နေ့စဥ်သတင်း

မိုင်းတုံတွင် ခနောက်စိမ်းအကြောင်းပြ ရွှေခိုးတူးနေသည်ကို ပြည်နယ်သယံဇာတဝန်ကြီး ဆင်းဖမ်းပြီးနောက် ရှယ်ယာပါဝင်သည့် စစ်ကောင်စီ ဗျူဟာမှူး၏ PSO က ဒေသခံပြည်သူများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်၊ လုပ်ကွက်ပိုင်ရှင်ဖြစ်သူ တောင်ကြီးသို့ထွက်ပြေး

မဲခေါင် 17 Jun - 2026
မဲခေါင်၊ ဇွန် ၁၇ ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် ခနောက်စိမ်းတူးဖော်ခွင့် အကြောင်းပြကာ တရားမဝင် ရွှေခိုးတူးနေသည့် နေရာတစ်ခုကို စစ်ကောင်စီ၏ ရှမ်းပြည် သစ်တောနှင့် သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်းဝမ်းတစ်က ယမန်နေ့တွင် အဖွဲ့စုံဖြင့် လာရောက် ဖမ်းဆီးခဲ့ပြီးနောက် လုပ်ကွက်တွင် ရှယ်ယာပါဝင်သည့် စစ်ကောင်စီဗျူဟာမှူး၏ PSO ဉာဏ်လင်းထွန်းက ဒေသခံများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။ ထို့ပြင် လုပ်ကွက်ပိုင်ရှင်ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဇင်လတ်(ခ)သားကြီးလင်မယားမှာ တောင်ကြီးမြို့သို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်းလည်း စုံစမ်း သိရသည်။ “သားကြီးကတော့ ရှောင်နေတယ်။ တောင်ကြီးကိုရောက်သွားတယ်။ ဗျူဟာမှူးရဲ့ PSO ကတော့ ဘက်ဟိုးမောင်းသမားကိုရော ဆဲနေတယ်။ အခုလည်း ရွာမှာ PSO နဲ့ စစ်သားတွေက

မဲခေါင်၊ ဇွန် ၁၇

ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံမြို့နယ်တွင် ခနောက်စိမ်းတူးဖော်ခွင့် အကြောင်းပြကာ တရားမဝင် ရွှေခိုးတူးနေသည့် နေရာတစ်ခုကို စစ်ကောင်စီ၏ ရှမ်းပြည် သစ်တောနှင့် သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်းဝမ်းတစ်က ယမန်နေ့တွင် အဖွဲ့စုံဖြင့် လာရောက် ဖမ်းဆီးခဲ့ပြီးနောက် လုပ်ကွက်တွင် ရှယ်ယာပါဝင်သည့် စစ်ကောင်စီဗျူဟာမှူး၏ PSO ဉာဏ်လင်းထွန်းက ဒေသခံများကို သတ်ဖြတ်မည်ဟု ခြိမ်းခြောက်နေကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် လုပ်ကွက်ပိုင်ရှင်ဖြစ်သူ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ဇင်လတ်(ခ)သားကြီးလင်မယားမှာ တောင်ကြီးမြို့သို့ ထွက်ပြေး တိမ်းရှောင်သွားကြောင်းလည်း စုံစမ်း သိရသည်။

“သားကြီးကတော့ ရှောင်နေတယ်။ တောင်ကြီးကိုရောက်သွားတယ်။ ဗျူဟာမှူးရဲ့ PSO ကတော့ ဘက်ဟိုးမောင်းသမားကိုရော ဆဲနေတယ်။ အခုလည်း ရွာမှာ PSO နဲ့ စစ်သားတွေက တအားသောင်းကျန်းနေတယ်။ ဒီသတင်းကို ပေးတဲ့လူကို အရေးယူမယ်ဆိုပြီး ဆဲဆိုသောင်းကျန်းနေတယ်။ သူတို့မထင်တဲ့လူ မသင်္ကာတဲ့လူကို လိုက်ဆဲပြီး ဖမ်းမယ်ဆီးမယ် လုပ်နေတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တောထဲသွားသည့် မည်သည့်ရွာသားကိုမဆို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြသည်။

“ရွာသားတွေက သစ်ခွပင်လေးတွေ လိုက်ခူးပြီး ရောင်းတာရှိတယ်။ အဲဒီဟာတွေကို ဖမ်းမယ်ဆီးမယ်ဆိုပြီး တရွာလုံးကို ခြိမ်းခြောက်နေကြတယ်။အခုဆို ရွာသားတွေက ဘာမှလုပ်လို့မရတော့ဘူး တအားကြီး ခြိမ်းခြောက်ထားကြတယ်။ သတ်မယ် ဖြတ်မယ် ခြိမ်းခြောက်ထားတော့ ရွာသားတွေလည်း ဘာမှလုပ်စားလို့မရ အပြင်မထွက်ရဲတော့ဘူး”ဟု နောက်ထပ်ပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့ ဇွန် ၁၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင် စစ်ကောင်စီ ရှမ်းပြည်အစိုးရအဖွဲ့၏ သစ်တောနှင့် သယံဇာတဝန်ကြီး ဦးစိုင်းလှိုင်းဝမ်းတစ်သည် တာချီလိတ်မြို့မှ ဌာနစုံပူးပေါင်းအဖွဲ့နှင့်အတူ မိုင်းတုံ – မိုင်းဆတ်သွား ကားလမ်းမပေါ်ရှိ ၁၁ မိုင်ကျေးရွာ အနောက်ဘက်တွင် တရားမဝင် ရွှေခိုးတူးနေသည့် လုပ်ကွက်အတွင်းသို့ ရုတ်တရက် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“မနေ့ကလည်း ဗျူဟာမှူးနဲ့ PSO က လုပ်ကွက်မရှိတဲ့နေရာကို ဝန်ကြီးကို လိမ်ခေါ်သွားတာ။ ဒါပေမယ့် ခေါ်သွားတဲ့အချိန်မှာ သူတို့အချင်းချင်း ဖုန်းအဆက်အသွယ်မရတော့ သူတို့ခေါ်သွားတဲ့ နေရာကလည်း ရွှေခိုးတူးနေတဲ့ နေရာဖြစ်သွားတာ ရောက်သွားတဲ့အချိန် ဘက်ဟိုးနဲ့ လုပ်နေတာနဲ့ကို တိုးသွားတာ”ဟု ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ပြောသည်။

ယင်းလုပ်ကွက်မှာ “ရွှေလားဟူ” ကုမ္ပဏီအမည်ဖြင့် ပိုင်ရှင်ဖြစ်သူ ကျော်ဇင်လတ် (ခ) သားကြီး က ခနောက်စိမ်းတူးဖော်ရန် အကြောင်းပြ၍ ရွှေခိုးတူးနေသည့် နေရာဖြစ်သည်။

ယင်းစီးနင်းမှုအတွင်း တရားမဝင် ရွှေချက်ကန်များ၊ ခုတ်လှဲထားသည့် သစ်တန်ပေါင်းများစွာနှင့် ဘက်ဟိုး (မြေတူးစက်) များကို သက်သေခံအထောက်အထားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“အခု ဘတ်ဟိုး ၃ စီးလုံးကို အခုလုပ်နေတဲ့ နမ့်မွန်းချောင်းအပေါ် လွယ်ရိုးကျေးရွာမှာ သွားဖွက်ထားပြီ။လူနေတဲ့တွေနဲ့ ရွှေကူးရာမှာ အသုံံးပြုတဲ့ အရာအားလုံးကို တစ်ညလုံးမြေမှာ တူးမြှုပ်ကုန်ပြီ။လက်စ အားလုံးကို PSO ညဏ်လင်းထွန်းက တစ်ညလုံးအပြီး ဖျောက်ခိုင်းပါတယ်” အခြားသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

လုပ်ကွက်ပိုင်ရှင် ကျော်ဇင်လတ် ဆိုသူမှာ လွယ်ခမ်းလုံကျေးရွာအုပ်စု၏ ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သည့်အပြင် ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

၎င်းသည် လက်ရှိတွင် “ဝတီရတနာ” ကုမ္ပဏီအမည်ကိုပါ အသုံးပြု၍ မိုင်းတုံမြို့နယ်၊ လွယ်ခမ်းလုံအုပ်စု၊ နောင်လဲကျေးရွာရှိ နမ့်မွန်းချောင်းအတွင်း၌လည်း ခနောက်စိမ်းအကြောင်းပြကာ တရားမဝင် ရွှေတူးဖော်မှုများ ဆက်တိုက် လုပ်ကိုင်နေကြောင်း ဒေသခံများက ဆိုသည်။

“နောင်လဲရွာကို ဝန်ကြီးက ဒီနေ့သွားမယ်လုပ်တော့ သူတို့က လမ်းမကောင်းဘူးဆိုပြီး အချိန်ဆွဲထားတယ်။ ဝန်ကြီး ဒီနေ့သွားဖြစ်လား မသွားဖြစ်လားမသိရသေးဘူး။ ဒါပေမယ် အဲ့မှာရှိတဲ့ ရွှေခိုးတူးတဲ့နေရာမှာ သုံးတဲ့ ဘက်ဟိုးတွေ စက်ပစ္စည်းတွေကိုတော့ မနေ့ညက သူတို့ရွေ့ကုန်ပြီ။ ဘက်ဟိုး ၃ စီး ၊ မြေသယ်ကား ၂ စီး၊ ဆီဘောက်ဆာကား ၂ စီးနဲ့လုပ်နေကြတာသူတို့က။ PSO ဉာဏ်လင်းထွန်းက အရင်ဗျူဟာမှူး ဦးကျော်ထင်လက်ထက်ကတည်းက နေလာတာ။ နောင်လဲမှာလည်း PSO ကို ရှယ်ယာပေးရတယ်။ ဒါကြောင့် PSO က အချိန်ဆွဲပြီး ကာကွယ်ပေးတာ၊ ဝန်ကြီးက အမှန်ဆို နောင်လဲကို မနေ့က တိုက်ရိုက်လာဖို့ လုပ်တာ၊ အဲဒါ ရှယ်ယာပါတဲ့ PSO ဉာဏ်လင်းထွန်းက ၁၁ မိုင်ဖက်ကို လိမ်ခေါ်သွားတာ၊ လိမ်ခေါ်သွားတဲ့နေရာလည်း ရွှေခိုးတူးတဲ့နေရာဖြစ်ပြန်တော့ မိသွားတာ”ဟု ဖြစ်စဉ်ကိုသိရှိသည့် သတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် တရားမဝင် ရွှေတူးနေမှုများကို ထိထိရောက်ရောက် အရေးယူရန်လိုပြီး ထိရောက်စွာ အရေးမယူပါက ရွှေတူးဖော်သူများနှင့် စစ်ကောင်စီတပ်များပူးပေါင်းကာ ပြည်သူကို ပိုမိုဖိနှိပ်လာနိုင်သည်ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

“ဒီတခေါက် ကောင်းကောင်း အရေးမယူဘူးဆို သူတို့ တအားသောင်းကျန်းတော့မှာ အခုတောင် ဟိုလူသတ်မယ် ဒီလူသတ်မယ် ခြိမ်းခြောက်နေကြတာ။ ရွာသားတွေလည်း ကြောက်နေကြရတာ အပြင်တောင် မထွက်ရဲတော့ဘူး၊ ရွာသားတွေအကုန်လုံးက ထွက်ပြေးချင်နေကြပြီ။ ထွက်ပြေးရင်လည်း သူတို့ပြဿနာရှာမှာ ကြောက်လို့ ဒီအတိုင်းငြိမ်နေရတာ”ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ယင်းတရားမဝင် ရွှေတူးဖော်မှု၊ ရွှေချက်ကန်များ ပြုလုပ်မှုနှင့် သစ်တောသစ်ပင်များကို စည်းကမ်းမဲ့ ခုတ်လှဲမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးများ ပျက်စီးနေသည့်အပြင် နမ့်မွန်းချောင်းရေမှာလည်း ဓာတုဆေးရည်များကြောင့် သုံးစွဲ၍ မရတော့ဘဲ ကျေးရွာများ၏ စိုက်ပျိုးမြေများပါ ပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့ပြင် ရွှေချက်ရာတွင် သုံးစွဲသည့် ပြဒါးနှင့် ဆိုင်ယာနိုက် စသည့် ဓာတုဆေးရည်များ ညစ်ညမ်းမှုကြောင့် ဒေသခံ တိရစ္ဆာန်များတွင်လည်း ရောဂါဆိုးများ ကူးစက်ဖြစ်ပွားနေပြီး ယင်းသဘာဝပတ်ဝန်းကျင် ပျက်စီးမှုဆိုးကျိုးများမှာ မိုင်းတုံမြို့ပေါ်အထိ သက်ရောက်မှု ရှိလာနေကြောင်း စုံစမ်းသိရှိရသည်။

#MeKongNews
#မိုင်းတုံ
#ခနောက်စိမ်း
#ရွှေခိုးတူး
#ပြည်နယ်သယံဇာတဝန်ကြီး
#PSO

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now