နေ့စဥ်သတင်း

​မူဆယ်တွင် ရွှေဆိုင်ပိုင်ရှင် လင်မယား ဓားပြတိုက်ခံရ

မဲခေါင် 9 Jun - 2026
မဲခေါင်၊ ဇွန် ၉ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့က ရွှေဆိုင်ပိုင်ရှင် လင်မယား ဓားပြတိုက်ခံရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ ယမန်နေ့ ဇွန် ၈ ရက်၊ ညနေ ၄ နာရီခန့်တွင် မူဆယ်မြို့မဈေးကြီး၌ ရွှေဆိုင်ဖွင့်လှစ်ထားသည့် ဇနီးမောင်နှံ နှစ်ဦးသည် ဆိုင်ပိတ်၍ ဆိုင်ကယ်ဖြင့် ကောင်းခါးရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာခဲ့ကြရာ နေအိမ်အနီးရှိ လမ်းကြားအတွင်းသို့ အဝင်တွင် အရပ်ဝတ် လက်နက်ကိုင် ၄ ဦး လိုက်ပါလာသည့် အိမ်စီးကား (အဖြူရောင်) တစ်စီးက ၎င်းတို့၏ ဆိုင်ကယ်ကို ရှေ့တည့်တည့်မှ ရည်ရွယ်ချက်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ​ဆိုင်ကယ်လဲကျသွားချိန်တွင် ကားပေါ်မှ သေနတ်ကိုင်ဆောင်ထားသူများ ဆင်းလာပြီး သေနတ်ဖြင့် ချိန်ရွယ်ကာ

မဲခေါင်၊ ဇွန် ၉

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယမန်နေ့က ရွှေဆိုင်ပိုင်ရှင် လင်မယား ဓားပြတိုက်ခံရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယမန်နေ့ ဇွန် ၈ ရက်၊ ညနေ ၄ နာရီခန့်တွင် မူဆယ်မြို့မဈေးကြီး၌ ရွှေဆိုင်ဖွင့်လှစ်ထားသည့် ဇနီးမောင်နှံ နှစ်ဦးသည် ဆိုင်ပိတ်၍ ဆိုင်ကယ်ဖြင့် ကောင်းခါးရပ်ကွက်ရှိ နေအိမ်သို့ ပြန်လာခဲ့ကြရာ နေအိမ်အနီးရှိ လမ်းကြားအတွင်းသို့ အဝင်တွင် အရပ်ဝတ် လက်နက်ကိုင် ၄ ဦး လိုက်ပါလာသည့် အိမ်စီးကား (အဖြူရောင်) တစ်စီးက ၎င်းတို့၏ ဆိုင်ကယ်ကို ရှေ့တည့်တည့်မှ ရည်ရွယ်ချက်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

​ဆိုင်ကယ်လဲကျသွားချိန်တွင် ကားပေါ်မှ သေနတ်ကိုင်ဆောင်ထားသူများ ဆင်းလာပြီး သေနတ်ဖြင့် ချိန်ရွယ်ကာ သေနတ်တစ်ချက်ပစ်ဖောက်ပြီး ရွှေနှင့် ငွေများ ထည့်ထားသည့် အိတ်ကို လုယူပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“သေနတ်တော့ မမှန်ဘူး၊ ဆိုင်ကယ်ကိုတိုက်ခံရတာနဲ့ ကြောက်တာကြောင့်တော့ ရှော့ခ်နည်းနည်းရတာရှိတယ်။ ရွှေဘယ်လောက်​ပါသွားမှန်း သေချာမသိရသေးဘူး” ဟု သတင်းရင်းမြစ်က ဆိုသည်။

​ဓားပြတိုက်မှုတွင် အသုံးပြုခဲ့သည့် အဖြူရောင်ကားကို မူဆယ်မြို့ ဆီဆိုင်တစ်ဆိုင်အနီး (စက်မှုဇုန်အနီး) လမ်းဘေးတွင် စွန့်ပစ်ထားခဲ့သည်ကို ပြန်လည်တွေ့ရှိခဲ့ရပြီး ဓားပြများသည် ယင်းကားကို ထားပစ်ခဲ့ပြီး အခြားဆိုင်ကယ်များဖြင့် ထပ်မံထွက်ပြေးတိမ်းရှောင်သွားကြသည်ဟု သိရသည်။

​”အဲဒီကားကို အခု စက်မှုဇုန်နားက မန်ဂျန်နား ဆီဆိုင်အနီးမှာ စွန့်ပစ်ထားခဲ့တာ၊ စက်တောင် မသတ်ထားထားဘူး။ လူတွေကတော့ ထွက်ပြေးသွားပြီ၊ လိုက်နေတယ်” ဟု ပြည်သူ့စစ်တစ်ဦးက ပြောသည်။

​လုယက်ခံရသည့် ရွှေနှင့် ငွေကြေးပမာဏ အတိအကျကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
​
လက်ရှိ မူဆယ်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူ့စစ်အဖွဲ့ပေါင်းစုံ ရှိနေသော်လည်း တရားဥပဒေစိုးမိုးမှု အားနည်းနေပြီး ယခုကဲ့သို့ ပြောင်ပြောင်တင်းတင်း လုယက်ဓားပြတိုက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ပြည်သူများအနေဖြင့် လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး အထူးသတိပြုသွားလာကြရန် ဒေသခံအချင်းချင်း သတိပေးနေကြသည်။

#MeKongNews
#​မူဆယ်
#ရွှေဆိုင်ပိုင်ရှင်
#လင်မယား
#ဓားပြတိုက်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now