မဲခေါင်၊ မတ်လ ၂၃
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ မယ်ဇလီပင်လမ်း အောက်ထောင့်နဲ့ ကမ်းနားလမ်းမပေါ်ရှိ ကြည့်မြင်တိုင် မြို့နယ် တရားရုံး ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက် ခံခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက မဲခေါင်သတင်းကို ပြောပါတယ်။
ဒီကနေ့ မတ်လ ၂၃ ရက်၊ နေ့လယ် ၁၂ နာရီ ဝန်းကျင်က ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပြီး အဆောက်အအုံနဲ့ လူအချို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပေမယ့် အသေးစိတ် မသိရသေးပါဘူး။
“ ပေါက်ကွဲမှု အပြီးမှာ စစ်ကားတွေ ရောက်လာပြီး လမ်းပိတ်လိုက်တယ်။ 6696 နံပါတ်နဲ့ ကား ၃ စီးကတော့ ဘာတွေ တင်သွားလဲ မမြင်လိုက်ရဘူး။ ကုတင် ၅၀၀ ဘက်ကို ဦးတည်ပြီး မောင်းသွားတယ်။ နေ့လယ် ၂ နာရီ လောက်မှာတော့ လမ်းကို ပြန်ဖွင့်ပေးလို့ သွားလို့ရပါပြီ။ ပြီးတော့ ဒုတိုင်းမှူး ဆိုတဲ့ တစ်ယောက် နေ့လယ် ၂ နာရီကျော်က တစ်ခေါက် ပေါက်ကွဲမှုဖြစ်တဲ့ နေရာ လာစစ်သွားတယ်” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက် စစ်တပ် လက်ကိုင်တုတ် အဖြစ် အပြစ်မဲ့ ပြည်သူလူထုကို မတရား ဖမ်းဆီးနေတဲ့ ရဲနဲ့ မတရား ပုဒ်မတပ် ထောင်ချနေတဲ့ မတရားသူကြီးတွေကို ဆုံးမဖို့နဲ့ စစ်ကိုင်းနဲ့ ကရင်နီမှာ လက်နက်အားကိုး ထိုးစစ်ဆင်နေမှုကို လက်တုံ့ပြန် တိုက်ခိုက်တာလို့ KMD18 – Hunter Unit အဖွဲ့က ထုတ်ပြန်ထားပါတယ်။
MK-005