နေ့စဥ်သတင်း

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင် 28 Oct - 2026
မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ ထွက်ပေါ်နေခြင်းကြောင့် ဒေသခံများအတွက် အနှောက်အယှက်ဖြစ်နေပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ မကျန်းမာသူများ အိပ်စက်ရန် အခက်အခဲဖြစ်ရသည်ဟု ဒေသခံများက ပြောသည်။ “နေ့ဆူညံ ညဆူညံနဲ့ လူကကြာလာရင် နေလို့ကို မကောင်းတော့ဘူး။ အဲ့ဆူညံသံကိုပဲ ကြားနေရလို့ လူကလည်း စိတ်မရှည်တော့ဘူး။ အခုက နေ့ဖက်တင်မက ညဖက် ၉နာရီ ၁၀နာရီထိလည်း စက်ဆူသံတွေက တဝေါတဝေါနဲ့ တော်တော်ကို ဒုက္ခပေးနေတယ်ဗျာ” ဟု

မဲခေါင်၊ အောက်တိုဘာ ၂၈

ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ ထွက်ပေါ်နေခြင်းကြောင့် ဒေသခံများအတွက် အနှောက်အယှက်ဖြစ်နေပြီး အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးများ၊ မကျန်းမာသူများ အိပ်စက်ရန် အခက်အခဲဖြစ်ရသည်ဟု ဒေသခံများက ပြောသည်။

“နေ့ဆူညံ ညဆူညံနဲ့ လူကကြာလာရင် နေလို့ကို မကောင်းတော့ဘူး။ အဲ့ဆူညံသံကိုပဲ ကြားနေရလို့ လူကလည်း စိတ်မရှည်တော့ဘူး။ အခုက နေ့ဖက်တင်မက ညဖက် ၉နာရီ ၁၀နာရီထိလည်း စက်ဆူသံတွေက တဝေါတဝေါနဲ့ တော်တော်ကို ဒုက္ခပေးနေတယ်ဗျာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ကြောင့် ယင်းစက်ဆူညံသံများ ညဖက်တွင် မထွက်ပေါ်အောင် လုပ်ပေးရန် အုပ်ချုပ်ရေးမှူး နှင့် ရဲစခန်းကို တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ လုပ်ဆောင်ပေးခြင်းမရှိကြောင်း ဒေသခံများကပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ စက်ရုံမှ စက်ဆူညံသံများအပြင် အနံ့အသက်ဆိုးများနှင့် ပြာမှုန်များလည်း ထွက်ပေါ်နေသဖြင့် အနီးဝန်းကျင်ရှိ ဒေသခံများ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအတွက် ကျန်းမာရေးထိခိုက်နိုင်သည့် အခြေအနေဖြစ်သည်ဟုဆိုသည်။

“အဲ့ဒီစက်ရုံက အသံအရမ်းဆူတာမကဘူး။ အနံ့ဆိုးတွေ ပြာမှုန်တွေလည်း ထွက်တော့ ကလေးတွေ ကျန်းမာရေးမကောင်းတဲ့သူတွေအတွက် စိုးရိမ်နေရပါတယ်။ အဲ့ဒါကို နေ့စဉ် ရှူနေရတော့ နေကောင်းတာတွေလည်း ပိုဖြစ်လာကြတယ်” ဟု နောက်ထပ် တီကျစ်ဒေသခံတစ်ဦးက ပြောသည်။

တီကျစ်ကျောက်မီးသွေး စက်ရုံမှ ထွက်ပေါ်နေသည့် စက်သံများနှင့် အနံ့အသက်များသည် တီကျစ်မြို့နှင့် အနီးအနားရှိ တောင်ပို့ကြီး၊ ဘုရားငါးဆူကျေးရွာများအထိပါ ဒုက္ခပေးနေသည်ဟု ဒေသခံများကပြောသည်။

ကျောက်မီးသွေးစက်ရုံသည် စီမံကိန်းစတင်သည့် ၂၀၀၀ နှင့် ၂၀၀၅ ခုနှစ်တွင် ဒေသခံပြည်သူများ၏ မြေ ဧက (၈၀၀)ကျော်ကို အတင်းအဓမ္မသိမ်းယူခဲ့သည့်အပြင် မြစိမ်းတောင်ရွာ(လယ်ကြားရွာ)နှင့် မြကန်သာရွာ(တောင်ပို့လရွာ) တို့လည်း ရွာလုံးကျွတ်ပြောင်းရွေ့ခိုင်းခဲ့သည်။

#MeKongNews
#တီကျစ်
#ကျောက်မီးသွေး
#ပင်လောင်း
#ပြည်သူ
#အနှောင့်ယှက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကံသာရပ် ယမ်းမီးလောင်မှုတွင် ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်တွင် တန်ဆောင်တိုင်မီးပုံးပျံပွဲအတွက် ယမ်းခွေပြင်ဆင်ရာမှတဆင့် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ဆေးကုသမှုခံယူနေသူများအနက် တစ်ဦး ထပ်မံသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၂၄ ရက် ညပိုင်းက တောင်ကြီးမြို့၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now