ဆောင်းပါး

တရုတ်ဘဏ် ၂၀၀ ကွယ်ပျောက်ခြင်းနှင့် ဝန်ထမ်း ၃၈၀၀၀ အလုပ်ပြုတ်ခြင်း

မဲခေါင် 23 Feb - 2025
~ လင်းမောင် ~ တစ်ခါက တည်ငြိမ်မှုလုံး၀မပျက်ပြားသည့် Iron Rice Bowl (တစ်သက်တာအာမခံရှိသော အလုပ်အကိုင်) အလုပ် တွေဟာ ဒီကနေ့မှာဖြင့် တရုတ်နိုင်ငံအတွင်း ပြိုလဲကုန်ပြီဖြစ်သည်။ ရက်ပိုင်းအတွင်းမှာပင် ဘဏ်ပေါင်း ၄၀ ကျော် တစ်သီးပုဂ္ဂလရပ်တည်နိုင်ခြင်းမရှိတော့သဖြင့် ပေါင်းစပ် ရပ်တည်မှုများလုပ်ခဲ့ရသလို တခြားသော ဘဏ်ပေါင်းများစွာသည်လည်း ပြိုလဲလုနီးပါးအခြေအနေရောက်ခဲ့ပြီဖြစ်သည်။ အပေါင်စာချုပ်များဖြင့် အိမ်ခြံမြေ တည်ဆောက်ရင်းနှီးမြှုပ်နှံမှုများတွင် ပိတ်သိမ်းထားရသော အဆောက်အအုံ အခန်းနှင့်အိမ်ယာများ စွာ တောင်လိုပုံနေခြင်းက ဘဏ်များအကြား အပေါင်ခံအိမ်ယာများကို သိမ်းယူရေးအတွက်ပင် ထိတ်လန့်တခြား အခြေအနေဆို တွန်းပို့ခဲ့သည်။ ထိုပြဿနာသည် အကျပ်အတည်း၊ ကပ်ဘေးအဖြစ်သာမက တရုတ်စီးပွားရေး အသွင်ကူးပြောင်းရေးအခြေအနေသို့ ဆိုက်ရောက်စေခဲ့ပြီဖြစ်သည်။ ဤဘဏ္ဍာရေးမုန်တိုင်းတွင် လူတစ်ဦးချင်းစီ အလုပ်အကိုင်ဆုံးရှုံးမှုများ ပိုမိုကြုံတွေ့ရသဖြင့် လူ့ကုန်ကျစရိတ်နှင့်

~ လင်းမောင် ~

တစ်ခါက တည်ငြိမ်မှုလုံး၀မပျက်ပြားသည့် Iron Rice Bowl (တစ်သက်တာအာမခံရှိသော အလုပ်အကိုင်) အလုပ် တွေဟာ ဒီကနေ့မှာဖြင့် တရုတ်နိုင်ငံအတွင်း ပြိုလဲကုန်ပြီဖြစ်သည်။ ရက်ပိုင်းအတွင်းမှာပင် ဘဏ်ပေါင်း ၄၀ ကျော် တစ်သီးပုဂ္ဂလရပ်တည်နိုင်ခြင်းမရှိတော့သဖြင့် ပေါင်းစပ် ရပ်တည်မှုများလုပ်ခဲ့ရသလို တခြားသော ဘဏ်ပေါင်းများစွာသည်လည်း ပြိုလဲလုနီးပါးအခြေအနေရောက်ခဲ့ပြီဖြစ်သည်။ အပေါင်စာချုပ်များဖြင့် အိမ်ခြံမြေ တည်ဆောက်ရင်းနှီးမြှုပ်နှံမှုများတွင် ပိတ်သိမ်းထားရသော အဆောက်အအုံ အခန်းနှင့်အိမ်ယာများ စွာ တောင်လိုပုံနေခြင်းက ဘဏ်များအကြား အပေါင်ခံအိမ်ယာများကို သိမ်းယူရေးအတွက်ပင် ထိတ်လန့်တခြား အခြေအနေဆို တွန်းပို့ခဲ့သည်။ ထိုပြဿနာသည် အကျပ်အတည်း၊ ကပ်ဘေးအဖြစ်သာမက တရုတ်စီးပွားရေး အသွင်ကူးပြောင်းရေးအခြေအနေသို့ ဆိုက်ရောက်စေခဲ့ပြီဖြစ်သည်။ ဤဘဏ္ဍာရေးမုန်တိုင်းတွင် လူတစ်ဦးချင်းစီ အလုပ်အကိုင်ဆုံးရှုံးမှုများ ပိုမိုကြုံတွေ့ရသဖြင့် လူ့ကုန်ကျစရိတ်နှင့် ပတ်သက်၍အရေးတကြီး မေးခွန်းထုတ်စရာ များ ထပ်ဖြစ်လာသည်။

တရုတ်စီးပွားရေး ဇောက်ထိုးကျဆင်းလာခြင်းက ဘဏ်လုပ်ငန်းများကိုပါ ပရမ်းပတာဖြစ်စေသည်။ အသေးစား နှင့် အလတ်စားဘဏ်များ ရပ်တည်နိုင်ရေးသည် အကျပ်တည်းဆုံးအခြေအနေရောက်ရှိနေပြီဖြစ်သောကြောင့် ၂၀၂၄ ခုနှစ်နောက်ပိုင်း ဘဏ်ပေါင်း ၂၀၀ ကျော် ဆက်လက်ရည်တည်ရေး မှတ်ပုံတင်နိုင်ခြင်းမရှိတော့ဘဲ ပြိုလဲ သွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်ပေါင်းအတွင်း ပြိုလဲခဲ့သည့် ဘဏ်ပမာဏထက်ပင် ၂၀၂၄ ခုနှစ်အတွင်း ပြိုလဲသွားသည့် ဘဏ်ပမာဏက ပိုများခဲ့သည်။ ဗဟိုဘဏ္ဍာရေးလုပ်ငန်းများတွင် အလွန်ထူးခြားသည့် အလုပ် လုပ်ရသည့်အခါမှ လစာပေးသည့်စနစ်ကို ကျင့်သုံးရန် အစီရင်ခံစာများက အကြံပြုနေကြပြီဖြစ်သည်။ တရုတ် ပြည်မကြီးအတွင်း ဘဏ်များမှ ရင်းနှီးမြှုပ်နှံထားသည့် ငွေများကို customers များက ထုတ်ယူက ထွက်သွားကြ ပြီဖြစ်ရာ တရုတ်ဘဏ်များတွင် ရန်ပုံငွေများမရှိတော့ဘဲ ကိုယ့်ငွေများ ထုတ်ယူနိုင်ရေးပင် ခက်ခဲလွန်သည့် အခြေအနေများသို့ ဆိုက်ရောက်စေသည်။ တချို့ဆိုလျှင် ကိုယ့်အပ်ငွေထုတ်မရသည်သာမက ဘဏ်တိုးများပင် စာရင်းပျောက်ကုန်ကြသည်ကို တွေ့ရှိကြရသည်။ ထိုကပ်ဘေးသည် တရုတ်ဘဏ်လုပ်ငန်းကဏ္ဍအတွက် ကြီးမားသည့် စိန်ခေါ်မှုကို ဖြစ်စေတော့သည်။

ဟီနန်ပြည်နယ် ဇင်ယန်းမြို့တွင် စိတ်ပျက်အားငယ်နေသော အမျိုးသမီးတစ်ဦး မိမိပုံသေအပ်ငွေ (fixed-term deposit) ယွမ် ၈၀၀၀၀၀ (ဒေါ်လာ ၁၀၀၀၀) ပြန်ထုတ်ယူသည်ကို ဘဏ်က ငြင်းဆိုပြီးမပေးသဖြင့် မျက်ရည် လည်ရွဲဖြစ်ဖြစ်ရသည်။ ထိုသို့သောအဖြစ်မျိုးက ထိုအမျိုးသမီးတစ်ယောက်တည်းသာ ကြုံရခြင်းမဟုတ်ဘဲ လူမှုကွန်ရက်များပေါ်တွင် အလားသဏ္ဍာန်တူ အဖြစ်မျိုးကြုံရသဖြင့် ရင်ဖွင့်ကြသူ များစွာလည်း ရှိနေခဲ့သည်။ ဘဏ်ဝန်ထမ်းများသည် အဆိုပါ ပုံသေအပ်ငွေများကို ရင်းနှီးမြှုပ်နှံမှု ထုတ်ကုန်လုပ်ငန်းများအတွင်း ကာယကံ ရှင်ကို အသိမပေး၊ သဘောတူညီချက်မတောင်းခံဘဲ လွှဲပြောင်းကြသည်။ ငွေကြေးတတ်နိုင်မှု အားနည်းသူများ အပေါ် လှည့်စားကာ မတည်ငြိမ်ဘဲ ခွက်ခွက်လန်ရှုံးနေသော ဘဏ်ချေးငွေသုံး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အတွင်း ထိုသွင်းနေမှုအပေါ် မိမိ ပုံသေအပ်ငွေများ ပြန်လာထုတ်သည့်အခါမှ အဖြစ်မှန်ကို သိရှိကြကုန်သည်။ ရှန်ယန်းမြို့ရှိ အမျိုးသမီးတစ်ဦးဆိုလျှင် သူ့မ ဘဏ်စာရင်းထဲမှ ငွေသား ယွမ် ၅၀၀၀ (၆၈၇ ဒေါ်လာ) မျှကို တောင်းပန်တိုးလျှိုးပြီး ဘဏ်မှ ထုတ်ပေးရန် တောင်းဆိုရာတွင် ဝင်ငွေရင်းမြစ်ကို သက်သေပြရန် ဘဏ် ဘက်က ညစ်ပြီးတောင်းဆိုသည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ် တင်ခဲ့သည်။ ဘေးတွင် ခင်ပွန်းဖြစ်သူကိုယ်တိုင်ပါဝင်ပြီး မင်္ဂလာလက်မှတ်ပါ သက်သေပြသည့်တိုင် ဘဏ်က ပိုမိုများပြားတင်ကျပ်သော မတရားစည်းမျဉ်းဘောင်များ သုံးပြီး မထုတ်ပေးခြင်းကို စိတ်တိုဒေါသထွက်ရသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ဝေဖန်မှုများစွာ ဖြစ်တည်စေခဲ့သည်။

ဟူဘေးပြည်နယ်နေ နောက်ထပ် အမျိုးသမီးတစ်ဦးလည်း အလားတူ အတွေ့အကြုံမျိုး ကြုံခဲ့ရသည်။ ခင်ပွန်း ဖြစ်သူ ဆေးရုံတက်ရပြီး ပေးရမည့်ကုသစားရိတ်ပေးဆောင်ရန် ဘဏ်မှ ငွေထုတ်မှုသည် နေ့ဝက်ကြာသည်အထိ ကြန့်ကြာခဲ့သည်။ ဘဏ်ဝန်ထမ်းဘက်မှ ခင်ပွန်းဖြစ်သူ မည်သည့်ဆေးရုံတွင် တက်နေရသည်၊ မည်သည့် အလုပ် တွင် လုပ်ကိုင်နေသူဖြစ်သည်ဆိုသည်များကို ကိုယ့်အပ်ငွေကိုယ်ထုတ်ရာတွင် မလိုအပ်ဘဲ ညစ်ပတ် မေးမြန်းနေ ခဲ့သဖြင့် ဒေါသတကြီးဖြင့် ဘဏ်ကို ရန်ပြန်တွေ့ခဲ့သည်။ တယ်လီကွန်းငွေလိမ်လည်မှု (ကျားဖြန်) ကိုအကြောင်း ပြပြီး ဘဏ်ကိုယ်တိုင်၏ လုပ်ထုံလုပ်နည်းများ၊ ကျင့်ထုံးများက မဆီမဆိုင် ကိုယ့်ငွေကိုယ်ထုတ်မှုကို လွယ်ကူစွာ မစွမ်းဆောင်နိုင်ခြင်းတွက် လက်တွေ့ပင် ဘဏ်ဝန်ထမ်းများကို ရန်တွေ့ခဲ့သည်။

သုတေသနပြုသူများက တရုတ်အစိုးရသည် အစိုးရချေးငွေစာချုပ်များ ထုတ်ပေးမှုအလွန်များပြားခဲ့ခြင်း၊ တစ်ခါ တစ်ရံ ထရီလီယံနှင့်ချီ ထုတ်ပေးခြင်းများတွင် ဘဏ်များသည်လည်း အတင်းအကျပ် ချေးငွေစာချုပ်များ ဝယ်ယူရခြင်းကြောင့် ငွေဖြစ်လွယ်မှုကို သက်သာရာ ရစေလိုသည့် မဆင်မခြင်လုပ်ရပ်များကြောင့် ဘဏ်များ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းများတွင် အဆင်မပြေတော့ဘဲ လဲပြိုကုန်ခြင်းဖြစ်သည်။ အစိုးရကိုယ်တိုင်က ထိုသို့ ဘဏ်လုပ်ငန်းများ မပြိုလဲစေရေး အပ်ငွေများ ထုတ်မှု လျှော့ချနိုင်ရေး customer အကောင့်များကို အကြောင်း အမျိုးမျိုး၊ တင်းကျပ်သည့် စည်းကမ်းအမျိုးမျိုးချမှတ်ကာ အပ်ငွေများ မထုတ်ကြရန် ကြံစည်ခိုင်းစေနေခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

ဘဏ်လုပ်ငန်းအဆောက်အအုံသည် တစ်ခါက အလွန်အလုပ်တည်မြဲခိုင်မာသော အလုပ်အကိုင်အသက်မွေး အလုပ်ဖြစ်ခဲ့သည်။ တစ်သက်တာ စားနိုင်သည့် သံထမင်းပန်းကန်လုံး (Iron Rice Bowl) ဟုပင် ထိုအလုပ် အကိုင်ကို တရုတ်နိုင်ငံတွင် သုံးနှုန်းခေါ်ဝေါ်ခဲ့ကြသည်။ ယခုတွင်မူ ဘဏ်ဝန်ထမ်းများပါ အကျပ်ရိုက်ပြီး လစာ စနစ်ကိုလည်း များစွာဖြတ်တောက်မှုများ ကျယ်ပြန့်များပြားစွာ ကြုံလာရပြီဖြစ်သည်။ စာရင်းဝင် ဘဏ်လုပ် ငန်းကြီး ၄၂ ခုတွင် စုစုပေါင်း ဝန်ထမ်း ၂ . ၅၆ သန်းကျော် အလုပ်လုပ်ခဲ့ကြသည်။ သို့သော် ၂၀၂၄ ခုနှစ် ပထမ ၆ လပတ်အတွင်းမှာပင် ဝန်ထမ်းပေါင်း ၃၈၀၀၀ အလုပ်ထုတ်ပယ်ခံရသည်။ ဘဏ်ကြီး ၃၂ ခုတွင် ဝန်ထမ်းများစွာ လျှော့ချခဲ့ပြီး ဘဏ် ၃၀ တွင် ဝန်ထမ်းလစာများကို လစဉ် ပျမ်းမျှ ပမာဏတစ်ရပ် သတ်မှတ်ကာ လျှော့ချခဲ့ကြ သည်ဟု သတင်းများ ခိုင်မာစွာ ထွက်ပေါ်ခဲ့သည်။ ဘဏ်ကြီးတစ်ခုတွင် တစ်လပျမ်းမျှလစာကို ယခင် ယွမ် ၃၀၀၀၀ ရနေသည့်ဝန်ထမ်းများ ယွမ် ၁၀၀၀၀ သာရတော့သည်အထိ လျှော့ချလိုက်သဖြင့် ဝန်ထမ်းများ ဒုက္ခ ရောက်ကုန်သည်။ ဝန်ထမ်းများ ထုတ်ပယ်မှုက လှိုင်းများအသွင်ဖြင့် စတင်နေခဲ့ပြီးဖြစ်သည်။ ၎င်းတို့ ပေါင်နှံပေးချေထားထား‌သော mortgage payments များ ပေးချေရန် ပျက်ကွက်မှုများလည်း ထိုအခြေအနေ တွင် များစွာ တိုးပွားလာခဲ့သည်။ ထို့ကြောင့် ၎င်းတို့ထံမှ သိမ်းဆည်းခံ ပိုင်ဆိုင်မှုများမှာလည်း ပုံအောလာခဲ့သည်။ ယခင်က ဘဏ်များသည် mortgage payments များကို ၃ လအတွင်းပေးချေရန် နောက်ဆုတ်ပေးခဲ့ရာမှာ ယခု ထိုထက်ပိုပြီး ရက်ချိန်၊ လချိန်းများ ထပ်မံ နောက်ဆုတ်ပေးရသည့် အခြေအနေ ရောက်လာသည်။

ဘဏ်တချို့ဆိုလျှင် ချေးငွေမပေးနိုင်သူများစွာကြောင့် ပိုင်ဆိုင်မှုများ သိမ်းဆည်းထားသည်မှာ များပြားလွန်းနေ ပြီဖြစ်ရာ ပြန်ရောင်းလည်း မထွက်တော့သဖြင့် ပိုင်ဆိုင်မှု သိမ်းဆည်းခြင်းများကိုပင် လက်မခံတော့သည့် အနေ အထားရောက်ကုန်သည်။ ယခုနှစ် ပထမ ၃ လပတ် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ပိုင်ဆိုင်မှုများသိမ်းဆည်း ထားမှုသည် ၁၀၀၀၀၀ ကျော်သွားခဲ့ပြီဖြစ်ရာ ယခင်နှစ်တစ်နှစ်လုံးနှင့်ယှဉ်လျှင် ၁၉၂ ရာခိုင်နှုန်း မြင့်တက်သွား သည်။ ဤပိုင်ဆိုင်မှုများအတွက် ငွေပေးငွေယူနှုန်းသည် ၁၄ ရာခိုင်နှုန်း ပိုမိုစျေးကျသွားသည်။
၃ လအတွင်းမှာပင် mortgages စနစ်မှ နေအိမ်ပိုင်ဆိုင်မှု သိမ်းဆည်းခံပမာဏသည် ၆၀၀၀၀၀ အထိ ရှိလာသဖြင့် ဘဏ်များ အခက်အခဲအတွက် အဖြေရှာရန် လမ်းစ မတွေ့နိုင်တော့ပေ။ ရောင်းမရသော အိမ်များပိုက်ထားရခြင်းကို ရှောင်ရှားနိုင်ရန် ချေးငွေသက်တမ်းတိုးခြင်းနှင့် အတိုး-ပထမအသုတ်သာ ပြန်ဆပ်ခြင်းတို့ကို ကမ်းလှမ်းလာရသည်။ သို့ရာတွင် ထိုကမ်းလှမ်းမှုသည် ချိန်ကိုက်ဗုံး စက္ကန့်တံ မြည်သံကဲ့သလို့ အန္တရာယ်များလွန်းနေသည်။ အကျိုးမဖြစ်နိုင်တော့သော non-performing loan rate အတိုးနှုန်းက နေ့စဉ် မြင့် တက်လာနေသည်။ ထို့ကြောင့်ပင် ဘဏ်များ တည်ငြိမ်စွာ ရပ်တည်နိုင်ရေး အခက်အခဲများစွာကို ဖြစ်ပေါ်စေ တော့သည်။

တစ်ချိန်က တည်ငြိမ်ခိုင်မာသော Iron Rice Bowl ကြီး တစ်ထိုင်တည်းနှင့် ပြိုကွဲသွားပြီဖြစ်သည်။ တရုတ် ဘဏ် လုပ်ငန်းကြီးတစ်ခုလုံး မကြုံစဖူးသော စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ စီးပွားရေး ကျဆင်းနေခြင်း မှမနိုးထနိုင်သေးချိန်တွင် မြို့ငယ်လေးများမှသည် မြို့ကြီးများရှိ ဘဏ်များအားလုံး နိုင်ငံတစ်ဝန်း အကျပ်ရိုက် ခြင်းက တရုတ်နိုင်ငံစီးပွားရေးကျဆင်းမှုကို ပိုပြီး အဆင်းဘီးတပ်၊ ချောဆီပါထည့်ပေးလိုက်သလို ဖြစ်လာသည်။ ဆက်လက်ရှင်သန်နိုင်ရေး ခက်ခဲလွန်းနေခြင်းများက ယခုမှ အစပင်ရှိသေးသည်။ အနာဂတ်သည်လည်း မရေရာ မှုများဖြင့်သာ မှောင်ပိတ်နေတော့သည်။

ဘဏ်ပေါင်း ၂၀၀ ကျော် ပျောက်ဆုံးပြိုလဲခြင်းနှင့် ဘဏ်ဝန်ထမ်း ၃၈၀၀၀ အလုပ်ပြုတ်ခြင်းက တရုတ်ကွန်မြူနစ် ပါတီ၏ စီးပွားရေးမူဝါဒ ဆိုးရွားပျက်ယွင်းနေမှုကို မီးမောင်းကြီး ထိုးပြသလို အထင်းသားမြင်နေရပြီဖြစ်သည်။ ဗဟိုချုပ်ကိုင်မှုစနစ်ကျင့်သုံးသလို တင်းကျပ်သောဗျူဟာဆိုးများ လက်ကိုင်ထား ထိန်းချုပ်နေခြင်းက ဘဏ္ဍာရေးပတ်ဝန်းကျင်တစ်ခုလုံးအား မတည်မငြိမ်ဖြစ်စေခဲ့သည်။ အသေးစားနှင့် အလတ်စား ဘဏ်များစွာ ဆက်လက်မှတ်ပုံတင် ရပ်တည်နိုင်စွမ်းမရှိကြတော့ပေ။ ပွင့်လင်းမြင်သာမှုမရှိသော၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိ သော တရုတ်ကွန်မြူနစ်ပါတီ၏ လုပ်ရပ်များကြောင့် ထိုသို့သော အခြေအနေဆိုးကို ရောက်သွားစေခြင်းပင်ဖြစ် သည်။ စီးပွားရေးအကျိုးဆက်များစွာက ထိုးအကျပ်အတည်းများမှ သာမန် ပြည်သူများကို ဒုက္ခပင်လယ်ဝေစေ တော့သည်။

အိမ်ခြံမြေ mortgage စနစ်ကြီး ပျက်ယွင်းခြင်းမှသည် အပေါင်တင် ပိုင်ဆိုင်မှုများ အစိုးရသိမ်းဆည်းခံအဖြစ် များပြားစွာ အထုပ်ပိုက်ထားရခြင်းအပေါ် တရုတ်ကွန်မြူနစ်ပါတီ ဦးစွာမဖြေရှင်းနိုင်ခြင်းက ကျန် ကဏ္ဍများစွာ ကိုပါ တစ်နွယ်ငင် တစ်စင်ပါ ဒုက္ခရောက်စေသည်မှာ သက်သေသာဓက ပင်ဖြစ်သည်။ ထို အိမ်ခြံမြေကဏ္ဍ ကြီး လဲပြိုခြင်းကို ပြန်လည်တည်ငြိမ်လာရေးကိုသာ တရုတ်ကွန်မြူနစ်ပါတီက အာရုံစိုက်နေဆဲဖြစ်ရာ ပြည်သူများ ၏ သက်သာချောင်ချိမှုအပေါ် မျက်ကွယ်ဆက်ပြုထားခြင်းက ပိုဆိုးရွားသော စနစ်တကျပျက်ဆီးခြင်းဆီသို့ ပိုမို ဆိုက်ကပ်တော့သည်။ နိုင်ငံတော် ဗဟိုဘဏ္ဍာရေး လုပ်ငန်းကြီးမှာပင် လစာ ကန့်သတ်စနစ်၊ ဖြတ်တောက်စနစ်၊ ဝန်ထမ်းများ ထုတ်ပယ်ရသောအဖြစ်များ တားမနိုင်သည့်အခြေအနေကိုကြည့်လျှင် ၎င်းတို့ထံ ရေရှည်တည်တံ နိုင်သော ဖြေရှင်းရန် လမ်းစ မရှိသေးကြောင်း အခိုင်အမာ ပြဆိုနေခြင်းဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒအလွဲများကြောင့် ငွေကြေးမတည်ငြိမ်မှုများဖြစ်စေခြင်းက တရုတ်ဘဏ်လုပ်ငန်း စနစ်အပေါ် တရုတ်ပြည်သူများ အယုံအကြည်မဲ့စေခဲ့ပြီဖြစ်သည်။ ပထမဆုံးဖြေရှင်းပေးရမည့် ပြဿနာသည် ဘဏ်အပ်ငွေများ ပြန်ထုတ်ပေးနိုင်ခြင်း၊ အတိုးငွေများ စာရင်းမရှိဖြစ်နေခြင်းများ ပြန်လည် ရှင်းလင်းခြင်း၊ စားသုံးသူ(customers) အတွေ့အကြုံဆိုး၊ ဖြစ်ရပ်ဆိုးများဖြင့် ဒေါသထွက်ရမှုများကို နက်နက်နဲနဲ အာရုံစိုက် ဖြေရှင်းရမည်သာဖြစ်သည်။ ကမ္ဘာ့အသိုက်အဝန်းကြီးက အဆိုပါ တရုတ်ကွန်မြူနစ်ပါတီ၏ မူဝါဒပျက်ကွက်မှုများကို သိရှိမှု ပျံ့နှံ့စေရန် ကြိုးစားခြင်း၊ တရုတ်နိုင်ငံတွင် ပိုမိုပွင့်လင်းပြီး တာဝန်ခံနိုင်သော အုပ်ချုပ်မှုစနစ်ရှိမှသာ ဖြစ်တော့မည်ကို သတိပေးခြင်းများဖြင့် ပြည်သူပြည်သားများကို အကာအကွယ် ပေး နိုင်မှ ဖြစ်တော့မည်ဖြစ်သည်။

#MeKongNews

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now