောက်ခြေလူတန်းစားတွေ စားတဲ့ ဆန်တစ်ပြည် ဈေးနှုန်းဟာ ၅ ထောင်ကျပ် ပတ်ချာလည်ဝန်းကျင် ၂၄ ပြည်တစ်အိတ်ကို တစ်သိန်းခွဲကျပ်နီးပါး အထိရှိလာပြီး အခုလို လယ်တွေ ရေမြုပ်တာ လယ်စိုက်ခွင့် မရတာတွေကြောင့် လာမယ့်နှစ်တွေမှာ ဆန်ဈေး ပိုတက်လာနိုင်တယ်လို့ လယ်သမားတွေက ခန့်မှန်းထားပါတယ်။

MK014

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now