ဒေသတွင်းသတင်း

လားရှိုးမြို့က Fine ပရိဘောဂဆိုင် ပစ်မှတ်ထား ဗုံးဖောက်ခွဲ တိုက်ခိုက်ခံရ

မဲခေါင် 14 Oct - 2023
စစ်ကောင်စီတပ် လုံခြုံရေး တင်းကြပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ ည ၇ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ အောက်တိုဘာ ၁၄

စစ်ကောင်စီတပ် လုံခြုံရေး တင်းကြပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မှာ မနေ့ အောက်တိုဘာလ ၁၃ ရက်နေ့၊ ည ၇ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လားရှိုးမြို့၊ ရပ်ကွက် (၈)၊ နယ်မြေ (၄) က “Fine” ပရိဘောဂဆိုင်ကို ပစ်မှတ်ထား ဖောက်ခွဲခဲ့တာဖြစ်ပြီး ဆိုင်တံခါး၊ နံရံတွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဝေးထိန်း ဗုံးနဲ့ ဖောက်ခွဲခဲ့တယ်လို့ ယူဆရတဲ့ ဒီဖြစ်စဉ်မှာ ဆိုင်ပိတ်သိမ်းချိန် ဖြစ်တာကြောင့် ဆိုင်အတွင်းပိုင်း ထိခိုက်မှု မရှိခဲ့သလို လူထိခိုက်မှု မရှိခဲ့ပါဘူး။

“အသံတော့ အရမ်းကျယ်တယ်။ မိုးလည်း အရမ်းရွာနေတဲ့ အချိန်ဆိုတော့ ဘယ်လိုက ဖောက်လိုက်တယ်တော့ မသိရသေးဘူး။ လူထိခိုက်မှု ရှိမရှိလည်း ပြောသံတွေ မကြားသေးဘူး” လို့ လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

Fine ပရိဘောဂဆိုင်ကို တရုတ်နိုင်ငံသား တစ်ဦး ပိုင်ဆိုင်ပြီး အခု ဖောက်ခွဲခံရမှုဟာ အခွန် (ဆက်ကြေး) မပေးတာနဲ့ ပတ်သက်နေတယ်လို့ နောက်ထပ် လားရှိုးမြို့ခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

“အခွန် ကိစ္စပဲ ဖြစ်မှာပေါ့။ တခြားကိစ္စ ဖြစ်စရာ အကြောင်းမှ မရှိတာ။ အဲဆိုင်ကလည်း တရုတ်ပိုင်တာ ဆိုတော့ အခွန်‌တောင်းလို့ မပေးလို့ ပေါက်ကွဲတာ ဖြစ်မယ်” သူကရှင်းပြပါတယ်။

လားရှိုးမြို့မှာ အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတဲ့ ဖြစ်စဉ်တွေ မကြာခဏ ဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာလည်း လားရှိုးမြို့ပြင်၊ လားရှိုး-မန္တလေး ပြည်ထောင်စု လမ်းမကြီးပေါ်က DENKO ဆီဆိုင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အမျိုးသား ၂ ဦး သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

မနေ့က ဖြစ်ပွားတဲ့ “Fine” ပရိဘောဂဆိုင် ဗုံးဖောက်ခံရမှုဟာ ဒီနှစ် ဇွန်လကနေ ၅ လအတွင်း လားရှိုးမြို့ပေါ်က စီးပွားရေးလုပ်ငန်းတွေကို ဦးတည်တဲ့ ၁၀ ကြိမ်မြောက် ဗုံးဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင် ကတည်းက လားရှိုးမြို့ အနီးမှာ လှုပ်ရှားတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်-TNLA၊ ရှမ်းပြည် တပ်မတော် SSPP/SSA၊ ကချင် လွတ်မြောက်ရေး တပ်မတော်-KIA နဲ့ ကိုးကန့် တပ်မတော်-MNDAA တို့က လားရှိုးမြို့က လုပ်ငန်းရှင်တွေထံက နှစ်စဉ် အခွန်ကောက်ခံ ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး နောက်မှာတော့ ဒီအဖွဲ့ ၄ ဖွဲ့ရဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ဆက်ကြေး ကောက်ခံတာတွေ ရှိလာသလို အဖွဲ့အစည်း နာမည် မပါဘဲ ဆက်ကြေး ကောက်ခံနေတဲ့ အဖွဲ့တွေ များလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လားရှိုးမြို့ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အခြေစိုက်ထားတဲ့ လုံခြုံရေး အတင်းကြပ်ဆုံးမြို့ ဖြစ်ပေမယ့် ဗုံးဖောက်ခွဲ ခံရမှုတွေကို လက်ရှိအချိန်ထိ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ လက်သည်ပေါ်တာ မရှိသေးပါဘူး။

CJ-014

#MeKongNews

#လားရှိုးမြို့

#ဗုံးပေါက်ကွဲ

#ပရိဘောဂဆိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now