ဆောင်းပါး

ပစိဖိတ်တွင် ရာဇဝတ်ကွန်ရက်များအား လက်နက်သဖွယ် အသုံးချနေသော တရုတ်

မဲခေါင် 21 Mar - 2025
~ လင်းမောင် ~ အမေရိကန် Think Tank အဖွဲ့ကြီး Pacific Economics ၏ ကျယ်ကျယ်ပြန့်ပြန့် လေ့လာစုံစမ်း ဖော်ပြခဲ့သည့် အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် နိုင်ငံငယ်လေးများအား ရာဇဝတ်ကွန်ရက်များကို စေလွှတ်ပြီး အနုစိတ် တွက်ချက်ထားသော မဟာဗျူဟာကျနည်းလမ်းဖြင့် ဖျက်ဆီးစိုးမိုးနိုင်ရေး လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြသနိုင်ခဲ့သည်။ အဆိုပါစုံစမ်းစစ်ဆေးမှုသည် ပစ္စိဖိတ်အနောက်ပိုင်း သေးငယ်သော ကျွန်းနိုင်ငံငယ်လေး ပါလောင်း (Palau) ကို ပစ်မှတ်ထား အာရုံစိုက်ထားခြင်း ဖြစ်သည်။ အဆိုပါ ကျွန်းနိုင်ငံငယ်လေး၏ အမျိုးသားအချုပ်အခြာအာဏာပိုင်မှုကို ထိပါးစေရေး စီးပွားရေးခြယ်လှယ်မှုနှင့် ရာဇဝတ်ကွန်ရက်များ ဖြန့်ကျက်ကာ တရုတ်ချဉ်းကပ်နေကြောင်း ကွက်ကွက်ကွင်းကွင်း ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။ မဟာဗျူဟာကျ ဗဟိုချက်မှာ တရုတ်-ကမ္ဘောဒီးယား လုပ်ငန်းစုကြီး Prince

~ လင်းမောင် ~

အမေရိကန် Think Tank အဖွဲ့ကြီး Pacific Economics ၏ ကျယ်ကျယ်ပြန့်ပြန့် လေ့လာစုံစမ်း ဖော်ပြခဲ့သည့် အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် နိုင်ငံငယ်လေးများအား ရာဇဝတ်ကွန်ရက်များကို စေလွှတ်ပြီး အနုစိတ် တွက်ချက်ထားသော မဟာဗျူဟာကျနည်းလမ်းဖြင့် ဖျက်ဆီးစိုးမိုးနိုင်ရေး လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြသနိုင်ခဲ့သည်။ အဆိုပါစုံစမ်းစစ်ဆေးမှုသည် ပစ္စိဖိတ်အနောက်ပိုင်း သေးငယ်သော ကျွန်းနိုင်ငံငယ်လေး ပါလောင်း (Palau) ကို ပစ်မှတ်ထား အာရုံစိုက်ထားခြင်း ဖြစ်သည်။ အဆိုပါ ကျွန်းနိုင်ငံငယ်လေး၏ အမျိုးသားအချုပ်အခြာအာဏာပိုင်မှုကို ထိပါးစေရေး စီးပွားရေးခြယ်လှယ်မှုနှင့် ရာဇဝတ်ကွန်ရက်များ ဖြန့်ကျက်ကာ တရုတ်ချဉ်းကပ်နေကြောင်း ကွက်ကွက်ကွင်းကွင်း ထုတ်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။

မဟာဗျူဟာကျ ဗဟိုချက်မှာ တရုတ်-ကမ္ဘောဒီးယား လုပ်ငန်းစုကြီး Prince Group ဖြစ်သည်။ ထူထောင်ထားသူမှာ Chen Zhi ဆိုသူဖြစ်သည်။ ၎င်းလုပ်ငန်းစုက ပါလောင်း နိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိသော အပန်းဖြေရိပ်သာ စီမံကိန်းများလုပ်ဆောင်ရန် တင်သွင်းခဲ့ပြီး ထိုလုပ်ငန်းများအကြောင်းပြကာ ငွေကြေးခဝါချခြင်း၊ အွန်လိုင်းလိမ်လည် (ကျားဖြန်) လုပ်ခြင်း၊ လူမှောင်ခိုကူးခြင်းများစွာကို အဓိက လုပ်ဆောင်နေခဲ့သည်။ ထိုရင်းနှီးမြှုပ်နှံမှုများသည် စီးပွားရေး အဆိုပြုမှုများအဖြစ်သာမက ပထဝီနိုင်ငံရေးအရ လွှမ်းမိုးချုပ်ကိုင်လိုရင်းက နောက်ဆက်တွဲ တွဲလျှက် ပါဝင်နေသည်။

Pacific Economics ၏ ပူးပေါင်းထူထောင်သူ Jarod Baker က ခေတ်မီဆန်းပြားသော စိမ့်ဝင်မှု နည်းလမ်းများကို အရေးပါသော ထိုးထွင်းသိမြင်မှုရရန် အသုံးချခြင်းမှာ တရုတ်၏ မဟာဗျူဟာ ဖြစ်ကြောင်း သုံးသပ်သည်။ အဆိုပါ ဒုစရိုက်ကွန်ရက်များသည် တရုတ်အစိုးရအတွက် လျှို့ဝှက်ဝင်လမ်းများကို ဖောက်လုပ်ပေးကာ အဆိုပါနိုင်ငံများ၏ ငွေကြေးကဏ္ဍ၊ လူများ၊ ရင်းမြစ်များ နှင့် မိတ်ဆက်ပေးသည်။ ပါလောင်းနိုင်ငံသည် ပုံမှန်အားဖြင့် ထိုင်ဝမ်ကို အသိအမှတ်ပြုကာ တရုတ်၏ one China ပေါ်လစီအပေါ် ဆန့်ကျင်ထားသည့်နိုင်ငံဖြစ်သည်။ ထို့ကြောင့် ဒုစရိုက်ကွန်ရက်အင်အားစု က ပါလောင်း၏ နိုင်ငံရေးနှင့် စီးပွားရေးဖိအားပေးမှုများကို တွန်းလှန်နိုင်ရေး မိမိတို့ လမ်းကြောင်း ဝင်ဖောက်ရမည်လောဟု တရုတ်အစိုးရထံ ကမ်းလှမ်းခဲ့သည်။ စိမ့်ဝင်ပြီးမှ တွင်းဆုံးနှိုက်မှုသည် သာမန် ရာဇဝတ်မှု များထက် သာလွန်သည်။ ထိုနည်းဖြင့် တရုတ်နိုင်ငံ၏ ပစ်မှတ်ထားသော နိုင်ငံများအပေါ် ချဉ်းကပ်မှုသည် အဆိုပါနိုင်ငံများ၏ ကဏ္ဍပေါင်းများစွာကို ဦးတည်တော့သည်။ ဥပမာအားဖြင့် ပညာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းများစသဖြင့် ကဏ္ဍပေါင်းစုံကို ဆိုလိုသည်။ ဤသို့ဘက်စုံသုံး မဟာဗျူဟာသည် ပါလောင်းနိုင်ငံ၏ ပစ္စိဖိတ်ဒေသအတွင်း လွတ်လပ်ရေးနှင့် ဗျူဟာမြောက် ရပ်တည်မှုအား တဖြည်းဖြည်း အားနည်းသွားစေရန် ရည်ရွယ်သည်။ ဤစိမ့်ဝင်မှု၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များမှာ လေးနက်ပြီး ကျယ်ပြန့်သည်။

ရာဇ၀တ်မှုလုပ်ငန်းများသည် တရားဝင်ရင်းနှီးမြှုပ်နှံသူများကို ဟန့်တားနိုင်သည့် အလားအလာရှိပြီး ပါလောင်း ၏ စီးပွားရေးဂုဏ်သိက္ခာနှင့် ခရီးသွား လုပ်ငန်းကို သိသိသာသာ ထိခိုက်ပျက်စီးစေနိုင်သည်။ ထို့အပြင် တရုတ်အစိုးရဆက်နွယ် စီမံကိန်းမြေယာများ၊ အခြေခံအဆောက်အအုံများလုံခြုံရေးအကြောင်းပြမှုနှင့် ပါလောင်း၏ အချုပ်အခြာအာဏာကို အခြေခံကျကျ အပေးအယူလုပ်ကာ ပစ္စိဖိတ်ဒေသတွင် ပါလောင်းနိုင်ငံ၏ မဟာဗျူဟာမြောက် အခန်းကဏ္ဍကို ထိခိုက်စေမည်ဖြစ်သည်။ အဆိုပါ အခြေအနေ များကြောင့် ပါလောင်းအပေါ် တရုတ်စွက်ဖက်လာမှုကို ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ် သားစွာ ဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့သည်။ တရုတ်အစိုးရသည် စီးပွားရေးသမားများနှင့် ရာဇဝတ်ကွန်ရက်များကို အသုံးချပြီး မြေယာဖွံ့ဖြိုးရေးနှင့်ရင်းနှီးမြှုပ်နှံမှုအသွင်ဆောင်ကာ ပါလောင်းနိုင်ငံ အဖွဲ့အစည်းများအတွင်းလှိုက် စိမ့်ဝင်နေကြခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။ သေးငယ်လွန်းသော နိုင်ငံလေးကို တရုတ်စေလွှတ်ထားသည့် ရာဇဝတ်ဂိုဏ်းများက ငွေကြေးခဝါချမှု၊ လောင်းကစားမှု၊ ကျားဖြန် လိမ်လည်မှု၊ တခြားသော တရားမဝင်လှုပ်ရှားမှုများမှတစ်ဆင့် စီးပွားရေးအသွင်ဆောင်ကာ ခြယ်လှယ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြတ်သားစွာ ထုတ်ပြန်ခဲ့သည်။

ပါလောင်း သမ္မတအဖြစ် ၂၀၂၁ ခုနှစ်က ရာထူးဆက်ခံခဲ့သော Surangel Whipps Jr က တရုတ်သည် ရိုင်းဆိုင်းသောနည်းစနစ်များကို သုံးစွဲပြီး မိမိတို့နိုင်ငံအား သံတမန်ဆက်ဆံရေးတွင် မဟာမိတ်များဆီမှ ဘက်ကူးပြောင်းလာနိုင်စေရန် ဖိအားပေးကြောင်း၊ အထူးသဖြင့် ပြည်ပခရီးသွားလုပ်ငန်း ကဏ္ဍကို လက်နက်သဖွယ်အသုံးချနေသည်ဟု ထပ်ကာထပ်ကာ စောဒကတက် တွန်းလှန်ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ၎င်း၏ပထဝီနိုင်ငံရေး အမြတ်ထုတ်အောင်မြင်လိုမှုရည်မှန်းချက်များအတွက် ရှုပ်ထွေးပြီးနက်နဲသော နည်းလမ်းပေါင်းစုံကို အသုံးပြုနေသည်ဟု ပါလောင်း သမ္မတက အလေးပေးစွပ်စွဲ ခြင်းဖြစ်သည်။ ထိုင်ဝမ်သည် ပါလောင်းနှင့် စစ်မှန်သည့် မိတ်ဖက်ဆက်ဆံရေးမူကို ကိုင်စွဲကာအပြန်အလှန် ဖွံ့ဖြိုးတိုးတက်ရေးကို အာရုံစိုက်လုပ်ဆောင်နေချိန် တရုတ်က ရာဇဝတ်ဂိုဏ်းများနှင့် စီးပွားရေးဖိအားပေးမှုကို အသုံးချနေသည်။ ထိုင်ဝမ်အစိုးရသည် မိမိတို့ နိုင်ငံ အချုပ်အခြာအာဏာနှင့်လွတ်လပ်ရေးကို လေးစားအသိအမှတ်ပြုပေးသော ပါလောင်းအတွက်လည်း စီးပွားရေးတိုးတက်မှုမြှင့်တင်ပေးနိုင်ရေး ရင်းနှီး မြှုပ်နှံမှုများကို တရားနည်းလမ်းကျစွာ ရင်းနှီးနေချိန် တရုတ်က ဆန့်ကျင်ဘက် အောက်လမ်းနည်းနှင့် စိုးမိုးမှုကို ရယူရန် ကြိုးစားနေခြင်းဖြစ်သည်။ ပါလောင်းအခြေအနေသည် လက်ရှိတွင် အုတ်အော် သောင်းနင်းမဖြစ်သေးသော်လည်း သံတမန်ရေးရာ ပဋိပက္ခများမှာမူ စစ်ပွဲသဏ္ဍန် တိုက်ပွဲအသွင်ဆောင်နေသည်။

ပါလောင်းသည် ထိုင်ဝမ်နှင့် တရားဝင် သံတမန်ဆက်ဆံရေးထားရှိသော ၁၂ နိုင်ငံထဲမှ တစ်နိုင်ငံသာဖြစ်သည်။ တရုတ်သည် ထိုင်ဝမ်ကို မိမိပိုင်နက်ဟု အခိုင်အမာပြောဆိုနေပြီး လွတ်လပ်သောနိုင်ငံအဖြစ် ထိုင်ဝမ်ကိုတရားဝင် သံတမန်ဆက်ဆံမှုပြုသည့် နိုင်ငံများကို မဟာဗျူဟာ မြောက်သော ပြဿနာရှာမှုများ ပြုလုပ်နေမြဲဖြစ်သည်။ သမားရိုးကျ စီးပွားရေးနှင့် မဟာဗျူဟာမြောက် ဆွေးနွေးခြင်းများဖြင့် သံတမန်ဆက်ဆံရေးကိုမတည်ဆောက်ဘဲ တရုတ်သည် လောင်းကြေးမြင့်ဂိမ်း တစ်ခုအဖြစ်ရာဇဝတ်ကွန်ရက်များကို အသုံးချကာ သံတမန်ဆက်ဆံရေးပြိုင်ပွဲကို အောက်လမ်းဖြင့် အနိုင်ရရန် ကြိုးစားသည်။ ထို့ကြောင့် Pacific Economics အစီရင်ခံစာတွင် နိုင်ငံတကာအသိုက်အဝန်းအတွက် အရေးကြီးသောသတိပေးချက်တစ်ခုဖြစ်ကြောင်း သတိပေးလာခြင်းဖြစ်သည်။ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်းများသည် နိုင်ငံတော်မူဝါဒ၏ ဆန်းသစ်သော ကိရိယာများအဖြစ်သို့ ပြောင်းလဲလာခဲ့ရာ တရားဝင်သော စီးပွားရေးလုပ်ငန်း၊ ရာဇ၀တ်မှုဆိုင်ရာ ဆောင်ရွက်မှုနှင့် ပထဝီနိုင်ငံရေး ဗျူဟာဆိုသော မျဉ်းကြောင်းများကြား ပွင့်လင်းမြင်သာ တရာဝင်မှုရှိခြင်းတို့ကို ထိထိရောက်ရောက် မှုန်ဝါးသွားစေသည်ဟု တင်ပြထားသည်။ ပါလောင်းကဲ့သို့သော နိုင်ငံငယ်လေးများ အတွက် ထိုခြိမ်းခြောက်မှုများသည် စီးပွားရေးလွတ်လပ်မှုနှင့် နိုင်ငံအချုပ်အခြာအာဏာကို ဆိုးရွားစွာ ထိပါးနေစေပြီဖြစ်ကြောင်းလည်း မီးမောင်းထိုးပြလိုက်ခြင်းဖြစ်သည်။

ထို နည်းပရိယာယ်များ၏ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုများက သိသာထင်ရှားလွန်းနေသည်။ တရုတ်၏ အတွင်းလှိုက် စိမ့်ဝင်ဝါးမြိုခြင်းများကို နိုင်ငံများက ပိုမိုသိရှိလာသည်နှင့်အမျှ ခိုင်မာသော ကာကွယ်မှုယန္တရားများ လိုအပ်သည်မှာ အရေးအကြီးဆုံးအချိန် ရောက်လာပြီဖြစ်သည်။ နိုင်ငံများ အနေဖြင့် အဆိုပါ စီးပွားရေးနှင့် ရာဇ၀တ်မှုဆိုင်ရာ ထိုးဖောက်ဝင်ရောက်မှု ပုံစံများကို ဖော်ထုတ်ရန်၊ တားဆီးရန်နှင့် တန်ပြန်ရန် ခေတ်မီသော မဟာဗျူဟာများကို မဖြစ်မနေ ဖော်ဆောင်ရမည်ဖြစ်သည်။ ပါလောင်းထုတ်သတင်းစာ The Island Times ခေါင်းကြီးပိုင်းတွင် ရာဇဝတ်ကွန်ရက်များမှတစ်ဆင့် စိမ့်ဝင်လှိုက်စားလာခြင်းများသည် နိုင်ငံအတွင်း တရားဝင် ရင်းနှီးမြှုပ်နှံသူများကို တားဆီးခြင်းသာမက နိုင်ငံ၏ ရေရှည် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကိုပါ ထိခိုက်ပျက်ဆီးစေကြောင်း မီးမောင်းထိုး ဖော်ပြခဲ့သည်။

ထိုင်းပြည် ခရီးသွားလုပ်ငန်းအဆောက်အအုံ နှောင့်ယှက်ခံရနိုင်ခြင်းနှင့် စီးပွားရေး တည်ငြိမ်မှုပျက်ပြားခြင်းက နိုင်ငံစီးပွားရေးကို သိသိသာသာ နာတာရှည်နိုင်သည်။ လွတ်လပ်သောအာရှအသံ (RFA) နှင့် တရုတ်အစိုးရကိုယ်တိုင်က Prince Group ဒုစရိုက်ကွန်ရက်၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည် ဟု ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ပြဿနာရှိနေသော ဒုစရိုက်ဆက်စပ် လုပ်ငန်းများ ပါလောင်းတွင် ရှိနေ သည်ကို အသိအမှတ်ပြုသည်ဟု လက်ခံထားကြသည်။ နိုင်ငံတကာက ထိုအရေးစိစစ်မှုများတွင်မူ ရှုပ်ထွေးပြီးဆိုးရွားသည့် နားလည်ရခက်သော အခြေအနေများကိုမူ တရုတ်ကိုယ်တိုင် ပိုမိုဖန်တီးထားခြင်းကတော့ ငြင်းမရနိုင်ပေ။

Pacific Economics ၏ အစီရင်ခံစာသည် သီးခြားစုံစမ်းစစ်ဆေးမှုထက် များစွာပိုမိုသည်။ ထိုစစ်ဆေးမှုသည် တရုတ်၏ ဆန်းပြားသော ကွန်ရက်များမှတစ်ဆင့် နိုင်ငံငယ်များအပေါ် ပစ်မှတ်ထား လွှမ်းမိုးနေခြင်းအပေါ် ကိုယ်စားပြု စစ်ဆေးထားခြင်းဖြစ်သည်။ ရာဇဝတ်မှုဆိုင်ရာ လှုပ်ရှားမှုများ၊ စီးပွားရေးဖိအားပေးမှုများနှင့် ပထဝီနိုင်ငံရေးအရ ခြယ်လှယ်မှုများကို ပေါင်းစပ်ထားသော ရှုပ်ထွေး ကောက်ကျစ်သည့် တရုတ်ဗျူဟာများကို မီးမောင်းထိုးပြခြင်းလည်းဖြစ်သည်။ မော်ဒန် နိုင်ငံတကာ ဆက်ဆံရေးမူဘောင်တွင် ထိုသို့ ရှုပ်ထွေးသည့် တရုတ်၏ကောက်ကျစ်သော အတွင်းလှိုက်စိမ့်ဝင် စိုးမိုးရေးဗျူဟာမှာ အထူးသတိထားစရာ ကိစ္စတစ်ရပ်ဖြစ်ကြောင်း အရေးပေါ် အချက်ပေးခေါင်းလောင်းသံ ပေးလိုက်ခြင်းပင် ဖြစ်တော့သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now