ကမ္ဘာ့သတင်း

ယူကရိန်းအား ဒရုန်းများ ထောက်ပံ့မှု ဗြိတိန်ကို ရုရှား သတိပေး

မဲခေါင် 18 Aug - 2026
မဲခေါင်၊ သြဂုတ် ၁၈ ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။ “အဲဒီလို လုပ်ခြင်းအားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပြင်းထန်တဲ့ ပြစ်မှုတွေမှာ ဗြိတိန်က အလိုတူ အတူပါ ကျူးလွန်သူအဖြစ် ပြုမူနေပါတယ်” ဟု ဗြိတိန်နိုင်ငံမှ ရုရှားသံရုံးက ထုတ်ပြန်ပြောကြားသည်။ လန်ဒန်၏ လုပ်ရပ်များသည် နောက်ဆက်တွဲအကျိုးဆက်များကို ထွက်ပေါ်လာစေလိမ့်မည်ဖြစ်ကြောင်းနှင့် ပဋိပက္ခအတွင်း ပိုမိုပါဝင်လေ ပေးဆပ်ရမှု ပိုများလေ ဖြစ်လိမ့်မည်ဟုလည်း ရုရှားတို့၏ ထုတ်ပြန်ချက်က ဆက်ပြောသည်။ ယင်းကို တုံ့ပြန်ရာတွင် ဗြိတိန်နိုင်ငံသည် ယူကရိန်းနှင့် ရင်ပေါင်တန်း

မဲခေါင်၊ သြဂုတ် ၁၈

ရုရှားနိုင်ငံမှ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ဗြိတိန်နိုင်ငံလုပ် ဒရုန်းများ အသုံးပြုခဲ့ကြောင်း အတည်ပြုချက်များ ရှိခဲ့ပြီးနောက် ယူကရိန်းအကျပ်အတည်းကို ပို၍ အရှိန်မြင့်တက်စေရန် ဗြိတိန်က တမင်တကာ လုပ်ဆောင်ခဲ့သည်ဟု ရုရှားက စွပ်စွဲပြောကြားသည်။

“အဲဒီလို လုပ်ခြင်းအားဖြင့် အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပြင်းထန်တဲ့ ပြစ်မှုတွေမှာ ဗြိတိန်က အလိုတူ အတူပါ ကျူးလွန်သူအဖြစ် ပြုမူနေပါတယ်” ဟု ဗြိတိန်နိုင်ငံမှ ရုရှားသံရုံးက ထုတ်ပြန်ပြောကြားသည်။

လန်ဒန်၏ လုပ်ရပ်များသည် နောက်ဆက်တွဲအကျိုးဆက်များကို ထွက်ပေါ်လာစေလိမ့်မည်ဖြစ်ကြောင်းနှင့် ပဋိပက္ခအတွင်း ပိုမိုပါဝင်လေ ပေးဆပ်ရမှု ပိုများလေ ဖြစ်လိမ့်မည်ဟုလည်း ရုရှားတို့၏ ထုတ်ပြန်ချက်က ဆက်ပြောသည်။

ယင်းကို တုံ့ပြန်ရာတွင် ဗြိတိန်နိုင်ငံသည် ယူကရိန်းနှင့် ရင်ပေါင်တန်း ရပ်တည်နေသည်ဟု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဘီဘီစီသတင်းကို ပြောကြားသည်။

ယူကရိန်း၊ ဗြိတိန်နှင့် မိမိတို့၏ မဟာမိတ်များအပေါ် ရုရှား၏ ရန်လိုမှုကို ရင်ဆိုင်ရန် လက်ရှိဗြိတိန်အစိုးရ၏ စိတ်ပိုင်းဖြတ်ထားမှုကို ရုရှားက သံသယမရှိသင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တွင် ပြောကြားသည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တရားမဝင်ကျူး‌‌ကျော်မှုမှ ၎င်းကိုယ်၎င်း ကာကွယ်ရန် ယူကရိန်းက လိုအပ်သည့် ပစ္စည်းကိရိယာများထောက်ပံ့သွားရေးကို ဗြိတိန်က စိတ်နှစ်ထားကြောင်းလည်း ထုတ်ပြန်ချက်က ဆက်ပြောသည်။

ရုရှားတွင် အသုံးပြုခဲ့သည်ဆိုသော ဒရုန်းများကို မတူညီသော ဗြိတိန်ကုမ္ပဏီ ၂ ခုက ထုတ်လုပ်ခဲ့ပြီး ရုရှား၏ အကြီးဆုံးအွန်လိုင်းလက်လီလုပ်ငန်း Wildberries ၏ ဂိုထောင်များ၊ ရေနံချက်စက်ရုံများ အပါအဝင် စစ်ရေးပစ်မှတ်များ၊ စက်မှုလုပ်ငန်းများကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြောင်း ဘီဘီစီသတင်း က ဖော်ပြသည်။

ရုရှားအပေါ် တိုက်ခိုက်မှုများတွင် ဗြိတိန်လုပ်ဒရုန်းများကို အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုကလည်း ဘီဘီစီကို အတည်ပြုခဲ့သည်။

ဗြိတိန်အစိတ်အပိုင်းများ အသုံးပြုထားသော ဒရုန်းများဖြင့် ရုရှားပိုင်နက်ထဲသို့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာကလည်း ပြောကြားခဲ့သည်။

စနေနေ့ညတွင် ယူကရိန်းက ရုရှားအား ဒရုန်းအစင်းပေါင်း ၈၂၂ စင်းဖြင့် တိုက်ခိုက်ခဲ့ကာ ၆၀၀ ခန့်က မြို့တော် မော်စကို ကိုဦးတည်ခဲ့ကြောင်း မော်စကိုဒေသ အုပ်ချုပ်ရေးမှူး၏ ပြောကြားမှုအရ သိရသည်။

ယူကရိန်းနိုင်ငံအတွက် တာဝေးသို့ပစ်ခတ်နိုင်သော ပစ္စည်များအပါအဝင် ထောင်နှင့်သောင်းနှင့်ချီသော ဒရုန်းများ ပံ့ပိုးပေးသွားမည်ဟု ဗြိတိန် ကာကွယ်‌ရေးဝန်ကြီးဌာနက ဧပြီလက ကြေညာခဲ့သည်။

အေးကျော်
Ref:BBC
#MekongNews
#ယူကရိန်း
#ဒရုန်းများ
#ဗြိတိန်
#ရုရှား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now