မဲခေါင်၊ သြဂုတ် ၈
ရှမ်းနဲ့ ကရင်နီ ပြည်နယ် ပါ၀င်တဲ့ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စနိုက်ပါ စစ်ကြောင်းက စစ်ကောင်စီ ရာထူးကြီး ညွှန်ကြားနေသူတွေကို ချေမှုန်းဖို့အတွက် “တစ်ကောင်တချက် ဖျက်မြင်းလက်” ဆိုတဲ့ ကမ်ပိန်း ပြုလုပ်နေတယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ကမ်ပိန်းကာလကို သြဂုတ်လ ၇ ရက်ကနေ ၂၀ ရက်နေ့ အထိ သတ်မှတ်ထားပြီး အမေရိကန် ဒေါ်လာ တစ်သိန်း (မြန်မာငွေ သိန်း ၄၀၀၀ ခန့်) ရရှိဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။
“ကမ်ပိန်းကို ဘာကြောင့် ပြုလုပ်ရသလဲဆိုရင် ကျွန်တော်တို့က တစ်ဖက်ရန်သူကို စနိုက်ပါ မုန့်ဟင်းခါးတွေ ရှယ်ချက်လေ့ ရှိပါတယ်။ ရန်သူ စစ်ကောင်စီကို ဒီထက်ပိုပြီး ထိထိရောက်ရောက် ချေမှုန်းနိုင်ဖို့ရာ လက်စွမ်းထက်တဲ့ စနိုက်ပါ တစ်လက် ဝယ်ယူဖို့ ကမ်ပိန်း ပြုလုပ်ရခြင်း ဖြစ်ပါတယ်” လို့ တာ၀န်ရှိသူက ပြောပါတယ်။
အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ စနိုက်ပါ စစ်ကြောင်းဟာ ၂၀၂၁ ခုနှစ်၊ ၉ လပိုင်းကစပြီး M16 စနိုက်ပါနဲ့ စစ်ကောင်စီကို ဒီနေ့အချိန်ထိ ချေမှုန်းနေတယ်လို့ သိရပါတယ်။
စနိုက်ပါစ စ်ကြောင်းမှာ အမျိုးသမီး စနိုက်ပါ အဖွဲ့ဝင်တွေလည်း ပါဝင်ပြီး အမျိုးသားတွေနဲ့တန်းတူ စစ်ဆင်ရေးတွေ ဖော်ဆောင်နေတာကြောင့် ပွိုင့်ဖိုက် စနိုက်ပါ ဝယ်ယူဖို့ လိုအပ်လို့ အခုလို ကမ်ပိန်း ပြုလုပ်ရတာလို့ ဆိုပါတယ်။
CJ-004
#MeKongNews
#စနိုက်ပါစစ်ကြောင်း
#အလယ်ပိုင်းတိုင်း
#”တစ်ကောင်တချက်_ဖျက်မြင်းလက်”








