ဆောင်းပါး

တရုတ်စစ်ခေါင်းဆောင် ရုတ်တရက်သေဆုံးခြင်းကြောင့် မျက်ခုံးပင့်စရာဖြစ်ရပ် – ရှူကျင်းလျှန် သေဆုံးခြင်းမှ ပေါ်ထွက်လာသော မေးခွန်းများ

မဲခေါင် 21 Jun - 2025
~ လင်းမောင် ~ တရုတ်စစ်တပ် ခေါင်းဆောင်မှုကဏ္ဍသည် ခေတ်မီတိုးတက်သော စစ်တပ်ဖြစ်ရေးရည်မှန်းချက်တွင် သမ္မတရှီကျင်းဖျင် အယုံကြည်ရဆုံးသော ကာကွယ်ရေးထိပ်တန်းအကြီးအကဲ ရှူကျင်းလျှန် သေဆုံး ခြင်းနှင့်အတူ ကသောင်းကနင်းဖြစ်လာသည်။ ရှူကျင်းလျှန်ရုတ်တရက် သေဆုံးသွားခြင်းနောက်ဆက် တွဲဂယက်မှာ တရုတ်နိုင်ငံအတွင်း လက်ရှိ နိုင်ငံရေးနှင့်အကျင့်ပျက်ခြစားမှုများအား သုတ်သင်ရှင်း လင်းနေမှု သက်သက်မဟုတ်သေးဘဲ ပိုမို ရှုပ်ထွေးစေသည်က တရုတ် လက်နက် ကိုင်တပ်အတွင်း မတည်ငြိမ်မှုကို ပိုမိုထင်ဟပ်စေသည်။ ယခုဆောင်းပါးသည် စစ်ခေါင်းဆောင် တစ်ဦး ရုတ်တရက်သေဆုံးခြင်းမှ တရုတ်စစ်တပ်အတွင်း စည်းလုံးညီညွတ်မှုပိုင်း နက်နဲစွာ အဆင်မပြေဖြစ်နေ မှုကို စူးစမ်းလေ့လာတင်ပြခြင်းဖြစ်သည်။ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီတွင် ရှူကျင်းလျှန်သည် ပေကျင်းမြို့၌ ဇွန် ၂ ရက်နေ့က အသက် ၇၅ နှစ်အရွယ်၌

~ လင်းမောင် ~

တရုတ်စစ်တပ် ခေါင်းဆောင်မှုကဏ္ဍသည် ခေတ်မီတိုးတက်သော စစ်တပ်ဖြစ်ရေးရည်မှန်းချက်တွင် သမ္မတရှီကျင်းဖျင် အယုံကြည်ရဆုံးသော ကာကွယ်ရေးထိပ်တန်းအကြီးအကဲ ရှူကျင်းလျှန် သေဆုံး ခြင်းနှင့်အတူ ကသောင်းကနင်းဖြစ်လာသည်။ ရှူကျင်းလျှန်ရုတ်တရက် သေဆုံးသွားခြင်းနောက်ဆက် တွဲဂယက်မှာ တရုတ်နိုင်ငံအတွင်း လက်ရှိ နိုင်ငံရေးနှင့်အကျင့်ပျက်ခြစားမှုများအား သုတ်သင်ရှင်း လင်းနေမှု သက်သက်မဟုတ်သေးဘဲ ပိုမို ရှုပ်ထွေးစေသည်က တရုတ် လက်နက် ကိုင်တပ်အတွင်း မတည်ငြိမ်မှုကို ပိုမိုထင်ဟပ်စေသည်။ ယခုဆောင်းပါးသည် စစ်ခေါင်းဆောင် တစ်ဦး ရုတ်တရက်သေဆုံးခြင်းမှ တရုတ်စစ်တပ်အတွင်း စည်းလုံးညီညွတ်မှုပိုင်း နက်နဲစွာ အဆင်မပြေဖြစ်နေ မှုကို စူးစမ်းလေ့လာတင်ပြခြင်းဖြစ်သည်။

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီတွင် ရှူကျင်းလျှန်သည် ပေကျင်းမြို့၌ ဇွန် ၂ ရက်နေ့က အသက် ၇၅ နှစ်အရွယ်၌ ကွယ်လွန်သွားခဲ့သည်ဟု ဖော်ပြခဲ့သည်။ ရှူကျင်းလျှန်သည် ဗဟိုစစ်ကော် မရှင် ဒုတိယဥက္ကဌဟောင်းဖြစ်ကာ တရုတ်စစ်တပ်အတွင်း အလွန်အရေးပါခဲ့သည့် စစ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ဆင်ဟွာတွင် သေဆုံးသည့်ရက် ဖော်ပြထားမှုမှာ လူမှုကွန်ရက် X ပေါ် ဂျာနယ်လစ် တစ်ဦး ဖော်ပြခဲ့သည့် သေဆုံးရက်နှင့် ကွဲလွဲနေသည်။ အဆိုပါ ဂျာနယ်လစ်က ရှူကျင်းလျှန်သေဆုံး သည့်ရက်စွဲမှာ မေ ၂၈ ရက် မနက်အစောပိုင်းတွင် ဖြစ်သည်ဟု အခိုင်အမာဖော်ပြသည်။ တရုတ် ကွန်မြူနစ်ပါတီက အဆိုပါသေဆုံးရက်စွဲကို ထုတ်ပြန်ရန် ရက်အတော်ကြာ အချိန်ဆွဲထားပြီးမှ နိုင်ငံရေးအတွင်းကြိတ် အဖြေထုတ်မှုပြီးမှသာ ထုတ်ပြန်ခြင်းဖြစ်သည်ဟု စွပ်စွဲထားသည်။ ထိုအခြေ အနေအရ တရုတ်ပြည်တွင်း နိုင်ငံရေးဂယက်ရိုက်ခတ်နေမှုသည် ထင်သည်ထက်များစွာ နက်ရှိုင်းနေသည်။

ရှူကျင်းလျှန်သည် ရှီကျင်းဖျင်နှင့် အလွန်ရင်းနှီး နီးစပ်သူဖြစ်သည်။ တရုတ် တပ်မတော်ပြန်လည် ဖွဲ့စည်းရေးတွင် အဓိက ဦးဆောင်ကဏ္ဍမှ ပါဝင်ခဲ့သည်။ အထူးသဖြင့် ဒုံးတပ်ဖွဲ့နှင့် လေတပ် ပြန်လည် အဆင့်မြှင့်တင်တည်ဆောက်ရေးပိုင်းတွင် ဦးဆောင်နေခဲ့သူလည်းဖြစ်သည်။ ရှီကျင်းဖျင်၏ အယုံကြည် ရဆုံးသော အကြံပေးစစ်ခေါင်းဆောင်အဖြစ် ဆယ်စုနှစ်နှင့်ချီကာ ဩဇာလွှမ်းမိုးသက်ရောက်နိုင်ခဲ့သူ ဖြစ်သည်။ သတင်းများအရ ရှူကျင်းလျှန်သည်လည်း တရုတ် စစ်ဘက်ဆိုင်ရာ အကြီးအကဲများစွာကို ကျယ်ကျယ်ပြန့်ပြန့် သုတ်သင်ရှင်းလင်းမှုများထဲမှ သက်ရောက်မှုတစ်ခုကြောင့်ပင်သေဆုံးသည်ဟု သိရသည်။ တရုတ်စစ်တပ်အတွင်း ထိပ်တန်းအရာရှိများကို ယခုနှစ်ပိုင်းအတွင်း ဖယ်ရှားရှင်းလင်းခဲ့သည်။ နိုင်ငံရေး ချေမှုန်းမှုများ၊ အကျင့်ပျက်ခြစားမှုများအား စုံစမ်းဖော်ထုတ်ရခြင်းများမှ ဖိအားများက ရှူကျင်းလျှန် ကျန်းမာရေး အခြေအနေကို များစွာထိခိုက်စေခဲ့သည်ဟု ဆိုသည်။ ၎င်းသေဆုံးခြင်းက ရှီကျင်းဖျင် စိတ်ကြိုက် နိုင်ငံခေါင်းဆောင်ပိုင်းများအား ပြန်လည် ဖြုတ်၊ထုတ်၊ သတ်၊ အစားထိုးခန့်အပ်နေဆဲ အခြေ အနေများတွင် စစ်တပ်အတွင်း မတည်ငြိမ်မှုများစွာ ဖြစ်ပေါ်နေသည်ကို မီးမောင်းထိုးပြခြင်းဖြစ်သည်။

ဂျာနယ်လစ်၏ ဖော်ပြမှု၌ ရှူကျင်းလျှန်သည် ရှီကျင်းဖျင်နှင့်အတူ တရုတ် စစ်တပ်ကို ပြန်လည် ဖွဲ့စည်း နေရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သူဖြစ်ကြောင်း၊ တရုတ်၏ မဟာဗျူဟာ အကျိုးသက်ရောက်နိုင် စွမ်းကို အင်အားဖြည့်တင်းသူ၊ တရုတ်ဒုံးတပ်ဖွဲ့နှင့် လေတပ်ကို အရေးအပါဆုံး တပ်ခွဲများစွာဖြင့် ခေတ် မီဖွံ့ဖြိုးတိုးတက်လာစေရေး တာဝန်ယူ ဖွဲ့စည်းရသူဖြစ်ကြောင်း၊ ၂၀၁၂ မှ ၂၀၂၂ ခုနှစ်အထိ ရှူကျင်းလျှန် သည် တရုတ်စစ်တပ်အတွင်း အမြင့်ဆုံးရာထူးတာဝန်ကို ရှီကျင်းဖျင်၏ လွှဲအပ်ခြင်းခံရသူဖြစ်ကြောင်း၊ သို့သော် ၂၀၂၃ ခုနှစ်တွင် ရှူကျင်းလျှန်ကိုယ်တိုင်က ရှီကျင်းဖျင်သည် တရုတ်စစ်တပ်အတွင်း ဗိုလ်ချုပ် အဆင့်ရှိ အရာရှိပေါင်း ၇၀ ကို ပစ်မှတ်ထား ရှင်းလင်းဖွယ်ရှိသည်ဟု သတိပေးပြောဆိုခဲ့ကြောင်း၊ ထိုသတိပေးမှုအတိုင်းပင် မကြာမီမှာပင် စစ်တပ် တပ်ဖွဲ့ခွဲများဖြစ်သော ဒုံးတပ်ဖွဲ့၊ စစ်ဦးစီးဌာန၊ အရှေ့ ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်ရုံးစနစ်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဗျူဟာမြောက် ပံ့ပိုးမှုတပ်မျာမှ ဗိုလ်ချုပ် များစွာကို ရှင်းလင်းထုတ်ပယ်မှုများ အမှန်တကယ်ဖြစ်ပေါ်လာခဲ့သည်။

ရှူကျင်းလျှန်သည် အဆိုပါ ဖြုတ်၊ ထုတ်၊ သတ် လုပ်ရပ်များတွင် ၎င်း၏ အရင်းနှီးဆုံးသော ညီကိုတော် ဗိုလ်ချုပ်များ၊ ကာလရှည် လက်တွဲမြဲခဲ့သည့် ရဲဘော်ရဲဘက်များ၊ ၎င်းကိုယ်တိုင် ရာထူးတိုးပေးခဲ့သည့် တပည့်အရာရှိများ တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ခံရသည်ကို အကူအညီမဲ့စွာဖြင့် ဝမ်းနည်းစွာ ထိုင်ကြည့်နေခဲ့ရသည်။ နိုင်ငံရေးရာသီဥတု ပြင်းထန်လွန်လာခြင်းကပင် ရှူကျင်းလျှန်ကို ဆက်တိုက် စိုးရိမ်ပူပန်မှုများ ပေးခဲ့သည်။ စစ်ဘက်ဆိုင်ရာနှင့် လက်ပွန်းတတီးရှိသည့် ဂျာနယ်လစ် တင်ပြမှုအရ ရှူကျင်းလျှန်ကို ရှီကျင်းဖျင်ဘက်မှ နေ့စဉ်နေ့တိုင်း ယနေ့ မည်သူ့ အလှည့်ကျသနည်းဆိုသည့် မေးခွန်းထုတ်ခြင်းအား ဖြေကြားပေးရခြင်းဖြင့် အကြောက်တရားက စက္ကန့်မလပ် ဖိစီးနှိပ်စက်ခြင်းဖြင့် ကျန်းမာရေးဆိုး ရွားကာ သေဆုံးသည်အထိ ဖြစ်တည်စေခဲ့သည်ဟု ဆိုသည်။ရှူကျင်းလျှန်မိသားစုဝင်များကိုယ်တိုင်က စိတ်ဖိစီးမှုများလွန်းစွာ ခံစားနေရသဖြင့် အိပ်ပျော်စေရေး အိပ်ဆေးများ မသောက်လျှင်ပင် မအိပ်သည့်အဆင့်သို့ ရောက်ခဲ့ရကြောင်း၊ ရှီကျင်းဖျင်၏ ဖြုတ်၊ ထုတ်၊ သတ် နှိမ့်ကွပ်မှုများသည် ၎င်းမိသားစုနှင့် သစ္စာရှိ လက်အောက်ငယ်သားများအပေါ် ချဲ့တွင် ရောက်ရှိလာဦးမည်ကိုလည်း စိုးရိမ်လွန်ခဲ့ရသည် ဟု ပြောဆိုခဲ့သည်။ စစ်ရေး သတင်းရင်းမြစ်များတွင်မူ ရှူကျင်းလျှန်သေဆုံးမှုသည် နှလုံး ရောဂါနှင့် မသက်ဆိုင်ဘဲ ၎င်းကိုယ်တိုင် အကြောက်လွန်ခြင်းမှသာ သေဆုံးခြင်းဖြစ်မည်ဟု ချင့်တွက်ကြကြောင်း ဆိုပြန်သည်။

ထို့ကြောင့် ဂျာနယ်လစ်က ရှူကျင်းလျှန်သေဆုံးခြင်းသည် သီးခြား တစ်သီးပုဂ္ဂလ ကိစ္စမဟုတ်ဘဲ စစ်ရေးခေါင်းဆောင်များစွာကို ပြောင်လဲပြင်ဆင်ဖွဲ့စည်းမှုလုပ်ငန်းစဉ်များထဲမှ တစ်ခုသော ကိစ္စသာ ဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ ရှူကျင်းလျှန်သေဆုံးမှုအရ ရှီကျင်းဖျင်၏ စစ်တပ်ကို မြေလှန်ဖွဲ့စည်း နေခြင်းသည်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်အား မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။ ဗဟို စစ်ကော်မရှင် ဒုဥက္ကဌသည်ပင်လျှင် တောင့်မခံနိုင်ခဲ့သော အခြေအနေကို မြင်ရခြင်းဖြစ်သည်။ထိုမျှ ကြီးမားသည့် ဖြစ်စဉ်တွင် တရုတ်တပ်မတော်ကြီးတစ်ခုလုံးက ထုတ်ပြန်ချက်တစ်စုံတစ်ရာမလုပ်၊ မည်သူ့တွင် တာဝန်ရှိသနည်း၊ မည်သူ ထုတ်ပြန်မည်နည်း၊ မည်သူကမျှ ထုတ်ဖော်ပြောဆိုရဲခြင်းလည်း မရှိသည့်အတွက် လေဖြတ်နေသော စစ်တပ်အသွင်ဖြင့် လဲပြိုနေမှုကို ရှုမြင်နိုင်သည်။ ဤသည်မှာ ကစဉ့်ကလျားဖြစ်ခြင်း၏ လက္ခဏာတစ်ခုသက်သက်မျှသာမဟုတ်၊ အမြင်မတူသူများကို နှိမ့်ကွပ်ခြင်း ဖြင့် အကြောက်တရားဖြင့် ထိန်းချုပ်မှုစနစ်ကိုအသက်သွင်းနေမှုမျိုးအဖြစ် ရှင်းလင်းစွာ မြင်တွေ့နိုင် မည်ဖြစ်သည်။

ဇွန် ၂ ရက်နေ့ ညနေ၌ အွန်လိုင်းပေါ်တွင် ထွက်ပေါ်လာသော သတင်းများအရ ရှူကျင်းလျှန်သည် နှလုံး ဖောက်ခြင်းကြောင့် ရုတ်တရက် သေဆုံးခဲ့သည်ဟု ဆိုကြသည်။ ပိုမိုကျယ်ပြန့်သော ဖော်ပြချက်တစ်ခု တွင် heart attack ဖြစ်သောကြောင့် အမှတ် ၃၀၁ ဆေးရုံသို့ တင်ခဲ့ရကြောင်း၊ သို့သော် ဆရာဝန်များက ရှူကျင်းလျှန်ကို မကယ်တင်နိုင်ခဲ့ ကြောင်း ဖော်ပြခဲ့သည်။ ရှူကျင်းလျှန်သည် ၂၀၂၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့သော်လည်း တရုတ်ကွန်မြူ နစ်ပါတီ (CCP) အတွင်းပိုင်း အာဏာစိုးမိုးရေးကဏ္ဍ၌ ထိပ်ဆုံးပိုင်းမှ ဆက်လက်ပါဝင်နေခဲ့ရသူဖြစ် သည်ဟု သိရသည်။

မှတ်တမ်းများအရ ရှူကျင်းလျှန်သည် ၂၀၀၇ ခုနှစ် ဇွန်လတွင် လေတပ်ဗိုလ်ချုပ် ရာထူးသို့ တိုးမြှင့် ခန့်အပ်ခံရသည်ဟု သိရသည်။ ၂၀၁၂ တွင် ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ ရာထူး ထပ်မံခန့်အပ်ခံရသည်။ သို့သော် စီနီယာခေါင်းဆောင်များအတွက် ထောက်ပံ့လုပ်ဆောင်ပေးရသူ အဖြစ်သာ ရှိသေးသည်။ ၂၀၂၄ ဇန်နဝါရီလတွင် ၎င်းကို စုံစမ်းစစ်ဆေးရန်ဟုဆိုကာ နေအိမ်မှ ခေါ်ဆောင်သွားခြင်းခံရသည်ဟု သတင်း များထွက်ပေါ်ခဲ့သည်။ နေအိမ်ကိုလည်း ရုတ်တရက် ဝင်ရောက်စီးနင်းခံရသည်။ လေတပ်ဗိုလ်ချုပ် ဒင်းလျှန်းထံမှ လာဘ်စားငွေအဖြစ် ယွမ် သန်း ၁၆၀ ( ဒေါ်လာ ၂၂ . ၂သန်း) ရယူခဲ့သူဟု စွဲချက်တင်ခံရ သည်ဟု ဆိုသည်။ ၂၀၂၄ ဇန်နဝါရီ ၂၉ ရက်က ဗဟိုစစ်ကော်မရှင်မှ အငြိမ်းစားခေါင်းဆောင်များအား နှစ်သစ်ကူး ဂုဏ်ပြုမှုအစီအစဉ်တွင် တက်ရောက်လာသည်ကို တွေ့ရပြီးနောက် တရုတ်နိုင်ငံရေးနယ် ပယ်၌ လူမြင်ကွင်းသို့ တစ်ကြိမ်မျှ ပြန်မထွက်လာတော့ပေ။

အမေရိကန်အခြေစိုက် Vision Times မှ တရုတ် တင်ဆက်သူ တန်ကျင်ယွမ်က ရှူကျင်းလျှန်သည် တရုတ်စစ်ဘက်ဆိုင်ရာနယ်ပယ်တွင် သံသယရှိဖွယ်အနေအထားဖြင့် သေဆုံးခဲ့သည့် ဒုတိယမြောက် ဒုဥက္ကဌ အဆင့်ရှိသူဟု တင်ပြခဲ့သည်။ ပထမသေဆုံးသူမှာ ဟီဒွန်း ဖြစ်သည်။ တန်၏ သုံးသပ်တင်ပြ မှုတွင် ရှူကျင်းလျှန်သေဆုံးမှုသည် စစ်ဘက်ဆိုင်ရာ ဖြုတ်၊ ထုတ်၊ သတ်လုပ်နေချိန်၊ နိုင်ငံရေးအရ အထိမခံရှိနေချိန်တွင် အနားယူခဲ့သည်မှာလည်း ကြာပြီဖြစ်သောကြောင့် အာဏာ မရှိသလောက်ဖြစ် နေချိန် သေဆုံးခြင်းကို အထူး ဂရုပြုရမည်ဟု ဆိုသည်။ ရှူကျင်းလျှန် သေဆုံးမှုမှာ နိုင်ငံရေး နှိမ့်ကွပ်မှု ဖြစ်စဉ်မူဘောင်အတွင်း ဖြစ်ပွားခြင်းမျိုး မဟုတ်ပေ။ ချင့်ချိန်တွေးတော အဖြေထုတ်ကြည့်လျှင် ရှူကျင်းလျှန်သေဆုံးခြင်းမှာ ရှီကျင်းဖျင်၏ အနီးဆုံးအတွင်းစည်းအတွင်းမှာပင် အကျင့်ပျက်ခြစားမှု ကွန်ရက်က တည်ရှိနေသည့်အတွက်သာ သေဆုံးရခြင်းမျိုးဖြစ်မည်ဟု ကောက်ချက်ချရမည်ဟု သုံးသပ်ခဲ့သည်။

တစ်ဖက်တွင်လည်း ရှီကျင်းဖျင်ဆန့်ကျင်ရေး စစ်ခေါင်းဆောင်များသည် အကျင့်ပျက်ခြစားမှုတိုက်ဖျက် ရေးမူဘောင်ကို အသုံးချကာ ရှီကျင်းဖျင်အပေါ် သစ္စာခံသူများကို ရှင်းလင်းသုတ်သင်နေမည်သာဖြစ် သည်။ ထိုဂယက်ကြောင့် ရှူကျင်းလျှန် သေဆုံးခြင်းမျိုးလည်း ဖြစ်နိုင်သေးသည်။ ဗိုလ်ချုပ် ဒင်းလျှန် တစ်ဦးတည်းကပင် ရှူကျင်းလျှန်အတွက် လာဘ်ပေးငွေ ယွမ်သန်း ၁၆၀ ပေးခဲ့သည်။ ထိုပြဿနာက ရှိရင်းစွဲ နှလုံးရောဂါပြဿနာနှင့် စိတ်ပိုင်းဆိုင်ရာ အကြောက်တရားစွဲနေမှုအား ပိုဆိုးရွားစေမည်မှာ မလွဲပေ။ ထို့ကြောင့် တင်ဆက်သူ တန်က ရှူကျင်းလျှန်သေဆုံးမှုသည် အကျင့်ပျက်ခြစားမှုနှင့် ပတ်သက်ရန်မှာ အဖြစ်နိုင်ဆုံးဟု ကောက်ချက်ချသည်။ ထူးဆန်းစွာ သေဆုံးခဲ့ရသော ဝေဖန်းဂျီး အဖြစ်ကမူ နိုင်ငံရေးသုတ်သင်ရှင်းလင်းခြင်းကြောင့်သာ ဖြစ်သည်ဟု လည်း သုံးသပ်ခဲ့သည်။

ရှူကျင်းလျှန် သေဆုံးခြင်းက ရှီကျင်းဖျင်ဦးဆောင်သော တရုတ်ကွန်မြူနစ်ပါတီအတွင်း နက်ရှိုင်းသည့် မတည်ငြိမ်မှုများ ဖြစ်တည်နေသည်ကို ရောင်ပြန်ဟပ်ပြလိုက်ခြင်းဖြစ်သည်။ အာဏာလက်ကိုင်မြဲရေး ကို ရည်သန်ကာ ကျယ်ပြန့်သော ရှင်းလင်းသုတ်သင်မှုများအား ရှီကျင်းဖျင် ဆက်လက်လုပ်ဆောင်နေ ခြင်းက စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိများကို ပိုမိုကြောက်စိတ် တိုးပွားစေသည်။ အတွင်းပိုင်း တည်ငြိမ်မှုမရှိဖြစ်နေသည်မှာလည်း ထင်ရှားနေသည်။ သတင်းများက ရှီကျင်းဖျင် အယုံကြည်ရဆုံးသော ထိပ်တန်းစစ်ခေါင်းဆောင်သည်ပင်လျှင် မသေဆုံးမီ ကြီးမားသော စိတ်ပိုင်းဆိုင် ရာ လဲပြို ထိတ်လန့်ခြင်းဖြင့် သေဆုံးရသည့်ဖြစ်စဉ်က အခြေအနေအရပ်ရပ်ကို မီးမောင်းထိုးပြနိုင် သည်ဟု သုံးသပ်ဖော်ပြကြသည်။ ရှူကျင်းလျှန်သေဆုံးမှုသည် တရုတ်နိုင်ငံတည်ငြိမ်ရေးထက် ရှီကျင်းဖျင်အပေါ် ပိုမို သစ္စာစောင့် သိခြင်းကသာ စစ်ဘက်ခေါင်းဆောင်သစ်များ ပြန်လည်ခန့်အပ်ဖွဲ့စည်းမှုတွင် အဓိကကျနေကြောင်းကို ရှင်းလင်းစွာ ပေါ်လွင်စေသည်။ တစ်ပြိုင်တည်း တရုတ် တပ်မတော်ယန္တရားကြီးအတွင်း မရေရာမှုနှင့် အမြင်မတူ ငါ့ရန်သူဟုဆိုကာ သုတ်သင်နေသည့် ဖိနှိပ်မှုပြယုဂ်ကိုလည်း မီးမောင်းထိုးပြနေသည့်အလား အတိုင်းသား မြင်တွေ့နေရသည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now