မြန်မာ့နွေဦး

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပိုမိုဆိုးရွားလာတယ်လို့ SHRF အဖွဲ့ဆို

မဲခေါင် 30 Sep - 2023
၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်-SHRF တာ၀န်ရှိသူ Mrs.Ying Leng Harn က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၃၀

၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုမိုဆိုးရွားလာတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်-SHRF တာ၀န်ရှိသူ Mrs.Ying Leng Harn က မဲခေါင်သတင်းဌာနကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ပိုဖြစ်ပွားလာတာနဲ့အမျှ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ထိခိုက်သေဆုံးမှုတွေ ပိုများလာတယ်လို့ သူကဆိုပါတယ်။

ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် စတင်တည်ထောင်တဲ့ ၁၉၉၀ ခုနှစ်ကနေ လက်ရှိအချိန်ထိ ရှမ်းပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု အများအပြား ဖြစ်ခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေက အရပ်သား ၁၀၀ ကျော် သတ်ဖြတ်ခဲ့တာကြောင့် အဆိုးရွားဆုံး ကာလ ဖြစ်တယ်လို့ သူကပြောပါတယ်။

ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စာရင်းကောက်ယူရာမှာ လက်နက်ကိုင် ပဋိပက္ခအတွင်း ထိခိုက် သေဆုံးမှုတွေ သာမက စစ်ကောင်စီ အပါအ၀င် ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ပြည်သူ့စစ်တွေရဲ့ ပြည်သူတွေ အပေါ် အနိုင်ကျင့် နှိပ်စက်မှုတွေ၊ ဆက်ကြေးတောင်းမှုတွေ၊ ပြည်သူတွေ လက်မခံတဲ့ သဘာ၀ ပတ်၀န်းကျင် ပျက်စီးစေတဲ့ စီမံကိန်း အကောင်အထည် ဖော်တာတွေကို ထည့်သွင်း ကောက်ယူတယ်လို့ သူကရှင်းပြပါတယ်။

တိုက်ပွဲတွေကြား အရပ်သား ထိခိုက်သေဆုံးမှု၊ မြေယာသိမ်းခံရမှု၊ စီမံကိန်းတွေရဲ့ ဆိုးကျိုး စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အဖြစ်များပြီး ရှမ်းပြည်နယ် တောင်ပိုင်းမှာတော့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ လက်နက်ကိုင်တွေ ရမ်းကား ပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးမှုတွေ ပိုများတယ်လို့ ဆိုပါတယ်။

“ဒီလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အရင်ကလည်း ဖြစ်လေ့ ရှိပါတယ်။ ဒါပေမဲ့လို့ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လူ့အခွင့်အရေး ချိုး‌ဖောက်မှုတွေက ဆက်ကြေးတောင်းတာ၊ အနိုင်ကျင့်တာမျိုးလို ကိစ္စရပ်တွေ အပြင် အသက်အန္တရာယ်ကိုပါ ရန်မူလာတဲ့အထိ ဆိုးရွားလာပါတယ်” လို့ Mrs.Ying Leng Harn က ရှင်းပြပါတယ်။

အဲဒီလို လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ရှမ်းပြည်သူတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စာရင်း ကောက်ယူ ပြုစုရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ တားဆီးပိတ်ပင်မှု၊ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဆိုပေမယ့် အသေးစိတ် ပြောဆိုတာ မရှိပါဘူး။

ရှမ်းပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုး‌ဖောက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ဒေသတွင်း အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ TNLA၊ SSPP ၊ MNDAA ၊ RCSS စတဲ့ တပ်ဖွဲ့တွေကို မေးမြန်းဖို့ မဲခေါင်သတင်းဌာန အနေနဲ့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်အတွင်း လူ့အခွင့်အရေး တတ်ကြွလှုပ်ရှားသူ ကိုအောင် (အမည်လွှဲ) က “ရှမ်းပြည်နယ်မှာတော့ ဒီလိုဖြစ်ရပ်တွေ ဖြစ်နေဦးမယ်လို့ ပြောချင်တယ်။ ရှမ်းပြည်နယ်မှာမှ မဟုတ်ပါဘူး၊ အကြောင်းရင်း ကတော့ ပြည်တွင်း ပြည်ပ နိုင်ငံရေး အရှုပ်အရှင်းတွေ၊ လက်နက်ကိုင် အဖွဲ့တွေ များပြားမှုတွေကြောင့်လို့ပဲ ပြောချင်တယ်။ အခု အခြေအနေ ပိုဆိုးပေါ့ကွာ။ ဆက်ကြေးတောင်း၊ နယ်မြေလုတဲ့ တိုက်ပွဲတွေကြား မြေဇာပင်တွေ ဖြစ်နေဦးမှာပဲ” လို့ ပြောပါတယ်။

ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ပြည်တွင်း နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းတွေ တည်ငြိမ်ပြီး ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေ ညီညွတ်မှုရှိဖို့ လိုအပ်တယ်လို့ သူက သုံးသပ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက နိုင်ငံတစ်၀န်း ပြည်သူတွေအပေါ် အနိုင့်ကျင့် သတ်ဖြတ်မှု၊ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးမှုတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်တွေ ဆက်တိုက် ကျူးလွန်နေပေမဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ကတော့ ဒီလုပ်ရပ်တွေကို တော်လှန်ရေး အင်အားစုတွေ ဘက်က ပြုလုပ်တာဖြစ်တယ်လို့ စွပ်စွဲလေ့ ရှိပါတယ်။

လက်ရှိ ရှမ်းပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ သဘောထား မှတ်ချက်ကို သိရှိနိုင်ဖို့ မဲခေါင်သတင်းဌာန အနေနဲ့ ကြိုးစား ဆက်သွယ်ပေမဲ့ လက်ခံ ဖြေကြားမှု မရှိပါဘူး။

ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အဖွဲ့ကို ရှမ်းပြည်နယ် အတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှု၊ ညီညွတ်ရေး၊ တန်းတူညီမျှရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၉၉၀ ခုနှစ်၊ ဒီဇင်ဘာလမှာ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရှမ်းပြည်နယ် အခြေစိုက် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းအဖြစ် ပြည်ပရောက် ရှမ်းအမျိုးသား တော်လှန်ရေး အင်အားစုတွေ၊ ရှမ်းပြည်အတွင်းနဲ့ ပြင်ပက လူပုဂ္ဂိုလ်တွေ စုပေါင်းကာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စာရင်းကောက်ယူနေတယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Mk-007

#MeKongNews

#ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်_SHRF

#လူ့အခွင့်အရေး

#လက်နက်ကိုင်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖရူဆိုမှာ လေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်နေအိမ် ၁၀ လုံးကျော်ပျက်စီးလို့ မိုးကာလိုအပ်

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မော်သီဒို စစ်ရှောင်စခန်းမှာ မေလ ၁၄ ရက်နေ့ ညနေက လေပြင်းတိုက်ခတ်တာကြောင့် နေအိမ် ၁၀
မြန်မာ့နွေဦး

လွိုင်ကော်မှာ စစ်ကောင်စီတပ်အပြင် ပြန်ထွက်လာ

လအတန်ကြာ တပ်တွင်းပုန်းနေတဲ့ လွိုင်ကော်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ-၂၆၁ တပ်ရင်းဟာ မေ ၁၄ ရက်ကစပြီး တပ်ပြင်ကို စစ်ကြောင်းအနေနဲ့ ပြန်ထွက်လာတယ်လို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ငွေပေးခေါ်လာသူတွေကို စစ်ကောင်စီက ကျိုင်းတုံမှာ ဒုတိယအကြိမ် စစ်သင်တန်းပေး

ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံအခြေစိုက်၊ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၁၁) တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှာ စုဆောင်းထားတဲ့ သူတွေကို ဒုတိယအသုတ်အဖြစ် စစ်သင်တန်းပေးနေတယ်လို့ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဟိုပုံးမှာ မိုးသက်လေပြင်းကြောင့် လူတစ်ဦး ထိခိုက်မှုရှိပြီး လူနေအိမ်တချို့ ပျက်စီးဆုံးရှုံး

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လဲသက်ကျေးရွာအုပ်စု၊ ကုန်းညောင်ရွာမှာ မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနဲ့ နေအိမ်တချို့ ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ကရင်နီဒေသမှာ စစ်ဘေးရှောင်တွေအတွက် ရေအကူအညီတွေ လိုအပ်နေ

ကယား(ကရင်နီ)ပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေမှာ ရေရှားပါးမှု ကြုံတွေ့နေရတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ် ကွယ်လွန်ခြင်း ကြီးမားတဲ့ဆုံးရှုံးမှုလို့ ညီနောင်မဟာမိတ်သုံးဖွဲ့ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် R ခေါင်လွမ်း တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်ခြင်းဟာ မြန်မာလူထုနဲ့ ကချင်လူထုအတွက် ကြီးမားတဲ့ဆုံးရှုံးမှုအဖြစ် မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

KIA စစ်ဦးစီးချုပ်က ဆေးကုဖို့ထက် အများအကျိုးအတွက် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆို

KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးခေါင်လွမ်းက ဆေးကုဖို့ထက် အများအကျိုးအတွက် ကြည့်ပြီး တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့ကြောင့် မကွယ်လွန်ခင် ပြောပြခဲ့ကြောင်း အသံဖိုင် မှတ်တမ်းတွေအရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
မြန်မာ့နွေဦး

ဆီဆိုင်မြို့ထဲက စစ်ဘေးရှောင်တွေ ရပ်ထားတဲ့ကားတွေကို ကရိန်းကားတွေနဲ့ မပြီး ခိုးယူနေ

ရှမ်းတောင်၊ ဆီဆိုင်မှာ ခိုးသူတွေက ကရိန်းကားတွေပါ ခေါ်လာပြီး မြို့ထဲ ရပ်ထားတဲ့ကားတွေကို ကားတွေပေါ်တင်ဆောင်ခိုးယူနေတယ်လို့စစ်ဘေးရှောင်တွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now