နိုင်ငံတကာသတင်း

မြန်မာဘက်မှ တရုတ်မြေရှားလုပ်ကွက်များကြောင့် ရေထုညစ်ညမ်းမှု အထောက်အထားများကို တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ ထိုင်းပြည်သူ့ပါတီ တင်သွင်း

မဲခေါင် 15 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၅ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့် ထိုင်းပြည်သူ့ပါတီ ဦးဆောင်သူ များက ဘန်ကောက်ရှိ တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ တင်ပြခဲ့သည်။ ဇူလိုင် ၁၃ ရက်တွင် ပြည်သူ့ပါတီ ခေါင်းဆောင်၊ လွှတ်တော်အမတ် နတ်သာပေါင်ရောင်ပန်ညာဝပ်နှင့် ချင်းမိုင် လွှတ်တော်အမတ် ပက်သရာပေါင်တို့ ဦးဆောင်သောအဖွဲ့သည် တရုတ်သံရုံးသို့သွားကာ သံအမတ်နှင့် တွေ့ဆုံပြီး မိုင်းလုပ်ကွက် ၂၆၇၆ ခုနှင့် ပူးပေါင်းကာ သိပ္ပံနည်းကျ စုံစမ်းဖော်ထုတ်ထားသည့် ရေထုညစ်ညမ်းခြင်းဖြစ်စဉ်အချက် အလက်များစွာကို တင်ပြခဲ့သည်။

မဲခေါင်၊ ဇူလိုင် ၁၅

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် တရားမဝင် တူးဖော်နေသည့် မြေရှားနှင့် ရွှေတူးဖော်ရေး လုပ်ကွက်များကြောင့် ထိုင်းဘက်သို့ စီးဆင်းလာသည့် မြစ်ချောင်းများအတွင်း အန္တရာယ်အလွန်များသော ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ် နေရမှုကို ကိုင်တွယ်ဖြေရှင်းပေးရန် အထောက်အထား အချက်အလက်များစွာဖြင့် ထိုင်းပြည်သူ့ပါတီ ဦးဆောင်သူ များက ဘန်ကောက်ရှိ တရုတ်သံရုံးမှတစ်ဆင့် တရုတ်အစိုးရထံ တင်ပြခဲ့သည်။

ဇူလိုင် ၁၃ ရက်တွင် ပြည်သူ့ပါတီ ခေါင်းဆောင်၊ လွှတ်တော်အမတ် နတ်သာပေါင်ရောင်ပန်ညာဝပ်နှင့် ချင်းမိုင် လွှတ်တော်အမတ် ပက်သရာပေါင်တို့ ဦးဆောင်သောအဖွဲ့သည် တရုတ်သံရုံးသို့သွားကာ သံအမတ်နှင့် တွေ့ဆုံပြီး မိုင်းလုပ်ကွက် ၂၆၇၆ ခုနှင့် ပူးပေါင်းကာ သိပ္ပံနည်းကျ စုံစမ်းဖော်ထုတ်ထားသည့် ရေထုညစ်ညမ်းခြင်းဖြစ်စဉ်အချက် အလက်များစွာကို တင်ပြခဲ့သည်။

တရုတ်အစိုးရအနေဖြင့် ယင်းနယ်စပ်ဖြတ်ကျော် ရေထုညစ်ညမ်းစေမှုအတွက် တရုတ်မိုင်းလုပ်ကွက်များကို စုံစမ်းစစ်ဆေးကာ ရေအရင်းအမြစ်များ ယခင်အတိုင်း ပြန်လည်ကောင်းမွန် လာရေး ပူးပေါင်းလုပ်ဆောင်စေလိုသည်ဟု တင်ပြခဲ့သည်။

ထိုင်း ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန၊ သန်နာပိုသန်ရတ်နှင့် နာရက်ဆွမ် တက္ကသိုလ်တို့မှ ပညာရှင်များ စုံစမ်းစစ်ဆေးထားမှုများ၊ နမ့်ခုတ်၊ မယ်ဆိုင်၊ ရောက်ခ်၊ မဲခေါင်မြစ်များအတွင်း ရေထုညစ်ညမ်းနေမှုများအား တိုင်းတာစစ်ဆေးထားမှု အထောက်အထားသက်သေများဖြင့် တင်ပြခဲ့ခြင်းဖြစ် သည်။

အထူးသဖြင့် ကရာဘူရီမြစ်အတွင်း အာဆင်းနစ်နှင့် ခဲဓာတ်များ ပျော်ဝင်နေမှုသည် အန္တရာယ်အဆင့်ထက် များစွာပိုမိုကျော်လွန်နေကာ ထိုရေထုမှ အစာကွင်းဆက်များဖြစ်သော စိုက်ပျိုးသီးနှံများ၊ မြစ်များအတွင်းမှ ဖမ် ဆီးသည့် ငါးများထံ ရောက်ရှိကာ ဌာနေပြည်သူများ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေသဖြင့် မည်သူ့တွင် အပြစ်ရှိသည်ဟု ရည်ရွယ်ချက်မရှိဘဲ တရုတ်အစိုးရဘက်မှ မိုင်းလုပ်ကွက်များကို စုံစမ်းစစ်ဆေးစေခြင်း လုပ်ဆောင်ပေးစေလိုကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများအားလုံးပူးပေါင်းကာ မြစ်ရေများ ယခင်သဘာ၀ဖြစ်စဉ် အတိုင်းပြန်လည် သန့်ရှင်းသွားစေရန် ပူးပေါင်းလုပ်ဆောင်သွားစေလိုသည်ဟု ပြည်သူ့ပါတီခေါင်းဆောင်မှ ထိုင်းနိုင်ငံ တရုတ်သံအမတ်ကြီးထံ တင်ပြပြီး အများနှင့် သက်ဆိုင်သောကြောင့် ယခုတင်ပြမှုကို ပြည်သူတစ်ရပ်လုံးကိုပါ ကြေညာအသိပေးရခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။

ကိုကလင်း
Ref:Khaosod
#MeKongNews
#မြန်မာဘက်
#တရုတ်မြေရှားလုပ်ကွက်
#ရေထုညစ်ညမ်းမှု
#တရုတ်သံရုံး
#ထိုင်းပြည်သူ့ပါတီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

ဂိမ်းဆော့နေသည့် လူငယ်နှစ်ဦးကို PNO ပြည်သူ့စစ် ပစ်ခတ်ဖမ်းဆီးမှုကြောင့် တစ်ဦး ဒဏ်ရာရ

မဲခေါင်၊ နိုဝင်ဘာ ၈ ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ခြမ်း တောင်တိုကျေးရွာတွင် PNA ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူငယ်အမျိုးသားတစ်ဦး
နေ့စဥ်သတင်း မြန်မာ့နွေဦး

အမေရိကန်နဲ့ စစ်ပွဲပြန်စရင် အီရန်အတွက် နိုင်ကွက်ဖြစ်လာနိုင်တဲ့ ရေအောက်ကေဘယ်တွေ

~ ဒင်းဒင်း ~ အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ထပ်ပြီးတိုက်ခိုက်လာခဲ့ရင် ပင်လယ်ကွေ့မှာရှိတဲ့ ပင်လယ်ရေအောက် ဆက်သွယ်ရေး ကေဘယ်တွေကို ပစ်မှတ်ထားသွားဖို့

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

မူးယစ်တရားခံပြေး တရုတ်တစ်ဦးကို “ဝ”တပ်ဖွဲ့က ဖမ်းဆီးလွှဲပြောင်းပေး

မဲခေါင်၊ အောက်တိုဘာ ၃၁ မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပတ်သက်သည့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးပြီး တရုတ်ဖက်သို့ ပြန်လည်လွှဲပြောင်းပေးလိုက်သည်ဟု “ဝ”တပ်ဖွဲ့ (UWSA) က သတင်းထုတ်ပြန်သည်။ ၎င်းတရုတ်တရားခံတစ်ဦးကို ယုံဟော်နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၉ တွင် လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်ဟု

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ဖားကန့်မူးယစ် ဒုရဲမှူး ခင်စိုး မူးယစ်ဆေးဝါးရောင်းဝယ်သမားများထံမှ သိန်းထောင်ချီ လာဘ်စား၊ ကိုယ်တိုင်လည်း မူးယစ်ဆေးရောင်းနေ

မဲခေါင်၊ အောက်တိုဘာ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တာဝန်ကျ မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူး ခင်စိုးသည် အထက်ဌာနမှ ပုဂ္ဂိုလ်များ လာရောက်နိုင်ခြင်း မရှိသည့် နေရာဆိုကာ လုပ်ပိုင်ခွင့်ကို အသုံးချပြီး မူးယစ်ဆေးသမားများကို သိန်းရာချီ၊ ထောင်ချီ လာဘ်ငွေယူခြင်း၊

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

၃ လကျော်ကြာ ပျောက်ဆုံးနေသည့် တောင်ကြီး ၆ မိုင်မှ Grade – 9 ကျောင်းသား၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို တာချီလိတ်တပ်မှဟုဆိုကာ မိဘထံ ဖုန်းဆက်တောင်းခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ၆ မိုင်ဒေသမှ ၃လကျော်ကြော ပျောက်ဆုံးနေသည့် Grade – 9 ကျောင်းသားတစ်ဦး၏ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းကို အောက်တိုဘာ ၂၂ ရက်တွင် တာချီလိတ်တပ်မှဟုဆိုကာ မိဘများထံ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း အာဆီယံအထူးသံကို စစ်အုပ်စု အာမခံ

မဲခေါင်၊ အောက်တိုဘာ ၃၀ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းမွန်ကြောင်း မြန်မာစစ်အာဏာပိုင်များက အာမခံပြောကြားခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဆိုသည်။ လာဇာရိုသည် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနှင့် ယမန်နေ့ကတွေ့ဆုံရာတွင် အကျဉ်းချခံထားရသည့် ဒီမိုကရေစီခေါင်းဆောင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက် နေ့စဉ်အနှောက်အယှက်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။ ယင်းကျောက်မီးသွေးစက်ရုံမှ စက်သံများသည် နေ့ဖက်သာမက ညဖက်အနားယူချိန်၊ အိပ်စက်ချိန်တွင်လည်း စက်သံဆူညံစွာ

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးအား ထိုင်းအာဏာပိုင်များက ယမန်နေ့တွင် တားဆီးစစ်ဆေးခဲ့ရာ တရားမဝင် ခိုးဝှက်သယ်လာသည့် ထိုင်းဘတ် ၃

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now