ဆောင်းပါး

မိုင်ပေါင်း လေးသိန်းလေးသောင်း၊ လကမ္ဘာ (၁၀) ရက် အသွားအပြန် အာတီမစ်(၂)ခရီးစဉ်

မဲခေါင် 3 Apr - 2026
~ CWM ~ နှစ်ပေါင်း (၅၀)ကျော်ကာလအတွင်း အမေရိကန်ပြည်ထောင်စုဟာ လူသားတွေ လကမ္ဘာပေါ် ပြန်လည်ခြေချရေး ဒုတိယခြေလှမ်းအဖြစ် အာတီမစ်(၂)အာကာသခရီးစဉ်ကို စတင်လိုက်ပြီဖြစ်တယ်။ Artemis အာတီမစ်ဆိုတာ ဂရိဒဏ္ဌာရီလာ လနတ်သမီးတပါး ဖြစ်ပြီးသူက Apollo အပိုလို နေနတ်ဘုရား နဲ့ အမြွှာမောင်နှမလည်း ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုဟာ ၁၉၆၀၊ ၇၀ ပြည့်လွန်နှစ်များက Apollo အပိုလို စီမံကိန်းနဲ့ လကမ္ဘာပေါ်ကို လူသားတို့ ခြေချရေး ကြိုးပမ်းခဲ့တယ်။အဲဒီအချိန်ကာလဟာ ဆိုဗီယက်နဲ့ စစ်အေးခေတ် နည်းပညာပြိုင်နေကြတဲ့အချိန်လည်းဖြစ်တယ်။ အမေရိကန်ရဲ့ အပိုလိုစီမံကိန်းဟာ အောင်မြင်ခဲ့တယ်လို့ ဆိုရမယ်။ အမေရိကန်တို့ဟာ အပိုလိုအာကာသခရီးစဉ်နဲ့ လကမ္ဘာပေါ်ကို အာကာသယာဉ်မှူး ၂၄ ဦးအထိ စေလွှတ်နိုင်ခဲ့ပြီး ၁၂ ဦးဟာ

~ CWM ~

နှစ်ပေါင်း (၅၀)ကျော်ကာလအတွင်း အမေရိကန်ပြည်ထောင်စုဟာ လူသားတွေ လကမ္ဘာပေါ် ပြန်လည်ခြေချရေး ဒုတိယခြေလှမ်းအဖြစ် အာတီမစ်(၂)အာကာသခရီးစဉ်ကို စတင်လိုက်ပြီဖြစ်တယ်။

Artemis အာတီမစ်ဆိုတာ ဂရိဒဏ္ဌာရီလာ လနတ်သမီးတပါး ဖြစ်ပြီးသူက Apollo အပိုလို နေနတ်ဘုရား နဲ့ အမြွှာမောင်နှမလည်း ဖြစ်တယ်။

အမေရိကန်ပြည်ထောင်စုဟာ ၁၉၆၀၊ ၇၀ ပြည့်လွန်နှစ်များက Apollo အပိုလို စီမံကိန်းနဲ့ လကမ္ဘာပေါ်ကို လူသားတို့ ခြေချရေး ကြိုးပမ်းခဲ့တယ်။အဲဒီအချိန်ကာလဟာ ဆိုဗီယက်နဲ့ စစ်အေးခေတ် နည်းပညာပြိုင်နေကြတဲ့အချိန်လည်းဖြစ်တယ်။

အမေရိကန်ရဲ့ အပိုလိုစီမံကိန်းဟာ အောင်မြင်ခဲ့တယ်လို့ ဆိုရမယ်။ အမေရိကန်တို့ဟာ အပိုလိုအာကာသခရီးစဉ်နဲ့ လကမ္ဘာပေါ်ကို အာကာသယာဉ်မှူး ၂၄ ဦးအထိ စေလွှတ်နိုင်ခဲ့ပြီး ၁၂ ဦးဟာ လမျက်နှာပြင်ပေါ်မှာ လမ်းလျှောက်နိုင်ခဲ့တယ်။

အမေရိကန်ရဲ့ အပိုလို အာကာသခရီးစဉ်တွေ ရပ်နားထားခဲ့တာ နှစ်ပေါင်း ၅၀ ကျော်သွားပြီဖြစ်တယ်။ အမေရိကန်ဟာ လကမ္ဘာပေါ်ကို ၁၉၇၂ ခုနှစ်၊ ဒီဇင်ဘာလက နောက်ဆုံးအကြိမ် အပိုလို(၁၇)အာကာသယာဉ်စေလွှတ်အပြီးမှာ ခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်တယ်။

အဲဒီအချိန်ကစလို့ လူသားတွေ လကမ္ဘာပေါ်ကို ထပ်မံချေခြခြင်း မရှိတော့ပါဘူး။

နှစ်ပေါင်း(၅၀)ကျော် လကမ္ဘာသွား အပိုလိုခရီးစဉ်တွေ ရပ်နားထားပြီးနောက်မှာ အမေရိကန်ဟာ လူလိုက်ပါတဲ့ လကမ္ဘာခရီးစဉ်များ ပြန်စတင်ရေး အာတီမစ်(Artemis)အာကာသခရီးစဉ် စီမံကိန်းကို စတင် အကောင်အထည်ဖော်လာပါတယ်။

၂၀၂၂ ခုနှစ်မှာ လူလိုက်ပါခြင်းမရှိတဲ့ အာတီမစ်(၁)အာကာသယာဉ်ကို လကမ္ဘာဆီ ပစ်လွှတ်ခဲ့ပြီး ခြေလှမ်းစခဲ့တယ်။ အာတီမစ်(၁)ဟာ လကမ္ဘာ အသွားအပြန် ၂၅ရက်ခရီးကို အောင်အောင်မြင်မြင်ပျံသန်းပြီး ကမ္ဘာမြေကို ပြန်ဆင်းသက်နိုင်ခဲ့တယ်။

ဧပြီလ(၁)ရက်နေ့ကတော့ အမေရိကန်ဟာ လူလိုက်ပါတဲ့ ဒုတိယမြောက် အာတီမစ်(၂)အာကာသယာဉ်ကို လကမ္ဘာဆီ ထပ်မံစေလွှတ်လိုက်ပါပြီ။ ဒီခရီးစဉ်က အသွားအပြန်(၁၀)ရက် ကြာမှာဖြစ်ပြီး လကမ္ဘာပတ်လမ်းကြောင်းပေါ် တပတ်ပတ်ပြီး ကမ္ဘာကို လှည့်ပြန်လာမှာဖြစ်တယ်။

ပြီးခဲ့တဲ့ ဧပြီ(၁)ရက်က ဖလော်ရီဒါပြည်နယ်၊ အာကာသစခန်းကနေ အာတီမစ်(၂)အာကာသခရီးစဉ် အဖြစ် အာကာသယာဉ်ငယ် Orion ကို တင်ဆောင်ထားတဲ့ (၃၂)ထပ်တိုက်အမြင့်ရှိ SLS ဒုံးပျံကို ပစ်လွှတ်ခဲ့တယ်။

ဒါဟာ နှစ်ပေါင်း(၅၀)ကျော်အတွင်း လူသားတွေ ကမ္ဘာမြေအပြင်ဘက်ကို ပြန်လည်ထွက်ခွါခြင်း အစလည်းဖြစ်တယ်။

လူလိုက်ပါတဲ့ အာကာသခရီးစဉ်တခု အောင်မြင်ဖို့ဆိုတာ အင်မတန်ခက်ခဲပါတယ်။ ဒီနေ့အချိန်အထိ အမေရိကန်ပြည်ထောင်စုကလွဲလို့ ဘယ်နိုင်ငံမှ လကမ္ဘာပေါ်ကို ခြေချနိုင်ခြင်း မရှိသေးပါဘူး။

တရုတ်နိုင်ငံဟာ အခု ဆယ်စုနှစ်ကုန် ၂၀၃၀ မှာ လကမ္ဘာပေါ် လူစေလွှတ်ဖို့ ကြိုးစားနေပြီး အိန္ဒိယကလည်း ကြိုးစားနေတယ်။ ရုရှားကလည်း ၂၀၃၀ အလွန်မှာ လကမ္ဘာပေါ် လူစေလွှတ်ဖို့ ကြိုးစားနေပေမယ့် နည်းပညာနောက်ကျကျန်နေခဲ့တာတွေ၊ စီးပွါးရေးပိတ်ဆို့ခံထားရတဲ့အခြေအနေတွေကြောင့် အခက်အခဲတွေရှိနေတယ်။ အိန္ဒိယ၊ တရုတ် နဲ့ ဂျပန်တို့က လကမ္ဘာပေါ်ကို လူမပါတဲ့ လဆင်းယာဉ် စက်ရုပ်တွေ စေလွှတ်ထားနိုင်ကြပြီ။

လူလိုက်ပါသွားတဲ့ အမေရိကန်ရဲ့ အာတီမစ်(၂)(Artemis-2) အာကာသယာဉ်ဟာ လကမ္ဘာပေါ် ဆင်းသက်မှာ မဟုတ်ဘဲ လပတ်လမ်းကြောင်းကနေ လှည့်ပြန်ခဲ့မှာဖြစ်တယ်။ ဒီခရီးစဉ်ဟာ လူသားတို့ ကမ္ဘာ့အပြင်ဘက်သွားခဲ့သမျှခရီးတွေထဲမှာ အဝေးဆုံးခရီးဖြစ်ပြီး မိုင်ပေါင်း ၂၁၉၆၃၉ ( နှစ်သိန်းတစ်သောင်း ကိုးထောင်ကျော်) အထိ ရောက်ရှိမှာဖြစ်တယ်။ ဒီအကွာအဝေးဟာ ၁၉၇၀၊ အပိုလို(၁၃)က တင်ထားတဲ့ အဝေးဆုံးစံချိန်ထက် ပိုများပါတယ်။ အသွားအပြန်ခရီးဆိုရင် စုစုပေါင်း ၄၄၀၀၀၀ မိုင် ရှိမှာဖြစ်တယ်။ အာတီမစ်(၂)ဟာ လကမ္ဘာပတ်လမ်းကြောင်းရဲ့ အဝေးဆုံးနေရာအထိ ရောက်ရှိသွားမှာဖြစ်တယ်။

အမေရိကန်ရဲ့ အာတီမစ် အာကာသခရီးစဉ် စီမံကိန်းအရ လာမယ့်နှစ်မှာ အာတီမစ်(၃)ကို ထပ်မံစေလွှတ်ဦးမှာဖြစ်ပြီး ၂၀၂၈ ခုနှစ်ကျမှ လကမ္ဘာပေါ်ကို အာတီမစ်(၄)(Artemis -4)နဲ့ ဆင်းသက်ဖို့ စီစဉ်ထားတယ်။

၂၀၂၇ ခုနှစ်၊ အာတီမစ်(၃) စေလွှတ်တဲ့အခါ လဆင်းယာဉ်စမ်းသပ်မှာဖြစ်သလို အာကာသဝတ်စုံသစ်ကိုလည်း စမ်းသပ်မယ်လို့ သိရတယ်။ လဆင်းယာဉ်အတွက် SpaceX ရဲ့ Starshipနဲ့ ဂျက်ဘီဇော့ရဲ့ Blue Orion ကုမ္ပဏီနှစ်ခုကို ကမ်းလှမ်းထားပြီး အဆင်ပြေတဲ့ ကုမ္ပဏီနဲ့ လက်တွဲသွားမယ်လို့ ဆိုတယ်။

၂၀၂၈ ခုနှစ်မှာ အာတီမစ်(၄)က လရဲ့ တောင်ဝင်ရီုးစွန်းကို ဆင်းသက်မှာဖြစ်တယ်။ နာဆာက အရင်က လပတ်လမ်းကြောင်းပေါ်မှာ အမြဲတမ်း လပေါ်ဆင်းနိုင်ဖို့ စခန်း(Gateway station)တည်ဆောက်ဖို့ စီစဉ်ဖူးပေမယ့် နောက်ပိုင်းကျတော့ လပေါ်မှာပဲ လူသားတွေနေထိုင်ဖို့ အခြေခံစခန်း(Moon base) တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းမှာ လူသားတွေဟာ လပေါ်ကို အတက်အဆင်းပုံမှန်ပြုလုပ်ဖို့ ရှိသလို လကနေတဆင့် အင်္ဂါဂြိုလ်သွားဖို့အထိလည်း ရည်ရွယ်ထားတယ်။

အမေရိကန်ရဲ့ လကမ္ဘာအခြေစိုက် လူနေစခန်းတည်ဆောက်ဖို့ ၂၀၂၈ မှာပဲ အာတီမစ်(၅)ကို ထပ်မံစေလွှတ်မှာဖြစ်တယ်။ ဒီအစီအစဉ်မှာ တခြားနိုင်ငံတွေကလည်း ပူးပေါင်းပါဝင်ဖို့ရှိတယ်လို့ သိရတယ်။

အခု အာတီမစ်(၂)လကမ္ဘာခရီးစဉ်မှာ ကနေဒါအာကာသယာဉ်မှူးတဦးလည်း အမေရိကန်အာကာသယာဉ်မှူး(၃)ဦးနဲ့ ပူးပေါင်းပါဝင်လာတယ်။ သူက ဂျရမီ ဟန်ဆန်ဖြစ်ပြီး ကျန်သုံးဦးကတော့ ခရစ္စတီနာ ကို့ချ်၊ ဗစ်တာ ဂလိုဗာ နဲ့ ရိဒ် ဝိုက်စ်မင်းတို့ပါ။ သူတို့လေးဦးဟာ ၁၉၇၂ခုနှစ် အပိုလို(၁၇)ခရီးစဉ်နောက်ပိုင်း လကမ္ဘာကို (၁၀)ရက်ခရီး အလည်သွားတဲ့ အာကာသယာဉ်မှူးတွေအဖြစ် သမိုင်းမှတ်တမ်းဝင်တော့မှာ ဖြစ်တယ်။

နောက်ဆုံးအခြေအနေ…

သူတို့လေးဦးဟာ ဧပြီလ(၁)ရက်နေ့ ညနေပိုင်းက ဖလော်ရီဒါ၊ ကိတ်ကာနေဗရယ်အာကာသစခန်းကနေ SLS ဒုံးပျံနဲ့ ကမ္ဘာပတ်လမ်းကြောင်းပေါ်တက်သွားပြီး နောက်တရက်မှာ ကမ္ဘာပတ်လမ်းကြောင်းကနေ Orion အာကာသယာဉ်ရဲ့ Translunar Injection အင်ဂျင်နှိုးပြီး ထွက်ခွါကာ လကမ္ဘာခရီးကို စတင်ခဲ့ကြတယ်။

အားလုံး အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ဖြစ်ခဲ့ပြီး ဧပြီ(၂)ရက်မှာ ကမ္ဘာမြေနဲ့ ချိတ်ဆက် စကားပြောခဲ့ကြတယ်။

“ ကျနော်တို့ရဲ့ လကမ္ဘာခရီးစဉ်မှာ အဖွဲ့သားအားလုံး စိတ်ပျော်ရွှင်လန်းဆန်းနေကြပါတယ်” “ လူသားတွေက စွမ်းဆောင်ရည်ရှိတယ်ဆိုတာ ထပ်မံပြသခဲ့ပြီ” လို့ ဂျရမီ ဟန်ဆန်က နှုတ်ဆက်တယ်။

ယာဉ်မှူး သုံးဦးလိုက်ပါလာတဲ့ Orion အာကာသယာဉ်ငယ်ဟာ ကမ္ဘာမြေကနေ မိုင်၂၇၈၀ကို ရောက်ရှိနေပြီး ယာဉ်ရဲ့ ဂျက်အင်ဂျင်တွန်းအားနဲ့ ကမ္ဘာမြေကနေ တဖြည်းဖြည်း ဝေးကွာလာပြီလို့ သိရတယ်။

“ ကမ္ဘာကြီးတခုလုံးကို လှမ်းမြင်နေရတယ်။ အာဖရိက၊ ဥရောပ၊ သေသေချာချာကြည့်ရင် မြောက်ပိုင်းအလင်းတန်း northern lights ကိုပါ မြင်နိုင်တယ်။ ကျနော်တို့အားလုံးအတွက် ရင်သပ်ရှုမောစရာ မြင်ကွင်းတွေပါပဲ” လို့ အာတီမစ်(၂)ရဲ့ ခေါင်းဆောင် ရိဒ် ဝိုက်စ်မင်းက ကမ္ဘာမြေနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တယ်။

ယာဉ်ပေါ်မှာ အစစအရာရာ အဆင်ပြေကြောင်း၊ အသက်ကယ်အထောက်အကူပြု ပစ္စည်းတွေအားလုံး အလုပ်လုပ်ကြောင်းလည်း ပြောသွားတယ်။ အစောပိုင်းတုန်းက အိမ်သာအလုပ်မလုပ်တော့ပေမယ့် နောက်တော့ ကောင်းသွားကြောင်း၊ ယာဉ်ပေါ်မှာ အိပ်ရတဲ့ ခံစားချက်တွေကိုလည်း ပြောသွားတယ်။ ယာဉ်မှူးတွေအားလုံး လရောင်ထိနေတဲ့ ကမ္ဘာမြေရဲ့ အမှောင်ခြမ်းကို ယာဉ်ပြတင်းပေါက်ကမခွါတမ်း ကြည့်နေကြသလို ဓါတ်ပုံတွေလည်း ရိုက်ကြတယ်။

အာတီမစ်(၂)အာကာသခရီးစဉ်ဟာ အလုံးစုံ ချောမွေ့အောင်မြင်ခဲ့တယ်လို့ ဆိုရမယ်။အသွားအပြန်(၁၀)ရက်ကြာမယ့် ဒီလကမ္ဘာခရီးစဉ်ဟာ ကမ္ဘာမြေကနေ အဝေးဆုံးကို စံချိန်တင် ရောက်ရှိမှာဖြစ်ပြီး စုစုပေါင်း ၂၁၉၆၃၉ မိုင် ရှိမှာဖြစ်တယ်။ ၁၉၇၀ ခုနှစ်က အပိုလို(၁၃)အာကာသယာဉ်ဟာ အဝေးဆုံး ၂၁၆၀၀၀ မိုင်သာ ရောက်ရှိခဲ့တယ်။

လနတ်သမီးရဲဲ့ လကမ္ဘာ ခရီးစဉ်ဟာ ရာစုနှစ်တဝက်ကျော်ကာလအတွင်း လူသားတွေ လပေါ် ပြန်လည်ခြေချဖို့ ကြိုးစားမှု သမိုင်းမှတ်တိုင်အဖြစ် တင်ကျန်ရစ်ခဲ့ပြီဖြစ်တယ်။

#CWM ref: BBC World
#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now