နေ့စဥ်သတင်း

ကျိုင်းတုံတွင် ရပ်ကွက်စာရေးက ၎င်းလိုချင်သည့် အုပ်ချုပ်ရေးမှူး အရွေးခံရစေရန် ပိုက်ဆံပေးကာ မဲပေးခိုင်း

မဲခေါင် 25 May - 2026
မဲခေါင်၊ မေ ၂၅ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ရပ်ကွက် (၁) တွင် အုပ်ချုပ်ရေးမှူးနေရာအတွက် ယှဉ်ပြိုင်ရာ၌ ရပ်ကျေးစာရေးဖြစ်သူ ရတနာထွန်းဦးက ၎င်းလိုချင်သည့် အုပ်ချုပ်ရေးမှူး အရွေးခံရရင်အတွက် မဲလာပေးသူများကို တစ်ဦးလျှင် ကျပ် ၅ထောင်ပေးကာ မဲပေးခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။ ရပ်ကျေးစာရေး ရတနာထွန်းဦးနှင့် ယခင်အုပ်ချုပ်ရေးမှူး ဦးစိုင်လုံတို့၏ ယခင်ငွေကြေးအရှုပ်အရှင်းများကြောင့် ၎င်းတို့နှင့် အဆင်ပြေမည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရရန် ကြိုးပန်းခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အုပ်ချုပ်ရေးမှူး ဝင်ရောက်ယှဉ်ပြိုင်သည့်အထဲတွင် ရပ်ကျေးစာရေး၏ ကြိုးဆွဲရာကမည့် ဦးလွီးဂျီဆိုသူအား မဲပေးရန် ရွာသားများအား နေ့စားခပုံစံဖြင့် ငွေပေးကာ မဲထည့်ခိုင်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ရတနာထွန်းဦးနဲ့ ဦးစိုင်လုံက ရွာဘက်သွားပြီး စည်းရုံးရေးလုပ်တယ်။

မဲခေါင်၊ မေ ၂၅

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၊ ရပ်ကွက် (၁) တွင် အုပ်ချုပ်ရေးမှူးနေရာအတွက် ယှဉ်ပြိုင်ရာ၌ ရပ်ကျေးစာရေးဖြစ်သူ ရတနာထွန်းဦးက ၎င်းလိုချင်သည့် အုပ်ချုပ်ရေးမှူး အရွေးခံရရင်အတွက် မဲလာပေးသူများကို တစ်ဦးလျှင် ကျပ် ၅ထောင်ပေးကာ မဲပေးခိုင်းကြောင်း ဒေသခံများထံမှ သိရသည်။

ရပ်ကျေးစာရေး ရတနာထွန်းဦးနှင့် ယခင်အုပ်ချုပ်ရေးမှူး ဦးစိုင်လုံတို့၏ ယခင်ငွေကြေးအရှုပ်အရှင်းများကြောင့် ၎င်းတို့နှင့် အဆင်ပြေမည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရရန် ကြိုးပန်းခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အုပ်ချုပ်ရေးမှူး ဝင်ရောက်ယှဉ်ပြိုင်သည့်အထဲတွင် ရပ်ကျေးစာရေး၏ ကြိုးဆွဲရာကမည့် ဦးလွီးဂျီဆိုသူအား မဲပေးရန် ရွာသားများအား နေ့စားခပုံစံဖြင့် ငွေပေးကာ မဲထည့်ခိုင်းခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ရတနာထွန်းဦးနဲ့ ဦးစိုင်လုံက ရွာဘက်သွားပြီး စည်းရုံးရေးလုပ်တယ်။ မဲလာထည့်ရင် ၅ထောင်ပေးမယ်ဆိုပြီး ခေါ်တာ။ တချို့ကို အုပ်စုလိုက်ခေါ်လာပြီး မဲထည့်ခိုင်းတာတွေလည်း ရှိတယ်။ ဒါပေမယ့် ရပ်ကွက်က ပြည်သူအများစုကတော့ လက်ရှိအုပ်ချုပ်ရေးမှူး ကိုမျိုးကိုပဲ သဘောကျကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများက ရတနာထွန်းဦးနှင့် ဦးစိုင်လုံတို့သည် ယခင်က ဘိုးဘွားရန်ပုံငွေ၊ အိမ်ခွန်၊ ငွေခွန်စသည့် ရုံးဆိုင်ရာငွေကြေးများကို သက်ဆိုင်ရာသို့ မသွင်းဘဲ ကိုယ်ကျိုးအတွက် အသုံးပြုခဲ့ကြောင်း ပြောဆိုသည်။

ထို့ပြင် ရတနာထွန်းဦးမှာ လက်ရှိတွင် သိန်း ၄ထောင်တန် နေအိမ်နှင့် ကားများ ဝယ်ယူထားကြောင်း၊ သာမန်အစိုးရဝန်ထမ်းလစာဖြင့် ယင်းကဲ့သို့ ပိုင်ဆိုင်နိုင်ရန် မဖြစ်နိုင်ကြောင်း ဒေသခံများက သံသယရှိနေကြသည်။

“အစိုးရဝန်ထမ်းလစာနဲ့ ဒီလောက်အိမ်တွေ၊ ကားတွေ ဝယ်နိုင်တာ မဖြစ်နိုင်ဘူး။ ရပ်ကွက်ထဲမှာလည်း လူတိုင်းသိနေကြတယ်။ သူတို့နှစ်ယောက် ရှုပ်ထားတဲ့ငွေတွေ ပြန်ပေါ်လာမှာစိုးလို့ သူတို့နိုင်တဲ့လူထည့်ဖို့ လုပ်နေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ဒေသခံများအကြား ဝေဖန်မှုများ မြင့်တက်နေပြီး သက်ဆိုင်ရာ ထွေအုပ်နှင့် ငှာနဆိုင်ရာ လူကြီးများ စုံစမ်းစစ်ဆေးပေးရန် ဒေသခံများက တောင်းဆိုထားသည်။

#MeKongNews
#ကျိုင်းတုံ
#ရပ်ကွက်အုပ်ချုပ်ရေးမှူး
#ရပ်ကျေးစာရေး
#မဲဆွယ်စည်းရုံး

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.mekongnewsmm.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Mekong News

Mekong News

About Author

မဲခေါင်သတင်းဌာနမှ အကြီးတန်းတာဝန်ခံ အွန်လိုင်းအယ်ဒီတာတစ်ယောက် ဖြစ်သည်။ သတင်းမီဒီယာကျင့်ဝတ်၊ လူသားကျင့်ဝတ်တို့ကို လိုက်နာပြီး သတင်းများကို တင်ဆက်သွားမည် ဖြစ်သည်။

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now

Related News

နေ့စဥ်သတင်း မြန်မာ့နွေဦး

တီကျစ်ကျောက်မီးသွေးစက်ရုံ ညဖက်လူအိပ်ချိန်ပါ စက်သံဆူညံနေသဖြင့် ပြည်သူအတွက် အနှောက်အယှက်ဖြစ်

မဲခေါင်၊ အောက်တိုဘာ ၂၈ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ်မြို့ရှိ ကျောက်မီးသွေးစက်ရုံသည် ညဖက်လူအိပ်ချိန်တွင်ပါ စက်သံများ ပြင်းထန်စွာ ဆူညံနေသဖြင့် ပြည်သူများအတွက်
Others နိုင်ငံတကာသတင်း နေ့စဥ်သတင်း အာစီယံဒေသတွင်း

တာချီလိတ်မှ မယ်ဆိုင်သို့ ဘတ် ၃ သန်းခွဲကျော် ခိုးသယ်လာသည့် မြန်မာနိုင်ငံသားအား ထိုင်းအာဏာပိုင်များ ဖမ်းဆီး

မဲခေါင်၊ အောက်တိုဘာ ၂၈ မြန်မာနိုင်ငံ၊ တာချီလိတ်မြို့မှ မယ်ဆိုင်အမှတ် (၁) နယ်စပ်ဂိတ်ကို ဖြတ်ကျော်ဝင်ရောက်လာသည့် အသက် ၂၁ နှစ်အရွယ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ပင်လောင်းမြို့ဝင်ဂိတ်တွင် ဒုရဲအုပ်ရဲအောင် ပြောင်းကားတစ်စီး ကျပ်တစ်သိန်း တောင်းခံနေ

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ဝင်ဂိတ်တွင် ပြောင်းတင် ကုန်တင်ကားတစ်စီးလျှင် ကျပ်တစ်သိန်းအထိ ငွေကြေးတောင်းခံနေပြီး မပေးနိုင်ပါက ကားကို အချိန်ကြာမြင့်စွာ ရပ်ထားစေသည်ဟု ကုန်တင်ကားသမားများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။ ယင်းဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

SSJAC ၏ စွပ်စွဲချက်များကို ပယ်ချပြီး MNDAA တုံ့ပြန်သတိပေး၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် ဖြစ်ပေါ်လာမည့် မလိုလားအပ်သည့် အကျိုးဆက်ကို SSJAC က တာဝန်ခံရမည်ဟုဆို

မဲခေါင်၊အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ (၁) အတွင်း ဘာသာစကားနှင့် ပညာရေး၊ မြေယာပိုင်ဆိုင် ခွင့်၊ နိုင်ငံခြားသားများ၏ လွှမ်းမိုးမှု၊ သမိုင်းဝင်ယဉ်ကျေးမှုနှင့် မြို့ရွာအမည်များ၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့နှင့် ပတ်သက်၍ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ – SSJAC

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ မနက်ဖြန် လာရောက်မည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေး

မဲခေါင်၊ ​အောက်တိုဘာ ၂၇ အာဆီယံအထူးကိုယ်စားလှယ်သည် ပဋိပက္ခဒဏ်ခံနေရသော မြန်မာနိုင်ငံတစ်ဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုရောက်ရှိနိုင်ရေး ကြိုးပမ်းမှုများကို ဆွေးနွေးရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ မြန်မာနိုင်ငံသို့ မနက်ဖြန်တွင်လာရောက်မည်ဖြစ်ကြောင်း သံတမန်သတင်းရင်းမြစ်များက ပြောကြားသည်။ အမည်မဖော်လိုသော သတင်းရင်းမြစ်များ၏

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

ကျေးရွာပိုင်မြေကို သိမ်းခဲ့သည့် အမှုရှုံး အုပ်ချုပ်ရေးမှူးက ကျေးရွာဥက္ကဌနှင့် ဆယ်အိမ်ခေါင်းများအား ၎င်း၏လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ ၁၀၅ မိုင်ဒေသရှိ အောက်နမ့်ဟွယ်ကျေးရွာပိုင် ဘုံမြေကို သိမ်းယူခဲ့သည့် အမှုရှုံး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်အေးက ကျေးရွာဥက္ကဌနှင့်၁၀အိမ်ခေါင်းများအား ၎င်း၏ လူများဖြင့် အစားထိုးခန့်အပ်ရန် အဓမ္မလုပ်ဆောင်နေသည်ဟု ဒေသခံသတင်းရင်းမြစ်များက

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

PNO ပြည်သူ့စစ်နှစ်ဦး ရန်ဖြစ်ပြီး အချင်းချင်းပစ်ခတ်မှုကြောင့် ကြားထဲမှ ဒေသခံအမျိုးသမီး နှစ်ဦးပါ ကျည်ထိမှန်သေဆုံး

မဲခေါင်၊ အောက်တိုဘာ ၂၇ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်တွင် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဦးသေဆုံးခဲ့သည့်အပြင် အနီးရှိကျေးရွာမှ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အရွယ် အမျိုးသမီးငယ်နှစ်ဦးလည်း သေနတ်ထိမှန်သေဆုံးခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၂၆

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now
နေ့စဥ်သတင်း မြန်မာ့နွေဦး

တောင်ကြီး ရေသပြေဂိတ်တွင် PNO အချင်းချင်း ပစ်ခတ်မှုဖြစ်၊ တစ်ဦးသေ

မဲခေါင်၊ အောက်တိုဘာ ၂၆ ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရေသပြေ စစ်ဆေးရေးဂိတ်အနီးတွင် ယမန်နေ့ အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက PNO အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး တစ်ဦး သေဆုံးခဲ့သလို ယင်းဖြစ်စဉ်နှင့် ဆက်စပ်သည့် ကျေးရွာအနီးတွင်

Donate

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် ...

သင်တို့ အကူအညီကို လိုအပ်နေပါတယ်။

Donate Now