မဲခေါင်၊ ဇူလိုင် ၁၅
ယနေ့စတင်သက်ရောက်မည့် အမေရိကန်၏ ပိတ်ဆို့မှုများမတိုင်မီ ယမန်နေ့က ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားသည့် သင်္ဘောအရေအတွက် မြင့်တက်ခဲ့ကာ ၎င်းတို့သည် အများအားဖြင့် အီရန်ကုန်သွယ်ရေးနှင့် ဆက်စပ်ကြောင်း သင်္ဘောလုပ်ငန်း အချက်အလက်များက ပြသနေသည်။
အီရန်နှင့် အမေရိကန်ကြားကပဋိပက္ခ နောက်ဆုံးအရှိန်မြင့်တက်မှုတွင် အီရန်က ဆွေးနွေးပွဲစားပွဲဆီ ပြန်မလာခဲ့ပါက အီရန်ဆိပ်ကမ်းများကို ရေတပ်ဖြင့် ပိတ်ဆို့ကာ လာမည့်သီတင်းပတ်တွင် အီရန်၏ ဓာတ်အားပေးစက်ရုံများ၊ တံတားများကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့က ပြောကြားသည်။
ရေလက်ကြားကို ယမန်နေ့က ဖြတ်သန်းသွားသော သင်္ဘော ၁၁ စီးအနက်မှ ၉ စီးသည် အီရန်တို့သတ်မှတ်ထားသော လမ်းကြောင်းမှ ခုတ်မောင်းသွားခဲ့ကြောင်း သင်္ဘောလုပ်ငန်း Kpler ၏ အချက်အလက်များက ပြသနေသည်။
၎င်းတို့အနက် ကုန်မတင်ရသောသော အလယ်အလတ်တန်းစားသင်္ဘောတစ်စီး နှင့် အလွန်ကြီမားသော နေနံတင်သင်္ဘော( VLCC) ၂ စီး ရေလက်ကြားထဲသို့ ဝင်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။
အီရန်၏ ပို့ကုန်များကို တင်ဆောင်၍ ရေလက်ကြားမှ ထွက်ခွာသွားသည့် ရေယာဉ်များတွင် ရေနံစိမ်းစည်ပေါင်း ၂ သန်း တင်ထားသည့် VLCC တစ်စီး၊ ရေနံထုတ်ကုန်များတင်ထားသည့် အလယ်အလတ်သင်္ဘောတစ်စီး၊ ရေနံဓာတ်ငွေ့ရည် တင်ထားသည့် သင်္ဘော ၂ စီး တို့ဖြစ်ကြောင်း အချက်အလက်များက ပြသနေသည်။
မက်သနောများတင်ထားသည့် သင်္ဘောတစ်စီးနှင့် သံရိုင်းများတင်ထားသည့် သင်္ဘောတစ်စီးလည်း ဟော်မုဇ်မှထွက်ခွာသွားခဲ့ကြောင်း Kpler ၏ အချက်အလက်များက ဖော်ပြသည်။
အခြားပင်လယ်ကွေ့ နိုင်ငံများမှ ရေနံ နှင့် သဘာဝဓာတ်ငွေ့တင် သင်္ဘောများ ဝင်ထွက်သွားလာခဲ့သည်ကို မမြင်ခဲ့ရဟု လည်း သတင်းက ဆိုသည်။
ယခုသီတင်းပတ်အတွင်း အီရန်နှင့်အမေရိကန်ကြား အပြန်အလှန်တိုက်ခိုက်မှုများ တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့ပြီးနောက်တွင် စစ်ပွဲမတိုင်ခင်က ကမ္ဘာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ ငါးပုံတစ်ပုံ ဖြတ်သန်းခဲ့သော ရေလက်ကြားတွင် သင်္ဘောအသွားအလာ သိသိသာသာ ကျဆင်းသွားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း အီရန်က ရေလက်ကြားတွင် ကုန်တင်သင်္ဘော ၇ စီး ကို တိုက်ခိုက်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ၊ ပျောက်ဆုံးနေသည့် သင်္ဘောသား တစ်ဒါဇင်ခန့် ရှိကြောင်း အမေရိကန်က ယမန့်နေ့ ညပိုင်းတွင် ပြောကြားသည်။
အေးကျော်
Ref:Reuters
#MeKongNews
#အမေရိကန်
#ပိတ်ဆို့မှုများ
#အီရန်
#ဟော်မုဇ်








