နေ့စဥ်သတင်း

ထိုင်း ကန့်သတ်မှုကြောင့် တာချီလိတ်တွင် စက်သုံးဆီ ယာယီကန့်သတ်ရောင်းချမည်

မဲခေါင် 15 Jul - 2026
မဲခေါင်၊ ဇူလိုင် ၁၅ ထိုင်းနိုင်ငံဘက်တွင် မဲခေါင်မြစ်တစ်လျှောက်ရှိ စက်သုံးဆီမှောင်ခိုသင်္ဘောများကို တင်းကြပ်စွာ စစ်ဆေးဖော်ထုတ်နေချိန်၌ ရှမ်းပြည်အရှေ့ပိုင်းဒေသသို့ စက်သုံးဆီတင်သွင်းမှု လျော့နည်းသွားသဖြင့် ဒေသတွင်းရှိ စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ယာယီခွဲတမ်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်သည်။ ယနေ့ ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိသာ ဆီဆိုင်များကို ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မော်တော်ယာဉ်တစ်စီးလျှင် ထိုင်းဘတ်ငွေ ၅၀၀ ဖိုး၊ သုံးဘီးဆိုင်ကယ်တစ်စီးလျှင် ဘတ် ၁၀၀ ဖိုးနှင့် မော်တော်ဆိုင်ကယ်တစ်စီးလျှင် ဘတ် ၅၀ ဖိုးအထိသာ ယာယီကန့်သတ်၍ အချိုးကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဲခေါင်၊ ဇူလိုင် ၁၅

ထိုင်းနိုင်ငံဘက်တွင် မဲခေါင်မြစ်တစ်လျှောက်ရှိ စက်သုံးဆီမှောင်ခိုသင်္ဘောများကို တင်းကြပ်စွာ စစ်ဆေးဖော်ထုတ်နေချိန်၌ ရှမ်းပြည်အရှေ့ပိုင်းဒေသသို့ စက်သုံးဆီတင်သွင်းမှု လျော့နည်းသွားသဖြင့် ဒေသတွင်းရှိ စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ယာယီခွဲတမ်းစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း စက်သုံးဆီလုပ်ငန်းရှင်များအသင်းက အသိပေးထုတ်ပြန်သည်။

ယနေ့ ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ နေ့စဉ် နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိသာ ဆီဆိုင်များကို ဖွင့်လှစ်ရောင်းချပေးမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မော်တော်ယာဉ်တစ်စီးလျှင် ထိုင်းဘတ်ငွေ ၅၀၀ ဖိုး၊ သုံးဘီးဆိုင်ကယ်တစ်စီးလျှင် ဘတ် ၁၀၀ ဖိုးနှင့် မော်တော်ဆိုင်ကယ်တစ်စီးလျှင် ဘတ် ၅၀ ဖိုးအထိသာ ယာယီကန့်သတ်၍ အချိုးကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ ဒေသတွင်းသို့ တင်သွင်းနေသည့် စက်သုံးဆီ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွင် ယာယီအခက်အခဲများ ဖြစ်ပေါ်နေသောကြောင့် စက်သုံးဆီပြတ်လပ်မှုကို ကာကွယ်ရန်အတွက် ဆိုင်များ၌ လက်ကျန်ရှိသော စက်သုံးဆီများကို ယခုကဲ့သို့ အကန့်အသတ်ဖြင့်သာ ရောင်းချရခြင်းဖြစ်သည်ဟု စက်သုံးဆီအသင်းက ဆိုသည်။

ယခုကဲ့သို့ စစ်ဆေးမှုများ တင်းကြပ်လာရသည့် ပြဿနာမှာ လာအိုနိုင်ငံသို့ ပို့ဆောင်မည်ဟု အကောက်ခွန်ကြေညာထားသည့် စက်သုံးဆီတင်သင်္ဘောအချို့သည် ကုန်းလမ်း၊ ရေလမ်းကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ လမ်းကြောင်းလွှဲကာ တရားမဝင် ခိုးသွင်းမှောင်ခိုပြုလုပ်နေသည်ကို ထိုင်းအာဏာပိုင်များက ဖော်ထုတ်တွေ့ရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထိုင်းရဲတပ်ဖွဲ့သည် ယင်းဆီမှောင်ခိုကွန်ရက်ကို တစ်နှစ်နီးပါးကြာ အချိန်ယူစုံစမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မှောင်ခိုသင်္ဘောတစ်စီးချင်းစီ၏ အချက်အလက်များနှင့် ပိုင်ရှင်များကို စိစစ်နေကြောင်း၊ သတင်းအချက်အလက်များအရ မှောင်ခိုသင်္ဘောတစ်စီးလျှင် စက်သုံးဆီ လီတာ ၄ သိန်းခန့်အထိ တင်ဆောင်နိုင်ပြီး ယခုကာလအတွင်း မြန်မာနိုင်ငံဘက်သို့ တရားမဝင် ခိုးသွင်းခဲ့သည့် စက်သုံးဆီပမာဏစုစုပေါင်းမှာ လီတာ ၁၀ သန်းနီးပါးအထိ ရှိနိုင်ကြောင်း ထိုင်းအာဏာပိုင်များက တွက်ဆထားသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းက ကျားဖြန့်လုပ်ငန်း တိုက်ဖျက်ရန် အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်အရှေ့ပိုင်းသို့ စက်သုံးဆီနှင့်လျှပ်စစ်မီး ရောင်းချမှုကို ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်က ဆီမှောင်ခိုဂိုဏ်းများကို ပိုမိုတင်းကြပ်စွာ စစ်ဆေးလျက်ရှိပြီး မြန်မာနိုင်ငံဘက်သို့ စက်သုံးဆီတင်ပို့မှုကို ယာယီပိတ်ပင်ကန့်သတ်ထားသည့် အကျိုးဆက်ကြောင့် လက်ရှိတွင် ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့အချို့၌ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်း၊ ဆီဆိုင်အများအပြား ပိတ်ထားရခြင်းများနှင့် ကြုံတွေ့နေရသည်။

ယင်းသို့ ဆီဝယ်ယူရန် ခက်ခဲနေမှုများကြောင့် ဒေသတွင်း မိုးရာသီ စိုက်ပျိုးရေးလုပ်ငန်းခွင်များ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာမှုများအပြင် မြို့ပြကုန်ထုတ်လုပ်မှု ကဏ္ဍတစ်ခုလုံးတွင်ပါ ထိခိုက်မှုများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။

#MeKongNews
#ရှမ်းအရှေ့
#တာချီလိတ်
#စက်သုံးဆီ
#ထိုင်းနိုင်ငံ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now