ဆောင်းပါး

ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသော တရုတ်၏ နောက်ဆက်တွဲမဟာဗျူဟာ

မဲခေါင် 16 Mar - 2025
~ လင်းမောင် ~ FBI ဒါရိုက်တာ ခရစ္စတိုဖာ ၀ရေး၏ နှုတ်ဆက်စာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ လမ်းစဉ်ဖြင့် အမေရိကန်၏ ဆန်းသစ်တီထွင်မှုနှင့်လုံခြုံရေးကို အဖျက်သဘောဆောင်သည့် လှုပ်ရှားနေမှုများအား ကွက်ကွက်ကွင်းကွင်းထည့်သွင်းရေးသားထားပြီး တရုတ်၏ စနစ်တကျ နည်းပညာခိုးယူမှု၊ ခြယ်လှယ်မှု၊ ရက်စက်ယုတ်မာနေမှုများက ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်းရေးကို ခန့်မှန်းမရနိုင်သည့် အတိုင်းအတာအထိ ခြိမ်းခြောက်နေကြောင်း ထည့်သွင်းရေးသားခဲ့သည်။ တရုတ်၏ လုပ်ရပ်နှင့်သွင်ပြင်လက္ခဏာများမှာ ကျွနှ်ပ်တို့၏ မျိုးဆက်တစ်ခုလုံးအပေါ် ခြိမ်းခြောက်နေ ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။ အတွင်းလှိုက်စားမှုများကို လုပ်ဆောင်ရာတွင် အမေရိကန် နိုင်ငံအတွင်းအစိုးရ၏ထိပ်တန်းဥပဒေစိုးမိုးရေးအေဂျင်စီများတွင် ၎င်းတို့ထည့်သွင်းထားသည့်သူများ ၇ နှစ် ကျော် ဝင်ရောက်လုပ်ကိုင်ပြီးနောက် မျိုးဆက်သစ်များကို အတွင်းစည်းနှင့်လိုရာဆွဲ အတွေ့အကြုံများကိုတည်ကာ ပြောဆိုစည်းရုံးဆွဲဆောင်ကြသည်။ ထို့ကြောင့်ပင် ၀ရေးက တရုတ်ခြိမ်းခြောက်မှုသည် ခန့်မှန်းမရ တွက်ချက်မရနိုင်သည်အထိ

~ လင်းမောင် ~

FBI ဒါရိုက်တာ ခရစ္စတိုဖာ ၀ရေး၏ နှုတ်ဆက်စာတွင် တရုတ်ကွန်မြူနစ်ပါတီ၏ လမ်းစဉ်ဖြင့် အမေရိကန်၏ ဆန်းသစ်တီထွင်မှုနှင့်လုံခြုံရေးကို အဖျက်သဘောဆောင်သည့် လှုပ်ရှားနေမှုများအား ကွက်ကွက်ကွင်းကွင်းထည့်သွင်းရေးသားထားပြီး တရုတ်၏ စနစ်တကျ နည်းပညာခိုးယူမှု၊ ခြယ်လှယ်မှု၊ ရက်စက်ယုတ်မာနေမှုများက ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်းရေးကို ခန့်မှန်းမရနိုင်သည့် အတိုင်းအတာအထိ ခြိမ်းခြောက်နေကြောင်း ထည့်သွင်းရေးသားခဲ့သည်။

တရုတ်၏ လုပ်ရပ်နှင့်သွင်ပြင်လက္ခဏာများမှာ ကျွနှ်ပ်တို့၏ မျိုးဆက်တစ်ခုလုံးအပေါ် ခြိမ်းခြောက်နေ ခြင်းဟု အဓိပ္ပါယ်ဖွင့်ဆိုရမည်ဖြစ်သည်။ အတွင်းလှိုက်စားမှုများကို လုပ်ဆောင်ရာတွင် အမေရိကန် နိုင်ငံအတွင်းအစိုးရ၏ထိပ်တန်းဥပဒေစိုးမိုးရေးအေဂျင်စီများတွင် ၎င်းတို့ထည့်သွင်းထားသည့်သူများ ၇ နှစ် ကျော် ဝင်ရောက်လုပ်ကိုင်ပြီးနောက် မျိုးဆက်သစ်များကို အတွင်းစည်းနှင့်လိုရာဆွဲ အတွေ့အကြုံများကိုတည်ကာ ပြောဆိုစည်းရုံးဆွဲဆောင်ကြသည်။ ထို့ကြောင့်ပင် ၀ရေးက တရုတ်ခြိမ်းခြောက်မှုသည် ခန့်မှန်းမရ တွက်ချက်မရနိုင်သည်အထိ သက်ရောက်မှုရှိကြောင်း ပြောဆိုခြင်းဖြစ်သည်။ အထူးသဖြင့် ပျက်စီး စေမည့် ရည်ရွယ်ချက် ၃ ရပ်ကို ပစ်မှတ်ထားသည်။ ပထမတစ်ခုမှာ အမေရိကန်၏ တီထွင်ဆန်းသစ်မှု များကို နှိုးဆွခြင်း၊ ဒုတိယအနေဖြင့် အရေးပါသော ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခိုးယူ ခြင်း၊ တတိယအနေဖြင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်း ဝင်ရောက်စွက်ဖက်ခြင်းတို့ဖြစ်သည်။

တီထွင်ဆန်းသစ်မှုပိုင်းတွင် တရုတ်၏ လုပ်ရပ်များက အထူးဆိုးရွားလှသည်။ ကမ္ဘာစျေး ကွက်အတွေးအခေါ်တွင် မျှတသောယှဉ်ပြိုင်ခြင်းထက် အခြားနိုင်ငံများမှ အသိဉာဏ်ပစ္စည်းနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများကို စနစ်တကျ လုယူရန် ရွေးချယ်ခဲ့သည်။ ဤနည်းဗျူဟာသည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ချဉ်းကပ်မှု အခြေခံအားနည်းချက်များကို ဖော်ပြခြင်း ဖြစ်သည်။ ပွင့်လင်းသော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် စစ်မှန်သော ဆန်းသစ်တီထွင်မှုကို ဖော်ဆောင်မည့်အစား ၎င်းတို့၏ နည်းပညာဆိုင်ရာ စွမ်းရည်များကို မြှင့်တင်ရန်အတွက် ခိုးယူမှုနှင့် သူလျှိုလုပ်ခြင်းတို့ကို မှီခိုအားထားနေသည်။

အမေရိကန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ အခြားသူများထံမှ ကိုယ်ရေးကိုယ်တာအချက်အလက်များ ခိုးယူခြင်းအပေါ် အာဏာရှင်တရုတ်အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုသည် တရုတ်နိုင်ငံ၏ နယ်နိမိတ်ကို ကျော်လွန်၍ ကျယ်ပြန့်သော စောင့်ကြည့်ရေးနိုင်ငံတော်ကြီးတစ်ခုအဖြစ် တည်ဆောက်ရန်ကသာ အဓိက ကျကြောင်းသက်သေပြနေသည်။ ဤကြီးမားသော ဒေတာစုဆောင်းခိုးယူမှုသည် ဆိုးရွားသောရည်ရွယ်ချက်များစွာကို ဆောင်ရွက်ပေးသည်။ စီးပွားရေးသူလျှိုလုပ်ခြင်း၊ နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုကို လွယ်ကူချောမွေ့စေခြင်းနှင့် တရုတ်ကွန်မြူနစ်ပါတီ (CCP) အကျိုးစီးပွားကို ဆန့်ကျင်သော လူတစ်ဦးချင်းစီအပေါ် ဖိနှိပ်ချုပ်ချယ်မှုများကို တတ်စွမ်းစေသည်။

အစိုးရိမ်ရဆုံးသော ဖြစ်တည်လာနိုင်မှုများက လွတ်လပ်သော လူ့အဖွဲ့အစည်းများအတွင်း CCP ၏ စွက်ဖက်နိုင်မှု ပိုများလာနိုင်ခြင်းဖြစ်သည်။ ၀ရေး ပြောသည့်အတိုင်း ကျွန်ုပ်တို့၏လွတ်လပ်ပွင့်လင်းသောလူ့အဖွဲ့အစည်းတွင်ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုများသည် ကမ္ဘာတစ်ဝှမ်းရှိ ဒီမိုကရေစီအဖွဲ့အစည်းများအား တိုက်ရိုက်ချေမှုန်းခြင်းကိုကိုယ်စားပြုသည်။ ပါတီ၏ လုပ်ဆောင်ချက်များသည် ပြည်ပမှ ဝေဖန်သူများကို နှုတ်ပိတ်ရန် ကြိုးပမ်းခြင်းမှ ခေတ်မီသော သြဇာလွှမ်းမိုးမှု လုပ်ငန်းများမှတစ်ဆင့် လူထု၏ ဟောပြောချက်များအထိပါ ကြိုးကိုင်နိုင်ခြင်းအထိ ပါဝင်သည်။ ဤပြင်ပဖိနှိပ်မှုသည် ၎င်းတို့၏ပြည်တွင်းဖိနှိပ်မှုကို ပိုပြီးထင်ဟပ်စေကာ CCP သည် ၎င်း၏ဩဇာအာဏာကို တစ်ကမ္ဘာလုံးသို့တင်ပို့ရန် ကြိုးပမ်းနေပုံကို ပြသသည်။

ကမ္ဘာလုံးဆိုင်ရာ တင်းမာမှုများ မြင့်တက်လာချိန်တွင် ၀ရေး ၏ သတိပေးချက်သည် အထူးသတိထားစရာဖြစ်သည်။ CCP ၏ ရန်လိုသော အပြုအမူ၊ နည်းပညာ ခိုးယူမှုနှင့် ဒေတာစုဆောင်းရန် ကြိုးပမ်းမှုတို့သည် ကမ္ဘာနှင့်ပူးပေါင်းဆောင်ရွက်မှုထက် အားလုံးကို ထိပ်တိုက်ရင်ဆိုင်ရန် ပြင်ဆင်နေကြောင်း ထင်ရှားစွာ မြင်တွေ့ရနိုင်သည်။ ၎င်းတို့၏ လုပ်ရပ်များသည် နိုင်ငံတကာ ဆက်ဆံရေးကို သုညဂိမ်းအဖြစ် ရှုမြင်ကြောင်းနှင့် တခြားနိုင်ငံများ လုံခြုံရေးနှင့် သာယာ၀ပြော ရေးလုပ်ငန်းစဉ်များအတွက် စရိတ်စခ တိုးမြှင့်အသုံးပြုရခြင်းသည်ပင်လျှင် တရုတ် အတွက် မြှင့်တင်ခြင်းအဖြစ် မှတ်ယူနေသည်မှာ သေချာနေတော့သည်။

၀ရေး မှတ်ချက်များအတိုင်း တရုတ်၏ ခြိမ်းခြောက်မှုများသည် ဆန်းပြားပြီး မကြုံစဖူးအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ သမားရိုးကျ ရိုးရာသဘောရှိ သူလျှိုလုပ်မှုများကို အဆင့်မြှင့်တင်နေသလို တစ်ဖက်တွင်လည်း ခေတ်ဟောင်းသူလျှိုပုံစံနှင့် ခေတ်သစ် နည်းပညာမြင့်ဆိုက်ဘာအစွမ်းသတ္တိများ ကို ပေါင်းစပ်ပြီး ၎င်းတို့၏ မတော်မတရားလုပ်ရပ်များအပေါ် ခြေရာခံဖော်ထုတ်နိုင်ရေး လွန်စွာ ခက်ခဲစေ ရန် လမ်းစဖျောက်ခြင်းနှင့် တန်ပြန်ခံရမှုများ မကြုံစေရေး စနစ်တကျ ပြင်ဆင်ထားသည်။ တရားဝင် သော စီးပွားရေးဆက်စပ်လုပ်ငန်းများနှင့် ပညာတော်သင်ပူးပေါင်းဆောင်ရွက်ခြင်းများကို အကာအကွယ်ယူကာ ရည်ရွယ်ရင်းအမှန်ကို ဖုန်းကွယ်ထားသည်။

တရုတ်လုပ်ရပ်များအပေါ် ၀ရေး ထောက်ပြခဲ့မှုများအတွက် အမေရိကန်အနေဖြင့် လေးနက်သော အာရုံ စူးစိုက်မှုမျိုး မဖြစ်မနေ ထားရှိရမည်ဖြစ်ကာ ထိုခြိမ်းခြောက်မှုသည် အမေရိကန်တစ်နိုင်ငံတည်း၏ အကျိုး စီးပွားအတွက် သာမဟုတ်ဘဲ နိုင်ငံတကာစည်းမျဉ်းနှင့် အခြေခံစံနှုန်းများအပေါ် တည်မှီချမှတ်ထားသည့် သန့်ရှင်းစွာ ပြိုင်ဆိုင်ရေးမူဘောင်ကို မျက်ကွယ်ပြုခြင်းအဖြစ် ကိုယ်စားပြုစေသည်။ ကမ္ဘာက လက်ခံထားသည့် စံနှုန်းများကို စနစ်တကျချိုးဖောက်ခြင်း၊ ကတိကဝတ်များကို ဖောက်ဖျက်ခြင်း၊ စံနှုန်းများကို ရှောင်တိမ်းသည့် နည်းဗျူဟာဆိုင်ရာ အတားအဆီးများကို ဖောက်ဖျက်ပြနိုင်သည့် အစိုးရ တစ်ရပ်ဖြစ်ကြောင်းလည်း ထင်ရှားစေသည်။

ရှုပ်ထွေးပြီး နားလည်ရန်ခက်စေသလို ထိုဗျူဟာစကေးပိုင်းကောင်းမွန်းနေခြင်းများနှင့် တရုတ်၏ ရန်လိုသော လုပ်ရပ်များက ၀ရေး အလေးထားထောက်ပြခဲ့သည့်အတိုင်း တစ်နိုင်ငံချင်းစီ တုံ့ပြန်ဖြေရှင်မည့် အစား အားလုံး စုပေါင်းတွန်းလှန်မှသာ ပို ထိရောက်စေမည်မှာ အမှန်ပင်ဖြစ်သည်။ အလွန်ပြည့်စုံသည့် မဟာဗျူဟာများဖြင့် သူတပါး၏ အမြင့်ဆုံးနည်းပညာများ၊ စီးပွားရေးဆိုင်ရာအားသာချက်များကို တစ်ပြိုင်တည်း ထုတ်ယူနေချိန် တစ်ဖက်တွင်လည်း ဒီမိုကရေစီအဖွဲ့အစည်းများကို ထိခိုက်ပျက်ယွင်း စေရန် ရည်ရွယ်ထားသည်။ ၎င်းတို့ အလိုရှိသော ရည်မှန်းချက်များအတွက် ယခုလို အောက်လမ်းနည်း များအသုံးပြုရန် CCP ပါတီက ဆန္ဒရှိခြင်းနှင့်လက်တွေ့အသုံးပြုနေခြင်းများသည် နိုင်ငံတကာဥပဒေနှင့် ကျင့်ဝတ်များကို အနှောင့်အယှက်ပေးခြင်းလည်း ဖြစ်သည်။

၀ရေး၏ နုတ်ထွက်သတိပေးချက်သည် တရုတ်နိုင်ငံ၏ ရက်စက်ကြမ်းကြုတ်သော အပြုအမူနှင့် ယုတ်မာသော ရည်ရွယ်ချက်များအတွက် ပြင်းပြင်းထန်ထန် စွဲချက်တင်မှု တစ်ခုဖြစ်သည်။ ၎င်းတို့၏ ခိုးမှု၊ ဝင်ရောက်စွက်ဖက်မှုနှင့် ဖိနှိပ်မှုများသည် အမေရိကန် အကျိုးစီးပွားကို ခြိမ်းခြောက်ရုံသာမက ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုနှင့် သာယာဝပြောရေးတို့အတွက် အခြေခံစိန်ခေါ်မှုတစ်ရပ်ကို ကိုယ်စားပြုသည်။ တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်များသည် ပူးပေါင်းဆောင်ရွက်မှုအပေါ် ဟန့်တားခြင်းများ၊ ဆန်းသစ်တီထွင်မှုအပေါ် ခိုးယူမှုနှင့် လွတ်လပ်မှုအပေါ် ဖိနှိပ်မှုများကိုသာ ရွေးချယ်ထားသည့် အစိုးရတစ်ရပ်ဖြစ်ကြောင်း ဖော်ထုတ်ပြသထားသည်။ ၀ရေး အကြံပြုထားသည့်အတိုင်း ဤခြိမ်းခြောက်မှုကို တုံ့ပြန်ခြင်းသည် လွတ်လပ်ပွင့်လင်းသော နိုင်ငံတကာအမိန့်ကို ထိန်းသိမ်းစောင့်ရှောက်ရန် ကတိပြုထားသည့် ဒီမိုကရေစီနိုင်ငံများတွင် မကြုံစဖူးသော သတိနှင့် စည်းလုံးမှု လိုအပ်မည်ဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now