မဲခေါင်၊ ဇူလိုင် ၂၆
၂၀၂၂ နိုဝင်ဘာလက မယ်ဆိုင်ရွှေဆိုင်တစ်ခုကနေ ရွှေဆွဲကြိုးလုပြေးပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ထိုင်းနိုင်ငံသား တရားခံကို ဒီကနေ့မှာ မြန်မာဘက်က ထိုင်းဘက်ကို ပြန်လည် လွှဲပေးလိုက်ပြီဖြစ်ပါတယ်။
မစ္စတာဆီရီလို့ ခေါ်တဲ့ ချန်သာဘူရီခရိုင်က ထိုင်းနိုင်ငံသားဟာ ၂၀၂၃ ဇန်နဝါရီလဆန်းပိုင်းမှာ တာချီလိတ်ကို မယ်ဆိုင်ဖြစ် ဖြတ်ကူပြီး ထွက်ပြေးသွားကြောင်း ထိုင်းမီဒီယာတွေနဲ့ရဲတပ်ဖွဲ့က စီစီတီဗီမှတ်တမ်းတွေကနေ ရေးသားဖော်ပြခဲ့ကြပြီးဖြစ်ပါတယ်။
မြန်မာဘက်က မစ္စတာ ဆီရီကို တာချီလိတ်ဟိုတယ်တစ်ခုမှာ ဖမ်းဆီးရမိပြီး မြန်မာနိုင်ငံဥပဒေတွေနဲ့ပတ်သက် လို့ချိုးဖောက်ခဲ့တဲ့ ဥပဒေအရ ကျိုင်းတုံထောင်မှာ ပြစ်ဒဏ်ကျခံထားစေပြီးပြစ်ဒဏ်စေ့ချိန် ဇူလိုင် ၂၅ ရက်မှာ မယ်ဆိုင်-တာချီလိတ် အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ ထိုင်းတာဝန်ရှိသူတွေထံ ပြန်လက်လွှဲပေးလိုက်တာဖြစ်ပါတယ်။
MKF-001
#MeKongNews
#မယ်ဆိုင်
#ထိုင်း
#မြန်မာ
Ref: The Reporters