ဆောင်းပါး

သက်ဆင်နဲ့ယင်လပ်နောက်ပိုင်း ရှင်နာဝပ်ထရာမိသားစုဝင်တယောက် အာဏာရလာနိုင်သလား

မဲခေါင် 6 May - 2023
ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ မကြာသေးခင်လတွေက လူထုသဘောထားစစ်တမ်းတွေမှာ ဦးဆောင်နေပါတယ်။

ထိုင်းပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာကို အာဏာသိမ်းမှုမှာဖြုတ်ချပြီး ၁၇ နှစ်အကြာ အသက် ၃၆ နှစ်ရှိနေတဲ့ သူ့အငယ်ဆုံးသမီး ပေတောင်တန် ရှင်နာဝပ်ထရာဟာ မကြာသေးခင်လတွေက လူထုသဘောထားစစ်တမ်းတွေမှာ ဦးဆောင်နေပါတယ်။

ပေတောင်တန်ကို ဝန်ကြီးချုပ်လောင်း ၃ ယောက်မှာ တစ်ယောက်အနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ အကြီးဆုံးအတိုက်အခံပါတီ ဖွေထိုင်းဟာလည်း မေ ၁၄ ရက်မှာပြုလုပ်မယ့် ထိုင်းအထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးအနိုင်ရမယ်လို့ လက်ရှိမှာ ခန့်မှန်းနေပါတယ်။ 

၂၀၁၄ ခုနှစ်က အစိုးရအဖွဲ့ကိုဖြုတ်ချခဲ့တဲ့အာဏာသိမ်းမှုမတိုင်ခင် ၂ ပတ်အလိုမှာ ရာထူးကနေနုတ်ထွက်ခဲ့တဲ့အချိန်အထိ သက်ဆင်ရဲ့ညီမအငယ်ဆုံးနဲ့ ပေတောင်တန်ရဲ့အဒေါ်ဖြစ်တဲ့ ယင်လပ် ရှင်နာဝပ်ထရာက ဝန်ကြီးချုပ်ဖြစ်ခဲ့ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲရလဒ်တွေသာ သဘောထားစစ်တမ်းတွေအတိုင်းဖြစ်လာမယ်ဆိုရင် ထိုင်းမှာ နောက်ထပ်ရှင်နာဝပ်ထရာတယောက် ထိုင်းမှာ အာဏာရလာတာကို မြင်ရနိုင်မလား။ 

အစိုးရဆန့်ကျင်သဘောထားတွေကို ရေပန်းစားနေခြင်း 

နိုင်ငံရေးအခြေအနေ ပိုနေမြဲ ကျားနေမြဲဖြစ်နေတာကို ထိုင်းနိုင်ငံသားအများအပြားက စိတ်မရွှင်လန်းကြပါဘူး။ ဘန်ကောက်မြို့နဲ့ ခရိုင်တွေရဲ့မြို့ပြဒေသတွေကမဲဆန္ဒရှင်အများစုက သူတို့ဟာ အစိုးရအဖွဲ့မှာ အပြောင်းအလဲတွေဖြစ်စေချင်ကြပါတယ်။ 

ဒါပေမဲ့ စစ်တမ်းတွေက သူတို့အတွက် အချက်အလက်ရဖို့ပိုလွယ်တဲ့မြို့ပြနေသူတွေရဲ့ရေပန်းစားမှုနဲ့ မီဒီယာထိတွေ့မှုကပုံသွင်းပေးတဲ့ နာမည်အသိအမှတ်ပြုမှုကို ကောက်ခံဖို့ ရည်ရွယ်ပါတယ်။ စစ်တမ်းတွေက ခရိုင်အုပ်ချုပ်ရေးရုံးတွေပြင်ပမှာရှိပြီး သူတို့ရဲ့ကြွယ်ဝတဲ့ထောက်ပံ့သူတွေ၊ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ကျေးရွာအကြီးအကဲတွေနဲ့ မဲပေးမယ့် မဲဆန္ဒရှင်အများစု ပါဝင်လေ့မရှိပါဘူး။ 

ထိုင်းကသက်တမ်းရင့်နိုင်ငံရေးသမားတွေက ရွေးကောက်ပွဲအနိုင်ရဖို့ လွှမ်းမိုးမှုရှိတဲ့မိသားစုတွေရဲ့အထောက်အပံ့ကွန်ရက်ကို အကြီးအကျယ်မှီခိုနေပါတယ်။ ပါတီခေါင်းစဉ်၊ မူဝါဒလမ်းကြောင်းနဲ့ ပါတီခေါင်းဆောင်ဂုဏ်သိက္ခာတို့က ဒုတိယအနေနဲ့ပဲ ထည့်စဉ်းစားတာပါ။ 

ဖွေထိုင်းခြေကုတ်ဖြစ်ပြီး သက်ဆင်ရဲ့မွေးရပ်မြေ ချင်းမိုင်မှာတောင်မှ အမတ်နေရာအားလုံးကို သိမ်းကြုံးရယူနိုင်ဖို့ အာမမခံနိုင်ပါဘူး။ အတိုက်အခံ Move Forward ပါတီကလည်း ဘန်ကောက်မှာ ခြေကုတ်ရနေပြီး ဖွေထိုင်းထက် အမတ်နေရာအများအပြားအနိုင်ရဖို့ လက်ရှိမှာ မျှော်လင့်နေပါတယ်။ 

ဖွေထိုင်း သောင်ပြိုကမ်းပြိုအနိုင်မရရင် 

သောင်ပြိုကမ်းပြိုအနိုင်မရရင်တော့ ဖွေထိုင်းကို မရေမရာအခြေအနေဆီ တွန်းပို့မှာပါ။ ဧပြီလထဲမှာထုတ်ပြခဲ့တဲ့ NIDA နဲ့ The Nation သဘောထားစစ်တမ်း ၂ ခုစလုံးမှာ ဖွေထိုင်းဟာ အောက်လွှတ်တော်နေရာ ၂၄၀ ထက်ကျော်လွန်ပြီး အနိုင်မရနိုင်ကြောင်းပါဝင်နေပြီး ဒါဟာ အမတ်နေရာ ၅၀၀ ရှိတဲ့အောက်လွှတ်တော်မှာ အမတ်နေရာအများစုရဖို့ အနည်းဆုံး ၁၁ နေရာလိုအပ်နေပါတယ်။ 

ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ဆိုရင် အလားတူအတိုက်အခံဖြစ်တဲ့ Move Forward ပါတီရဲ့ထောက်ခံမှုကို ဖွေထိုင်းလိုအပ်ပြီး အပြန်အလှန်အနေနဲ့ ဖွေထိုင်းဘက်ကလည်း ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲဖို့အပါအဝင် Move Forward ပါတီရဲ့ထိရှလွယ်တဲ့မူဝါဒရှေ့ဆောင်တချို့ကို လက်ခံရမှာပါ။ 

တခြားတလမ်းအနေနဲ့ ရှေးရိုးစွဲအစဉ်အလာရှိသူတွေစိတ်မပျက်စေဖို့ဆိုရင်လည်း ဖွေထိုင်းဟာ အစိုးရပါတီတချို့နဲ့တွဲဖက်အလုပ်လုပ်ရမှာပါ။ ဒါပေမဲ့ အဲဒီလိုလုပ်မယ်ဆိုရင် အစိုးရဆန့်ကျင်သူတွေဖြစ်တဲ့ဖွေထိုင်းထောက်ခံသူအများအပြားနဲ့ ပါတီနဲ့ အဆက်အသွယ်ပြတ်တောက်သွားမှာပါ။ 

၂၀၁၉ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာတုန်းကလည်း ဖွေထိုင်းက အလားတူအခြေအနေကြုံတွေ့ခဲ့ရပါသေးတယ်။ ဖွေထိုင်းက အောက်လွှတ်တော်မှာ ၁၃၆ နေရာနဲ့ အများဆုံးအနိုင်ရခဲ့ပေမဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ ပါတီ ၇ ပါတီစုပေါင်းခဲ့ချိန်မှာ အမတ်နေရာ ၂၄၅ နေရာသာရခဲ့ပါတယ်။ အစိုးရအဖွဲ့ကိုတော့ ၁၉ ပါတီပါဝင်ပြီး ပလန်ပရာချာရတ်ပါတီဦးဆောင်တဲ့အစုအဖွဲ့က အောက်လွှတ်တော်အမတ်နေရာ ၂၅၄ နေရာနဲ့ ဖွဲ့နိုင်ခဲ့ပါတယ်။ 

ဝန်ကြီးချုပ်ရွေးချယ်ရာမှာ စကားပြောလာနိုင်တဲ့အထက်လွှတ်တော်အမတ်တွေ

မေလရွေးကောက်ပွဲမှာအနိုင်ရတာက ပေတောင်တန်ကို နောက်ထပ်အုပ်ချုပ်ရေးအကြီးအကဲဖြစ်စေဖို့လမ်းကြောင်းဆီပို့ပေးနိုင်အောင် မလုံလောက်သေးပါဘူး။ အောက်လွှတ်တော်နဲ့အထက်လွှတ်တော် ၂ ရပ်ပေါင်း အနည်းဆုံးမဲဆန္ဒဖြစ်တဲ့ ၃၇၆ မဲမရသေးလို့ပါ။ 

အထက်လွှတ်တော်အမတ် ၂၅၀ စလုံးကို ၂၀၁၉ အထွေထွေရွေးကောက်ပွဲမတိုင်ခင် ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာဦးဆောင်တဲ့ စစ်အစိုးရက လက်သင့်ရာရွေးချယ်ခဲ့တာပါ။ ၂၀၁၉ ခုနှစ်မှာ ပလန်ပရာချာရတ်ပါတီရဲ့ကိုယ်စားလှယ်လောင်းက အထက်လွှတ်တော်အမတ်အားလုံးနီးပါးကို ခပ်လွယ်လွယ်အနိုင်ရခဲ့ပြီး ဝန်ကြီးချုပ် ပရာရွတ် ဖြစ်လာပါတယ်။ 

အထက်လွှတ်တော်အမတ်တွေထဲက ခပ်နည်းနည်းကပဲ ပေတောင်တန်ဖြစ်စေ၊ ဖွေထိုင်းရဲ့တခြားဝန်ကြီးချုပ်လောင်း ၂ ယောက်ဖြစ်တဲ့ အိမ်ခြံမြေလုပ်ငန်းသူဌေးကြီး ဆရက်သာ သာဗီဆင်နဲ့ ဝါရင့်ရှေ့နေ ချိုင်ကာဆမ် နီတီဆီရီတို့ကို ရွေးကောက်ပွဲအပြီး နိုင်ငံဦးသျှောင်ရွေးချယ်မှုမှာ မဲပေးပါလိမ့်မယ်။ အထက်လွှတ်တော်အမတ်အများစုကတော့ ပါတီသစ် United Thai Nation ကိုပြောင်းသွားတဲ့ ပရာရွတ်ကိုဖြစ်စေ၊ ပလန်ပရာချာရတ်ပါတီခေါင်းဆောင် ဒုတိယဝန်ကြီးချုပ် ပရာဝတ် ဝမ်ဆူဝမ်ကိုဖြစ်စေ မဲပေးကြမယ်လို့ မျှော်လင့်ထားပါတယ်။

ဖွေထိုင်းတပါတီတည်းက အမတ်နေရာအများစုရရင်တောင် အထက်လွှတ်တော်အမတ်တွေက ကြားနေမဲပေးကြမှာပါ။ ၃၇၆ မဲရပြီး ပေတောင်တန်အကြီးအကဲဖြစ်လာဖို့ ဖွေထိုင်းဟာ တခြားအတိုက်အခံပါတီတွေရဲ့ထောက်ခံမှုဖြစ်စေ၊ အစိုးရပါတီကြီးတွေရဲ့ထောက်ခံမှုဖြစ်စေ လိုအပ်ပါတယ်။ 

သက်ဆင်ရဲ့နောက်ဆုံးလောင်းကြေး 

ပြည်ပြေးဘဝကနေ အိမ်ပြန်လာဖို့အိပ်မက်အမှန်တကယ်ဖြစ်လာနိုင်မယ့် မေလရွေးကောက်ပွဲမှာ ဖွေထိုင်းသောင်ပြိုကမ်းပြိုအနိုင်ရဖို့မျှော်လင့်ချက်ကို သက်ဆင်က ဆက်ကိုင်ဆွဲထားနိုင်တုန်းပါ။ နောက်ထပ်အစိုးရဖွဲ့နိုင်ဖို့ မြည်ဟည်းနေတဲ့လုပ်ငန်းတာဝန်က အထက်လွှတ်တော်မဲခွဲမှုကိုကျော်လွှားနိုင်ဖို့ ပိုပြီးအရှိန်အဝါတရပ်ဖြစ်လာပါလိမ့်မယ်။ 

၂၀၁၁ ခုနှစ် ထိုင်းအထွေထွေရွေးကောက်ပွဲမှာ ဖွေထိုင်းရဲ့အံ့အားသင့်ဖွယ်ဝန်ကြီးချုပ်လောင်းအဖြစ် ယင်လပ်ကို ကွင်းဆင်းခိုင်းခဲ့ရာမှာ သက်ဆင်က အခရာပါ။ “သက်ဆင်က တွေး၊ ယင်လပ်က အကောင်အထည်ဖော်”ဆိုတဲ့ဆောင်ပုဒ်နဲ့ အဲဒီအချိန်က အောက်လွှတ်တော်အမတ် ၂၆၅ ယောက်ရဲ့မဲတွေကို ရယူနိုင်ခဲ့ပါတယ်။ 

အခုတကြိမ်မှာလည်း သက်ဆင်က နောက်ထပ်အံ့အားသင့်ဖွယ်ဝန်ကြီးချုပ်လောင်းအနေနဲ့ ပေတောင်တန်ကို ရွေးချယ်လိုက်ပြန်ပါတယ်။ ဒါပေမဲ့ အခုအထိတော့ ဖွေထိုင်းအတွက် ဒါမှမဟုတ် ဖွေထိုင်းအတွက် သူဘာတွေလုပ်ထားတယ်ဆိုတာကို သူက လူမြင်မခံသေးပါဘူး။ 

ရွေးကောက်ပွဲနဲ့ကင်းကင်းနေဖို့ အသံထုတ်လွှင့်နိုင်တဲ့လူမှုကွန်ရက် Clubhouse မှာ အင်္ဂါနေ့တိုင်းပုံမှန်စကားလက်ခံပြောတာကို သက်ဆင်က ရပ်နားလိုက်ပြီး ဖွေထိုင်းပါတီဖျက်သိမ်းခံရနိုင်တဲ့ ခြေလှမ်းမှားမှုတွေမဖြစ်အောင် သတိထားနေပါတယ်။ 

မေ ၁၄ ရက်ရွေးကောက်ပွဲအတွက် ရက်သိပ်မလိုတော့ချိန်မှာလည်း သောင်ပြိုကမ်းပြိုအနိုင်ရဖို့ ဖွေထိုင်းရဲ့အိပ်မက်က ဖြစ်လာစေလိုတဲ့အတွေးတခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ နောက်ထပ်ရှင်နာဝပ်ထရာတယောက်ကို ဝန်ကြီးချုပ်အဖြစ်မြင်ရဖို့ သိပ်တော့မဖြစ်နိုင်တော့ပါဘူး။ 

(Channel News Asia တွင် Dr. Termsak Chalermpalanupap ရေးသားသည့် “Could Thai voters put a third Shinawatra in power after Thaksin and Yingluck?” ကို #OhkKar ဘာသာပြန်ဆိုသည်။ Dr. Termsak Chalermpalanupap သည် စင်ကာပူနိုင်ငံအခြေစိုက် ISEAS – Yusof Ishak အင်စတီကျူ့တွင် ဧည့်အဖွဲ့ဝင်ဖြစ်ပြီး ထိုင်လေ့လာရေးအစီအစဉ်တွင် ပူးပေါင်းဆောင်ရွက်သူလည်းဖြစ်သည်။)

Source – Channel News Asia 

#ဥက္ကာ #MeKongNews

Photo – AFP

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Textile Collapse: Factory Shutdowns, Layoffs and the Great Migration to Mexico Raise Alarming Questions

~ Linn Maung ~ China’s textile industry, long regarded as the backbone of the world’s manufacturing supply chain, is showing

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now