မဲခေါင်၊ အောက်တိုဘာ ၂၈
မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃ သန်းခွဲကျော်ကို သိမ်းဆည်းမိခဲ့သည်။
ချင်းရိုင်ခရိုင်၊ မယ်ဆိုင်အကောက်ခွန်ဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းသည့် ယင်းစစ်ဆေးမှုအတွင်း မြန်မာနိုင်ငံသား၏ ဆိုင်ကယ်နှင့် လွယ်အိတ်အတွင်း ဝှက်သယ်ဆောင်လာသည့် ထိုင်းဘတ်ငွေ ၃၅၇၂၂၄ဝ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
စစ်ဆေးရှာဖွေတွေ့ရှိချက်အရ ဘတ် ၁၀၀၀ တန် ငွေစက္ကူ ၃ ၅၆၀ ရွက်၊ ဘတ် ၅၀၀ တန် ငွေစက္ကူ ၇ ရွက်၊ ဘတ် ၁၀၀ တန် ငွေစက္ကူ ၆၁ ရွက် နှင့် ဘတ် ၂၀ တန် ငွေစက္ကူ ၁၃၂ ရွက်၊ စုစုပေါင်း ဘတ်ငွေ ၃,၅၇၂,၂၄၀ ကို ရှာဖွေတွေ့ရှိခဲ့သည်။
ပြောကြားသည်မှာ ယင်းဆောင်ရွက်ချက်သည် အစိုးရနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ သက်ဆိုင်ရာဌာနများအနေဖြင့် တရားမဝင် ပစ္စည်းများ ခိုးသွင်းလာမှုကို တင်းကြပ်စွာ တားဆီးနှိမ်နင်းရန် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မယ်ဆိုင်အကောက်ခွန်ဌာနမှူးက ပြောကြားခဲ့သည်။
ယင်းသို့သယ်ဆောင်ခြင်းသည် ၂၀၁၇ ခုနှစ် အကောက်ခွန်ဥပဒေ နှင့် ၁၉၄၂ ခုနှစ် နိုင်ငံခြားငွေလဲလှယ်မှု ထိန်းချုပ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များကို ဖောက်ချက်ကျူးလွန်ခြင်းဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ဆိုသည်။
ထို့နောက် သိမ်းဆည်းရမိသော ငွေသားများအား သက်သေအဖြစ် သိမ်းဆည်းကာ ဖမ်းဆီးမိသူအား ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန် မယ်ဆိုင်ရဲစခန်းထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
Ref:Khaosod
#MeKongNews
#တာချီလိတ်
#မယ်ဆိုင်
#ဘတ်
#မြန်မာနိုင်ငံသား
#ဖမ်းဆီး








