မြန်မာ့နွေဦး

နေပြည်တော် ကာကွယ်ရေး ကရင်နီပြည်နယ်ထဲ တပ်မ ၅ ခုနဲ့ ထိုးစစ်ဆင်ဖို့ စစ်ကောင်စီ ပြင်ဆင်

မဲခေါင် 12 Jul - 2023
မဲခေါင်၊ ဇူလိုင် ၁၂ ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီ တပ်မ ၄ ခု ဖြစ်တဲ့ တပ်မ (၄၄)၊ တပ်မ (၅၅)၊ တပ်မ (၆၆)၊ တပ်မ (၇၇) အပြင် ဘီးလူးစစ်ကြောင်းခေါ် တပ်မ (၉၉) တို့က အင်အားတွေ စုပေါင်းပြီး နေပြည်တော် ကာကွယ်ရေး အတွက် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မဲခေါင်၊ ဇူလိုင် ၁၂

ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီ တပ်မ ၄ ခု ဖြစ်တဲ့ တပ်မ (၄၄)၊ တပ်မ (၅၅)၊ တပ်မ (၆၆)၊ တပ်မ (၇၇) အပြင် ဘီးလူးစစ်ကြောင်းခေါ် တပ်မ (၉၉) တို့က အင်အားတွေ စုပေါင်းပြီး နေပြည်တော် ကာကွယ်ရေး အတွက် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်ထဲမှာ နယ်မြေ အထိုင် တပ်မ အပါအဝင် တပ်မ ၅ ခုနဲ့ တခြား တပ်ရင်း ၅ ရင်း ရောက်ရှိနေပြီး မယ်စဲ့ တိုက်ပွဲ အတွင်း BGF က စစ်ကောင်စီကို သေနတ်ပြောင်း ပြန်လှည့်ပြီးနောက် တပ်အင်အား သိသိသာသာ တိုးလာတယ်လို့ ဆိုပါတယ်။

“ နေပြည်တော်နဲ့ ကျနော်တို့နဲ့က ပြောရရင် မဝေးဘူးဗျ။ ကျနော်တို့ စခန်းသိမ်းတာ များလေလေ သူတို့ စိုးရိမ်မှု ရှိလေလေပါ။ ကျနော်တို့လည်း တိုက်ခိုက်သိမ်းယူမူတွေကို နေပြည်တော်ထိ တားဂတ်(ပစ်မှတ်) ထားတယ် ဆိုတာကိုလည်း တရားဝင် ကြေငြာထားတော့ သူတို့ပိုပြီး ဒီဘက်ကို စစ်အင်အား တိုးချဲ့တာပါ။ ဒီလို တိုးချဲ့မှာကိုလည်း ကြိုတင် တွက်ဆထားပြီးသားပါ” လို့ တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ကရင်နီပြည် အခြေစိုက် ကာကွယ်ရေးတပ်တွေ နေပြည်တော်ကို သိမ်းပိုက်ဖို့ ပြင်ဆင်နေတဲ့အပေါ် စစ်ကောင်စီတပ်ဘက်က တန်ပြန် ထိုးစစ်ဆင်တာတွေ ပြုလုပ်လာနေတယ်လို့ သိရပါတယ်။

“ ကျနော်တို့နဲ့ ရင်ဆိုင်ရတာတွေလောက်ပေါ့နော်၊ တပ်မ (၆၆) လက်အောက်ခံတပ်နဲ့ များတယ်။ ဒီဘက်မှာ ပေါ့နော်။ မြို့ပေါ်မှာတော့ ၅၅ နဲ့ ၇၇ က လက်အောက်ခံတပ်ရှိမယ်။ ၄၄ ကတော့ ရှမ်းဘက်ကြောမှာ ရှိမယ်။ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ဘီးလူးစစ်ကြောင်းနဲ့တော့ ကျနော်တို့ မရင်ဆိုင်ဖူးသေးဘူး။ သူတို့က စစ်ကိုင်းမှာတော်တော် ရက်စက်စွာ ပြုလုပ်ခဲ့တာတွေလည်း ကြားသိရပါတယ်” လို့ တော်လှန်ရေး ရဲဘော် တစ်ဦးက ရှင်းပြပါတယ်။

အခုလို အခြေအနေမှာ ရန်သူကို အထင်မသေးဘဲ အစစအရာရာ သတိ ဝိရိယထားပြီး အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ တော်လှန်ရေး ရဲဘော်တွေက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ် ဒေသအများစုမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အတွက် ပြည်သူတွေ အနေနဲ့ အသိ သတိရှိကြဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ ရဲဘော်တွေက တိုက်တွန်းထားပါတယ်။

CJ-004

#MekongNews

#နေပြည်တော်

#တပ်မ

#BGF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့ က ထပ်မံသိမ်းပိုက်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့‌နယ်က စစ်ကောင်စီ စခန်း တချို့ ဒီနေ့ မတ်လ ၁၈ ရက်နေ့ နေ့ခင်းမှာ KIA နဲ့
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

“ ဝ” တပ်ဖွဲ့နဲ့ SSPP ပေါင်းပြီး RCSS ကိုတိုက်ခိုက်တယ်လို့ ထုတ်ပြန်၊ “ဝ” ရော SSPP ပါ စစ်ကောင်စီနဲ့ ပေါင်းတာမရှိဘူးလို့ သတင်းရင်းမြစ်တွေ တုံ့ပြန်

ရပ်စောက်မြို့နယ်ထဲက RCSS စစ်စခန်းတွေကို "ဝ"တပ်ဖွဲ့၊ SSPP နဲ့ စစ်ကောင်စီ‌တပ် ပေါင်းပြီး တိုက်ခိုက်နေတယ်လို့ RCSS ရဲ့ အာဘော်အမြဲဖေါ်ပြနေတဲ့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ကြိုးစားနေတဲ့ လွိုင်ကော်မှာ တိုက်ပွဲတွေ ပြန်ဖြစ်နိုင်တယ်လို့ ဆို

စစ်ကောင်စီက အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ကြိုးစားနေတဲ့ ကရင်နီပြည်(ကယားပြည်နယ်) မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ပွားနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောကြပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ကူမင်းဆွေးနွေးပွဲ စစ်ကောင်စီရဲ့တဖက်သတ်တောင်းဆိုမှုကြောင့် ပွဲပျက်

တရုတ်ရဲ့ တောင်းဆိုမှုအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားပြုလုပ်တဲ့ ကူမင်းဆွေးနွေးပွဲဟာ စစ်ကောင်စီရဲ့ တဖက်သတ်တောင်းဆိုမှုတွေကြောင့်ပွဲပျက်သွားတယ်လို့ မြောက်ပိုင်း ၃ဖွဲ့နဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က မဲခေါင်ကိုပြောပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

ဖားဆောင်း PDF အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲ ပြုလုပ်

ကရင်နီပြည်နယ် လွတ်မြောက်နယ်မြေ တစ်နေရာမှာ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PPDF) တပ်ရင်းအမှတ် ၁၁၀၈ ရဲ့ အခြေခံ စစ်သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ မေ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

မိုးမောက်နဲ့ မံစီမြို့နယ်မှာ တိုက်ပွဲ ပြင်းထန်နေပြီး နေအိမ်တွေ မီးလောင်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက် နဲ့ မံစီ မြို့နယ်တွေမှာ ဒီ‌နေ့ မေလ ၁၇ ရက်နေ့မှာလည်း တိုက်ပွဲ ပြင်းထန်နေပြီး လေကြောင်းနဲ့ လက်နက်ကြီး တွေကြောင့် နေအိမ် တချို့ မီးလောင် ‌သွားကြောင်း ဒေသခံတွေဆီက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

သိန္နီမြို့က စစ်ရှောင်ကလေးတွေ ပညာသင်ကြားဖို့ ခက်ခဲနေ

ရှမ်းပြည်မြောက်ပိုင်း MNDAA သိမ်းပိုက်နယ်မြေအတွင်းက စစ်ဘေးရှောင်ကလေးတွေအနေနဲ့ ပညာသင်ကြားဖို့ အခက်အခဲတွေဖြစ်နေတယ်လို့ စစ်ဘေးရှောင်နေသူတွေဆီက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
စစ်ရေးသတင်း ဒေသတွင်းသတင်း မြန်မာ့နွေဦး

SSPPတပ်ဖွဲ့ အောက်ခြေအဆင့်တွေက စစ်ရှောင်နေတဲ့သူတွေရဲ့ အိမ်တွေကို သိမ်းဆည်းပြီး ငွေကြေးပြန်ရွေးခိုင်းနေ

ရှမ်းမြောက် ‌ဒေသတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ သီပေါမြို့နယ်အတွင်း ကျေးရွာတွေက စစ်ရှောင်တွေရဲ့ နေအိမ်တွေကို ရွာလူကြီးနဲ့ အောက်ခြေဒေသ SSPP တပ်ဖွဲ့တွေက သိမ်းပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now