နေ့စဥ်သတင်း

ရွာငံ စစ်ကောင်စီဂိတ်တွင် ဆိုင်ကယ်မရပ်သည့် လူငယ်နှစ်ဦး ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

မဲခေါင် 26 Nov - 2026
မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အင်းကြီးကျေးရွာရှိ စစ်တပ်ဂိတ်တွင် ဆိုင်ကယ်ရပ်ရန် တားမြစ်သော်လည်း မရပ်ဘဲ မောင်းနှင်သွားသည့် လူငယ်နှစ်ဦးကို စစ်သားများက နောက်မှလိုက်လံပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ရွာငံမြို့နယ် အနန္တဇိန တန်ဆောင်တိုင်ပွဲတော်သို့ သွားရောက်ရန် မန္တလေးမှလာသည့် လူငယ်တစ်ဦးသည် ငွေတောင်ကျေးရွာရှိ သူငယ်ချင်း၏ နေအိမ်တွင် တည်းခိုခဲ့ပြီးနောက် သူငယ်ချင်းနှင့်အတူ ဆိုင်ကယ်ဖြင့် ပွဲတော်သို့ ထွက်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် အင်းကြီးကျေးရွာရှိ စစ်တပ်ဂိတ်အနီး ဖြတ်သန်းသွားစဉ် စစ်သားများက ဆိုင်ကယ်ရပ်ရန် တားမြစ်ခဲ့သော်လည်း မကြားမိဘဲ ဆက်လက်မောင်းနှင်သွားရာမှ နောက်ကနေ လိုက်လံပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိသူ

မဲခေါင်၊ နိုဝင်ဘာ ၂၆

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အင်းကြီးကျေးရွာရှိ စစ်တပ်ဂိတ်တွင် ဆိုင်ကယ်ရပ်ရန် တားမြစ်သော်လည်း မရပ်ဘဲ မောင်းနှင်သွားသည့် လူငယ်နှစ်ဦးကို စစ်သားများက နောက်မှလိုက်လံပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၃ ရက် ညပိုင်းတွင် ရွာငံမြို့နယ် အနန္တဇိန တန်ဆောင်တိုင်ပွဲတော်သို့ သွားရောက်ရန် မန္တလေးမှလာသည့် လူငယ်တစ်ဦးသည် ငွေတောင်ကျေးရွာရှိ သူငယ်ချင်း၏ နေအိမ်တွင် တည်းခိုခဲ့ပြီးနောက် သူငယ်ချင်းနှင့်အတူ ဆိုင်ကယ်ဖြင့် ပွဲတော်သို့ ထွက်လာစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အင်းကြီးကျေးရွာရှိ စစ်တပ်ဂိတ်အနီး ဖြတ်သန်းသွားစဉ် စစ်သားများက ဆိုင်ကယ်ရပ်ရန် တားမြစ်ခဲ့သော်လည်း မကြားမိဘဲ ဆက်လက်မောင်းနှင်သွားရာမှ နောက်ကနေ လိုက်လံပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိသူ ရွာငံဒေသခံတစ်ဦးက ပြောသည်။

“ပွဲတော်သွားဖို့ လမ်းမှာ ဒီလိုပစ်ခတ်မှုဖြစ်တာက တော်တော်စိုးရိမ်စရာပါ။ ဂိတ်တွေမှာ ဖြတ်သန်းသွားလာရတဲ့အခါ ဘာဖြစ်မလဲဆိုတာ မသိနိုင်ဘူး။ အခုဆိုရင် ပွဲသွားပွဲလာတဲ့သူတွေလည်း သတိထားပြီး သွားလာရတဲ့အခြေအနေ ဖြစ်နေတယ်။ လူငယ်နှစ်ယောက်ကလည်း ပွဲတော်သွားဖို့ပဲ ထွက်လာတာလကို အခုလိုဖြစ်သွားတာ စိတ်မကောင်းဘူး” ဟု ရွာငံဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် နိုဝင်ဘာ ၂၀ ရက်တွင် ရွာငံမြို့နယ် အလယ်ချောင်နှင့် ပြေသာကျေးရွာများမှ ဒေသခံ ၁၉ ဦးကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းဒေသခံများထံမှသိရသည်။

ဖမ်းဆီးခံရသူများအနက် လသားအရွယ် ကလေးငယ်များနှင့် အမျိုးသမီးများလည်း ပါဝင်ကြောင်း သိရပြီး ဖမ်းဆီးခံရသူများ၏ လက်ရှိအခြေအနေနှင့် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကိုလည်း မသိရသေးကြောင်း ဒေသခံများထံမှသိရသည်။

ရွာငံမြို့နယ်အတွင်း ယခုနိုဝင်ဘာလအတွင်း ပစ်ခတ်သတ်ဖြတ်မှုနှင့် ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပွားနေပြီး နိုဝင်ဘာ ၁၉ ရက် ပြေသာကျေးရွာတွင် သားအဖနှစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရမှု၊ နိုဝင်ဘာ ၂၀ ရက် ဒေသခံ ၁၉ ဦး ဖမ်းဆီးခံရမှုတို့ကြောင့် ဒေသခံများအကြား စိုးရိမ်မှုများ မြင့်တက်နေကြောင်း သိရသည်။

#MeKongNews
#ရှမ်းတောင်
#ရွာငံ
#စစ်ကောင်စီ
#ပစ်ခတ်
#လူငယ်
#စစ်ဆေးရေး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၈၀၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ်တရာကို မြန်မာငွေ ၈၀၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ
နေ့စဥ်သတင်း မြန်မာ့နွေဦး

မိုင်းရှူးတွင် ၂ နှစ်အရွယ် သမီးကို အရက်ကြောင်သည့် ဖခင်က သတ်ဖြတ်

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ ဝမ်လုံကျေးရွာတွင် အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို အရက်ကြောင်နေသည့် ဖခင်က

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လွိုင်လင်ဗိုလ်ကြီးဆိုသူက ပိတ်မိနေသည့် သံတိုသံစသယ် ကီလိုကားများထံမှ ပိုက်ဆံလိမ်ယူ

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် ပိတ်မိနေသည့် သံတိုသံစသယ် ကီလိုကားများအား လွိုင်လင်ဗိုလ်ကြီးဟုဆိုကာ ကားသမားများထံ ငွေလိမ်လည်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ နိုဝင်ဘာ ၂၃ ရက်တွင် လွိုင်လင်-နောင်လိုင်လမ်းပိုင်း၌

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းတောင်မြို့များတွင် ကျီးမနိုးညအကြောင်းပြ ဆိုင်ဖောက်ထွင်းမှုနှင့် ပစ္စည်းခိုးယူဖျက်ဆီးမှုများ ဖြစ်ပွား

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီး၊ ဟိုပုံး၊ ပင်လုံ၊ မိုင်းရှူးနှင့် အခြားမြို့များတွင် တန်ဆောင်မုန်းလပြည့်ည၌ ကျီးမနိုးည (သူခိုးည) ဟု အကြောင်းပြကာ ဆိုင်များဖောက်ထွင်းခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ကားမှန်များရိုက်ခွဲခြင်းနှင့် လမ်းဘေးရှိ ပစ္စည်းများကို ရွှေ့ပြောင်းဖျက်ဆီးခြင်းများ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်ကုန်တင်ကားများ ဖရဲစိုက်ခင်းအထိ ဝင်သယ်ယူနေသဖြင့် မြန်မာကားသမားများ အလုပ်အကိုင်ဆုံးရှုံး

မဲခေါင်၊ နိုဝင်ဘာ ၂၆ ရှမ်းပြည်မြောက်ပိုင်းမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲသီးစသည့်ကုန်စည်များကို တရုတ်နံပါတ်အဝါ ကုန်တင်ကားများက စိုက်ခင်းများအထိ တိုက်ရိုက်ဝင်ရောက်သယ်ယူနေသည့်အတွက် ပြည်တွင်းကုန်တင်ယာဉ်မောင်းများနှင့် ကားပိုင်ရှင်များ အလုပ်အကိုင်ဆုံးရှုံးနေရသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိ ဖရဲသီးပေါ်ချိန်တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ရှမ်းပြည်တွင် တရုတ်ယွမ် ၁၀၀ မြန်မာငွေ ၇၉၀၀၀ ကျပ်အထိ ဈေးထပ်တက်

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တွင် တရုတ်ငွေဈေး ယွမ် ၁၀၀ ကို မြန်မာငွေ ၇၉၀၀၀ ကျပ်အထိ ငွေလဲဈေးနှုန်း ထပ်မံတက်နေသည်ဟု သတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလလယ်မှာစပြီး မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာခဲ့ရာ ယမန်နေ့တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လွိုင်လင်၌ သံတိုသံစသယ် ကီလိုကား အစီးရေ ၅၀၀ ကျော်အထိ ပိတ်မိနေ

မဲခေါင်၊ နိုဝင်ဘာ ၂၅ ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်တွင် စစ်ကောင်စီဂိတ်က ဖြတ်သန်းခွင့်မပြုသဖြင့် လွိုင်လင်မြို့နယ်တွင် သံတိုသံစသယ်သည့် ကီလိုကားများ အစီးရေ ၅၀၀ ကျော်ထိ ပိတ်မိနေပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။ လွိုင်လင်-တောင်ကြီး ကားလမ်း လွိုင်လင်မြို့အထွက် တံတားဖြူအနီး၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တရုတ်တရားခံပြေး ၂ ဦးနှင့် ကယ်တင်ထားသူ ၁ ဦးကို တရုတ်ဘက်သို့ UWSA လွှဲပြောင်းပေး

မဲခေါင်၊ နိုဝင်ဘာ ၂၅ “ဝ”တပ်ဖွဲ့ (UWSA) ၏ တရားရေးကော်မတီက တရုတ်ဘက်မှ ဖမ်းဆီးပေးရန် အကူအညီတောင်းခံထားသည့် တရားခံပြေး ၂ ဦးနှင့် ကယ်တင်ပေးထားသူ ၁ ဦးတို့ကို ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်တွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now