နေ့စဥ်သတင်း

မူဆယ်မှ ကျားဖြန့်လုပ်ငန်းအချို့ ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာနေ

မဲခေါင် 22 Oct - 2026
မဲခေါင်၊ အောက်တိုဘာ ၂၂ ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။ ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ အောက်ဘက်သို့ မီတာ ၂၀၀ ခန့်အကွာတွင် အသစ်တည်ဆောက်ထားသည့် လုပ်ငန်းခွင်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသားများကို စုစည်းထားကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ ယင်းနေရာသို့ ရောက်ရှိလာသူများအနက် အချို့သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း မူဆယ်မြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများအပေါ် စစ်ဆေးဖမ်းဆီးမှုများနှင့် လုံခြုံရေး အခြေအနေများကြောင့် ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာသူများ ဖြစ်နိုင်ကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။ ထူးခြားသည်မှာ တရုတ်အကူအညီဖြင့်

မဲခေါင်၊ အောက်တိုဘာ ၂၂

ရှမ်းပြည်မြောက်ပိုင်း၊ တရုတ်-မြန်မာနယ်စပ်၊ ပန်ဆိုင်းမြို့၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် ရှိနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။

ယင်းနေရာသည် ဝမ်တိန်နယ်စပ်ဂိတ်မှ အောက်ဘက်သို့ မီတာ ၂၀၀ ခန့်အကွာတွင် အသစ်တည်ဆောက်ထားသည့် လုပ်ငန်းခွင်တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသားများကို စုစည်းထားကာ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ယင်းနေရာသို့ ရောက်ရှိလာသူများအနက် အချို့သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်း မူဆယ်မြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများအပေါ် စစ်ဆေးဖမ်းဆီးမှုများနှင့် လုံခြုံရေး အခြေအနေများကြောင့် ပန်ဆိုင်းဘက်သို့ ရွှေ့ပြောင်းလာသူများ ဖြစ်နိုင်ကြောင်းလည်း အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ထူးခြားသည်မှာ တရုတ်အကူအညီဖြင့် ကျားဖြန့်အကြောင်းပြကာ ၁၀၂၇ စစ်ဆင်ရေးများ ဆင်နွှဲခဲ့သည့် MNDAA ၏ ပိုင်နက်အတွင်းရှိသည့် အဆိုပါနေရာသို့ ကျားဖြန့်များ ရောက်ရှိလာနေခြင်းဖြစ်သည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့တွင် ယခုနှစ်အတွင်း ကျားဖြန့်လုပ်ငန်းများနှင့် ပတ်သက်၍ ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းက ယင်းသို့ ပြောင်းရွှေ့လာခြင်း၏ အကြောင်းရင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။

ဩဂုတ် ၂၃ ရက်တွင် မူဆယ်မြို့၊ ကောင်းမုတုံရပ်ကွက်အတွင်း နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား ၁၈ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၃၁ ဦးကို ကွန်ပျူတာ၊ ဖုန်း၊ Starlink စက်များနှင့် ယာဉ်များနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများဘက်က ထုတ်ပြန်ထားသည်။

ထို့ပြင် မေလအတွင်း စွမ်စော်ရပ်ကွက်ရှိ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည်ဟုဆိုသည့် နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား ၄ ဦးနှင့် မြန်မာနိုင်ငံသား ၃၄ ဦး စုစုပေါင်း ၃၈ ဦးကို ဖမ်းဆီးခဲ့ပြီး ဖုန်း ၁၅၅ လုံးနှင့် ကွန်ပျူတာ ၃၀ လုံး အပါအဝင် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

မူဆယ်ဒေသတွင် ကျားဖြန့်လုပ်ငန်းများကို စစ်ဆေးဖမ်းဆီးမှုများ ရှိနေပြီး ယင်းလုပ်ငန်းများသည် နယ်စပ်ဒေသများမှ အခြားနေရာများသို့ ရွှေ့ပြောင်းတည်ရှိလာနိုင်ကြောင်း လေ့လာချက်များလည်း ရှိသည်။

ISP-Myanmar ၏ လေ့လာချက်အရ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာများ၏ တည်နေရာပြောင်းလဲမှုများကို တွေ့ရှိရပြီး မူဆယ်၊ လားရှိုး၊ တန့်ယန်း၊ တောင်ကြီးနှင့် မန္တလေး အပါအဝင် နေရာအများအပြားတွင် ကျားဖြန့်လုပ်ငန်းများ ပေါ်ပေါက်လာကြောင်း ဖော်ပြထားသည်။

လက်ရှိ ပန်ဆိုင်း၊ ဝမ်တိန်နယ်စပ်ဂိတ်အနီးတွင် တရုတ်နိုင်ငံသား ၂၀၀ ကျော်ခန့် စုစည်းနေပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ မဲခေါင်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒေသတွင်းတွင် ကျားဖြန့်လုပ်ငန်းများနှင့် လူကုန်ကူးမှုများသည် တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းလုပ်ကိုင်လာနိုင်သည့် အခြေအနေရှိကြောင်းလည်း သုတေသနအဖွဲ့များက ထောက်ပြထားသည်။

Myanmar Witness ၏ လေ့လာချက်တွင်လည်း မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာများသည် လူကုန်ကူးမှုနှင့် အတင်းအကျပ် အလုပ်ခိုင်းစေမှုများနှင့် ဆက်စပ်နေတတ်ကြောင်း ဖော်ပြထားသည်။

#MeKongNews
#မူဆယ်
#ပန်ဆိုင်း
#ဝမ်တိန်
#ကျားဖြန့်
#MNDAA
#အွန်လိုင်းငွေလိမ်လုပ်ငန်း

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now