လင်းမောင်
တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ အမျိုးသားအဆင့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စီမံကိန်းက လူသိများ တယ်ဆိုပေမယ့် တကယ်တမ်း လုပ်ငန်းခွင်တွေအတွင်း အကျင့်ပျက်ခြစားမှုတွေကတော့ တော်တော်ကို ဆိုးဆိုး ရွားရွား တည်ရှိနေတုန်းပါပဲ။ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ကိုဗစ်-၁၉ ကပ်ဘေးကတည်းက စတင်ခဲ့တဲ့ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍတွင်း ပျံ့နှံ့နေခဲ့တဲ့ အကျင့်ပျက်ခြစားမှုတွေဟာ အလွန်အမင်းမြင့်မားလာနေတဲ့အတွက် အစိုးရစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဟာ ဆေးရုံအကြီးအကဲပေါင်း ၂၀၀ ကျော်ကို ဖမ်းဆီး အရေးယူထားရပါပြီ။ အထူးသဖြင့် ကိုဗစ်ကပ်ဆိုးအတွက် ဒေါ်လာ ဘီလီယံချီပြီး ပြည်သူ့စောင့်ရှောက်ရေးအသုံးစားရိတ်တွေကို ထုတ်ပေးခဲ့မှုမှာ ကိုယ့်အိတ်ထဲ ကိုယ်ထည့်ခဲ့ကြတဲ့ ကျန်းမာရေးကဏ္ဍက လူတွေကို CCP က ပစ်မှတ်ထား စုံစမ်း ဖော်ထုတ် ဖမ်းဆီးနေခဲ့ရတာလည်းဖြစ်တယ်။
တရုတ်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ ခုမှ ဖုတ်ပူမီးတိုက် လုပ်ဆောင်လာပေမယ့် ဒီအကျင့်ပျက်မှုတွေဟာ အချိန်ကြာမြင့်စွာကတည်းက နိုင်ငံသားတွေနဲ့ ဆေးဝါးဆက်စပ်ကုမ္ပဏီနှစ်ခုကြား မယုံကြည်မှုနှင့် မသေချာမရေရာမှုများ ပြည့်နှက်တဲ့ ပတ်ဝန်းကျင်ကြီးအဖြစ် စနစ်တကျ ပုံဖော်တည်ရှိနေခဲ့လို့လည်း ကိုင်တွယ်ရ အလွန်ခက်ခဲနေပါပြီ။ စုံစမ်းဖော်ထုတ်မှုတွေမှာ အစိုးရ ဆေးရုံတွေက လာဘ်ပေးလာဘ်ယူမှုတွေ၊ မတန်တဆစျေးနှုန်းနဲ့ ဆေးဘက်ဆိုင်ရာ ဆက်စပ် အသုံးအဆောင် ပစ္စည်းဝယ်ယူမှုတွေအပါ ယိုပေါက်အားလုံးကို ပစ်မှတ်ထား စုံစမ်းနေရတာဖြစ်ပါတယ်။ ဒါကြောင့် CCP ရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးစီမံကိန်းဟာ လိုချင်တဲ့ ထိရောက်ပစ်မှတ်ကို ရောက်ဖို့ အရမ်းအလှမ်းကွာဝေး နေစေခဲ့တာပဲဖြစ်တယ်။ အစိုးရ ဆေးရုံတွေက အကျင့်ပျက်ခြစားမှုတွေ၊ ဆေးဘက်ဆိုင်ရာသုံး ပစ္စည်းဝယ်ယူမှု မှာ လာဘ်ပေးလာဘ်ယူပြီး မတန်တဆ စျေးတင် ဝယ်ယူကြကတာတွေဟာ ဘယ်လိုမှ ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ မညီတော့လို့ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍထဲ ဒီစရိုက်ဆိုးကြီးက ဘယ်လောက် နက်နက် ရှိုင်းရှိုင်း အမြစ်တွယ်နေပြီလဲဆိုတာ အရင်သိဖို့တောင် မလွယ်တဲ့ ကိစ္စဖြစ်နေခဲ့ပါတယ်။ ဒီကနေတစ်ဆင့် ပြည်သူတတ်နိုင်သော၊ လက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအပေါ် ယုံကြည်မှုမရှိတော့ခြင်းဟာ အရေးအပါဆုံး အုပ်ချုပ်မှုကဏ္ဍကိုပါ ယုံကြည်မှု အလုံးစုံ ပျက်ယွင်းစေခဲ့ပါတယ်။ လူထုကြီးရဲ့ စိုးရိမ်ပူပန်မှု ဒီရေ ဟာလည်း မြင့်သထက်မြင့်မားလာတယ်။
တရုတ်ပြည်က အစိုးရဆေးရုံတွေဟာ သက်ကြီးလူတန်းစားတွေအတွက် အစိုးရက ထုတ်ပေးထားတဲ့ ဘတ်ဂျက် နဲ့ ကိုက်ညီအောင်၊ ပြည်သူတွေ ကုသစားရိတ်တတ်နိုင်စွမ်းအောင် စီမံပေးထားတယ်ဆိုပေမယ့် ဒီလို တိုက်ဖျက် လို့မနိုင်တဲ့ အကျင့်ပျက်ခြစားမှုအမျိုးမျိုးကြောင့် ဘတ်ဂျက်စီမံခန့်ခွဲရေးမှာပါ ပြဿနာကြီးတစ်ရပ် ဖြစ်တည်လာ စေတယ်။ ဒီလိုမညီမျှခြင်းတွေကပဲ အကျင့်ပျက်ခြစားစေဖို့ ရေခံမြေခံကောင်းတွေကို ပိုဖန်တီးလာပြီး ဆေးရုံ တွေမှာ ကိုယ့်အတွက် တွက်ခြေကိုက်စေရေးသာ အဓိကထားလို့ ဆေးရုံစာအုပ်၊ စာရွက်စာတမ်းလုပ်သူကအစ ကုသစားရိတ်ကို မတန်တဆ မြှင့်တင်ရေးမှတ်တာ။ ဆေးရုံမန်နေဂျာတွေက အဝယ်တော် စာရင်းမှာ မတန်တဆ စျေးတွေတင်ပြီး ကိုယ်ကျိုးကြည့် ဝယ်ယူမှုတွေလုပ်ဆောင်ကြစေဖို့ ပိုဖိအားပေးသလို ဖြစ်စေခဲ့တယ်။
တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့ လေ့လာမှုစစ်တမ်းမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်ကြား ကျန်းမာ ရေးစောင့်ရှောက်မှုကဏ္ဍက အကျင့်ပျက်ခြစားခြင်းတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်း ဝယ်ယူမှုတွေမှာ မတန်တဆ စျေးတင်ကြခြင်းကနေ လာဘ်စားကြတယ်လို့ အဖြေထွက်ခဲ့ပါတယ်။ စနစ်မကျတဲ့ အားနည်းချက်တွေကို အသုံးချပြီး ထိတ်လန့်ဖွယ်ရာ လာဘ်စားမှုကြီးထွားရာ ကဏ္ဍတစ်ရပ်ဖြစ်လာခဲ့ရတာပါပဲ။
ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီကြီး ၂ ခုက စီနီယာအမှုဆောင်ကြီး ၂ ယောက်ဖြစ်တဲ့ Winning Health Technology Group ဥက္ကဌ Zhou Wei နဲ့ Shanghai Serum Bio-Technology ဥက္ကဌ Fan Zhihe တို့ နှစ် ယောက်စလုံးကို တရုတ်အစိုးရက လာဘ်စားမှုနဲ့ ဖမ်းဆီး စုံစမ်းစစ်ဆေးနေခဲ့ပြီဖြစ်ပါတယ်။ ဒီလို တစ်နိုင်ငံလုံး သိတဲ့ စုံစမ်းစစ်ဆေးမှုကြီးတွေ လုပ်နေချိန်လည်း တရုတ် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှာ အကျင့်ပျက် ခြစားမှုတွေက ဆက်လက် မြင့်တက်နေဆဲပါပဲ။ သမ္မတ ရှီကျင်းဖျင် CCP ပါတီ ခေါင်းဆောင်ဖြစ်လာကတည်းက ဒီအရေးကို အထူးဂရုစိုက်ပြီး အမြစ်ဖြတ်ဖို့ ကြိုးစားနေခဲ့တာဖြစ်ပေမယ့် တင်းကြပ်လွန်းတဲ့ zero-covid မူဝါဒ၊ ကာဖျူးထုတ်မှု အမိန့်တွေဟာ ကျန်မာရေးကဏ္ဍ ပိုမိုအကာအကွယ်ရရေးကို မဖြစ်စေဘဲ အကျင့်ပျက်ခြစား ခြင်း အလေ့အထကိုပိုခိုင်မာသွားစေခဲ့ပါတယ်။
ပြည်သူတွေအတွက်တော့ ဒီလို ကျန်းမာရေးစောင့်ရှောက်မှု လောကကြီး ပျက်ဆီးနေခြင်းကြောင့် စိုးရိမ်ပူပန်မှု တွေကလည်း မြင့်သထက်မြင့်လာရတယ်။ ဆရာဝန်သွားပြဖို့အရေး စျေးကြီးလွန်းနေမှာကို ရင်တထိတ်ထိတ်နဲ့မို့ တတ်နိုင်စွမ်း ရှိနိုင်မရှိနိုင် တွေးပူကြရတယ်။ ဒီဖြစ်စဉ်ကပဲ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ဂုဏ်သိက္ခာကို ပျက်ယွင်းစေပြီး ငွေပိုတောင်းမှုတွေက သမားရိုးကျ ဖြစ်စဉ်လို ဖြစ်လာတယ်။ CCP ရဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စီမံကိန်းမှာ တစ်ဦးချင်းကိုသာမက အဖွဲ့အစည်းလိုက်၊ ကွန်ရက်လိုက်ကြီးကို စုံစမ်းဖော်ထုတ် တိုက်ဖျက်ဖို့ ရည်မှန်းပေမယ့် ပေကျင်းက ဒိတ်ဒိတ်ကျဲ Fuwai ဆေးရုံရဲ့ အကျင့်ပျက်ခြစားမှုကို စုံစမ်းရာမှာ တော့ နောက်ကွယ်က CCP ပါတီအကြီးအကဲတွေနဲ့ ပတ်သက်နေသူတွေပါဝင်နေလို့ တိုးတိုးတိတ်တိတ် ဖုံးဖိ နေရခြင်းကိုက တရုတ်တစ်နိုင်ငံလုံးအတွက် အယုံအကြည်မဲ့မှုတွေကို ဖြစ်တည်လာစေပါတယ်။
နိုင်ငံခြားဆေးဝါးနဲ့ ဆေးဘက်ဆိုင်ရာနည်းပညာကုမ္ပဏီတွေ၊ အထူးသဖြင့် ဥရောပကုမ္ပဏီတွေအတွက် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးတွန်းအားဟာ နှစ်ဖက်သွားဓားဖြစ်စေတယ်။ တစ်ဖက်မှာ ပိုမိုသန့်ရှင်းသောဝယ်ယူရေးစနစ်က လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို သက်သာစေနိုင်တယ်။ အခြားတစ်ဖက်မှာ အစိုးရဦးဆောင်တဲ့ ဖြေရှင်းနည်းတွေကို ပိုဦးစားပေးသည့်စနစ်မှာ ကော်ပိုရိတ်လောဘ(ပေါင်းစားလောဘ)ကို ဖြစ်တည်စေပြီး အစိုးရဘက်က အတွင်းကြိတ် လက်သိပ်ထိုး လာဘ်စားနေကြမှုမှာ ပွင့်လင်းမြင်သာ မချပြရဲခြင်းက စိန်ခေါ်မှုပိုများတဲ့ စီးပွားရေးပတ်ဝန်းကျင်ကို ဖြစ် စေပါတယ်။
ရှီကျင့်ဖျင်ရဲ့ အကျင့်ပျက်ခြစားမှု ခရူးဆိတ်စစ်ပွဲ – ရှင်းလင်းရေး လုပ်ရပ် သို့မဟုတ် ဗဟိုချုပ်ကိုင်မှု အာဏာရဲ့ အရင်းအမြစ်ဘာလဲ။
ရှီကျင်းဖျင်အစိုးရရဲ့ ပြဿနာဖြေရှင်းပုံ ချဉ်းကပ်နည်းက ဗဟိုချုပ်ကိုင်မှုဝါဒသာ သုံးပြီး အောက်ခြေအခြေခံ ဝန် ဆောင်မှုကဏ္ဍတွေအထိလိုက်ပြီး အစိုးရကချည်း ချုပ်ကိုင်ဖြေရှင်း၊ ဘုံကောင်းကျိုးချမ်းသာဆိုတဲ့ မူဝါဒနဲ့သာ ခရီးဆက်နေပါတယ်။ ပေါင်းစားလောကကို အများသူငှာ ဆန့်ကျင်ကြတဲ့ သဘောထားနဲ့တော့ ကိုက်ညီသလို ထင်ရပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာ စျေးကွက်မောင်းနှင်အားနဲ့ သွားတဲ့ ရေရှည်အကျိုးသက်ရောက်မှု ကောင်းတွေမရှိတော့ဘဲ ပိုမို ပူပန်မှုတွေကနေစတင်ပြီး ချက်ချင်း စျေးနှုန်းတွေ ကျဆင်းသက်သာသွားပေမယ့် ဂျပန် ဆေးဘက်ဆိုင်ရာ စျေးကွက် ထိန်းချုပ်ရေး စီမံကိန်း R&D investmen အစီအစဉ်ကျရှုံးခဲ့သလိုပဲ စွန့်ဦး တီထွင်စမ်းသစ် ထုတ်လုပ်မှုမှာကျဆင်း၊ သမိုင်းဆိုင်ရာ စီရင်ထုံးအမှားဖြစ်ပြီး ရေရှည်မှာ ပိုမို အကျိုးဆုတ်ယုတ် စေမှာပါပဲ။
ရှီကျင်းဖျင်ရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စီမံကိန်းကနေ တချို့သော ဝိသမလောဘသား အကျင့်ပျက် ခြစားခဲ့သူတွေကို တရားစွဲ၊ ပြစ်ဒဏ်ပေးမှုတွေ ပိုလုပ်နိုင်ဖို့ ပြည်သူက မျှော်လင့်မှု ပိုထားလာတယ်။ ဒါပေမဲ့ တကယ်တမ်းက နိုင်ငံရေးသဘောထား ကွဲလွဲသူတွေကိုသာ အဓိကအားဖြင့် ဖမ်းဆီး စီရင်မှုတွေ လုပ်နေခဲ့ပြီး တကယ်တမ်း အကျင့်ပျက်ခြစားနေခဲ့ကြတဲ့ နိုင်ငံတော်အဆင့် အရာရှိကြီးတွေ၊ ပြည်နယ်အဆင့် အရာရှိကြီး တွေ၊ စစ်ကော်မရှင် အဖွဲ့ဝင်တွေ၊ ဝန်ကြီးဌာနအဆင့် အရာရှိကြီးတွေ၊ဝန်ကြီးအဆင့်တွေကိုတော့ တရားစွဲဖို့ အရေး အလှမ်းကွာဝေးလွန်းနေခဲ့တယ်။ Indo-Pacific Center for Strategic Communications (IPCSC) ရဲ့ အစီရင်ခံစာအရ ပြည်နယ်အဆင့် အစိုးရဝန်ထမ်း ၁၁၁၀၀၀ ယောက်၊ ဌာနဆိုင်ရာအဆင့် ၆၃၃ယောက် ၊ ခရိုင်အဆင့် ၆၆၉ ယောက်နဲ့ မြို့နယ်အဆင့်ဝန်ထမ်း ၁၀၀၀ အပါအဝင် လူပေါင်း ၁၁၁,၀၀၀ ကို ဒဏ်ရိုက်မှုလောက်နဲ့သာ အရေးယူခဲ့တယ်လို့ သိရတယ်။
တရုတ်နိုင်ငံကို တစ်ပါတီတည်း အုပ်စိုးထားတဲ့ CCP က အကြီးအကဲတွေနဲ့ ဆေးဝါးကုမ္ပဏီတချို့ လက်သိပ်ထိုး ပူးပေါင်းပြီး အကျင့်ပျက်ခြစားမှု ဗဟိုချက်ကြီးကတော့ ဘယ်သူမှ မတို့မထိ၊ အရေးယူခံစားရင်းထဲမပါ၊ သတင်း လည်းမထွက်ဘဲ မြုံနေခဲ့ခြင်းဟာ ပြဿနာရဲ့ အညှာကို လျစ်လျှူရှုထားခြင်းသာဖြစ်ပါတော့တယ်။ ထိပ်တန်း နိုင်ငံရေးဆက်နွယ်အရာရှိကြီးတွေ၊ ဆေးရုံအုပ်တွေ၊ ဆေးရုံမန်နေဂျာတွေဟာ ကွန်မြူနစ်ဝါဒအရ ဝင်ငွေတွေ လျှော့ချခံရခြင်းမှာ ပုံမှန်မဟုတ်တဲ့ အကျင့်ပျက်ခြစားခြင်းအတွက် ပူးပေါင်း အကျိုးအမြတ်ရှာဖွေခြင်းတွေက ပိုပြီး အုတ်မြစ်ခိုင်မာလာစေခဲ့ပါတယ်။
ရှီကျင်းဖျင်ရဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးစီမံကိန်းမှာ လူသိရှင်ကြား အရေးယူမှုပေါင်းများစွာ ရှိခဲ့ ပေမယ့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပါတီအကြီးအကဲတွေကြားက အကျင့်ပျက်ခြစားခဲ့သူတွေကို အရေးယူနိုင်မှုကတော့ ဖြစ်သင့်တဲ့အတိုင်း များများစားစား ရှိမလာခဲ့ပါဘူး။ ဒါကြောင့် ဒီစီမံကိန်းကို ယုံကြည်သူကလည်း အနည်းစုသာ ရှိပါတယ်။ ဒါဟာ နိုင်ငံရေး လှုံ့ဆော်မှု ဟန်ပြ စီမံကိန်းသာဖြစ်ပြီး အပြစ်ရှိသူတွေကို တကယ်တာဝန်ခံစေဖို့ ရည်ရွယ်ချက်က အနည်းငယ်သာ ရှိနေခြင်းဟာ အမျိုးစုံသော အုပ်စုတွေအကြား နိုင်ငံရေး ရုန်းရင်ဆန်ခတ်မှုကို သာ ဖြစ်တည်စေပါတော့တယ်။
#MeKongNews








