ဆောင်းပါး

ယဉ်ကျေးမှုတားမြစ်ချက်မှသည် နိုင်ငံရေးပြဿနာဖြစ်လာသည့် တရုတ်ပြည်မှ ကွာရှင်းပြတ်စဲမှု မူဝါဒများ

မဲခေါင် 10 Mar - 2025
~ လင်းမောင် ~ သမ္မတရှီကျင်းဖျင်လက်ထက် မူဝါဒတင်းကြပ် ထိန်းချုပ်မှုများကြောင့် တရုတ်ပြည်တွင် အမျိုးသမီးထု၏ အိမ်ထောင်ကွာရှင်းလိုခြင်းအရေးမှာ ခက်ခဲကျပ်တည်းလာရပြီဖြစ်သည်။ နိုင်ငံလူဦးရေ ကျုံ့သွားခြင်းနှင့် သက်ကြီးရွယ်အိုများပြားပြီး လုပ်သားလိုအပ်ခြင်းဘေးဆိုက်နေချိန် တရုတ်အစိုးရက တန်ပြန်နိုင်ရန် ချစ်ကြည်စွာ ရင်သွေးများ မွေးဖွားခြင်း၊ လက်ထပ်ပေါင်းသင်းကြခြင်း၊ မိသားစု အပေးအယူညီမျှခြင်းများကို ဗဟိုပြုတည်ဆောက်ရန် စီမံကိန်းချခဲ့သည်။ သို့သော် အိမ်ထောင်ကွာရှင်းခြင်းများကို ပိတ်ပင်ရာမှ ယဉ်ကျေးမှုတားမြစ်ချက်အဖြစ်မှသည်နိုင်ငံရေး ပြဿနာကြီး ဖြစ်လာတော့သည်။ ထိုမူဝါဒကြောင့် အမျိုးသမီးထု အိမ်ထောင်ကွာရှင်းနိုင်ရန် အလွန်ခက်ခဲသွားပြီး နှိပ်စက်ခံ အိမ်ထောင်သည်ဘ၀များသို့ ပိုမို ရောက်ရှိလာရတော့သည်။ အစိုးရ မူဝါဒကြောင့် အာဏာပိုင်များက မိသားစုများအတွင်း အိမ်တွင်းအကြမ်းဖက်မှုများကို မျက်ကွယ်ပြုလာကြသလို ကြားဝင်ဖြေရှင်းခြင်းများလည်းမပြု၊ တရားရုံးများမှလည်း မတရားနှိပ်စက်ခံ အိမ်ထောင်သည်များက အိမ်ထောင်ကွဲလိုရင်း လျှောက်ထားမှုများကို

~ လင်းမောင် ~

သမ္မတရှီကျင်းဖျင်လက်ထက် မူဝါဒတင်းကြပ် ထိန်းချုပ်မှုများကြောင့် တရုတ်ပြည်တွင် အမျိုးသမီးထု၏ အိမ်ထောင်ကွာရှင်းလိုခြင်းအရေးမှာ ခက်ခဲကျပ်တည်းလာရပြီဖြစ်သည်။ နိုင်ငံလူဦးရေ ကျုံ့သွားခြင်းနှင့် သက်ကြီးရွယ်အိုများပြားပြီး လုပ်သားလိုအပ်ခြင်းဘေးဆိုက်နေချိန် တရုတ်အစိုးရက တန်ပြန်နိုင်ရန် ချစ်ကြည်စွာ ရင်သွေးများ မွေးဖွားခြင်း၊ လက်ထပ်ပေါင်းသင်းကြခြင်း၊ မိသားစု အပေးအယူညီမျှခြင်းများကို ဗဟိုပြုတည်ဆောက်ရန် စီမံကိန်းချခဲ့သည်။ သို့သော် အိမ်ထောင်ကွာရှင်းခြင်းများကို ပိတ်ပင်ရာမှ ယဉ်ကျေးမှုတားမြစ်ချက်အဖြစ်မှသည်နိုင်ငံရေး ပြဿနာကြီး ဖြစ်လာတော့သည်။ ထိုမူဝါဒကြောင့် အမျိုးသမီးထု အိမ်ထောင်ကွာရှင်းနိုင်ရန် အလွန်ခက်ခဲသွားပြီး နှိပ်စက်ခံ အိမ်ထောင်သည်ဘ၀များသို့ ပိုမို ရောက်ရှိလာရတော့သည်။

အစိုးရ မူဝါဒကြောင့် အာဏာပိုင်များက မိသားစုများအတွင်း အိမ်တွင်းအကြမ်းဖက်မှုများကို မျက်ကွယ်ပြုလာကြသလို ကြားဝင်ဖြေရှင်းခြင်းများလည်းမပြု၊ တရားရုံးများမှလည်း မတရားနှိပ်စက်ခံ အိမ်ထောင်သည်များက အိမ်ထောင်ကွဲလိုရင်း လျှောက်ထားမှုများကို လက်မခံတော့ဘဲ ပြန်လည်ရင်ကြားစေ့ရေးများကိုသာ တွင်တွင် လုပ်ဆောင်နေတော့သည်။

ခိုင်မာယုံကြည်ရသော သတင်းများအရ တရုတ်ပြည်တွင် အောင်မြင်သည့် အိမ်ထောင် ကွာရှင်းနိုင်မှုနှုန်းမှာ ပြီးခဲ့သည့်နှစ်ပိုင်းအတွင်း ကျဆင်းလာခဲ့ပြီဟု သိရသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုတာကာလက ကွာရှင်းရန် ကြိုးစားမှုများ၏ ၇၀ ရာခိုင်နှုန်းအထိ တရားဝင်ကွာရှင်းနိုင်ခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် ၃၅ ရာခိုင်နှုန်းသာ အောင်မြင်စွာ ကွာရှင်းနိုင်တော့သည်။ ထိုသို့ ကျဆင်းရခြင်းမှာ အစိုးရဘက်မှ ကြားဝင်ဖြန်ဖြေရေး မူဝါဒကို လက်ကိုင်ထားပြီး မကွာရှင်းနိုင်ရန် စည်းကမ်းများနှင့် စေ့စပ်မှုများလုပ်ဆောင်မှုကြောင့်သာလျှင် ဖြစ်သည်။ တရားသူကြီးများက မကြခဏဆိုသလို အနိုင်ကျင့်၊ သစ္စာဖောက်၊ အလွဲသုံးစားပြုမူခြင်းများကို အိမ်ထောင်သည် အမျိုးသမီးများ ခံစားကြရ သော်လည်း လူမှုအသိုင်းအဝိုင်း၏ မျှော်လင့်ချက်တန်ဖိုး၌ အမျိုးသမီးများက အိမ်ထောင်ရေးမပြိုကွဲရေးကို ကြံ့ကြံ့ခံနိုင်ရမည်ဟုဖိအားပေးကာ ကွာရှင်းမှုမပြုလုပ်ပေးဘဲ မိဘများနေအိမ်သို့ ခေတ္တပြန်နေရန် စီစဉ်ပေး ခြင်းများ ပြုလုပ်နေတော့သည်။

စိတ်ပြေခြင်း အချိန်အပိုင်းအခြား – ကွာရှင်းခြင်းမဖြစ်ရန် အတားအဆီး

အငြင်းပွားဖွယ်ရာအကောင်းဆုံး တရုတ်အစိုးရ၏ ကွာရှင်းခြင်းမူဝါဒများထဲတွင် လင်မယားများအကြား စိတ်ဆိုး ပြေ အချိန်အပိုင်းအခြား (cooling-off period) မူဝါဒ ချမှတ်ထားခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ အဆိုပါ ဥပဒေအရ ကွာရှင်းလိုသည့် လင်မယားသည် နောက်ဆုံးမကွာရှင်းမီ ရက် ၃၀ စောင့်ဆိုင်းပြီး စိတ်ဆိုးပြေ စေရေး အချိန်အပိုင်းအခြားတစ်ခုကို ကြားခံ သတ်မှတ်ပေးထားသည်။ စိတ်မြန်သော ကွာရှင်းမှုမဖြစ်ရေးဟု မူဝါဒချမှတ် မိတ်ဆက်ပေးထားသည်။ ထို ဥပဒေကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြသည်။ အထူးသဖြင့်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက ပိုမိုပြင်းထန်စွာ ဆန့်ကျင်ကြသည်။ ထို ရက် ၃၀ ကာလ အတွင်း အမျိုးသမီးများအပေါ် မတော်မလျှော်သော ဆက်ဆံ အနိုင်ကျင့်မှု၊ ရက်စက်မှုများစွာဖြင့် ထပ်မံ ထိခိုက် စေနိုင်သည်ဟု အသံများကျယ်လောင်စွာဖြင့် ကန့်ကွက်ကြသည်။ ရက်စက်ခဲ့သူ ခင်ပွန်းက ကွာရှင်းရေးကို ကနဦးလက်ခံလိုက်ပြီးဖြစ်သော်လည်း အဆိုပါ စိတ်ဆိုးပြေကာလရက်ပိုင်းအတွင်း စိတ်ပြေသွားပြီး စိတ်ပြောင်းကာ မကွာရှင်းလိုတော့ဟု တုံ့ပြန်လာလျှင် အဆိုပါ အိမ်ထောင်ကွာရှင်းနိုင်ရေးမှာ မဖြစ်နိုင်သလောက် ခက်ခဲသွားပြီဖြစ်သည်။ အဆိုပါ စိတ်ပြေ အချိန်အပိုင်းအခြားဥပဒေ စတင်ပြဌာန်းသည့် ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံတစ်ဝန်း လင်မယားခန်းကွာရှင်းရန် လျှောက်ထားမှု ၉၆၆၀၀၀ ရှိခဲ့ ရာ ရှေ့တစ်နှစ် (၂၀၂၀) ပြည့်နှစ်နှစ်ဝက်ကာလ အောင်မြင်စွာ ကွာရှင်းနိုင်ခဲ့မှုနှုန်းထက် ၅၀ ရာခိုင်နှုန်း အောင်မြင်မှု လျော့ကျသွားခဲ့သည်။ ထို ဖြစ်စဉ်ကို တရုတ်အာဏာပိုင်များက မိသားစုတန်ဖိုးအပေါ် ကာကွယ်ပေးနိုင်မှု အလွန် မြင့်တက်ခဲ့သည်ဟု ကြုံးဝါးပြောဆိုကြသော်လည်း မပျော်ရွှင်သော၊ အန္တရာယ်ရှိသော အနိုင်ကျင့် အနှိပ်စက်ခံ အမျိုးသမီးထုဘက်မှမူ ၎င်းတို့၏ ရပိုင်ခွင့် အခွင့်အရေးများ ငြင်းပယ်ခံရခြင်းသာဖြစ်သည်ဟု ကန့်ကွက်ခဲ့ကြ သည်။

ရဲတပ်ဖွဲ့နှင့်တရားစီရင်ရေး ကဏ္ဍ

အစိုးရ၏ ဖိအားပေးသော အိမ်ထောင်မကွဲရေးမူဝါဒများကြောင့် ကွာရှင်းလိုသော အမျိုးသမီးပေါင်းများစွာ၏ ကွာရှင်းလိုကြောင်း တိုင်ကြားချက်များကို ရဲနှင့် တရားရုံးများက အလေး မထားဘဲ ပလှပ်ကုန်သည်။ အိမ်တွင်းအကြမ်းဖက်မှု၊ အိမ်ထောင်ရေးဖောက်ပြန်အလွဲသုံးစားလုပ်မှုများကို တိုင်ကြားလျှင် စုံစမ်းစစ်ဆေးရမည့်အစား အာဏာပိုင်များက တိုင်ကြားသူတို့ အန္တရာယ်ရှိနေသည်ကို သိသည့် တိုင် အမျိုးသမီးများ အိမ်ထောင်မပျက်ပြားစေရေး ထိန်းသိမ်းရန် တာဝန်ကြီးများစွာရှိသည်ဟု ဖိအားပေး မှုများ ပင် ပြုလုပ်ကြသည်။ ထို့ကြောင့်ပင် လူမှုကွန်ရက်များသည် ဖိနှိပ်ခံအမျိုးသမီးထု၏ ရင်ဖွင့်ရာ၊ မျှဝေရာ ဖြစ်လာ သည်။ ရဲတပ်ဖွဲ့နှင့် တရားစီရင်ရေးတာဝန်ရှိသူများ မျက်ကွယ်ပြုနေကြခြင်းကြောင့် လူမှုကွန်ရက်ပေါ်မှ အမျိုး သမီးထု၏ နာကျင်မျှဝေသံများက တရုတ်အစိုးရ၏ စနစ်ကို ပြောင်းလဲနိုင်စွမ်း လုံးလုံးမရှိပေ။

အမျိုးသမီးများအား ဥပဒေအရ အကာအကွယ်ပေးရေး ဦးဆောင်သည့် ပေကျင်း Qianqian ဥပဒေရေးရာအဖွဲ့ ၂၀၂၁ ခုနှစ်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ကွာရှင်းခွင့်တောင်းခံသော အမှုပေါင်း ၁၀၇၃ မှုကို လေ့လာရာ အိမ်တွင်းအကြမ်းဖက်ခံရမှုကြောင့် ၃၀ ရာခိုင်နှုန်းပါဝင်သည်ဟုဆိုသည်။ တရားရုံး များက အိမ်တွင်းအကြမ်းဖက်မှုအဖြစ် ၆၆ မှုကိုသာ အသိအမှတ်ပြုခဲ့ပြီး ထိုထဲမှ အမှု ၅၀ သာ ကွာရှင်းခွင့် ရနိုင်ခဲ့သည်။ ထိုအချက်အလက်အရ အမျိုးသမီးများ အိမ်ထောင်ရေးအတွင်း နှိပ်စက်ခံရမှုများကို ဥပဒေကြောင်း အရ တွန်းလှန်နိုင်ခြင်းမပြုသည့် တရားရေးစနစ်က ဖိနှိပ်ထားကြောင်း အခိုင်အမာ ပြဆိုနေတော့သည်။ စနစ်တကျ ဥပဒေအရ အမျိုးသမီးများဘက်မှ မတွန်းလှန်နိုင်ရန် စီစဉ်ထားသော အခွင့်အရေးချိုးဖောက်မှုလည်း မြည်လေတော့သည်။

‘Xi’ (ရှီကျင်းဖျင်)နှင့် ‘She'(သူမ) ကြားမှ ပဋိပက္ခ

အစိုးရမူဝါဒနှင့် လင်မယားပြတ်စဲလိုသော အမျိုးသမီးများအကြား ပဋိပက္ခများအပေါ် တရုတ်အမျိုးသမီးရေးရာ တက်ကြွလှုပ်ရှားသူများက ထောက်ပြမှုများ ပြုလုပ်နေကြသည်။ မိသားစုတွင်း ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး အတွက် ၂၀၁၆ ခုနှစ်ကတည်းက ပြဌာန်းခဲ့သော အိမ်တွင်းအကြမ်းဖက်မှု ဥပဒေ ရှိနေသေးသော်လည်း ရှီကျင်းဖျင်၏ အိမ်ထောင်မပြိုကွဲရေးနှင့် မင်္ဂလာဆောင်လက်ထပ်ပြီးမျိုးဆက်သစ်လူငယ် များစွာ မွေးထုတ်ရေးကိုသာ ရှေးရှုသည့် မူဝါဒအရ ရဲနှင့် တရားရေးဝန်ထမ်းများသည် အိမ်တွင်းအကြမ်းဖက် ဥပဒေဖြင့် အမျိုးသမီးများအပေါ် အကာအကွယ်ပေးခဲလွန်းသည့် အနေအထားရောက်ခဲ့သည်။ ယခင် ဥပဒေအရ အိမ်တွင်းအကြမ်းဖက်ခံရလျှင် ရဲက ပထမအကြိမ် သတိပေးခြင်းပြုလုပ်ပြီး ဒုတိယအကြိမ်ထပ်ကျူးလွန်လျှင် ပြစ်ဒဏ်ပေး အရေးယူနိုင်သည်။ သို့သော် ၂၀၂၃ ခုနှစ်အတွင်း အစီရင်ခံစာများအရ အိမ်တွင်းအကြမ်းဖက်မှု တိုင်ကြားချက် ၁၀၀၀၀၀ ဝန်းကျင်ရှိသည့်ကြားမှ နောက်တစ်ကြိမ် ထပ်အကြမ်းမဖက်စေရန် တားမြစ်နိုင်ခဲ့သူ အလွန်းနည်းပါးလွန်းခဲ့ကြောင်း သိရသည်။ တရားသူကြီးများက အမျိုးသမီးများ၏ အိမ်တွင်း အနိုင်ကျင့်ခံရမှု တိုင်ကြားချက်နှင့် သက်သေများကို လျစ်လျှူရှုကာ အမှုများကို ပလှပ်ကုန်တော့သည်။ ခိုင်မာသော စာရင်းဇယားများအရ တရုတ်အမျိုးသမီးထုသည် လက်ရှိ ဥပဒေကြောင်းအရ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင် ခွင့်ရှိသော ကွာရှင်းခွင့်များကို ဆုံးရှုံးရသည်အထိ ရင်ဆိုင်နေရပြီဖြစ်ကြောင်း ညွှန်းဆိုပြသနေသည်။

အိမ်ထောင်ရေးနှင့်ကွာရှင်းခြင်းဆိုင်ရာ ခံယူချက်ပြောင်းလဲခြင်း

တရုတ်အစိုးရ၏ အိမ်ထောင်ရေးမူဝါဒသစ်ဘေးထွက်ဆိုးကျိုးများအရအိမ်ထောင်ပြုခြင်းနှင့် ကွာရှင်းခြင်းပြယုဂ် များသည်လည်း ပြောင်းလဲလာတော့သည်။ အိမ်ထောင်တစ်ဆက်ကွဲခြင်းသည် ယဉ်ကျေးမှုအစဉ်အလာ၊ လူအဖွဲ့ အစည်းအကြား အမဲစက်ကြီးတစ်ခုဖြစ်သော်လည်း လူငယ်မျိုးဆက်များက ထိုအမည်းစက်ကို အထင်ခံကာ အိမ် ထောင်ရေးဆိုသည်မှာ တာဝန်၀တ္တရာကြီးထမ်းခြင်းထက် ပျော်ရွှင်မှုရရေးကသာ ပိုအရေးကြီးကြောင်း လက်ခံ ကြတော့သည်။ ထို့ကြောင့် တရုတ်အစိုးရအလိုရှိသော လူငယ်များအိမ်ထောင်ပြု သားသမီးများ မွေးဖွားပြီး နိုင်ငံ သားကောင်းသစ်များ ထွက်ပေါ်ရေး မျှော်လင့်ချက်သည် ပြောင်းပြန်အချိုးကျကာ လူငယ်များက တရုတ်ရိုးရာအစဉ်အလာအတိုင်း အိမ်ထောင် မပြုကြတော့ဘဲ တစ်ကိုယ်ရေလွတ်လပ်မှုရယူကာ သက်မွေး ဝမ်းကြောင်းမှုဘ၀ တိုးတက်မြင့်မားရေး ရည်ရွယ်ချက်အထမြောက်ရေးအတွက်သာ စိုက်လိုက်မတ်တတ် လိုက် ကုန်ကြတော့သည်။

ထိုအခြေအနေများကြောင့် လက်ထက်ထိမ်းမြားခြင်ကို လွယ်လွယ်လက်ခံဆုံးဖြတ်သလို အချိန်မရွေး ကွာရှင် ခြင်းများကိုလည်း ပေါပါသီသီ လုပ်ဆောင်လာကြသည်။ကွာရှင်းခြင်းဆိုင်ရာအမှုကို အမဲစက်ဟု ယူဆမနေတော့ ဘဲ ဘ၀မှတ်တိုင်များထဲမှ တစ်ခုအဖြစ်သာ သတ်မှတ်ပြီး မင်္ဂလာဓာတ်ပုံမှတ်တမ်းရိုက်ခြင်းဓလေ့တမျှ ကွာရှင်း ပြတ်စဲရေးဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးသည့် ရပ်ဝန်းကြီးပင် ကျယ်ပြန့်ထွန်းကားလာသည်။ အကြင်လင်မယားအဖြစ် ပေါင်းသင်းလာခဲ့သည့် စုံတွဲများ ကွာရှင်းချိန် ကွာရှင်းလက်မှတ်နှင့် ဓာတ်ပုံများ ဝေဝေဆာဆာ ရိုက်ကူး မှတ်တမ်းတင်ကုန်ကြတော့သည်။ ထို အရွေ့သည် မင်္ဂလာဆောင်ခြင်းနှင့် ကွာရှင်းခြင်းဆိုင်ရာ အမြင်များ၊ ဓလေ့များကိုပါ ပြောင်းလဲသွားစေသည်။ ကွာရှင်းခြင်းသည် ကျရှုံးခြင်းမဟုတ်၊ သဘာ၀ကျသော ဆက်ဆံရေးတစ်ခု၏ အဆုံး သတ်ချိန်မျှသာ ဖြစ်သည်ဟု တွေးခေါ်ယူဆသည့် အလေ့အထများသာ လူငယ်မျိုးဆက်များစိတ်ထဲ ကိန်းအောင်း တော့သည်။

အစိုးရဦးစားပေးများ – မိသားစု တည်ငြိမ်ရေးနှင့် အမျိုးသမီးအခွင့်အရေး

ရှီကျင်းဖျင်အစိုးရသည် နိုင်ငံ မွေးဖွားနှုန်းကျဆင်းလာခြင်းကို တန်ပြန်မြှင့်တင်နိုင်ရန် မိသားစုများ တည်မြဲရေး ကို ဦးတည်ကြိုးပမ်းနေသည်။ အသက်ကြီးလူဦးရေအများအပြား တည်ရှိနေပြီး အလုပ်လုပ်နိုင်စွမ်းသော နိုင်ငံ သားအင်အား ပါးရှားလာခြင်းကြောင့် တရုတ်အာဏာပိုင်များက အိမ်ထောင်များများပြု၊ ကလေးများများမွေး စေရေး မူဝါဒကို အမျိုးသားရေးဦးတည်ချက်များအဖြစ် ဦးထိပ်ထား ကြိုးပမ်းနေခြင်းဖြစ်သည်။ ထိုကြောင့်ပင် မကွာရှင်းမီ ရက် ၃၀ စိတ်ပြေအခိုက်အတန့်ဥပဒေကို ပြဌာန်းသည်။ မိသားစုများတည်ငြိမ်ရေးအတွက် တရား ရုံးများက ကွာရှင်းခွင့်တောင်းခံရက်စွဲများကို အချိန်ဆိုင်းခိုင်းကာ ရင်ကြားစေ့မှုများ ပြုလုပ်စေသည်။
သို့သော် ထိုမူဝါဒများကြောင့် အမျိုးသမီးအခွင့်အရေးနှင့် တစ်ကိုယ်ရေ လွတ်လပ်မှုတန်ဖိုးများ အဟောသိကံ ဖြစ်ကုန်သည်ဟု တရုတ်အမျိုးသမီးဝါဒီ စာရေးဆရာမ Xiao Meili က ဝေဖန်ရေးသားခဲ့သည်။ ကွာရှင်းမှုတွင် စိတ်ပြေကာလထားခြင်းသည် အမျိုးသမီးပြဌာန်းခွင့်ကို ကန့်သတ်ခြင်း၊ ကွာရှင်းမှုတွင် မလိုလားအပ်သော အခက်အခဲအတားအဆီးများဖြစ်စေရန် ဒုက္ခပေးခြင်းဖြစ်သည်ဟုဆိုသည်။ ကွာရှင်းမှုများသည် မိမိကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်များဖြစ်ကာ နိုင်ငံတော်အစိုးရဆုံးဖြတ်ချက်နှင့် လားလားမှ မဆိုင်ဟုပါ ပြင်းပြင်းထန် ထန် ဝေဖန်သွားခဲ့သည်။

ရှေ့လျှောက်ရမည့်လမ်း – မူဝါဒများ ပြောင်းလဲသွားမည်လော

တရုတ်နိုင်ငံ၏ မူဝါဒများ ချမှတ်သော နှစ်ပတ်လည် လွှတ်တော်အစည်းအဝေးကြီး ပြန်လည်စတင်တော့မည် ဖြစ်သည်။ ထိမ်းမြားခြင်း၊ ကွာရှင်းခြင်း၊ လူဦးရေဆိုင်ရာမူဝါဒများအရေးက အရေးကြီးအဆိုများအဖြစ် ဆွေးနွေး အဖြေရှာရတော့မည်လည်းဖြစ်သည်။ သို့သော် တရုတ်အစိုးရအနေဖြင့် ဖော်ပြပါ ပြဿနာရင်းမြစ်များအတွက် အဖြေရှာပြင်ဆင်နိုင်ရေး ကြိုးပမ်းမည်လော၊ ပိုမိုတင်းကျပ်သော ဖိနှိပ်မှုများဖြင့် ကွာရှင်းခွင့်ကို ပိုမိုတားဆီး ပိတ်ပင်မည်လောဆိုသည်က ‌ရေရာမှု မရှိသေးပေ။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now