နေ့စဥ်သတင်း

ပင်လောင်း၊ တောင်စလုံးကျေးရွာမှ စစ်ရှောင်ပြည်သူ ပစ္စည်းများ PNO သယ်သွား

မဲခေါင် 21 Jun - 2026
မဲခေါင်၊ ဇွန် ၂၁ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ PNO တပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များအတွင်း ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို ကားများဖြင့် သယ်ယူသွားနေကြောင်း ဒေသခံများက ယမန်နေ့တွင် ပြောသည်။ ဒေသခံများ၏ ပြောကြားချက်အရ နေအိမ်များအတွင်းရှိ ဗီဒိုများ၊ ဘုရားစင်နှင့် ဘုရားရုပ်တုများ၊ သေတ္တာများ၊ စင်များ၊ ထိုင်ခုံများ၊ အိုးခွက်ပန်းကန်များ အပါအဝင် အိမ်သုံးပစ္စည်း အများအပြားကို ကားများဖြင့် တင်ဆောင်သယ်ယူသွားပြီး၊ အချို့ပစ္စည်းများကို ဈေးပေါပေါဖြင့် ပြန်လည်ရောင်းချနေကြောင်းလည်း ဆိုသည်။ “စစ်ဘေးရှောင်ပြည်သူတွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ရမှာကို ခိုးယူပြီး ရောင်းစားနေတာ တော်တော်အောက်တန်းကျတယ်။ ဝဋ်လည်မှာလည်း မကြောက်ကြဘူး။ အခု တောင်စလုံးရွာမှာလည်း PNO တပ်သားတွေ

မဲခေါင်၊ ဇွန် ၂၁

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ PNO တပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များအတွင်း ကျန်ရစ်ခဲ့သည့် ပစ္စည်းများကို ကားများဖြင့် သယ်ယူသွားနေကြောင်း ဒေသခံများက ယမန်နေ့တွင် ပြောသည်။

ဒေသခံများ၏ ပြောကြားချက်အရ နေအိမ်များအတွင်းရှိ ဗီဒိုများ၊ ဘုရားစင်နှင့် ဘုရားရုပ်တုများ၊ သေတ္တာများ၊ စင်များ၊ ထိုင်ခုံများ၊ အိုးခွက်ပန်းကန်များ အပါအဝင် အိမ်သုံးပစ္စည်း အများအပြားကို ကားများဖြင့် တင်ဆောင်သယ်ယူသွားပြီး၊ အချို့ပစ္စည်းများကို ဈေးပေါပေါဖြင့် ပြန်လည်ရောင်းချနေကြောင်းလည်း ဆိုသည်။

“စစ်ဘေးရှောင်ပြည်သူတွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ရမှာကို ခိုးယူပြီး ရောင်းစားနေတာ တော်တော်အောက်တန်းကျတယ်။ ဝဋ်လည်မှာလည်း မကြောက်ကြဘူး။ အခု တောင်စလုံးရွာမှာလည်း PNO တပ်သားတွေ တပ်စွဲထားတုန်းပဲ” ဟု သတင်းရင်းမြစ်တစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။

ထို့ပြင် PNA ပြည်သူ့စစ်များက သယ်ယူလာသည့် ပစ္စည်းများကို ပင်လောင်းမြို့ ကန်သာဦးရပ်ကွက်ရှိ မအေးခိုင်၏ ပစ္စည်းအဟောင်းဆိုင်သို့ ပို့ဆောင်ကာ လက်ခံရောင်းချပေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

“မအေးခိုင်က ပင်လောင်းရဲကို လစဉ်ကြေး သိန်းဆယ်ချီပေးပြီး အဲဒီလိုပစ္စည်းတွေကို လက်ခံဝယ်ရောင်းပေးနေတာ။ ပြီးတော့ သူက နေဝင်းထွန်းလက်အောက် တပ်ရင်း (၇) က တပ်သားတွေနဲ့လည်း ရင်းနှီးတယ်။ သူတို့ပေါင်းပြီး ချမ်းသာကုန်ကြပြီ။ နေဝင်းထွန်းတပ်သားတွေဆို ရှေ့တန်းတစ်ခါသွားရင် ပိုက်ဆံသိန်းရာချီနဲ့ ပြန်လာတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မအေးခိုင်တို့ မိသားစုသည် ယခင်က ပစ္စည်းအဟောင်းများ ကောက်ယူရောင်းချသူများ ဖြစ်ခဲ့ပြီး၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်နှင့် PNA ပြည်သူ့စစ်များနှင့် ဆက်စပ်လုပ်ကိုင်ရာမှ စီးပွားရေး တိုးတက်လာခဲ့ကြောင်း၊ လက်ရှိတွင် ကန်သာဦးရပ်ကွက်၌ အိမ်နှင့် ဂိုထောင်အကြီးများ ဆောက်လုပ်နိုင်ခဲ့သည့်အပြင် ပင်လောင်းမြို့ ရင်းမှီးလေးကျင့်ရေးတပ်တွင် စစ်ကောင်စီတပ်အတွက် ဂုဏ်ထူးဆောင်အလှူရှင်တစ်ဦးအဖြစ်လည်း ရပ်တည်နေကြောင်း ကန်သာဦးရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

#MeKongNews
#ပင်လောင်း
#တောင်စလုံးကျေးရွာ
#စစ်ရှောင်
#PNO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now