ဆောင်းပါး

BRICS နဲ့ G 20 မှာပါဝင်တဲ့ တရုတ်ရဲ့ ရပ်တည်ချက်နဲ့ အနာဂတ် သက်ရောက်မှုများ

မဲခေါင် 18 Sep - 2023
BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ စီးပွားရေး မဟာမိတ်နိုင်ငံများအဖွဲ့)၊ G 20 (အချုပ်အခြာအာဏာပိုင် ၁၉ နိုင်ငံနဲ့ ဥရောပ၊ အာဖရိက သမဂ္ဂ တွေပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ နှစ်ဖွဲ့စလုံး တရုတ်နိုင်ငံ ပါဝင်ထားတယ်။

လင်းမောင်

BRICS (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ စီးပွားရေး မဟာမိတ်နိုင်ငံများအဖွဲ့)၊ G 20 (အချုပ်အခြာအာဏာပိုင် ၁၉ နိုင်ငံနဲ့ ဥရောပ၊ အာဖရိက သမဂ္ဂ တွေပေါင်းထားတဲ့ မဟာမိတ်အဖွဲ့ နှစ်ဖွဲ့စလုံး တရုတ်နိုင်ငံပါဝင်ထားတယ်။ သဘောကတော့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးမဏ္ဍိုင် ကြီးမှာ သူတို့ကပဲ အဓိက ဝန်ရိုးကြီးတစ်ခုအဖြစ် ပါဝင်နေသလိုမျိုး။ ဒါပေမဲ့ အခုအချိန်အခါမှာ တရုတ်က ဒီ အဖွဲ့ အစည်းကြီး ၂ ခုမှာ ဘယ်လိုအမြင်၊ သူတို့နိုင်ငံအနာဂတ်အတွက် ဘယ်လိုကောင်းကျိုးမျှော်ပါဝင်နေတာလဲဆိုတာ ကို စဉ်းစားအဖြေထုတ်ကြည့်ဖို့ လိုအပ်နေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံးလုံး တရုတ်ဟာ နိုင်ငံတကာနဲ့ စေ့စပ်မှု တွေကို တိုးမြှင့်လုပ်ဆောင်လာတယ်။ ဒါပေမဲ့ အဓိက နိုင်ငံတကာ အဖွဲ့အစည်းကြီးတွေ၊ အင်စတီကျူးရှင်းတွေနဲ့ ကတော့ တုံဏှိဘာဝေ ဖြေးဖြေးအေးအေးပဲ ပတ်သက်ပြပြီး အဓိကသူတို့လိုအပ်ချက်က ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကနေ ရရှိမယ် အကျိုးစီးပွားအရေးကိုပဲ တွက်နေတာ မြင်သာနေပါပြီ။

တရုတ်နိုင်ငံဟာ အခုကတည်းက ကမ္ဘာလုံးဆိုင်ရာ အကျိုးစီးပွားကို ရရှိခံစားနေရပါပြီ။ ဒါကြောင့် တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ သက်ရောက်မှုအကြောင်း ကမ္ဘာကြီးက စဉ်းစားဖို့ မဖြစ်မနေလိုအပ်လာနေတာပါ။ တရုတ်ဟာ တခြားနည်းဥပဒေတွေနဲ့ ထောက်ပံ့အားပေးမှုလုပ်နိုင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ နှုန်းစံတွေကို ထပ်ပြီး လက်ခံရပ်တည်ပေးဖို့ မရှိတော့ဘဲ ကိုယ်ပိုင် အင်စတီကျူးရှင်းတွေ၊ အဖွဲ့အစည်းတွေကိုသာ ထူထောင်လို့ လိုချင် တာလိုရင်းရရေး နှုန်းစံတွေကိုပဲ ကိုယ့်ဘာသာ သတ်မှတ် အကောင်အထည်ဖော်လာတယ်။ BRICS တို့ G 20 တို့လို ပဲ တခြားသော အဖွဲ့အစည်းတွေကို သူတို့ဘာသူ ထူထောင်လာတယ်။ BRICS ညီလာခံက မကြာသေးခင်က တောင်အာဖရိကမှာ ကျင်းပခဲ့ပြီး G 20 အစည်းအဝေးက အိန္ဒိယမှာ ဒီရက်ထဲ ကျင်းပနေခဲ့တယ်။ ဒီအခြေအနေမှာ တရုတ်ရဲ့ ပြောင်းလဲမှု ဖော်ပြချက်ဟာ ကမ္ဘာကြီးရဲ့ ဩဇာအာဏာ ချိန်ခွင်လျှာ အရွေ့ကို ဖော်ပြလိုက်တာပဲ။ South-South cooperation လို့ခေါ်တဲ့ ကမ္ဘာ့တောင်ဘက်ပိုင်းက နိုင်ငံအချင်းချင်း နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု မဟာမိတ်ပူးပေါင်းအဖွဲ့လိုမျိုးမှာလည်း ပါဝင်သလို ကမ္ဘာ့အုပ်ချုပ်ရေးမဏ္ဍိုင်အဖွဲ့တွေမှာလည်းပါ၊ အနောက် စက်မှုစီးပွားထွန်းကားနိုင်ငံမဟာမိတ်အဖွဲ့တွေမှာလည်းပါနေပေမယ့် တရုတ်ရဲ့ အကျိုးမျှော်မှုက ကမ္ဘာ့ အုပ်ချုပ်ရေးမဏ္ဍိုင်အတွက်လည်းမဟုတ်၊ စီးပွားရေးမဏ္ဍိုင်အတွက်လည်းမဟုတ် သူတို့ နိုင်ငံ အနာဂတ်ကိုယ်ကျိုး စွားပွားအတွက် သက်သက်သာ ပူးပေါင်းပါဝင်ရေး မူဝါဒကြီးကို ဖော်ဆောင်နေတာမျိုးသာ ဖြစ်လာခဲ့ပြီ။

တရုတ် ဩဇာအာဏာရ ဆုံးဖြတ်ပိုင်ခွင့်ရှိသူတွေက ဉာဏ်ကြီးရှင် think tanks အဖွဲ့က ပညာရှင်တွေကို BRICS နဲ့ G 20 အစည်းအဝေး မူဝါဒတွေအရ တရုတ်နိုင်ငံအတွက် ဘယ်လိုအသုံးချရင် အကျိုးအမြတ်ရှိမလဲဆိုတာကို သုတေသနပြု လေ့လာခိုင်းနေပြီ။ ၂၀၂၃ ခုနှစ် ဩဂုတ် လလယ်ပိုင်းက ကူမင်းမြို့မှာ တရုတ်တာဝန်ရှိသူတွေဟာ သူတို့အကျိုးအတွက် ချီဘာ-တောင် Chiba-South နဲ့ တောင်အာရှနိုင်ငံတွေက ကိုယ်စားလှယ်တွေကို ဖိတ်ခေါ် ပြီး တွေ့ဆုံမှုတွေကို စီးရီးအလိုက် လုပ်လို့ ဘာတွေက အောင်မြင်အကျိုးရှိနိုင်မလဲဆိုတဲ့ သက်သေတွေကို ကောက်ခံ၊ ကောက်စားရယူနေခဲ့တယ်။ G 20 အဖွဲ့ကြီးဆိုတာ တရုတ်ပြည်တွင်းကလူတွေအနေနဲ့ ကမ္ဘာ့ စိန်ခေါ် မှုတွေအတွက် မရှိမဖြစ် အဖွဲ့အစည်းကြီးအဖြစ် မြင်စေဖို့ ဝါဒဖြန်ထားတယ်။ အထူးသဖြင့် ၂၀၁၈ ကမ္ဘာ့ ဘဏ္ဍာရေးပျက်ကပ်ဆိုက်ချိန်ကတည်းက စလို ဒီလိုဝါဒဖြန်တာ။ ပြီးတော့ ချမ်းသာပြီး အင်အားကြီးမားလွန်းတဲ့ G8 အဖွဲ့အစည်းနဲ့ ခပ်ဝေးဝေးမှာ နေတယ်။ G 8 နဲ့ ပေါင်းလိုက်ရင် ချမ်းသာတဲ့ နိုင်ငံတွေအကြား သူတို့ရဲ့ တရားဝင်မှု၊ အသိအမှတ်ပြုလေးစားခံရမှု ယုတ်လျှော့မှာကို မလိုလားတဲ့အတွက် သူတို့ဩဇာခံစေမယ့် ဆင်းရဲ ကမ္ဘာက နိုင်ငံလေးတွေကိုပဲ စိုးမိုးခြယ်လှယ်အုပ်စီးနိုင်ဖို့ လမ်းရွေးတယ်။ ဒီအချိန် ကုလသမဂ္ဂမှာလည်း တရုတ် ဟာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဆိုတဲ့ ခိုင်မာတဲ့ပလက်ဖောင်းပေါ် ဟန်မပျက် ဆက်ရပ်တည်နေတုန်းပဲ။

တရုတ်အကျိုးစီးပွားတွက် ပညာရှင်တွေကြား G 20 အရေးထက် BRICS အရေးက ပိုပြီး ငြင်းခုန်စရာ၊ တွေးတော စရာဖြစ်စေပါတယ်။ G 20 မူက တရုတ်လိုအင်နဲ့ ကီးမကိုက်ပေမယ့် BRICS သွားမယ့်မူဝါဒက ဒေသတွင်းနိုင်ငံတွေ ကို စည်းရုံးသိမ်းသွင်း အကျိုးရှားဖို့အတွက် ပိုပြီး အကျိုးရှိစေနိုင်တဲ့ မူဝါဒဖြစ်နေခဲ့တာကြောင့်ပါ။ အထူးသဖြင့် APEC (အာရှ-ပစ္စိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)၊ အာဆီယံနဲ့ အပေါင်းအပါ (ASEAN – Plus Format) ၊ ဒါမှမဟုတ် တရုတ်ကပဲ ဦးဆောင်ထူထောင်ထားတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (SCO) တို့ရဲ့ မူဝါဒမှာ ဩဇာလွှမ်းမိုးနိုင်မှုက တရုတ်အတွက် အကျိုးရှိဖို့သေချာနေတာကြောင့်ပေါ့။ အခုလက်ရှိ တရုတ်ခေါင်း ဆောင်မျိုးဆက်တွေဟာ ဒီမူကနေ အိမ်နီးချင်း၊ ဩဇာလွှမ်းမိုးခံ နိုင်ငံငယ်တွေအပေါ် အုပ်စီးပြီး အကျိုးရှာမယ့် အတွေးအခေါ်ကို လက်ကိုင်ထားကြတယ်။ mulin youhao လို့ခေါ်တဲ့ အိမ်နီးနားချင်းကောင်း ဆိုတဲ့ ပေါ်လစီ ဟန်ယောင်ပြပြီး ချုပ်ကိုင်ဖို့ပေါ့။ ဒါကြောင့် BRICS မှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်းက လိုအပ်တယ်ဆိုတာထက် မဆိုး လောက်ဘူးဆိုတာလောက်သာ တရုတ်အတွက် အရေးပါလှတော့တယ်။ BRICS က အဖွဲ့ဝင်နိုင်ငံတွေအကြား ဆက်ဆံရေး ခိုင်မာစေရေး၊ စီးပွားရေး၊ နိုင်ငံရေးနဲ့ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဖို့ ပြည့်စုံတဲ့ စင်မြင့်တစ်ခုအဖြစ်သာ မူဝါဒချမှတ်ထားတာဖြစ်တယ်။ ကမ္ဘာလုံးဆိုင်ရာ ဘုံကောင်းစားရေးဆိုတဲ့ မူဝါဒကြီးကို BRICS အဖွဲ့ မြှင့်တင်လှုံ့ဆော်သူတွေက ဟန်ယောင်ပြ ကြော်ငြာနေ ကြပေမယ့် တကယ်တမ်း ဒီအဖွဲ့အစည်းကြားနိုင်ငံတွေမှာ ပြည်တွင်းစစ်ပဲဖြစ်ဖြစ်၊ ဘယ်သူကမှ ဝင်ပတ်သက် ခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ခြင်းကနေ အကျိုးစီးပွားဖြစ်ထွန်းတိုးတက်ရေးတစ်ခုကိုသာ ဦးတည်ထားတဲ့ မူဝါဒကို ကိုင်စွဲထားကြတာဖြစ်ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့စီးပွားရေးအကျိုးအမြတ်ကို လက်ဝါးကြီးအုပ်နိုင်ဖို့ ဒီအဖွဲ့က အရေးပေါ်သီးသန့်စီစဉ်မှု (CRA) မူနဲ့ ဘဏ္ဍာရေးအကျပ်ရိုက်ခြိမ်းခြောက်ခံရမှုမရှိဖို့ ဒေါ်လာ ဘီလီယံ ၁၀၀ ကို အရန်ငွေအဖြစ် ထားရှိခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကမ္ဘာ့စီးပွားရေးကို ကိုင်လှုပ်ခြယ်လှယ်နိုင်ဖို့ သူတို့အဖွဲ့မှာ စီမံကိန်းကြီး ၂ ခု လုပ်ရဖို့ရှိတယ်။ အဖွဲ့ဝင် ၉၀ ရာခိုင် နှုန်းက အရန်ငွေထားရှိမှုကို လက်ခံထားပြီးကြပြီ။ ဒါပေမဲ့ စီးပွားရေးလုပ်တဲ့အခါမှာ ငွေကြေးလည်ပတ်စီးဆင်း လွှဲပြောင်းမှုကို တာဝန်ယူမယ့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တွေ အများကြီး ထူထောင်နိုင်ဖို့ လိုနေတယ်။ တရုတ်က အမေရိကန်ဒေါ်လာနေရာမှာ သူတို့ တရုတ်ယွမ်ငွေကို နိုင်ငံတကာ ငွေကြေးအဖြစ် စံထားသုံးဖို့ အလိုရှိနေတယ်။ BRICS ဘဏ်ရော၊ အာဆီယံအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) နှစ်ခုစလုံးက တရုတ်ပြည်တွင်းမှာ ရုံးချုပ်တွေကို အခြေစိုက်ထားတယ်။ မတည်ငွေ ဒေါ်လာဘီလီယံ ၅၀ ပူးပေါင်းထည့်ဝင်ထားတယ်။ ဘဏ်တွေကို ထူထောင်ဖို့ အလုပ်လုပ်တဲ့ အုပ်စုတွေကို အုပ်စီးစီမံပေးတဲ့ China International Capital Corp ဥက္ကဌက သူ့ရုံးချုပ် ကို ပေကျင်းမှာ အထိုင်ချထားတယ်။ သေချာတာကတော့ အမေရိကန်က ကမ္ဘာ့ဘဏ်ကို ဦးဆောင်ထူထောင်သ လို၊ ဂျပန်က အရှဖွံ့ဖြိုးရေးဘဏ်ကို ဦးဆောင်ထူထောင်သလို BRICS နဲ့ AIIB ဘဏ် နှစ်ခုစလုံးကိုလည်း တရုတ် က ဦးဆောင်ထူထောင်သူ လုပ်ဖို့ စီစဉ်ထားတဲ့သဘောပဲ။ တရုတ်ဟာ သူ့လက်တံအတွင်းရှိတဲ့ ကြွေးမြီထောင်ချောက် ကျ အာဖရိကနိုင်ငံတွေကို BRICS ထဲ ဝင်လာစေဖို့ တောင်အာဖရိက နိုင်ငံကို အာဖရိကရဲ့ ပထမဆုံးဝင်ပေါက် လမ်းအဖြစ် အသုံးချ စည်းရုံးနေပါသေးတယ်။

BRICS က တရုတ်ရဲ့ SCO အဖွဲ့ မူဘောင်လို ကမ္ဘာလုံးဆိုင်ရာ ပြဿနာတွေအကြားဝင်ပါမှု လျှော့ချလိုက်ချိန်မှာ တရုတ်ဟာလည်း BRICS မှာ ထဲထဲဝင်ဝင်ပါဝင်မှုအနေအထားကို လျှော့ချလိုက်တယ်။ G 20 ရော၊ BRICS နှစ်ဖွဲ့ စလုံးရဲ့ အထူးပစ်မှတ်ထားရာ ဒေသတွေမှာ အာဆီယံပါတနာနိုင်ငံတွေ မပါဘူး။ အာရှ-ပစ္စိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC မှာ တရုတ်ရဲ့ တရုတ်ရဲ့ အဓိက စီးပွားရေးပါတနာနိုင်ငံတွေပါတယ်။ Arsean-Plus Format နိုင်ငံတွေနဲ့ SCO လို့ခေါ်တဲ့ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ ရုရှား၊ ပါကစ္စတန်နဲ့ ဥဇဘက်ကစ္စတန် ၈ နိုင်ငံရယ်၊ အာဆီယံရယ်၊ APEC မဟာမိတ်နိုင်ငံတွေရဲ့ နယ်ပယ်မှာ သူတို့ပဲ မဟာအင် အားကြီးအဖြစ် တစ်နိုင်ငံတည်းအုပ်စိုးလို့ ရနိုင်မှာကြောင့် တရုတ်အတွက် မဟာဗျူဟာစီးပွားရေး စားကျက်က တောင်အာရှနဲ့ အရှေ့တောင်အာရှအပေါ်မှာ ပစ်မှတ်ထားလာတာဖြစ်ပါတယ်။ ဒီဒေသတွေကို တရုတ်ဟာ ဘယ်တော့မှ ကျော်မကြည့်ဘဲ သူတို့အကျိုးစီးပွားရဲ့ အဓိက ရင်းမြစ်တွေအဖြစ် ပိုပြီး စီမံကိန်းချ ဖော်ဆောင် လာမှာပါ။

BRICS နဲ့ G 20 မှာပါဝင်တဲ့ အဖွဲ့တွေအတွင်းမှာ တရုတ်လူမှုအဖွဲ့အစည်းတွေနဲ့ NGO တွေပါဝင်နေပြီး သူတို့က တရုတ်အစိုးရရဲ့ ဆန့်ကျင်ဘက်ဖြစ်ရင်တောင် သဘောတူတယ်လို့ ဒီအဖွဲ့တွေအတွင်း ပြောဆိုထောက်ခံမှု တွေ အပေါ် မယုံသင်္ကာတွေလည်း ဖြစ်နေကြတယ်။ ပြိုင်ဆိုင်မှုတွေမှာ ဒီလို အရပ်ဘက်အဖွဲ့အစည်းတွေ၊ NGO တွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍတွေကို တရုတ်အစိုးရက သိထားပေမယ့် သူတို့ မဟာဗျူဟာအခင်းအကျင်းကို အနှောင့် အယှက်ဖြစ်စေမှာစိုးလို့ တက်ကြွလှုပ်ရှားလာသမျှကို နှိမ့်ကွပ် ဖုံးဖိထားတယ်။ နိုင်ငံရေးနယ်ပယ်မှာ လူမှု အဖွဲ့ အစည်းတွေပါဝင်မှုဟာ ပြည်တွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်မှုလို့ ဥပဒေပြဌာန်းပြီးကို အစဖျောက်နေတာ။ တန်ပြန်တိုက်ခိုက်ဖို့ NGO တွေကို ဖီဆန်တဲ့ GONGOs ဆိုတဲ့အဖွဲ့အစည်းတွေတောင် ထူထောင်းထားတယ်။ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေလို့ ကြေညာပေမယ့် ဒီအဖွဲ့ရည်ရွယ်ချက်တွေ၊ လုပ်ဆောင်ချက်တွေကို သူတို့ အစိုးရအဖွဲ့ထဲကတောင် ပြန်လည် လေ့လာစမ်းစစ်မှု လုံး၀မလုပ်ဖို့ တရုတ် think tanks ခေါင်းဆောင်တွေကိုယ် တိုင်က တားမြစ်ပိတ်ပင်ထားပါရော။ ဒီတော့ ဒီလိုအဖွဲ့အစည်းတွေဟာ ပြည်သူ့အရပ်ဖက်အဖွဲ့အစည်းဆိုပြီး မှန်ကန်တဲ့ ကိုယ်စားပြုမှု လုံး၀မရှိတဲ့ အဖွဲ့တွေဖြစ်နေခဲ့ပါပြီ။

#MeKongNews

#BRICS

#G20

#တရုတ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now