ဆောင်းပါး

နိုင်ငံတကာ ကတိကဝတ်စာချုပ်များအပေါ် လေးစားမှုမရှိသည့် တရုတ်

မဲခေါင် 30 May - 2025
~ လင်းမောင် ~ တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွားလာသည်မှာ ၂၀၂၀ ပြည့်နှစ်က ကျွန်းနိုင်ငံ ငယ်လေး ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန် ထိန်းချုပ်ခြင်းက သက်သေပင်ဖြစ်သည်။ ထိုဥပဒေသည် ၁၉၈၄ ခုနှစ်က တရုတ်- ဗြိတိသျှ ပူးတွဲကြေညာစာတမ်း ကတိကဝတ်များကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။ တရုတ်သည် နိုင်ငံတကာ ကတိကဝတ်စာချုပ်များ၊ နှစ်နိုင်ငံ သဘောတူချက်များစွာကို နင်းချေဖျက်ဆီးနေသည်မှာ သာဓက များစွာရှိသည်။ တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ ကွန်ဗင်းရှင်းမှ ချမှတ်ပြဌာန်းပေးသည့် Law of the Sea ဥပဒေကို မျက်ကွယ်ပြုခြင်း၊ အိန္ဒိယနှင့် နှစ်နိုင်ငံနယ်စပ်စည်း အငြင်းပွားခဲ့မှုအတွက် သဘောတူချုပ်ဆိုခဲ့သည့် စာချုပ် ကတိကဝတ်များကို ဖောက်ဖျက်ခြင်းများက ထင်ရှားသော

~ လင်းမောင် ~

တရုတ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးရွားလာသည်မှာ ၂၀၂၀ ပြည့်နှစ်က ကျွန်းနိုင်ငံ ငယ်လေး ဟောင်ကောင်အတွက် အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန် ထိန်းချုပ်ခြင်းက သက်သေပင်ဖြစ်သည်။ ထိုဥပဒေသည် ၁၉၈၄ ခုနှစ်က တရုတ်- ဗြိတိသျှ ပူးတွဲကြေညာစာတမ်း ကတိကဝတ်များကို အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်ခြင်းဖြစ်သည်။ တရုတ်သည် နိုင်ငံတကာ ကတိကဝတ်စာချုပ်များ၊ နှစ်နိုင်ငံ သဘောတူချက်များစွာကို နင်းချေဖျက်ဆီးနေသည်မှာ သာဓက များစွာရှိသည်။ တောင်တရုတ်ပင်လယ်နှင့်ပတ်သက်ပြီး ကုလသမဂ္ဂ ကွန်ဗင်းရှင်းမှ ချမှတ်ပြဌာန်းပေးသည့် Law of the Sea ဥပဒေကို မျက်ကွယ်ပြုခြင်း၊ အိန္ဒိယနှင့် နှစ်နိုင်ငံနယ်စပ်စည်း အငြင်းပွားခဲ့မှုအတွက် သဘောတူချုပ်ဆိုခဲ့သည့် စာချုပ် ကတိကဝတ်များကို ဖောက်ဖျက်ခြင်းများက ထင်ရှားသော သက်သေများ ဖြစ်သည်။

၁၉၉၇ ခုနှစ် ဇူလိုင် ၁ ရက်နေ့က လန်ဒန်နှင့်ပေကျင်းအစိုးရကြား ပူးတွဲသဘောတူကြေညာချက် ထုတ် ပြန်ခဲ့မှု၌ ဟောင်ကောင်ကို ကိုလိုနီအဖြစ်မှ ပြန်ပေးခြင်း၌ နောင်နှစ် ၅၀ (၂၀၄၇ ခုနှစ်) အထိ ဟောင်ကောင်တွင်နေထိုင်သူများသည် ဗြိတိန်သားများအဖြစ် ပျော်ရွှင်လွတ်လပ်စွာနေထိုင်ခွင့်ရှိသည် ဟု သတ်မှတ်ပေးခဲ့ခြင်းဖြစ်သည်။ ၂၀၂၀ ပြည်နှစ်အရောက်မှာပင် တရုတ်သမ္မတ ရှီကျင်းဖျင်သည် မည်သည့် ဗြိတိန်သားအခွင့်အရေးမျိုးကိုမှ ဟောင်ကောင်သားများကို မပေးတော့ဘဲ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ သတင်းရေးသားထုတ်ဝေခွင့်၊ ဆန္ဒထုတ်ဖော်ခွင့်၊ ခွဲထွက်ရေး၊ အပျက် သဘောဆောင်သော လှုပ်ရှားမှုအားလုံး မလုပ်ဆောင်ရဟူသည့် အမျိုးသားလုံခြုံရေး ဥပဒေ (National Security Law) ကိုထုတ်ပြန်ကာ ဗြိတိန်နှင့်သဘောတူညီချက်များအားလုံးကို ချိုးဖောက်လိုက်သည်။

ဟောင်ကောင်တွင် သက်တမ်းအရှည်ဆုံးနှင့် ဒီမိုကရေစီထောက်ခံအင်အား အကြီးမားဆုံးသော ဒီမိုကရက်တစ်ပါတီကြီးသည်လည်း ဖျက်သိမ်းခံရလု အနေအထားသို့ ရောက်ရှိနေသည်။ ထိုပြဌာန်းမှု သည် အနောက်တိုင်းဟန် လစ်ဘရယ်ဒီမိုကရေစီကို နင်းချေခြင်း၏ သက်သေပင်ဖြစ်သည်။တရုတ် အစိုးရ အကြီးအကဲများက ဟောင်ကောင်စီမိုကရက်တစ်ပါတီအနေဖြင့် ယခု နှစ်ကုန်နောက်ဆုံးထားပြီး ပါတီဖျက်သိမ်းခြင်းမပြုလျှင် ကြီးမားသော ဆိုးကျိုးသက်ရောက်စေမည်ဟု ခြိမ်းခြောက်ဖိအားပေး ထားသည်။ ၁၉၉၄ ခုနှစ်တွင် လစ်ဘရယ်ရှေ့နေနှင့် ပညာရှင်များ ပူးပေါင်း ထူထောင်ခဲ့သော ပါတီမှ ဒီမိုကရေစီလိုလားသော ခေါင်းဆောင်များကို ဆက်တိုက် ဖမ်းဆီး အရေးယူ ထောင်ချနေခြင်းများဖြင့် ပါတီပြိုကွဲစေရန် အနှောင့်အယှက်များစွာပေးခဲ့သည်။ အမျိုးသား လုံခြုံရေး ဥပဒေအရ ၂၀၂၁ ပြန်လည်ပြင်ဆင်ကျင်းပသော ရွေးကောက်ပွဲ၌ မျိုးချစ်များသာ အမတ်နေရာများ အတွက် ပါဝင်ရွေးကောက်ခံခွင့်ပြုသည်ဟု ဆိုသဖြင့် အတိုက်အခံခေါင်းဆောင်များ ရွေးကောက်ပွဲ ဝင်ခွင့်မရတော့ပေ။ ကော်မတီတစ်ရပ်လည်း ဖွဲ့စည်းပြီး အဆိုပါ ကော်မတီက မည်သည့်ပါတီကိုမဆို ဖျက်သိမ်းရန် အခွင့်အာဏာရှိသည်ဟု တရုတ်အစိုးရက ဖိနှိပ်ပြဌာန်းခဲ့သည်။

ဒီမိုကရက်တစ်ပါတီသည် သဘောထားပျော့ပျောင်းသော ရပ်တည်ချက်ရှိပြီး ပေကျင်းနှင့် လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိသည်။ ပါတီဖျက်သိမ်းမှုကို အချိန်ပိုင်း ဆိုင်းငံ့ပေးထားခြင်းကိုကြည့်လျင် ဟောင်ကောင်တွင် မည်သို့သော အညင်သာဆုံး သဘောထားကွဲလွဲသံများကိုမှ ပေကျင်းအစိုးရက မကြားချင်၊ မမြင်ချင်ကြောင်း သရုပ်ပြသည်ဟု လေ့လာသူများက ဆိုသည်။ မကြာသေးခင်က BBC ၏ လေ့လာမှု စစ်တမ်းတွင် ၂၀၂၀ ပြည့်နှစ် အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန်းပြီးနောက် ၂၀၂၅ ဖေဖော်ဝါရီလ အတွင်း ဖမ်းဆီးခံရသူပေါင်း ၃၀၀ ရှိကြောင်း၊ ဖိနှိပ်မှုကြောင့် ဟောင်ကောင်တွင် နေထိုင်သူပေါင်း ၃၀၀၀၀၀ ကျော် ရွှေ့ပြောင်းထွက်ခွာသွားခဲ့ကြောင်း ဆိုသည်။ ထိုသည်ကိုပင် မရပ်တန့်နိုင်ဘဲ မနှစ်က အမျိုးသားလုံခြုံရေးဥပဒေအား ပိုမို တင်းကြပ်သည့် ဥပဒေအပိုဒ်ခွဲ ၂၃ ကို ထပ်မံတိုးချဲ့ ထည့်သွင်းခဲ့သည်။

ကုလသမဂ္ဂကွန်ဗင်းရှင်းမှ သတ်မှတ်ပေးသည့် နိုင်ငံတကာ စည်းမျဉ်းကိုလည်း မလိုက်နာဘဲ တရုတ် သည် တောင်တရုတ်ပင်လယ်တွင် အခြားနိုင်ငံများမှ သင်္ဘောများ နိုင်ငံတကာ ရေပိုင်နက်အတွင်း သွားလာမှုများကို နည်းမျိုးစုံဖြင့် ဆက်တိုက် နှောင့်ယှက်ခြိမ်းခြောက်နေပြန်သည်။ အမြဲတမ်းခုံသမာဓိရုံး ဖြစ်သော The Hague မှ အခြေခံစည်းမျဉ်းအရ တရုတ်ပိုင်မဟုတ်သော တောင်တရုတ်ပင်လယ်တွင်း ရေကြောင်းလိုင်း ၉ လိုင်း သတ်မှတ်ချက်ကိုလည်း လက်မခံဘဲ ဖိလစ်ပိုင်နိုင်ငံ အထူး စီးပွားရေးဇုန်အဖြစ် ပိုင်ဆိုင်သည့် ရေပိုင်နက်ထဲ တရုတ်ဘက်မှ ကျူးကျော်ဝင်ရောက် စိုးမိုးအနိုင်ကျင့်မှုများ ပြုလုပ်နေသည်။ The Hague သည် နိုင်ငံတကာ အငြင်းပွားမှုများကို ဖြေရှင်းရန် ၁၈၉၉ ခုနှစ်ကတည်း က စတင်ထူထောင်ခဲ့သည့် ခုံသမာဓိရုံးဖြစ်ကာ ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် ဖိလစ်ပိုင်က တရုတ်၏ ၎င်းတို့ရေပိုင်နက်အတွင်း ကျူးကျော်စိုးမိုးနေမှုများနှင့်ပတ်သက်ပြီး တိုင်ကြားခဲ့သည်။ တရုတ်သည် ကုလသမဂ္ဂကွန်ဗင်းရှင်းမှ သတ်မှတ်ပေးသည့် ကမ္ဘာလုံးဆိုင်ရာ အသုံးပြုနိုင်သော တောင်တရုတ်ပင်လယ်ရေပိုင်နက် ဥပဒေ Law of the Sea ကို နည်းမျိုးစုံနှင့်ချိုးဖောက်နေသည်ဟု ဆုံးဖြတ်ချက်ချခဲ့သော်လည်း တရုတ်အစိုးရက ထိုကြားနာမှုတွင် ပါဝင်ပတ်သက်ရန်မရှိဟုဆိုကာ မျက်ကွယ်ပြုခဲ့သည်။

၂၀၁၆ ဇူလိုင်လတွင် The Hague တရားရုံးမှ တရုတ်ဆိုသလို တောင်တရုတ်ပင်လယ်အတွင်းရှိ ရေပိုင် နက်အားလုံးနီးပါးနှင့် ကျွန်းများသည် သမိုင်းအစဉ်အလာအရ တရုတ်ပိုင်သည်ဆိုခြင်းမှာ အထောက် အထားမရှိသဖြင့် ရေရင်းမြစ်များကို ထိန်းချုပ်ပိုင်ခွင့်မရှိဟု ထပ်မံ ထုတ်ပြန်ခဲ့သည်။ သို့သော် တရုတ် ရေယာဉ်များနှင့် ငါးဖမ်းသင်္ဘောများသည် တောင်တရုတ်ပင်လယ် တစ်ခုလုံးနှင့် ကျွန်းများသည် မိမိတို့ နိုင်ငံပိုင်နက်ဟုဆိုကာ ဆက်လက်ကျူးကျော် နှောင့်ယှက်မှုများစွာ လုပ်ဆောင်နေခဲ့ကြသည်။ နိုင်ငံတကာကြားခံ ရေပိုင်နက် ၉ လိုင်းသည်လည်း မိမိတို့ပိုင်နက်ဟုသာ တရုတ်က တွင်တွင်ဆိုနေသည်။ တရားရုံးက တရုတ်သည် ဖိလစ်ပိုင် အထူးစီးပွားရေးဇုန် ရေပိုင်နက်တွင် ဖိလစ်ပိုင်နိုင်ငံ အချုပ်အခြာအာဏာပိုင်မှုကို ကျူးကျော်သည်ဟု ကောက်ချက်ချ ထုတ်ပြန်ခဲ့ပြန်သည်။ တရုတ် ငါးဖမ်းသင်္ဘောများသည် ဖိလစ်ပိုင် ရေပိုင်နက်အတွင်း ငါးဖမ်းခြင်း၊ ရေနံတူးဖော်ရှာဖွေမှု လုပ်ငန်းများကို ဟန့်တားခြင်း၊ ကျွန်းတုများ ဖော်ဆောင်နေခြင်း၊ ဖိလစ်ပိုင် သင်္ဘောများကို တရုတ် ကမ်းခြေစောင့်တပ် သင်္ဘောများမှ ကိုယ်ထိလက်ရောက် ရန်ပြုကာ ဝင်တိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထင်ရှားသဖြင့် ဖိလစ်ပိုင် အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ချိုးဖောက်သည်ဟု ရုံးတော်က သတ်မှတ် ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော် ရုံးတော်၏ စီရင်မှုကို နှာခေါင်းတစ်ချက်ရှုံ့သကဲ့သို့သာ တရုတ်က ဂရုမစိုက်ကြောင်း ပြသပြီး ယခုထက်တိုင် ဖိလစ်ပိုင် ရေပိုင်နက်ကိုသာ ဦးစားပေးပစ်မှတ်ထားပြီး ဆက်လက် ဗိုလ်ကျစိုးမိုးအနိုင် ကျင့်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလက ဖိလစ်ပိုင် အနောက်မြောက်ဘက် Scarborough ငါးဖမ်းဇုန်တွင် ဖိလစ်ပိုင် ကင်းလှည့်လေယာဉ်အနီး ၃ မီတာအကွာမှ တရုတ် ရေတပ်ပိုင် ရဟတ်ယာဉ် ကပ်ပျံသန်း ခြိမ်းခြောက်ခဲ့သည်။ မနှစ်က ဒီဇင်ဘာလအတွင်းမှာလည်း တရုတ်ကမ်းခြေ စောင့် သင်္ဘောများသည် တရုတ်ရေတပ်စစ်သင်္ဘောများ ခြံရန်ပြီး ဖိလစ်ပိုင်မှ ငါးဖမ်းစက်လှေ၊ သင်္ဘောအုပ်စုကို အလွန်ပြင်းထန်သည့် မီးသတ်ပိုက်များ၊ ရေအမြောက်များဖြင့် ပစ်ခတ်ခြိမ်းခြောက် တားဆီးခဲ့သည်။

တရုတ်သည် ၁၉၉၃ ခုနှစ်မှ ၂၀၁၃ ခုနှစ်ကြား အိန္ဒိယနှင့် သဘောတူထားမှုများစွာကို စီးရီးအလိုက် ချိုး ဖောက်မှုများလည်း လုပ်ဆောင်ခဲ့သည်။ အိန္ဒိယနှင့် အငြင်းပွားနယ်စပ်ပိုင်နက် Line of Actual Control အတွင်း မဝင်ရဆိုသည့် သဘောတူညီထားမှုကို ချိုးဖောက်ပြီး တရုတ်စစ်သားများ ဝင်ရောက်ကျူး ကျော်မှုများလုပ်ဆောင်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်ကလည်း တစ်ကမ္ဘာလုံး ကိုဗစ်ကပ်ဘေးနှင့် ဗျာပါဒ များနေချိန် တရုတ်စစ်တပ်များသည် အိန္ဒိယနှင့် သဘောတူစာချုပ်ကို ချိုးဖောက်ကာ Line of Actual Control နယ်မြေထဲ အများအပြားဝင်ရောက် ကျူးကျော်မှု လုပ်ခဲ့ကြသည်။ အဆိုပါ Line of Actual Control နယ်မြေ၏ ၂ ကီလိုမီတာအနီး အင်အားအလုံးအရင်းနှင့် စစ်သားများချထားမှုမပြုရ၊ အငြင်းပွားမှုကို ငြိမ်း ချမ်းစွာဖြေရှင်းရေးအတွက် ထိုနယ်မြေအနီး အခိုင်အမာ အကာအကွယ် အဆောက်အအုံများ မဆောက်ရဆိုသည့် သဘောတူညီချက်များကို လက်တွေ့လိုက်နာခြင်းမရှိဘဲ အကုန်ချိုးဖောက်ခဲ့သည်။ အိန္ဒိယ တရားဝင်ပိုင် နယ်မြေများထဲအထိ တရုတ်စစ်သားများ ဝင်ရောက် ခြင်း၊ အိန္ဒိယတပ်များ ကင်းလှည်မှုကို တားဆီးခြင်းများ၊ အငြင်းပွားနယ်မြေအတွင်း စစ်အင်အား အလုံး အရင်းရွှေ့ပြောင်းနေထိုင်ပြီး အခိုင်အမာအဆောက်အအုံများ ဆောက်လုပ်နေဆဲဖြစ်ကာ လက်ဦး အသာရမှု ရရှိရန်လည်း လုပ်ဆောင်နေခဲ့သည်။

ထိုအခြေအနေများကိုထောက်ရှုခြင်းအားဖြင့် ပေကျင်းအစိုးရသည် နိုင်ငံတကာ ကတိကဝတ် စာချုပ်များကို မလေးမစားဖြင့် ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသည်မှာ ထင်ရှားလွန်းနေပြီဖြစ်သည်။ နိုင်ငံတကာနယ်ပယ်တွင်လည်း တရုတ်နိုင်ငံသည် မိမိ ဂုဏ်သိက္ခာကို ကိုယ်တိုင် ပြန်လည် ဖျက်ဆီးနေခြင်း ဖြစ်တော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

China’s Marriage Crisis Fuels Demand for Brides, Trafficking Risks

~ Linn Maung ~ China’s shrinking marriage market, deep-rooted gender imbalance and
ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer limited to trade agreements, railway projects and investment

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now