မဲခေါင်၊ ဇွန် ၁၅
ဇွန် ၁၄ ရက် နံနက်ပိုင်းက အင်္ဂလန်ရေလက်ကြားအတွင်း ဝင်ရောက်လာခဲ့သည့် ပိတ်ဆို့ခံ ရုရှားရေနံတင်သင်္ဘောကို ပထမဆုံးအကြိမ်အဖြစ် ဗြိတိန်ကွန်မန်ဒိုများက ဝင်ရောက်စီးနင်း သိမ်းပိုက်လိုက်ပြီးနောက် နောက်တစ်ကြိမ် ထိုသို့ ပင်လယ်ဓားပြဆန်ဆန် သိမ်းပိုက်ပါက သင်္ဘောထဲ မိုင်းများဆင်ထားပြီး အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ရလိမ့်မည်ဟု ရုရှားက သတိပေးခြိမ်းခြောက်ခဲ့သည်။
ယခင် အင်္ဂလန် ရေလက်ကြားအတွင်း ရုရှား၏ ပိတ်ဆို့ခံ ရေနံတင်သင်္ဘောများ ဖြတ်သန်းသွားလာရာတွင် ရုရှားရေတပ် စစ်သင်္ဘောများ စောင့်ကြပ်လိုက်ပါခြင်းရှိသော်လည်း ရေနံတင်သင်္ဘောတိုင်းအား အမြဲတမ်း စောင့်ကြပ်လိုက်ပါနိုင်ခြင်း မရှိဘဲ ရေလက်ကြားအတွင်း ဝင်လာသည့် သင်္ဘောများကို ဗြိတိန်ဘက်မှ ယခုလို သိမ်းဆည်းခြင်း မပြုခဲ့ပေ။
ဇွန် ၁၄ ရက်က ၆ နာရီကြာ စစ်ဆင်ရေး ဖော်ဆောင်ပြီး ဗြိတိန်က ရုရှားရေနံတင်သင်္ဘောအား စီးနင်းသိမ်းပိုက်သွားပြီးနောက် အင်္ဂလန်သည် ၁၆ ရာစုနှစ်က ကိုလိုနီပြုကာ ပြိုင်ဘက်များအပေါ် နိုင်ငံရေးနှင့် ကုန်သွယ်ရေးပိုင်း အသာရရေး၊ တော်ဝင်ဘုရင် ဆွေတော်မျိုးတော်များ အကျိုးစီးပွားအတွက် ပင်လယ်ဓားပြများကို အသုံးချခဲ့ကြောင်း၊ ယခုလည်း ထိုစနစ်ဖြင့် ပင်လယ်ဓားပြလုပ်ရပ်အား လုပ်ဆောင်ကာ ရေနံတင်သင်္ဘောအား သိမ်းပိုက်သွားသည့်အတွက် နောက်တစ်ကြိမ်ဆိုလျှင် သင်္ဘောပေါ် မိုင်းများတင်ပြီး အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲတိုက်ခိုက်ကာ ရေနံများပါ ယိုစိမ့်ပြီး သဘာ၀ပတ်ဝန်းကျင် ပျက်စီးပါက ပင်လယ်ဓားပြအလုပ် ဆက်လုပ်ရဲတော့မည်မဟုတ်ဟု ယခင် ပူတင်၏ ဒုသမ္မတ၊ နေတိုးအဖွဲ့ဝင်ဖြစ်စဉ်က ရုရှား၏ အကြီးအကဲ၊ လက်ရှိ ယူကရိန်း စစ်မြေပြင်တွင် ဒရုန်းတပ်ဖွဲ့ အကြီးအကဲလည်းဖြစ်သည့် ရုရှားအာကာသအေဂျင်စီ အကြီးအကဲလည်းဖြစ်သူ ဒီမီထရီ ရိုဂိုဇင်က သတိပေး ခြိမ်းခြောက်ခဲ့သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရေနံတင်သင်္ဘောများ
#ဖောက်ခွဲ
#ဗြိတိန်
#ရုရှား








