နေ့စဥ်သတင်း

ပတ္တယားတွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို သတ်ပြီး အလောင်းကို ခရီးဆောင်သေတ္တာအတွင်း ထည့်ကာ မီးရထားလမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဩစတြေးလျနိုင်ငံသား ဝန်ခံ

မဲခေါင် 27 Jun - 2026
မဲခေါင်၊ ဇွန် ၂၇ ဩစတြေးလျနိုင်ငံသား အမျိုးသားတစ်ဦးသည် ပတ္တယားမြို့တွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ဖြတ်ပြီးနောက် အလောင်းကို ခရီးဆောင်သေတ္တာအတွင်း ထည့်ကာ မီးရထားလမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။ ယနေ့ ဇွန် ၂၇၊ နံနက် ၉ နာရီတွင် ပတ္တယားမြို့ ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများသည် အသက် ၄၆ နှစ်အရွယ် ဩစတြေးလျနိုင်ငံသား ဆိုင်မွန်ပီတာကားမန်းကို ထပ်မံ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာခဲ့သည်။ ၎င်းမှာ ကလာစင်ပြည်နယ်မှ အသက် ၁၇ နှစ်အရွယ် ထန်ချနော့ဒွန်ဟွမ်လော ဆိုသူမိန်းကလေး သေဆုံးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူဖြစ်သည်။ သေဆုံးသူ၏ အလောင်းကို ပတ္တယားမြို့၊ ခေါင်မာခေါ့ဒေသရှိ

မဲခေါင်၊ ဇွန် ၂၇

ဩစတြေးလျနိုင်ငံသား အမျိုးသားတစ်ဦးသည် ပတ္တယားမြို့တွင် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သတ်ဖြတ်ပြီးနောက် အလောင်းကို ခရီးဆောင်သေတ္တာအတွင်း ထည့်ကာ မီးရထားလမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။

ယနေ့ ဇွန် ၂၇၊ နံနက် ၉ နာရီတွင် ပတ္တယားမြို့ ရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများသည် အသက် ၄၆ နှစ်အရွယ် ဩစတြေးလျနိုင်ငံသား ဆိုင်မွန်ပီတာကားမန်းကို ထပ်မံ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာခဲ့သည်။

၎င်းမှာ ကလာစင်ပြည်နယ်မှ အသက် ၁၇ နှစ်အရွယ် ထန်ချနော့ဒွန်ဟွမ်လော ဆိုသူမိန်းကလေး သေဆုံးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးခံထားရသူဖြစ်သည်။

သေဆုံးသူ၏ အလောင်းကို ပတ္တယားမြို့၊ ခေါင်မာခေါ့ဒေသရှိ မီးရထားလမ်းဘေး မြက်ခင်းထဲတွင် စွန့်ပစ်ထားသော ခရီးဆောင်သေတ္တာအတွင်းမှ တွေ့ရှိရပြီး ယင်းနေရာသည် အမှုဖြစ်ပွားခဲ့သည်ဟု ယူဆရသော ဂျွန်တီယမ်လမ်းရှိ ကွန်ဒိုမှ ၄ ဒသမ ၂ ကီလိုမီတာခန့် ဝေးကွာသည်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိသူသည် အခင်းဖြစ်ပွားရာမှ ထွက်ပြေးခဲ့ပြီး သုဝဏ္ဏဘိူလေဆိပ် မှတစ်ဆင့် ထိုင်းနိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့သော်လည်း မထွက်ခွာမီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ထိုမတိုင်မီ ပတ္တယားခရိုင်တရားရုံးက အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူကို မိဘအုပ်ထိန်းမှုမှ မဖွယ်မရာ ရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်မှု စွဲချက်ဖြင့် ဖမ်းဝရမ်း ထုတ်ထားခဲ့သည်။

သံသယရှိသူ၏ ထွက်ဆိုချက်အရ မိန်းကလေးက ငွေပိုတောင်းရာမှ စကားများရန်ဖြစ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် မိန်းကလေးက ဓားတစ်ချောင်းထုတ်ကာ ၎င်း၏လည်ပင်းကို ထောက်ခဲ့သဖြင့် လုယက်ရုန်းကန်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းအချိန်တွင် မိန်းကလေး၏ ဓားကိုင်ထားသည့်လက်ကို ဖမ်းချုပ်ရင်း လည်ပင်းညှစ်မိခဲ့သည်ဟု ၎င်းက အခိုင်အမာ ပြောဆိုခဲ့သည်။

ထိုရုန်းကန်မှုအတွင်း မိန်းကလေးသည် သတိလစ်သွားခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ထို့နောက် အလောင်းကို ခရီးဆောင်သေတ္တာအတွင်း ထည့်ကာ ရေချိုးခန်းထဲတွင် တစ်ရက်ကျော်ကြာ ထားခဲ့ပြီး နောက်ပိုင်းတွင် ဆိုင်ကယ်ဖြင့် သယ်ဆောင်သွားကာ မီးရထားလမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်းလည်း ဝန်ခံခဲ့သည်။

ထို့ပြင် သေဆုံးသူ၏ မိသားစုအား ဝမ်းနည်းကြောင်းနှင့် တောင်းပန်ကြောင်း ပြောဆိုခဲ့သော်လည်း၊ သေဆုံးမှုမှာ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းမဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ယနေ့နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ရဲတပ်ဖွဲ့က သံသယရှိသူ၏ လက်ဗွေများ ရယူပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ အလောင်းဖျောက်ဖျက်ခြင်း၊ အလောင်းကို ရွှေ့ပြောင်းစွန့်ပစ်ခြင်း၊ အသက် ၁၅ နှစ်အထက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူကို မဖွယ်မရာ ရည်ရွယ်ချက်ဖြင့် ခေါ်ဆောင်မှုနှင့် သက်ဆိုင်သော ပြစ်မှုတို့ဖြင့် စွဲချက်တင်ခဲ့သည်။

ထို့နောက် ၎င်းကို ပတ္တယားခရိုင်တရားရုံးသို့ ပထမအကြိမ် အချုပ်ရမန်ယူရန် ပို့ဆောင်ခဲ့သည်။

Ref:Khaosod
#MeKongNews
#ပတ္တယား
#မိန်းကလေး
#အလောင်း
#ခရီးဆောင်သေတ္တာ
#ဩစတြေးလျနိုင်ငံသား

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now