ဒေသတွင်းသတင်း

အင်းလေး အနောက်ကန်ပတ်လမ်းပေါ် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီက ဂိတ်ဖြတ်သန်းချိန် ကန့်သတ်

မဲခေါင် 25 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၅ ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွှေညောင်မြို့နယ်၊ အင်းလေး အနောက်ကန်ပတ်လမ်းပေါ်ရှိ ရေပယ်ကျေးရွာ အနီးမှာ စစ်ကောင်စီက လူတစ်ဦးကို ပစ်သတ်ပြီးတဲ့နောက် ကားတွေကို မနက် ၅ နာရီမှ ညနေ ၅ နာရီအထိသာ ဖြတ်သန်းခွင့် ပြုတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၅

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရွှေညောင်မြို့နယ်၊ အင်းလေး အနောက်ကန်ပတ်လမ်းပေါ်ရှိ ရေပယ်ကျေးရွာ အနီးမှာ စစ်ကောင်စီက လူတစ်ဦးကို ပစ်သတ်ပြီးတဲ့နောက် ကားတွေကို မနက် ၅ နာရီမှ ညနေ ၅ နာရီအထိသာ ဖြတ်သန်းခွင့် ပြုတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့မှာ တောင်လေးလုံးဘက်ကလာတဲ့ SURF ကားတစ်စီးကို ရေပယ်ရွာ အနီး စစ်ကောင်စီ ဂိတ်က ပစ်ခတ်လို့ ကားပေါ်ပါလူ ၂ ဦးအနက် တစ်ဦးသေဆုံးပြီး တစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့ပါတယ်။

အဲ့ဒီဖြစ်စဉ် ဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဟာ အင်းလေး အနောက်ကန်ပတ်လမ်းပေါ်မှာရှိတဲ့ ညောင်ရွှေ – ခေါင်တိုင် – တောင်လေးလုံး လမ်းဆုံဂိတ်ကို ကားဖြတ်သန်းခွင့် ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

“မနေ့က စပြီး ကန့်သတ်လာတာဗျ။ မနက် ၅ ကနေ ညနေ ၅ နာရီအထိပဲ ပေးဖြတ်မယ် အဲ့အချိန်တွင်း မဟုတ်ရင် မပေးဖြတ်ဘူး။ ရှိတဲ့နေရာမှာပဲ နေရမယ်လို့ ကားသမားတွေကို စစ်ကောင်စီဂိတ်က ပြောတာဗျ။ အဲ့ဒီ ပစ်ခတ်မှု ဖြစ်ပြီးတော့ အခုလို ကန့်သတ်လာတာ ဖြစ်တယ်ဗျ” လို့ အင်းလေး ဒေသခံ တစ်ဦးက ပြောပါတယ်။

ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်ကောင်စီ ဂိတ်ကို ဖြတ်သန်းတဲ့ကားတွေ တစ်စီး ၂ သောင်းမှ ၃ သောင်းအထိ ငွေတောင်းတယ်လို့လည်း နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။

“မဆီမဆိုင် အဲလိုဖြစ်ပြီးတော့ ကားတွေကို တစ်စီး ၂ သောင်း ၃ သောင်း တောင်းတယ်တဲ့ဗျာ။ ထွက်ပြေး လွတ်မြောက်တဲ့ တစ်ယောက်ကိုလည်း ကားနဲ့ကော လမ်းလျှောက်ပြီးတော့ကော သူတို့ လိုက်ရှာတာ မတွေ့သေးဘူး” လို့ သူကပြောပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုဟာ PDF တွေက ကားနဲ့ ဂိတ်ကို ဖြတ်ဖို့ကြိုးစားလို့ ပစ်ခတ်တာလို့ စစ်ကောင်စီက ဒေသတွင်း သတင်းလွှင့်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် အပစ်ခံရသူတွေဟာ PDF တွေ ဟုတ်မဟုတ် မသိရပေမယ့် တောင်လေးလုံး ထောင်ကို ဖောက်ပြီး ထွက်ပြေးလာတဲ့ လူတွေလို့ သတင်းထွက်သလို စစ်ကောင်စီ တပ်ပြေးတွေလို့လည်း သတင်းထွက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပစ်ခံရတဲ့သူတွေနဲ့ ပတ်သက်ပြီး မဲခေါင်သတင်းဌာန အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

“တောင်လေးလုံး ထောင်ကနေ ဖောက်ပြေးလာတဲ့ သူတဲ့ဗျာ။ ခေါင်းပွင့်ပြီး သေသွားတယ်တဲ့ဗျာ။ အဲတာကို စစ်ခွေးတွေက PDF တွေ ကားနဲ့ဖြတ်လို့ ပစ်တာလို့ သတင်းလွှင့်ထားတယ်ဗျာ။ သူတို့လူ ထွက်ပြေးတယ်လို့လည်း ပြောနေကြ တယ်ဗျာ” လို့ အင်းလေး ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ညောင်ရွှေမြို့နယ် အနောက်ကန်ပတ်လမ်းပေါ်မှာရှိတဲ့ ရေပယ်ရွာနဲ့ ပေါင်းပိန်းဂိတ်တွေမှာ ဂိတ်ဖွင့်လှစ်ပြီး ကားတွေကို စစ်ဆေးနေတဲ့အပြင် ကုန်တင်ကားတွေကို ငွေတောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CJ-002
#MeKongNews
#ညောင်ရွှေမြို့နယ်
#အင်းလေး
#စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now