ဆောင်းပါး

ကြွေးမြီဆိုးတွေရှည်လျားတဲ့အရိပ်- တရုတ်ရဲ့ ရှင်ရွှေထီး သေမြေကြီး ငွေချေးမှု GAMBIT ပြဿနာ

မဲခေါင် 31 May - 2024
တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာခြင်းနဲ့ ဆိုးရွားချေးငွေတွေ တိုးမြင့်လာတာနဲ့အမျှ တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာများပြားလွန်းတဲ့ ချေးငွေတွေကို စွန့်စားမှု အရမ်းများတဲ့ ရှင်ရွှေထီး သေမြေကြီးထုံးနှလုံးမူ (GAMBIT) လုပ်ငန်းအသွင်းနဲ့ အကျိုးမရှိနိုင်တဲ့ ချေးငွေ (non-performing loans ) တစ်နည်းအားဖြင့် NPL တွေအဖြစ် ထုတ်ချေးဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

လင်းမောင်

တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာခြင်းနဲ့ ဆိုးရွားချေးငွေတွေ တိုးမြင့်လာတာနဲ့အမျှ တရုတ်ကွန်မြူနစ်ပါတီ (CCP) ဟာများပြားလွန်းတဲ့ ချေးငွေတွေကို စွန့်စားမှု အရမ်းများတဲ့ ရှင်ရွှေထီး သေမြေကြီးထုံးနှလုံးမူ (GAMBIT) လုပ်ငန်းအသွင်းနဲ့ အကျိုးမရှိနိုင်တဲ့ ချေးငွေ (non-performing loans ) တစ်နည်းအားဖြင့် NPL တွေအဖြစ် ထုတ်ချေးဖြေရှင်းဖို့ ကြိုးစားနေပါတယ်။

၂၀၀၈ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားပျက်ကပ်မှာ ပါဝင်ဒုက္ခရောက်ခဲ့ရပြီး ကြွေးပိုတွေ၊ ဝန်ပိုတွေထမ်းထားရပြီး ဒုက္ခရောက်နေကြတဲ့ အိမ်ခြံမြေလုပ်ငန်းရင်းနှီးမြှုပ်နှံသူတွေဆီ ဒီချေးငွေတွေကို ထုတ်ပေးရင်းက ရင်းနှီးမြုပ်နှံသူတွေ (subprime mortgage) ဆီ ထုတ်ချေးပြီး အကျပ်အတည်းကနေ ရုန်းထွက်ဖို့ အရမ်းကာရော စွန့်စားထုတ်ချေးတာတွေကို CCP က ဦးဆောင်လုပ်ကိုင်ခဲ့တယ်။

တရုတ်နိုင်ငံရဲ့ စုတ်ပြတ်သတ်နေတဲ့ အိမ်ခြံမြေကဏ္ဍမှာ အကျိုးမမရှိတဲ့ ချေးငွေထုတ်ချေးမှုက မိုးလောက်မြင့်မား ခဲ့ပြီး တစ်နှစ်အတွင်း ကြွေးမြီပမာဏဟာ ၂.၈ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း နီးပါး တက်သွားခဲ့တယ်။ တရုတ်အိမ်ခြံမြေလောကဟာ သူတို့နိုင်ငံ GDP ရဲ့ ၂၀ ရာခိုင်နှုန်းရှိတယ်။ အဓိက ဘဏ်ချေငွေလည်ပတ်မှုက GDP ရဲ့ ၄ ပုံ ၁ ပုံ ရှိလာတယ်။ မရောင်းထုတ်နိုင်တဲ့ အိမ်တွေ၊ မတန်တဆ ချေးငွေအများကြီးယူပြီး အိမ်ခြံမြေစီမံကိန်း တွေ ဆောက်ခဲ့သူတွေကြောင့် လုပ်ငန်းမအောင်မြင်မှုနဲ့ တစ်ဆက်တည်း အကျိုးမရှိတဲ့ အစိုးရချေးငွေတွေဟာ အဟောသိကံဖြစ်ကုန်တာပါပဲ။ ဒီလောက်အခြေအနေဆိုးနေတာကို CCP က သိုသိုဝှက်ဝှက်နဲ့ ဆက်မိုက်မဲပြီး အကျိုးမရှိချေးငွေပမာဏက အမေရိကန်မှာဖြစ်ခဲ့တာထက် နည်းနည်းပိုတဲ့ ၁.၆ ရာခိုင်နှုန်းကို ရောက်သွားတယ်။ ဒီချေးငွေကိုလည်း ပွင့်လင်းမြင်သာဖြစ်အောင် ချေးခဲ့တာမဟုတ်ဘဲ လျှို့ဝှက်ဖုံးဖိနေခဲ့တယ်။ ၁.၆ ရာခိုင်နှုန်းဆို တာ ဒေါ်လာ ဘီလီယံ ၆၂၀ တောင်ရှိပါတယ်။ ဒီစိုးရိမ်ရေအမှတ်ဟာ ချိန်ကိုက်ဗုံးတစ်လုံးလို အချိန်မရွေး ပေါက်ကွဲပျက်ဆီးသွားဖို့ တာစူနေပါပြီ။

ပြဿနာ၏ အဓိကအချက်မှာ တရုတ်နိုင်ငံ၏ မတည်မငြိမ်သော ချေးငွေများသည် တစ်နှစ်အတွင်း ၂.၈ % မှ ၅ % နီးပါးအထိ မြင့်တက်လာသည့် ဒုက္ခရောက်နေသော အိမ်ခြံမြေကဏ္ဍဖြစ်သည်။ GDP ၏ 20 % အတွက် အရေးပါသော စီးပွားရေးမဏ္ဍိုင်ဖြစ်သည့် အိမ်ခြံမြေနှင့် အဓိကဘဏ်များ၏ ချေးငွေစာအုပ်များ၏ လေးပုံတစ်ပုံကျော်သည် မရောင်းရသေးသောအိမ်များ၊ အလွန်အကျွံသုံးစွဲနေသော developer များနှင့် တင်းကျပ်သောချေးငွေများအောက်တွင် ရစ်ပတ်နေပါသည်။

ဒါကြောင့် NPL ချေးငွေတွေကို ပြန်လည်အမျိုးအစားခွဲခြင်းနဲ့ တွန်းအားပေးတဲ့ လမ်းညွှန်ချက်အသစ်ဖြင့်တွေ ထပ်လုပ်ခဲ့တယ်။ ဒီလို ချွတ်ခြုံကျလာနေတဲ့ စိတ်ဆင်းရဲစရာ အိမ်ခြံမြေစျေးကွက် ပျက်ယွင်းမှုမှာ ထပ်ပြင်ဆင် လိုက်တဲ့စနစ်တွေက ဒီလုပ်ငန်းကနေတစ်ဆင့် တခြားသော ဘဏ္ဍာရေးစနစ်၊ လုပ်ငန်းအားလုံးအထိ တုန်လှုပ်ချောက်ချားဖွယ်ရာ လှိုင်းတွေကိုသာ ဖြစ်တည်လာစေတယ်။ ဟန်ပြအကျိုးအမြတ်ပြပြီး လက်တွေမှာ ဖြစ်တည်နေတဲ့ စီးပွားရေးအကွဲအပြဲအရေခြုံမှုတွေပါ ထပ်ပြီး ပေါ်ထွက်လာတယ်။ ပို့ကုန်ကျဆင်းခြင်းနဲ့အတူ ကုန်သွယ်ရေးတင်းမာမှုတွေ၊ စက်ရုံအလုပ်ရုံတွေက ထွက်ပေါ်လာနေတဲ့ ပွက်ပွက်ဆူသံတွေ၊ သက်ကြီးရွယ်အိုဦးရေများလွန်းလို့ တကယ့်ကုန်ထုတ်လုပ်အားနှုန်းကောင်းတဲ့ လူငယ်လုပ်သားတွေ ရှားပါးမှု၊ ဆယ်စုနှစ်များစွာကြာချိန် ကြီးထွားလာတဲ့ လောင်စာကြွေးမြီတွေက ပူပေါင်းတွေလို အစီအရီ ထွက်ပေါ်လာခဲ့ပါပြီ။ စီးပွားရေး အဆင်မပြေလေ လူငယ်တွေ အိမ်ထောင်ပြုဖို့ နှောင့်နှေးပြီး မျိုးဆက်သစ်တွေ မွေးဖွားမှုကျဆင်းလေ၊ အလုပ်လက်မဲ့နှုန်း မြင့်မားလာတာနဲ့အမျှ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အိမ်ယာသစ် ထူထောင်ခြင်းအမှုတွေလည်း ရှားသထက်ရှားလာလို့ အိမ်ခြံမြေလောကကြီး ဇောက်ထိုးကျသထက်ကျလာ ရတာပဲဖြစ်ပါတော့တယ်။

ထွက်မရတဲ့ ဒုက္ခနံရံ လေးဘက်လေးတန်ကြား CCP ရဲ့ ၂၀၀၈ ကမ္ဘာ့စီးပွားပျက်ကပ်ကနေ ရုန်းထွက်ဖို့အကြံအစည်ဟာ လက်တွေ့နဲ့ဝေးတဲ့ အဂ္ဂိရတ်ဆေးတစ်မျိးသာ ဖြစ်လာခဲ့တယ်။ မအောင်မြင်တဲ့ ချေးငွေတွေကို ရှုပ်ထွေးတဲ့ ဘဏ္ဍာရေးအသုံးပြုလက်နက်တွေအဖြစ် ပြန်လည်ပြင်ဆင်းပြီး ရင်းနှီးမြုပ်နှံသူတွေထံ နွားမရွှံ့ပိတ် ချေးငွေတွေ ထပ်အပ်နှံခြင်းကနေ ဘဏ်တွေဟာ အဆိပ်သင့်ပိုင်ဆိုင်မှုတွေအတွက် စွန့်စားပြီး ပေါ်ဖို့ ချေးရတဲ့ အခြေ အနေတွေဖြစ်ကုန်တယ်။

ဘေးကင်းလုံခြုံတဲ့ မှန်ကန်သော ဖြေရှင်းမှုကို မလုပ်နိုင်ဘဲ အရင်းခံပြဿနာတွေကို ဖုံးကွယ်ထားမှုဟာ နှစ်ဖက်ချွန်ဓားကို ကိုင်ဆောင်ထားရသလိုဖြစ်လာစေတယ်။ ဒီဓားနဲ့ ဒုက္ခရောက်နေတဲ့ လုပ်ငန်းရှင် တစ်နည်းအားဖြင့် ကြွေးယူထားသူတွေဆီက ငွေသားပြန်ပေါ်အောင် အပိုင်းပိုင်းလှီးဖြတ် ငွေကြေးပြန်ယူနေခြင်း ဟာလည်း ကျရှုံးမှုကို ခြေရာခံဖို့ ပိုမဖြစ်နိုင်တော့ဘဲ စီးပွားရေးရဲ့ မခိုင်မာမှုတွေဟာ ပိုပြီးရှုပ်ထွေးသွားစေတော့တာပါပဲ။ ရင်းနှီးမြုပ်နှံသူတွေ မျက်ကန်းဘ၀အလင်းပိတ်မှုဖြစ်တော့ ချေးငွေနဲ့ ပြေလည်အောင် ဖြေရှင်းခြင်းဟာ ပိုမိုး မမြင်နိုင်တော့တဲ့ မတည်ငြိမ်မှုတွေဆီကိုသာ ဆိုက်ဆိုက်မြိုက်မြို့သွားနေတော့တယ်။

ဘဏ်လုပ်ငန်းတွေမှာ အန္တရာယ်ရှိလာစေမှုကနေ ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ အာမခံကုမ္ပဏီတွေ၊ ပင်စင်ရန်ပုံငွေတွေ၊ တစ်ဦးချင်းရင်းနှီးမြုပ်နှံသူတွေရဲ့ ဘဏ်အပ်ငွေတွေပါ မတည်ငြိမ်တော့ဘဲ ခါရမ်းကူးစက်သွား ပြောရရင် အိမ်ခြံမြေကဏ္ဍ ပြိုလဲခြင်းက တခြားသော လုပ်ငန်းအစုလိုက်အပြုံလိုက်မှာပါ ငွေကြေးဆိုင်ရာ ကင်ဆာကပ်ဆိုးအဖြစ် အမြန်ဆုံး ပျံနှံ့ အမြစ်တွယ်သွားနိုင်ပါတယ်။

၂၀၀၈ ဘဏ္ဍာရေး အကျပ်အတည်းကနေ ဖြစ်လာတဲ့ ပြိုင်ဆိုင်မှုတွေဟာ မိုက်မဲပြီး တုန်လှုပ်ဖွယ်ရာကောင်းပါ တယ်။ အမေရိကန်ဘဏ်တွေက အကျိုးမရှိတဲ့ အန္တရာယ်ရှိသော ချေးငှားမှုတွေကို သိသိသာသာ လုံခြုံစိတ်ချရတဲ့ ငွေချေးစာချုပ်များအဖြစ် ပြန်လည်ပြင်ဆင်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို မြင့်မားတဲ့ ပြန်အမ်းငွေတွေ ပေးပြီး ဆွဲဆောင်နေပါတယ်။ အိမ်ခြံမြေ ကပ်ဆိုး ပူးပေါင်းတွေ ပလုံစီပေါက်ကွဲတာနဲ့အမျှ ဒေသအလိုက် တုန်လှုပ်မှုတစ်ခုအသွင်းပြေင်းပါတယ်။ အဆိပ်သင့် လုပ်ငန်းတွေဟာ အမြန်ဆုံး ပြိုလဲပျက်စီးသွားခြင်းကနေ တစ်ကမ္ဘာလုံးပါ သက်ရောက်ကူးစက်ပျံ့နှံ့စေတယ်။

ခုထိ တရုတ်နိုင်ငံဟာ ဒီလိုပျက်စီးယိုယွင်းနေတဲ့ သံသရာကို လမ်းမှန်းပေါ်ပြန်တင်နိုင်ဖို့ ခက်ခဲတဲ့ အန္တရာယ်ဇုန်ထဲ မှာ ရှိနေဆဲပါပဲ။ ပြန်လည်နာလန်ထခြင်းလို့ ထင်ယောင်ထင်မှားဖြစ်စေရေး အကျိုးမဲ့တဲ့ ချေးငွေတွေကို လုံခြုံတဲ့ငွေတွေ၊ အာမခံချက်ရှိတဲ့ငွေတွေဖြစ်အောင် ဟန်ပြသာ လုပ်နေတယ်။ CCP ရဲ့ ပွင့်လင်းမှုမရှိတဲ့ ကြိတ် ဖြေရှင်းမှုတွေဟာ စီးပွားရေးကိုပိုမိုနက်ရှိုင်းစွာထိခိုက်စေတယ်။ တိုးတက်မှုပြန်ရဖို့အတွက်လည်း နှောင့်နှေးမှုတွေကိုသာ ဖြစ်စေတယ်။

ကြွေးမြီကို နမော်နမဲ့ အရမ်းကရော ပြန်ဆပ်စေဖို့ ဘဏ်တွေကို လုပ်ပိုင်ခွင့်အာဏာတွေ ပြန်ပေးတယ်။ ဒါကလည်း အခြေခံကြွေးမြီလွန်ကဲမှုနဲ့ ပမာဏလွန်ကဲနေမှုပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ ကနဦး ပြဿနာကို အရင်မဖြေရှင်းဘဲ နောက်ထပ် ပြဿနာထပ်ပေါ်လာစေတဲ့ စနစ်နဲ့ ပိုမိုပြင်းထန်တဲ့ အကြွေးပြန်လည် တွက်ချက်မှု ဟာ အားလုံကိုပိုပြီး နစ်မွန်းသထက် နစ်မွန်းသွားစေတယ်။ CCP ဟာ ဘဏ်လုပ်ငန်းကဏ္ဍရဲ့ အကျိုးမရှိတဲ့ကြွေးမြီပြဿနာကို ရင်းနှီးမြှုပ်နှံသူတွေ၊ အိမ်ထောင်စုတွေနဲ့ စီးပွားရေးရဲ့အခြားအစိတ်အပိုင်းတွေမှာ ပွင့်လင်းမြင်သာမှုကင်းမဲ့စွာ ဖြေရှင်းတော့ပိုပြီးရှုပ်ထွေးသွားစေတာပဲ အဖတ်တင်ပါတယ်။ နောက်လာမည့်အကျပ်အတည်းအတွက် မျိုးစေ့တွေ ချပေးခြင်းတွေမျိုးသာ ဆက်လုပ်နေတယ်။

ပိုဆိုးလာတာက လုံခြုံစိတ်ချရတဲ့ ဘဏ်တွေနဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် developer များအကြား မဆင်မခြင် ချေးငှားခြင်းတွေ ထပ်လုပ်တော့ အကျိုးဆက်က ထပ်ပြီး အကာအရံမဲ့လာတယ်။ ချေးငှားသူတွေရဲ့ ကိုယ်ကျင့်တရားဆိုင်ရာပျက်ယွင်းမှု အန္တရာယ်ကိုလက်ယပ်ခေါ်သလိုဖြစ်ပြန်တယ်။ CCP ရဲ့မူဝါဒတွေဟာ အမြတ်ငွေတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဆီ သွားတယ်။ ဒါကြောင့် ငွေကြေးစနစ်မှာ အိမ်ထောင်စုများအလိုက် ဆုံးရှုံးမှုတွေနဲ့သာ ဆက်တိုက်ပွေ့ဖက်နေရချိန် ပြန်ရဖို့ ကာလရှည်ဆိုတာထက် ထာဝရအကြွေးမြီစာရင်းအဆင့် ဆီရောက်ဖို့သာ ပိုပြီး အားပေးသလိုဖြစ်လာတယ်။ ဘဏ်တွေကို ကြွေးမြီ ဖယ်ရှာခွင့်ပြုရာမှာ ချေးငွေသတ်မှတ် စံနှုန်းနဲ့ နဂိုသတ်မှတ်ခဲ့တဲ့ မက်လုံးတွေကိုပါ ပယ်ဖျက်ခိုင်းတယ်။ ဒီလို မဆင်မခြင် လုပ်ဆာင်ခြင်းဟာ အပြစ်ပေးရမယ့်သူတွေကို ဖြစ်ချင်ရာဖြစ်စေတော့ရတာချေးမယ်ဆိုတဲ့ အမြင်နဲ့ဆုလာဘ်တွေ ထပ်ပေးလိုက်သလိုဖြစ်လာရော။

ဒါကြောင့် တရုတ်နိုင်ငံရဲ့ကျဉ်းထဲကျပ်ထဲက စီးပွားရေးစိန်ခေါ်မှုတွေဟာ ဆင်ခြင်တုံတရားနဲ့ ရောင်ပြန်ဟပ်ဖို့ လိုအပ်နေပါပြီ။ ဒီ စီးပွားပျက်ကပ်ဟာ ကွက်ကြား ဖြစ်တည်မှုမျိုးမဟုတ်ဘဲ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်ကို ပြန်ဆိုက်လာစေနိုင်တဲ့အထိ အန္တရာယ်ရှိစေပါတယ်။ CCP ဟာ လောင်စာဆီတိုးမြှင့်သုံးခြင်းကနေ မြင့်တက် လာတဲ့ အကြွေးကလည်း တစ်ဖက်မှာ ရှိနေလို့ ရေတိုဖြေရှင်းမှုထက် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ပြဋ္ဌာန်းရပါတော့မယ်။ အကျိုးမရှိဘဲအလွန်အကျွံ သုံးစွဲနေတဲ့ ကဏ္ဍတွေကို လျှော့ချခြင်း၊ ပုဂ္ဂလိက လုပ်ငန်းတွေအတွက် စျေးကွက်ချုပ်ကိုင်မှုကို ဖြေလျှော့ပေးခြင်း၊ စားသုံးမှုနဲ့ ဝန်ဆောင်မှုတွေဆီ ချိန်ခွင်လျှာ ပြန်လည်ညီမျှအောင် လုပ်ဆောင်ရတာတွေကသာ လမ်းမှန်ဖြစ်ပါတယ်။ gamble imperils ခေါ် GAMBIT ဆိုတဲ့ ရှင်ရွှေထီး သေမြေကြီး စွန့်စားလွန်းတဲ့ ရင်းနှီးမှုကို လုပ်ဆောင်နေခြင်းဟာ သူတို့ စီးပွားရေးတစ်ခုတည်းကိုသာ ထိခိုက်စေတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကဏ္ဍတွေကိုပါ ဆက်စပ်ထိခိုက်စေပါတယ်။ အရင်ကလည်း ဒီလို အန္တရာယ်ရှိတဲ့ စွန့်စားစီးပွားရေးလုပ်ငန်းစဉ်တွေကြောင့် ကမ္ဘာ့ဘဏ္ဍာရေးပျက်ကပ်ဆိုက်ခဲ့တာကို တရုတ် CCP ပါတီ လူကြီးတွေ သင်ခန်းစာယူနိုင်ကြပြီလား။ ရဲရင့်စွာနဲ့ သူတို့စည်းတားထားတဲ့ ပွင့်လင်းမြင်သာမရှိမှုတံခါး ပေါက်က ထွက်ပြီး နိုင်ငံတကာနဲ့ ချိတ်ဆက်လို့ ကမ္ဘာ့စီးပွားရေးမြှင့်တင်ခြင်းမူကို လိုက်နာကျင့်ကြံကြပါတော့ လားလို့ မေးခွန်းထုတ်ရပါတော့မယ်။

ယင်းအစား၊ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းကို ဖြစ်ပေါ်စေသည့် တူညီသော အဆိပ်အတောက်ဖြစ်စေသော လုံခြုံစိတ်ချရမှုကို နှစ်ဆလျှော့ချခြင်းဖြင့်၊ တရုတ်ခေါင်းဆောင်များသည် ခိုင်မာသောပြုပြင်ပြောင်းလဲရေးထက် ရေတိုအလျင်အမြန်လုပ်ဆောင်ရန် စိတ်အနှောင့်အယှက်ဖြစ်စေသော ဦးစားပေးမှုကို ဖော်ပြသည်။ ဤလောင်းကြေးမြင့်မားသောလောင်းကစားသည် တရုတ်နိုင်ငံ၏စီးပွားရေးကိုသာမက ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာအစီအစဥ်ကိုပါ အနှောက်အယှက်ဖြစ်စေပြီး နောက်ထပ်ကြီးမားသောအကျပ်အတည်းကြီးအတွက် မီးမွှေးစေသည်။

အရင်က Securitization ရဲ့ အန္တရာယ်တွေကြောင့် ကမ္ဘာကြီးဟာ မီးလောင်ခံခဲ့ရပါတယ်။ တရုတ်ခေါင်းဆောင်များသည် ဤအန္တရာယ်ကို သတိပြုမိမည်လား။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဆောင်းပါး

တရုတ်၏ မဟာဗျူဟာမြောက် နယ်မြေသစ်အဖြစ် ပြောင်းလဲနေသည့် အရှေ့တောင်အာရှ

~ လင်းမောင် ~ အရှေ့တောင်အာရှဒေသတွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များသည် ကုန်သွယ်ရေး သဘောတူညီချက်များ၊ မီးရထားစီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အထုပ်အပိုးများအတွင်း၌သာ ကန့်သတ်မနေတော့ပေ။
ဆောင်းပါး

BRI, Bricks and Bases: How China Is Turning Southeast Asia Into Its New Strategic Frontier

~ Linn Maung ~ China’s ambitions in Southeast Asia are no longer

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

Starlink က အဆုံးအဖြတ်ပေးနေတဲ့ ယူကရိန်းစစ်မြေပြင်

~ ဒင်းဒင်း ~ အီလွန်မက်စ်ရဲ့ SpaceX က လုပ်ကိုင်နေတဲ့ Starlink ဂြိုဟ်တုတွေက မြန်နှုန်းမြင့် အင်တာနက်ကို ပေးစွမ်းပြီး ဒါဟာ ခေတ်သစ်စစ်ပွဲတစ်ရပ် အကြီးအကျယ်အားကိုးတဲ့ အရာလည်း ဖြစ်ပါတယ်။ ယူကရိန်းအတွက်ဆိုရင် ဒါဟာ စစ်မြေပြင်ဆက်သွယ်ရေး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

အမြစ်မပြတ်သေးသည့် တရုတ်၏ အဂတိလိုက်စားမှု ပြဿနာ

~ လင်းမောင် ~ ဝူဟန်မြို့တော်ဝန်ဟောင်း ကျိုးရှန်းဝမ်အား ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုအနေဖြင့် အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ထားသည့် အလေ့အထများကို မဖယ်ရှားနိုင်သေးကြောင်း သတိပေးချက်တစ်ခု ဖြစ်စေသည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

China’s Corruption Problem Runs Deeper Than Xi’s Tigers and Flies

~ Linn Maung ~ The sentencing of Zhou Xianwang, Wuhan’s former mayor, offers a reminder that China’s anti-corruption campaign has

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

ဒေါ်နယ်ထရမ့်၊ ဇီလန်းစကီး နဲ့ မပြီးဆုံးသေးတဲ့ ယူကရိန်းစစ်ပွဲ

~ CWM ~ စစ်ကတော့ ဖြစ်နေတုန်းပါပဲ။ ရုရှားရော ယူကရိန်းပါ ဘတပြန် ကျားတပြန်။ ၂၀၂၂ ကတည်းက စတဲ့ ယူကရိန်းစစ်ပွဲက လေးနှစ်အတွင်း နှစ်ဖက်ထိခိုက်သေဆုံးရသူ အရေအတွက်က ၅၀၀၀၀၀ နဲ့ ၈၀၀၀၀၀ ကြားမှာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

စိုးရိမ်ဖွယ် တရုတ်၏ အထည်အလိပ်လုပ်ငန်း ပြိုလဲမှုနှင့် လုပ်ငန်းများ မက္ကဆီကိုသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခြင်း

~ လင်းမောင် ~ ကမ္ဘာ့ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်၏ ကျောရိုးအဖြစ် ကာလရှည်ကြာ သတ်မှတ်ခံခဲ့ရသော တရုတ်နိုင်ငံ၏ အထည်အလိပ်လုပ်ငန်းသည် ငြင်းပယ်၍မရနိုင်သော ဖိစီးမှုဆိုင်ရာ အရိပ်အယောင်များကို ပြသနေသည်။ တစ်ချိန်က အဆုံးမရှိသော ပို့ကုန်အမှာစာများ၊ ပေါများလှသော လုပ်သားအင်အားနှင့် ကျယ်ပြန့်သော

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဆောင်းပါး

လျူရှောက်ချီ ရဲ့ နောက်ဆုံးနေ့များ

~ CWM ~ (၁) ၁၉၆၉ခုနှစ်၊ နိုဝင်ဘာလ(၁၂)ရက်၊ ဟေနန်ပြည်နယ်၊ ကိုင်ဖန်းမြို့။ ခိုက်ခိုက်တုန်အောင် အေးစိမ့်ပြီး အပူလွှတ်ပေးမထားတဲ့ ဘဏ်အဆောက်အဦးဟောင်းတခုရဲ့ အခန်းကျဉ်းလေးထဲမှာ သေငယ်ဇောနဲ့ မျောနေတဲ့ အကျဉ်းသားတဦးဟာ သစ်သားခေါက်ကုတင်လေးတလုံးပေါ်မှာ ခွေခွေလေး လဲလျောင်းနေတယ်။ နေရာက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now