နေ့စဥ်သတင်း

ပင်လောင်း၊ တီကျစ်နဂါးဘိလပ်မြေစက်ရုံမှ ဝန်ထမ်းများ လစာ ဖြတ်တောက်ခံနေရဟု ဆို

မဲခေါင် 23 Jun - 2026
မဲခေါင်၊ ဇွန် ၂၃ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ တီကျစ်နဂါးဘိလပ်မြေစက်ရုံတွင် ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများကို စီမံခန့်ခွဲမှုအပိုင်းမှ ခေါင်းပုံဖြတ်မှုများ ရှိနေကြောင်း ဝန်ထမ်းအချို့က ပြောဆိုကြသည်။ စက်ရုံတာဝန်ရှိသူများက ဧပြီ ၁ ရက်မှ စတင်ကာ လစာနှင့် ထောက်ပံ့ကြေး တစ်သိန်းကျပ်၊ စားစရိတ်ထောက်ပံ့ကြေး ၉ သောင်းကျပ် စုစုပေါင်း ကျပ် ၁၉၀,၀၀၀ ကို တိုးမြှင့်ပေးထားကြောင်း အသိပေးခဲ့သည်။ သို့သော် ဝန်ထမ်းများ၏ ပြောကြားချက်အရ တိုးမြှင့်ပေးထားသည်ဟု ကြေညာထားသည့် ပမာဏများကို အပြည့်အဝ မရရှိကြဘဲ လစာထုတ်ပေးရာတွင် ဖြတ်တောက်မှုများနှင့် မရှင်းလင်းသည့် စီမံခန့်ခွဲမှုများ ရှိနေကြောင်း သိရသည်။ “စာရွက်ပေါ်မှာ တိုးပေးထားတယ်လို့ ပြောပေမယ့် လက်ထဲရောက်တဲ့ ပမာဏက

မဲခေါင်၊ ဇွန် ၂၃

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်ရှိ တီကျစ်နဂါးဘိလပ်မြေစက်ရုံတွင် ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများကို စီမံခန့်ခွဲမှုအပိုင်းမှ ခေါင်းပုံဖြတ်မှုများ ရှိနေကြောင်း ဝန်ထမ်းအချို့က ပြောဆိုကြသည်။

စက်ရုံတာဝန်ရှိသူများက ဧပြီ ၁ ရက်မှ စတင်ကာ လစာနှင့် ထောက်ပံ့ကြေး တစ်သိန်းကျပ်၊ စားစရိတ်ထောက်ပံ့ကြေး ၉ သောင်းကျပ် စုစုပေါင်း ကျပ် ၁၉၀,၀၀၀ ကို တိုးမြှင့်ပေးထားကြောင်း အသိပေးခဲ့သည်။

သို့သော် ဝန်ထမ်းများ၏ ပြောကြားချက်အရ တိုးမြှင့်ပေးထားသည်ဟု ကြေညာထားသည့် ပမာဏများကို အပြည့်အဝ မရရှိကြဘဲ လစာထုတ်ပေးရာတွင် ဖြတ်တောက်မှုများနှင့် မရှင်းလင်းသည့် စီမံခန့်ခွဲမှုများ ရှိနေကြောင်း သိရသည်။

“စာရွက်ပေါ်မှာ တိုးပေးထားတယ်လို့ ပြောပေမယ့် လက်ထဲရောက်တဲ့ ပမာဏက မပြည့်ဘူး။ ဘယ်လိုတွက်ချက်ပြီး ဖြတ်တောက်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရဘူး” ဟု စက်ရုံဝန်ထမ်းတစ်ဦးက မဲခေါင်သို့ ပြောသည်။

ဝန်ထမ်းများ၏ ပြောကြားချက်အရ အခြေခံလစာမှာ ကျပ် ၂၀၅,၀၀၀၊ စားစရိတ် ကျပ် ၉၀,၀၀၀ နှင့် ရက်မှန်ထောက်ပံ့ကြေး ကျပ် ၁၄၀,၀၀၀ အပါအဝင် စုစုပေါင်း ကျပ် ၄၃၅,၀၀၀ ရရှိရမည်ဖြစ်သော်လည်း ကျွမ်း ၁၊ ကျွမ်း ၂၊ ကျွမ်း ၃ အဆင့်အားလုံးတွင် ကျပ် ၃ သောင်းခန့် လျော့နည်း၍သာ ရရှိနေကြောင်း ဆိုသည်။

ထို့ပြင် သာရေး၊ နာရေးကိစ္စများအတွက် ခွင့်တင်ရာတွင်လည်း ခွင့်တစ်ရက်လျှင် လစာမဲ့ခွင့်အဖြစ် ကျပ် ၅၀,၀၀၀ ကျော်အထိ ဖြတ်တောက်ခံရကြောင်း၊ ယင်းဖြတ်တောက်မှုများအတွက် ရှင်းလင်းသည့် အကြောင်းပြချက် မရရှိသေးကြောင်း ဝန်ထမ်းများက ပြောသည်။

ထို့ပြင် အချို့ဝန်ထမ်းများမှာ အိမ်မှ စက်ရုံသို့ နေ့စဉ် လာရောက်အလုပ်ဆင်းရာတွင် ဆိုင်ကယ်ဆီဖိုး တစ်ရက်လျှင် ကျပ် ၅,၀၀၀ ခန့် ကုန်ကျနေသဖြင့် လက်ရှိရရှိနေသည့် ဝင်ငွေနှင့် စားဝတ်နေရေးကို ထိခိုက်လာကြောင်းလည်း ဆိုသည်။

“လစာတိုးပေးထားတယ် ဆိုပေမယ့် လက်တွေ့မှာတော့ ဝန်ထမ်းတွေ အပြည့်အဝ မခံစားရဘူး။ အခြေခံလစာ၊ စားစရိတ်နဲ့ ရက်မှန်ကြေးပေါင်းရင် ရသင့်တဲ့ ပမာဏထက် လစဉ် သုံးသောင်းလောက် လျော့နည်းနေတာကို ဘာကြောင့်လဲဆိုတာ တာဝန်ရှိသူတွေက ရှင်းပြပေးစေချင်ပါတယ်။ သာရေး၊ နာရေးအတွက် ခွင့်ယူရင်လည်း တစ်ရက်ကို ငါးသောင်းကျော်အထိ ဖြတ်တောက်ခံနေရတာကြောင့် ဝန်ထမ်းတွေအတွက် ပိုပြီး အခက်အခဲဖြစ်လာနေပါတယ်” ဟု စက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။

ယခုလို လစာနှင့် ထောက်ပံ့ကြေးများအပေါ် ခေါင်းပုံဖြတ်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံမှ ရှင်းလင်းချက်များ လိုအပ်နေကြောင်း စက်ရုံဝန်ထမ်းများက တောင်းဆိုထားသည်။

#MeKongNews
#ပင်လောင်း
#တီကျစ်နဂါးဘိလပ်မြေစက်ရုံ
#လစာ
#ဖြတ်တောက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now