ဒေသတွင်းသတင်း

လားရှိုးမြို့က ပြန်ပေးဆွဲခံရတဲ့ လုပ်ငန်းရှင် ၃ ဦးနဲ့ ယာဥ်မောင်း ပြန်လွတ်လာ

မဲခေါင် 16 Aug - 2023
မဲခေါင်၊ ဩဂုတ် ၁၆ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့က ပြန်ပေးဆွဲခံရတဲ့ လုပ်ငန်းရှင် ၃ ဦးနဲ့ ယာဥ်မောင်းတို့ ပြန်ပေးဆွဲ ခံရပြီး တပတ်ခန့် အကြာမှာ ပြန်လွတ်လာတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဩဂုတ် ၁၆

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့က ပြန်ပေးဆွဲခံရတဲ့ လုပ်ငန်းရှင် ၃ ဦးနဲ့ ယာဥ်မောင်းတို့ ပြန်ပေးဆွဲ ခံရပြီး တပတ်ခန့် အကြာမှာ ပြန်လွတ်လာတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

အဲဒီ လုပ်ငန်းရှင် ၃ ဦးနဲ့ ယာဥ်မောင်း တစ်ဦးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်နေ့က လားရှိုးကနေ မန္တလေး အသွားလမ်း၊ လားရှိုးနဲ့ သီပေါ ကြားမှာ အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ခုက ပြန်ပေးဆွဲ သွားတာ ဖြစ်ပါတယ်။

“ပြန်လာပြီလေ။ တပတ်လောက် ရှိမယ်ထင်တယ်။ သူတို့ အကုန်လုံးကို တစ်ရက်ထဲပဲ ပြန်လွှတ်ပေးတာ ဟုတ်တယ်” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက‌ ပြောပါတယ်။

ပြန်လွတ်လာသူတွေ ထိခိုက် ဒဏ်ရာရတာ မရှိဘဲ ငွေဘယ်လောက်နဲ့ ပြန်ရွေးခဲ့ရတယ် ဆိုတာကိုတော့ မသိရဘူးလို့ ဆိုပါတယ်။

“ဘာမှ မဖြစ်ဘူး။ အဲဒါတော့ မပြောတတ်ဘူးကော (ဘယ်လောက်)။ အဲဒါတော့ မထွက်ဘူးကော” လို့ သူက ရှင်းပြပါတယ်။

ပြန်ပေးဆွဲသွားတာ ဘယ်အဖွဲ့အစည်း ဆိုတာကိုတော့ လုံခြုံရေးအရ ပြောလို့ အဆင်မပြေဘူးလို့ အဆိုပါ ဒေသခံ အမျိုးသမီးက ဆိုပါတယ်။

ခုလ ဩဂုတ် ၁၁ ရက်နေ့မှာလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က ပို့ကုန် ဦးစီးအရာရှိနဲ့ ပို့ကုန် သွင်းကုန် ဝန်ဆောင်မှုပေးတဲ့ အေးဂျင့် တစ်ဦးကို အမည်မသိ အဖွဲ့က ပြန်ပေးဆွဲသွားလို့ ကျပ်သိန်း ၂,၀၀၀ စီနဲ့ ပြန်ရွေးခဲ့ရာက ဩဂုတ် ၁၂ ရက်နေ့မှာ ပြန်လွတ်လာတယ်လို့ ကုန်သွယ်ရေး အသိုင်းအဝိုင်းက သိရပါတယ်။

အဲဒီ ပြန်ပေးဆွဲ ခံခဲ့ရတဲ့ ပို့ကုန် ဦးစီး အရာရှိနဲ့ အေးဂျင့်ကို မူဆယ်က ရဲမှူး အာကာဖြိုး ဆိုသူက အကြမ်းဖက်တွေကို ကြားခံ ငွေပေး ရွေးခဲ့တယ်ဆိုပြီး ခေါ်ယူ စစ်ဆေးခံရတယ်လို့ ဆိုပါတယ်။

‌အသက်‌ဘေး အန္တရာယ် ခြိမ်းခြောက်ခံရတာကြောင့် ငွေတောင်းခံသမျှ အဖွဲ့တွေကို ပေးနေရပေမယ့် ဘယ်အဖွဲ့ကမှ လုံခြုံရေး အတွက် အာမခံချက် မပေးနိုင်ကြဘူးလို့ နယ်စပ် လုပ်ငန်းရှင်တွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်း‌မှာ ကျောင်းနေအရွယ် ကလေးတွေ၊ လုပ်ငန်းရှင်တွေ၊ မူဆယ် နယ်စပ် ၁၀၅ မိုင် ကုန်သွယ်ရေးရေးဇုန်က ဝန်ထမ်းတွေ မကြာခဏ ပြန်ပေးဆွဲ ခံနေရတာပါ။

CJ-008

#MeKongNews

#လားရှိုးမြို့

#ပြန်ပေးဆွဲ

#ပို့ကုန်_သွင်းကုန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

ဒေသတွင်းသတင်း နေ့စဥ်သတင်း

ထိုင်းအမျိုးသမီးများ ယောင်္ကျား ၄ ယောက် ယူခွင့်ရမည်ဟု ဝန်ကြီးချုပ်လောင်း မဲဆွယ်

မဲခေါင်၊ ဇန်နဝါရီ ၁၃ ကျား/မ တန်းတူညီမျှရေး မူဝါဒ၏ အစိတ်အပိုင်းတစ်ခု အဖြစ် ထိုင်းအမျိုးသမီးများ အနေဖြင့် သက်ဆိုင်သူအားလုံး သဘောတူလျှင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နိုင်ငံတကာသတင်း နေ့စဥ်သတင်း

လူပေါင်း ၈ ထောင်ထံမှ ဒေါ်လာ သန်း ၂၀၀ ကျော် လိမ်ခဲ့သည့် တရုတ် ကျားဖြန့်ဂိုဏ်းကို ထိုင်းအာဏာပိုင်များ ဖြိုခွင်း

မဲခေါင်၊ ဇန်နဝါရီ ၁၀ အမေရိကန်ဒေါ်လာ သန်း ၂၁၀ အထိရှိသော ကြီးမားသည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ လိမ်လည်မှုကို လုပ်ဆောင်ခဲ့သည်ဟု စွဲဆိုခံထားရသော တရုတ် တရားမဝင် စီးပွားရေး လုပ်ငန်းတုတစ်ခု၏ ထိပ်ပိုင်းအဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးမိခဲ့ကြောင်း

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဗင်နီဇွဲလားကို ကုန်းတွင်တိုက်ပွဲစတင်ပြီဟုဆိုကာ မာဂျူရိုကို မောင်းထုတ်ဟု ဒေါ်နယ်ထရမ့် အစည်းအဝေးတွင် ပြော

မဲခေါင်၊ ဒီဇင်ဘာ ၅ ဒီဇင်ဘာ ၂ ရက်တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဗင်နီဇွဲလားနိုင်ငံအတွင်း ကုန်းတွင်းတိုက်ပွဲ စတင်တော့မည်ဟုဆိုသလို ဗင်နီဇွဲလား သမ္မတ မာဂျူရိုကို ရည်ရွယ်ကာ ခွေးမသားတွေကို မောင်းထုတ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုင်းပွန်ဂိတ်၌ ကုန်များ မြေပေါ်ချ ဖောက်စစ်ပြီး ကုန်ကားများအား ဒုက္ခပေးနေ

မဲခေါင်၊ နိုဝင်ဘာ ၂၉ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပွန်မြို့၌ ကုန်ကားများပေါ်မှ ပစ္စည်းများအား စစ်ကောင်စီဂိတ်က မြေကြီးပေါ်သို့ အကုန်ချခိုင်းပြီး ဖောက်စစ်နေသဖြင့် ကုန်သည်များ အခက်ကြုံနေရကြောင်း မဲခေါင် သတင်းရင်းမြစ်က ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် ကားပေါ်ပါသမျှ ကုန်ပစ္စည်းများကို

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဟိုပုံး၌ ကုန်ကားများကို ဖမ်းဆီးခြင်းက တာဝန်ကျစစ်ကောင်စီ အရာရှိများအတွက် ငွေတွင်းဖြစ်လာ

မဲခေါင်၊ နိုဝင်ဘာ ၂၇ မူဆယ်နှင့် တာချီလိတ် လမ်းကြောင်းများမှ ဝင်ရောက်လာသည့် ထိုင်းနှင့် တရုတ်ကုန်ပစ္စည်းများ သယ်ဆောင်လာသည်ဟုဆိုကာ ကုန်တင်ကားများကို ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်အဝင် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီတပ်အရာရှိများက ဖမ်းဆီးကာ စီးပွားရှာနေကြောင်း မဲခေါင်သတင်းရင်းမြစ်ထံမှ သိရသည်။ ယင်းအကြောင်းပြချက်ဖြင့်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ကမ္ဘာ့သတင်း ဒေသတွင်းသတင်း

အီသီယိုးပီးယား မီးတောင်ပြာများ ကောင်းကင် ၉ မိုင် အမြင့်အထိ တက်ကာ လွင့်မျောလာသဖြင့် အိန္ဒိယလေကြောင်းခရီးစဉ်များစွာ ဖျက်သိမ်းခဲ့ရ

မဲခေါင်၊ နိုဝင်ဘာ ၂၆ နိုဝင်ဘာ ၂၃ ရက်နေ့က အီသီယိုးပီးယားနိုင်ငံအရှေ့မြောက်ပိုင်း အဖာဒေသရှိ ဟေလီဂက်ဘီမီးတောင် ကြီးသည် နှစ်ပေါင်း ၁၂၀၀၀ အတွင်း ပထမဆုံးအကြိမ် ပေါက်ကွဲခဲ့ရာ နာရီပေါင်းများစွာ ချော်ရည်များဖြင့် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကောင်းကင်အထက် ၉

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
ဒေသတွင်းသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

သံလွင်မြစ်ရေ ဘေးကင်းအဆင့်ထက် အာဆင်းနစ် ၅ ဆကျော်ပိုများနေသဖြင့် ထိုင်းအရေးပေါ်တိုင်းတာ

မဲခေါင်၊ နိုဝင်ဘာ ၅ ပြီးခဲ့သည့်တစ်ပတ်က ချင်းမိုင်တက္ကသိုလ်ရှိ စူးစမ်းလေ့လာရေးပညာရှင်များ လေ့လာချက်အရ သံလွင်မြစ်ရေသည် အာဆင်းနစ်အဆိပ်ဓာတ် ဘေးကင်းလုံခြုံမှုအဆင့်ထက် ၅ ဆကျော်ပိုများပြီး ညစ်ညမ်း ပျော်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုင်းတာဝန်ရှိသူများ အားချင်းတိုင်းတာစစ်ဆေးမှုများ ပြုလုပ်နေကြပြီဖြစ်သည်။ ၂၀၂၅ ခုနှစ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now