ဆောင်းပါး

မော်စီတုန်း နှင့် ယဉ်ကျေးမှုတော်လှန်ရေး နှစ်(၅၀)

မဲခေါင် 11 Sep - 2026
~ CWM ~ စက်တင်ဘာ(၉)ရက်နေ့မှာ တရုတ်ခေါင်းဆောင်ကြီး ” မော်စီတုန်း” ကွယ်လွန်တာ နှစ်(၅၀)ပြည့်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ(၉)ရက်၊ အသက်(၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်၍ ယခုနှစ်မှာ ခေါင်းဆောင်ကြီး” မော်” ​၏ ကွယ်လွန်ခြင်း ရွှေရတုပြည့်သောနှစ် လည်းဖြစ်သည်။ တရုတ်ခေါင်းဆောင် ဥက္ကဌကြီး မော်စီတုန်း နှင့် ပတ်သက်လျှင် သမိုင်းမှာ အငြင်းပွားစရာအချို့ရှိနေသော်လည်း ယနေ့အချိန်အထိ သူသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်သူ၊ တရုတ်ကွန်မြူနစ်ပါတီ​၏ ထာဝရခေါင်းဆောင်ကြီးအဖြစ် တရုတ်ပြည်သူများ​၏ လေးစားချစ်ခင်၊ တန်ဘိုးထားခံနေရဆဲ ခေါင်းဆောင်ဖြစ်သည်။ လက်ရှိသမ္မတ ရှီကျင့်ဖျင် အပါအဝင် နောင်မျိုးဆက်ခေါင်းဆောင်များသည် ခေါင်းဆောင်ကြီး” မော်” က ချမှတ်ခဲ့သော မူဝါဒတွေကို လိုက်နာခံယူနေဆဲဖြစ်သလို ခေါင်းဆောင်ကြီး” မော်”ကိုလည်း

~ CWM ~

စက်တင်ဘာ(၉)ရက်နေ့မှာ တရုတ်ခေါင်းဆောင်ကြီး ” မော်စီတုန်း” ကွယ်လွန်တာ နှစ်(၅၀)ပြည့်ခဲ့သည်။ ၁၉၇၆ ခုနှစ်၊ စက်တင်ဘာ(၉)ရက်၊ အသက်(၈၂နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်၍ ယခုနှစ်မှာ ခေါင်းဆောင်ကြီး” မော်” ​၏ ကွယ်လွန်ခြင်း ရွှေရတုပြည့်သောနှစ် လည်းဖြစ်သည်။

တရုတ်ခေါင်းဆောင် ဥက္ကဌကြီး မော်စီတုန်း နှင့် ပတ်သက်လျှင် သမိုင်းမှာ အငြင်းပွားစရာအချို့ရှိနေသော်လည်း ယနေ့အချိန်အထိ သူသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်သူ၊ တရုတ်ကွန်မြူနစ်ပါတီ​၏ ထာဝရခေါင်းဆောင်ကြီးအဖြစ် တရုတ်ပြည်သူများ​၏ လေးစားချစ်ခင်၊ တန်ဘိုးထားခံနေရဆဲ ခေါင်းဆောင်ဖြစ်သည်။

လက်ရှိသမ္မတ ရှီကျင့်ဖျင် အပါအဝင် နောင်မျိုးဆက်ခေါင်းဆောင်များသည် ခေါင်းဆောင်ကြီး” မော်” က ချမှတ်ခဲ့သော မူဝါဒတွေကို လိုက်နာခံယူနေဆဲဖြစ်သလို ခေါင်းဆောင်ကြီး” မော်”ကိုလည်း တရုတ်နိုင်ငံ​​၏ ဖခင်ကြီးအဖြစ် အလေးထားနေကြဆဲဖြစ်သည်။ ဘေဂျင်းမြို့လယ်ရှိ ” တိန်အန်မင်”ရင်ပြင်တွင် ၁၈ ပေအမြင့်ရှိ ခေါင်းဆောင်ကြီး” မော်” ​၏ ရုပ်ထုရှိနေပြီး ထိုအနီးရှိ ” ဥက္ကဌ မော်စီတုန်း အောက်မေ့ဖွယ် ဂူဗိမာန်” တွင် ဆေးစိမ်ထားသော မော်စီတုန်း​၏ ရုပ်ကလာပ်ကို ယနေ့တိုင် ပြည်သူတွေက လာရောက် ဂါရဝပြုနေကြဆဲဖြစ်သည်။

ကမ္ဘာ့လူဦးရေ လေးပုံတပုံကို ကွန်မြူနစ်စနစ်အောက် ထားရှိခဲ့ပြီး နှစ်ပေါင်း(၃၀)ကျော် အုပ်ချုပ်သွားခဲ့သည့် မော်စီတုန်း​၏သမိုင်းတွင် အမည်းစက်တခု ရှိခဲ့သည်။ ၁၉၆၆ ခုနှစ်မှ သူကွယ်လွန်သည့် ၁၉၇၆ခုနှစ် အထိ ဆယ်နှစ်တာ ” ယဉ်ကျေးမှုတော်လှန်ရေး” ကာလအတွင်း တရုတ်နိုင်ငံသည် ဖရိုဖရဲဖြစ်ခဲ့သည်။ မော်စီတုန်း​၏ မအောင်မြင်သော Great Leap Forward နှင့်အတူ တရုတ်ပြည်သူတွေ အငတ်ဘေးကျရောက်ခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲရေးလိုလားသော ခေါင်းဆောင်များနှင့် မော်စီတုန်းအကြား အာဏာလွန်ဆွဲပွဲတွေဖြစ်ခဲ့သည်။

ယဉ်ကျေးမှုတော်လှန်ရေးကို အစပြုခဲ့သူမှာ မော်စီတုန်းနှင့် သူ​၏မူဝါဒ စာအုပ်နီ ပြုစုခဲ့သူ ကာကွယ်ရေးဝန်ကြီး လင်ဗျောင်၊ သူ​၏ ဇနီး ချန်ကျင်းတို့ဖြစ်သည်။ မော်စီတုန်းက ကွန်မြူနစ်ပါတီ၊ အစိုးရနှင့် စစ်တပ်အတွင်း အရင်းရှင်ဘူဇွာတွေ ထိုးဖောက်ဝင်ရောက်လာနေပြီဟု သတိပေးသည်။

“လူတန်းစားရန်သူများ” ကို တိုက်ဖျက်ကြ။ “ဌာနချုပ်ကို ဗုံးကြဲကြ”ဆိုသည့် လှုံ့ဆော်မှုများနှင့် လူငယ် နှင့် ရဲရင့်တက်ကြွသော ကျောင်းသားများပါဝင်သည့် တပ်နီ(red guards)တွေကို နောက်ကွယ်က အားပေးခဲ့သည်။ မော်စီတုန်း​၏ ပစ်မှတ်မှာ သမ္မတ လျူရှောက်ချီ၊တိန်ရှောက်ဖိန်အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေကို ဖယ်ရှားရေးဖြစ်သည်။ ၁၉၆၆ ခုနှစ်၊ ဩဂုတ်လ(၈)ရက်တွင် ယဉ်ကျေးမှုတော်လှန်ရေးနှင့် ပတ်သက်သည့် လမ်းညွှန်(၁၆)ချက် ထွက်ပေါ်လာသည်။ ထိုအထဲတွင် အဟောင်း လေးမျိုး(Four Olds) သုတ်သင်ဖယ်ရှားရေး ပါဝင်သည်။ ထို အဟောင်းလေးမျိုးတွင် ရှေးဟောင်းဓလေ့ထုံးစံ၊ ရှေးဟောင်းယဉ်ကျေးမှု၊ ရှေးဟောင်းအစဉ်အလာ၊ နှင့် ရှေးဟောင်းအတွေးအခေါ် တို့ ပါဝင်သည်။

၁၉၆၆ ခုနှစ် ဩဂုတ်လအတွင်း မော်စီတုန်းသည် တိန်အန်မင်းရင်ပြင်တွင် တပ်နီအဖွဲ့ဝင် (၁၁)သန်းခန့် ပါဝင်သည့် လူထုဆန္ဒပြပွဲ (၈)ကြိမ်ပြုလုပ်ခဲ့ပြီး” တော်လှန်ပုန်ကန်မှုသည် တရားမျှတသည် “To rebel is justified ” ဟု ကြွေးကြော်ခဲ့သည်။ စစ်သွေးကြွလူငယ်များ တနိုင်ငံလုံးသို့ ပျံ့နှံ့သွားပြီး ဘုရားကျောင်းများ၊ ရှေးဟောင်းယဉ်ကျေးမှုနေရာများ၊ အနုပညာပစ္စည်းများကို ဖျက်ဆီးပစ်ကြသည်။ ကျောင်းဆရာများ၊ ပညာတတ်များ၊ မြေပိုင်ရှင်များ၊ အရာရှိဟောင်းများကို လူတန်းစားရန်သူများအဖြစ် သတ်မှတ်ကာ လူပုံအလယ်တွင် အရှက်တကွဲပြုလုပ် ရိုက်နှက်ခဲ့ကြသည်။ ၁၉၆၇ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေး အရှိန်အဟုန် မြင့်မားနေစဉ်ကာလအတွင်း ပြိုင်ဘက်တပ်နီ အချင်းချင်း အပြန်အလှန်တိုက်ခိုက်ကြရာမှ ဒေသဆိုင်ရာအုပ်ချုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ပြီး တရုတ်နိုင်ငံမြို့ကြီးအများအပြား ဝရုန်းသုန်းကားအခြေအနေဆိုက်ရောက်ခဲ့ရသည်။

တရုတ် ယဉ်ကျေးမှုတော်လှန်ရေးက မော်စီတုန်းမကွယ်လွန်မီအချိန်အထိ ဆယ်စုနှစ်တခု ကြာခဲ့သည်။ တရုတ်နိုင်ငံ စီးပွားရေးပြိုလဲသွားပြီး အဖက်ဖက်က ချွတ်ခြုံကျသွားသည်။ မော်စီတုန်း ကွယ်လွန်သွားတော့ သူ့နေရာမှာ ဟွကိုဖုန်း တက်လာသည်။ ဟွကိုဖုန်း အာဏာရပြီး မကြာမီ ယဉ်ကျေးမှုတော်လှန်ရေးတွင် အဓိက ပါဝင်ခဲ့သည့် လေးဦးဂိုဏ်းကို ဖမ်းဆီးထိန်းသိမ်းလိုက်သည်။ လေးဦးဂိုဏ်းကို မော်စီတုန်း​၏ ဇနီး ရုပ်ရှင်မင်းသမီးဟောင်း Jiang Qing က ဦးဆောင်ခဲ့ပြီး ၎င်းတို့အားလုံးကို နိုင်ငံတော်ပုန်ကန်မှု၊ တန်ပြန်တော်လှန်ရေး ရာဇဝတ်ကျူးလွန်မှု၊ အရပ်သားများနှင့် ပါတီဝင်အမြောက်အများကို သတ်ဖြတ်မှုတို့ဖြင့် တရားစွဲဆိုခဲ့ပြီး ၁၉၈၁ခုနှစ်တွင် မော်စီတုန်းဇနီး Jiang Qing နှင့် သဘောတရားရေးရာ ထိပ်တန်းပါတီဝင် Zjang Chunqiao တို့ကို ဆိုင်းငံ့သေဒဏ် ချမှတ်ခဲ့သည်။

တရုတ်နိုင်ငံသမိုင်း​၏ ထူးခြားမှုတခုက မော်စီတုန်း နေရာတွင် ဆက်ခံသည့် “ဟွကိုဖုန်း”က ယဉ်ကျေးမှုတော်လှန်ရေးကြောင့် တရုတ်ပြည်အမှောင်ကျခဲ့သော်လည်း မော်စီတုန်းလမ်းစဉ်ကို ပစ်ပယ်ခြင်းမပြုဘဲ ခြွင်းချက်နှစ်ခုဖြင့် ဆက်လက် ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ဟွကိုဖုန်းက မော်စီတုန်း ဘာမူဝါဒတွေပဲ ချခဲ့ ချခဲ့၊ ဘာဆုံးဖြတ်ချက်တွေပဲ လုပ်ခဲ့ လုပ်ခဲ့ ထိုမူဝါဒ နှင့် ဆုံးဖြတ်ချက်တွေအပေါ် စောဒကမတက်ဘဲ ” Two Whatevers” ဟု ခေါ်တွင်သည့် “ဘာပဲဖြစ်ဖြစ် နှစ်ခု” ကို လက်ခံခဲ့ခြင်းဖြစ်သည်။

ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း လေးဦးဂိုဏ်း​၏ အဓိကပစ်မှတ်မှာ သမ္မတ လျူရှောက်ချီ နှင့် တိန့်ရှောင်ဖိန် ဖြစ်သည်။ စီးပွားရေးပြုပြင်ပြောင်းလဲဖို့ ကြိုးစားသည့် ၎င်းတို့နှစ်ဦးကို “အရင်းရှင်စနစ်” ​၏ သူလျှိုအဖြစ် စွပ်စွဲခဲ့ကြသည်။

ဟွကိုဖုန်းအလွန် ၁၉၇၈ ခုနှစ် ဒီဇင်ဘာလတွင် တိန်ရှောက်ဖိန် ပါတီခေါင်းဆောင်ဖြစ်လာသည်။ တိန်ရှောက်ဖိန်က လူတန်းစားတိုက်ပွဲတွေ၊ အစွန်းရောက် နိုင်ငံရေးလှုံ့ဆော်မှုတွေအစား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးစားပေးလာသည်။ ဈေးကွက်အခြေပြု၊ ပြုပြင်ပြောင်းလဲရေး စတင်ခဲ့ပြီး ဘုံလယ်ယာမြေစနစ်ကို ဖျက်သိမ်းကာ ပုဂ္ဂလိကစီးပွားရေးလုပ်ပိုင်ခွင့်တွေ ပေးခဲ့သည်။ ရှန်ကျန်း အထူးစီးပွားရေးဇုန်ကဲ့သို့ စီးပွားရေးဇုန်တွေ ဖွင့်လှစ်ပေးပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လမ်းဖွင့်ပေးခဲ့သည်။

ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း အကျဉ်းချခံရသူ၊ အရေးယူခံရသူ၊ ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည့် သန်းပေါင်းများစွာသော ပါတီကေဒါတွေ၊ ပညာတတ်တွေ၊ သိပ္ပံပညာရှင်တွေကို တိန်ရှောက်ဖိန်က အပြစ်မှ လွတ်ငြိမ်းခွင့်ပေးပြီး လူထုဘဝသို့ ပြန်လည်ဝင်ရောက်ခွင့်ပြုခဲ့သည်။

မော်စီတုန်း​၏ ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ ၁၉၈၁ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီက ပြန်လည်သုံးသပ်မှုပြုခဲ့ရာ မော်စီတုန်း​၏ လုပ်ဆောင်ချက် ၇၀% က ကောင်းမွန်ပြီး ၃၀% က ဆိုးရွားသည်ဟု သုံးသပ်ခဲ့ကြသည်။ မော်စီတုန်း အဓိကတာဝန်ရှိသော ယဉ်ကျေးမှုတော်လှန်ရေးသည် “အလွန်ဆိုးရွားသော အမှား” ဟု သုံးသပ်ခဲ့ကြသော်လည်း တရုတ်နိုင်ငံကို ထူထောင်သူခေါင်းဆောင်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုခဲ့ကြသည်။

လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင်​၏ ဖခင် ရှီ ကျုံးရှန်မှာ ဒုတိယဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း ရက်စက်စွာ အပြစ်ပေးအရေးယူခံခဲ့ရသည်။ ရှီ​၏ မိသားစုနေအိမ် ဖျက်ဆီးခံခဲ့ရပြီး သူ့ကိုလည်း “တန်ပြန်တော်လှန်ရေး ကျောင်းသား” အဖြစ်စွပ်စွဲ ဖမ်းဆီး စစ်ဆေးမေးမြန်းကာ သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။ ရှီ မျိုးဆက်​၏ အခြားသောသူများလိုပင် ရှီကျင့်ဖျင်သည်လည်း ယဉ်ကျေးမှုတော်လှန်ရေးကာလအတွင်း အလွန်ဆင်းရဲသော တရုတ်ပြည်အနောက်မြောက်ပိုင်းသို့ (၇)နှစ်ကြာ နယ်နှင်ခံခဲ့ရသည်။

ယဉ်ကျေးမှုတော်လှန်ရေးသည် ဆိုးရွားသော အမှောင်ခြမ်းတခုဖြစ်သော်လည်း ထိုဖြစ်စဉ်တခုလုံးကိုမူ ရှီ က အပြစ်ပုံချခြင်း မရှိ။

ရှီကျင့်ဖျင် မိသားစုကိုယ်တိုင်နှင့် အခြားသူများ​၏ ဘေးဒုက္ခတွေကို မြင်တွေ့ခဲ့ရသော်လည်း ရှီကျင့်ဖျင်သည် မော်စီတုန်းကို လူသိရှင်ကြား တခါမျှ ဝေဖန်ပြစ်တင်ခြင်းမရှိခဲ့ပေ။ ၂၀၁၂ ခုနှစ်တွင် တရုတ်နိုင်ငံခေါင်းဆောင်ဖြစ်လာသော်လည်း မော်စီတုန်းအလွန် ပြုပြင်ပြောင်းလဲရေးခေတ်တွင် မော်စီတုန်းနှစ်ကာလများအကြောင်း ချန်လှပ်ထားခြင်းမပြုရန်နှင့် မော်​၏ မူဝါဒ အလေ့အထများကို လိုက်နာကြရန် တိုက်တွန်းခဲ့သည်။

မော်စီတုန်းအလွန် တရုတ်ခေါင်းဆောင်များသည် မော်စီတုန်းလက်ထက်က ဘာမူဝါဒတွေပဲ ချခဲ့ ချခဲ့၊ ဘာဆုံးဖြတ်ချက်တွေပဲ ချခဲ့ ချခဲ့ ထိုမူဝါဒနှင့် ဆုံးဖြတ်ချက်များကို လက်ခံပြီး ရှေ့ဆက်ခဲ့ကြသည်။ ခေါင်းဆောင်ကြီး မော်စီတုန်း​၏ လုပ်ဆောင်ချက်များကို (အမှန်၇၀/အမှား ၃၀) အမှားအယွင်း အနည်းငယ်သာရှိပြီး အမှန်တွေ များခဲ့သည်ဟု ယုံကြည်ကြသည်။ ပါတီခေါင်းဆောင်များသည် ပါတီနှင့် နိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ခေါင်းဆောင်ကြီး​၏ အမှားတွေကို ဘာပဲဖြစ်ဖြစ် ခွင့်လွှတ်ခဲ့ကြသည်။

ဘာပဲဖြစ်ဖြစ် အပြစ်မမြင်ဘဲ ရှေ့ဆက်လာခဲ့ကြသည့် တရုတ်ခေါင်းဆောင်များလိုပဲ တရုတ်ပြည်သူတွေကလည်း မော်စီတုန်းကို အလေးအမြတ်ပြုနေကြဆဲဖြစ်သည်။ မော်စီတုန်း​၏ အမှားတွေကို မျိုးဆက်သစ်ခေါင်းဆောင်တွေက ​ခွင့်လွှတ်နိုင်သော်လည်း တရုတ်နိုင်ငံ​၏ မှောင်မိုက်သော ထိုနေ့ရက်များကတော့ သမိုင်းမှာ ထာဝရ တင်ကျန်နေပါလိမ့်မည်။

#CWM ref: Mao, Cultural Revolution cast long shadow over China 50 years on. Reuters.
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now