မြန်မာ့နွေဦး

၂ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၂၆၂ ဦး သုတ်သင်နိုင်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့ S.O.F ထုတ်ပြန်

မဲခေါင် 21 Jul - 2023
မဲခေါင်၊ ဇူလိုင် ၂၀ ၂ နှစ်အတွင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က (၈၇) ကြိမ်ခန့် တိုက်ပွဲဆင်နွှဲခဲ့ရာ လက်နက် (၅၄) လက် သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂၆၂) ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

မဲခေါင်၊ ဇူလိုင် ၂၀

၂ နှစ်အတွင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က (၈၇) ကြိမ်ခန့် တိုက်ပွဲဆင်နွှဲခဲ့ရာ လက်နက် (၅၄) လက် သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂၆၂) ဦးကို သုတ်သင်နိုင်ခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာ ဂျူလိုင်(၂၁)ရက်မှာ (၂) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီ ဖြစ်ပါတယ်။

ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး နဲ့မွန်ပြည်နယ်တို့မှာ ပျံလွှားအောင်၊ နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးတွေအပြင် KNU တပ်မဟာ (၆)နဲ့ တပ်မဟာ (၄) နယ်မြေခံ KNLA တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ကျေးလက်စစ်ဆင်ရေးတွေကို ဆောင်ရွက်ခဲ့ပုံကို အကျဉ်းချုပ်သတင်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ဗားကရာ၊ သန်လျင်တံတား၊ ထန်းတပင်တာဆုံ၊ လှိုင်သာယာဘုရားလမ်း၊ မြောက်ဥက္ကလာတံတား၊ ဗဟန်းစစ်တပ်အရာရှိ ရိပ်သာ၊ အင်းစိန်ထောင်အရာရှိရိပ်သာ အပါအဝင် အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ၊ သာကေတရဲစခန်းတို့ကို တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။

အလားတူ မြောက်ဥက္ကလာရဲစခန်း နဲ့ လှိုင်သာယာရဲစခန်းတွေကို လက်နက်ကြီး/ လက်နက်ငယ်တွေနဲ့ ထိုးဖောက်ဝင်ရောက်တိုက်ခိုက် နိုင်ခဲ့ပြီး ဧရာဝတီတိုင်း စစ်ကောင်စီဝန်ကြီးချုပ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်မှုအပါအဝင် မွန်ပြည်နယ်ရှိ ရဲစခန်းတွေ၊ ပျူစောထီး ဂိတ်နဲ့ စစ်စခန်းတွေကို အကြိမ်ပေါင်းများစွာ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

ဘုရားသုံးဆူမြို့ ဘုရားတောင်စခန်းသိမ်းပွဲ၊ သံဖြူဇရပ်မြို့ တောင်ကလေးစခန်းသိမ်းပွဲ၊ ကြာအင်းဆိပ်ကြီးမြို့ တောင်စွန်းစခန်းသိမ်း တိုက်ပွဲနဲ့ ကော့ကရိတ်မြို့ တောင်ကြာအင်းစခန်းသိမ်းတိုက်ပွဲအပါအဝင် တိုက်ပွဲပေါင်း (၃၉) ကြိမ်၊ ဒရုန်း+လက်နက်ကြီးတိုက်ပွဲပေါင်း (၁၆)ကြိမ်ဆင်နွှဲနိုင်ခဲ့တယ်လို့သိရပါတယ်။

“ တော်လှန်ရေးရဲ့မြှားဦး” အနေနဲ့ တိုက်ပွဲအကြိမ်ရေ (၈၇) ကြိမ်ခန့်မှာ အကြမ်းဖက်စစ်ကောင်စီ (၂၆၂) ဦး သက်တမ်းကုန်ဆုံးတဲ့ အထိ တိုက်ပွဲဝင်ချေမှုန်းနိုင်ခဲ့ပါတယ်” လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ကပြောပါတယ်။

လက်နက်ကြီး/လက်နက်ငယ်(၅၄)လက်၊ တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့ လိုင်စင်မဲ့ကားတချို့ ကို သိမ်းဆည်းရရှိ ဖျက်ဆီးနိုင်ခဲ့တယ် လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MK 005

#MeKongNews

#အထူးစစ်ဆင်ရေး

#စစ်ကောင်စီ

#ကရင်ပြည်နယ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now