ဒေသတွင်းသတင်း

မူဆယ် နယ်စပ်ဂိတ်မှာ မြန်မာနိုင်ငံကူးလက်မှတ်နဲ့ တရုတ်နိုင်ငံဘက် ဝင်ခွင့်ပြု

မဲခေါင် 30 Sep - 2023
ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ မူဆယ် နယ်စပ်ဂိတ်မှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မြန်မာ နိုင်ငံကူး လက်မှတ်နဲ့ တရုတ်ဘက် ဝင်ခွင့်ပြုမယ်လို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ စက်တင်ဘာ ၃၀

ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်-မြန်မာ မူဆယ် နယ်စပ်ဂိတ်မှာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး မြန်မာ နိုင်ငံကူး လက်မှတ်နဲ့ တရုတ်ဘက် ဝင်ခွင့်ပြုမယ်လို့ နယ်စပ် ဒေသခံတွေက ပြောပါတယ်။

နိုင်ငံကူး လက်မှတ်ကို ရန်ကုန်၊ မန္တလေး၊ လားရှိုး မြို့တွေမှာရှိတဲ့ နိုင်ငံကူးလက်မှတ် စိစစ်ထုတ်ပေးရေး ရုံးတွေမှာ လျှောက်ထားရယူနိုင်ပြီး နိုင်ငံကူးလက်မှတ် ရယူပြီးနောက် ရန်ကုန်ရှိ တရုတ်သံရုံး သို့မဟုတ် မန္တလေး ရှိ တရုတ် ကောင်စစ်ဝန်ရုံးတွေမှာ ဗီဇာ (Business Visa) လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။

“ လုပ်ငန်း ဗီဇာပဲ ရသေးတယ်။ ၁ ရက်နေ့ စမ်းသပ် ဝင်ခွင့်ပြုမှာ။ တခြား ဟာတော့ မရသေးဘူး” လို့ မူဆယ်ခရိုင် ဌာနဆိုင်ရာနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

တခြား ဗီဇာတွေ ပေးမယ့် အချိန်ကိုတော့ ပြန်လည် အသိပေး ထုတ်ပြန်သွားမယ်လို့ သူကဆိုပါတယ်။

ကုန်သည် တစ်ဦးကတော့ “ လုပ်ငန်း ဗီဇာ လျှောက်လို့ ရပြီ။ Show Money တော့ ပြရတယ်” လို့ ပြောပါတယ်။

လုပ်ငန်း ဗီဇာ ရရှိပါက ရက်ပေါင်း ၃၀ တရုတ်ဘက်မှာ နေထိုင်ခွင့်ပြုပြီး မြန်မာဘက် ပြန်ထွက်ကာ ဗီဇာ ထပ်လျှောက်ရကြောင်း၊ ဒုတိယ အကြိမ်အထိ တစ်ကြိမ် ရက်ပေါင်း ၃၀ သာ ခွင့်ပြုတယ်လို့ သူက ပြောပါတယ်။

တတိယ အကြိမ်မှာတော့ တရုတ်ဘက်က ထောက်ခံပေးမယ့် လုပ်ငန်းရှင် ကုမ္ပဏီ ရှိပါက ထောက်ခံပေးမယ့် ကုမ္ပဏီပေါ် မူတည်ပြီး ဗီဇာ သက်တမ်း ၃ လ ကနေ ၆ လအထိ ရနိုင်တယ်လို့ ဆိုပါတယ်။

ဗီဇာ သက်တမ်းတိုးတာကို တယ်ဟုန်ခရိုင်၊ နိုင်ငံခြားသားများ ပြည်ဝင်၊ ပြည်ထွက် ကြီးကြပ်ရေး ဗျူရိုသို့ အာမခံပေးတဲ့ တရုတ်နိုင်ငံ ကုမ္ပဏီရဲ့ ထောက်ခံချက် တင်ပြ ပြုလုပ်နိုင်ကြောင်း၊ တရုတ်ဘက်ခြမ်းနေ မြန်မာနိုင်ငံသားများ အတွက် ကောင်စစ်ရေးရာ ထောက်ပံ့ကူညီရေးအဖွဲ့ရဲ့ အသိပေး ကြေညာစာမှာ ဖော်ပြထားပါတယ်။

စီးပွားရေး မြန်မာနိုင်ငံကူးလက်မှတ် (BP–Passport for Business) လျှောက်ထားလိုသူတွေ အနေနဲ့ ကုမ္ပဏီ မှတ်ပုံတင် မူရင်းနဲ့ မိတ္တူ တစ်စုံ၊ ပုံစံ (၆/၂၆) မူရင်းနဲ့ မိတ္တူ တစ်စုံ လိုအပ်တယ်လို့ သိရပါတယ်။

ဗီဇာ လျှောက်ရာမှာ တရုတ်-မြန်မာ ကုန်းလမ်း နယ်စပ်ဂိတ်ပေါက် ကနေ ဝင်ရောက်မှာ ဖြစ်ကြောင်း အသိပေးရမှာဖြစ်ပြီး ဗီဇာရယူပြီးနောက် ကျယ်ဂေါင် – မူဆယ် သတ်မှတ်ထားတဲ့ ဂိတ်ပေါက်မှ တရုတ်နိုင်ငံထဲ ဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။

အလုပ်သမား ဗီဇာကတော့ ၂ နိုင်ငံ နားလည်မှု စာခွန်လွှာ လက်မှတ် (MoU) ထိုးပြီးမှ အသိပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Photo: 008
CJ-008

#MekongNews

#မူဆယ်

#နိုင်ငံကူးလက်မှတ်

#ဗီဇာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့နယ်အတွင်းက စစ်ကောင်စီ စခန်း(၈)ခုကို နှစ်ရက်အတွင်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းက စစ်ကောင်စီစခန်း(၈)ခုကို KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေက သိမ်းပိုက်ထားတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေ
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့ Tai Freedom ရှမ်းဘာသာနဲ့ ရေးသားထုတ်ပြန်တဲ့ စာမျက်နှာက ဒီနေမှာ ထုတ်ပြန်ပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now