မဲခေါင်၊ မတ် ၁၀
ရှမ်းပြည်နယ် တောင်ပိုင်း အခြေစိုက် ချိုးဖြူပြောက်ကျားတပ်ဖွဲ့-JPGF အနေနဲ့ တော်လှန်ရေး သာမက စစ်ဘေးရှောင်က ကဏ္ဍတွေပါ ကူညီလုပ်ဆောင်နေပြီး ပိုမို ကျယ်ပြန့်စွာ လှုပ်ရှားနိုင်ဖို့ ချိုးဖြူတော်လှန်ရေး အင်အားစု-JPRF အဖြစ် တိုးချဲ့ ဖွဲ့စည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
ချိုးဖြူ ပြောက်ကျားတပ်ဖွဲ့ဟာ စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်နေရုံသာမက တော်လှန်ရေးနဲ့ ဆက်စပ်နေတဲ့ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေးနဲ့ တခြား လုပ်ငန်းတွေကိုပါ လုပ်ဆောင်နေတာကြောင့် ချိုးဖြူ တော်လှန်ရေး အင်အားစု အဖြစ် တိုးချဲ့ ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
အသစ် ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ချိုးဖြူ တော်လှန်ရေး အင်အားစုမှာ ရှမ်းတောင် ဒေသခံ ကာကွယ်ရေး တပ်ပေါင်းစုလည်း ပူပေါင်း ပါဝင်ပါတယ်။
ချိုးဖြူ တော်လှန်ရေး အင်အားစု အနေနဲ့ ဒေသခံ မဟာမိတ်တွေနဲ့ လက်တွဲကာ စစ်အာဏာရှင်စနစ် ကျရှုံးတဲ့ အထိ တော်လှန် တိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ချိုးဖြူ ပြောက်ကျားတပ်ဖွဲ့ တည်ထောင်မှု တစ်နှစ်ပြည့်ခဲ့ပြီး စစ်ကောင်စီနဲ့ လက်ပါးစေ များစွာကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
MK-007